သွားတော့။
Vol. 98 Ch. 1364
ကျွားချင်းယန်က လင်းကျန်းကို အနိုင် ယူကာ၊ အခြားသော ကျွမ်းကျင်သူ (၆)ဦးအား ရိုက်နှက် ခဲ့သည်။
ယခု အချိန်တွင် သူ့ထံမှ ရောင်ဝါသည် ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိ သွားကာ၊ လူတိုင်း အပေါ် ခြိမ်းခြောက် နိုင်ပေ၏။
“ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်။ ”
ကောင်းကင်ယံ ဂိုဏ်းမှ လူတိုင်း ရွှင်မြူး ကုန်ကြသည်။ အခြား တစ်ဖက်တွင် ဓားဂိုဏ်း အပါ အဝင်၊ တန်ခိုးကြီး ဂိုဏ်း အားလုံး ချွေးများ သီးလာ တော့၏။
တျန်ရွှမ်ဇီက အသန်မာဆုံး တပည့်ဟု ခေါ်ဆိုခြင်း ခံရသည့် အကြောင်း အရင်းကို ယခု သိရှိ လာပြီ ဖြစ်သည်။
ကျွားချင်းယန်က လေထဲတွင် မတ်တပ် ထရပ် နေပြီး၊ ယပ်တောင်အား ဖြည်းညင်းစွာ ခတ် လေသည်။
“ ဒီလောက်ဆို ရပြီလား ... ၊ အမှိုက် ဘယ်လောက် များများ၊ အမှိုက်က အမှိုက်ပဲ၊ ရွှေဖြစ် မလာဘူး၊ ဒီတော့ မင်းတို့တွေ လက်တွဲ ထား ရင်တောင်၊ ရလာဒ်က ... ရှုံးနိမ့် ခြင်းပဲ။ ”
မျက်နှာများ နီရဲပြီး၊ မည်သူမျှ စကား မပြောနိုင် တော့ချေ။ ကျွားချင်းယန် စကားမှာ အမှန် ပေပင်။ ထို့ပြင် တစ်ဖက် လူသည် အသက် တစ်ရာ မျှသာ ရှိနေ သေး၏။
“ မင်းက အနိုင်ရ သူပဲ ... ၊ ဒါကြောင့် ငါတို့ ဘဝ တွေကို လိုချင်တယ် ဆိုရင်တောင်၊ ယူလို့ရ ပါတယ်။ ”
လင်းကျန်းက အေးစက်စွာ ပြောသည်။ ပြီး၊
“ ဒါပေမယ့် ... လင်းယွန် ကိုတော့ ... ၊ မင်းခေါ် သွားလို့ မရဘူး။ ”
-ဟု ပြတ်သားစွာ ဆို လိုက်သည်။
လူတိုင်း မျက်နှာများ ပြောင်းလဲ ကုန်၏။ ဤအဆင့်သို့ ရောက်ရှိ ပြီးနောက်၊ တိုက်ပွဲများ ဖြစ်ပွားရန် ရှားချေပြီ။ ဖြစ်ခဲ့ လျှင်ပင် အသတ် ကို နှုတ်ယူခြင်း မရှိ ကြချေ။
အနိုင် ယူခြင်းနှင့်၊ သတ်ဖြတ် ခြင်းမှာ မတူညီသော အယူအဆ နှစ်ရပ် ဖြစ်သည်။ လောက နိယာမ နယ်ပယ် ဟူသည်၊ ဂိုဏ်း တစ်ဂိုဏ်း၏ အခြေခံ အုတ်မြစ် ဖြစ်၏။
ထို့ကြောင့် သည်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို၊ တစ်စုံ တစ်ဦးမှ သတ်ပစ် ခဲ့သော်၊ စစ်ကြေငြာခြင်း မည်သည်။
ထို့ကြောင့် သူတို့အား သတ်ပစ်မည် မဟုတ်ဟု ယုံကြည်ကာ၊ ကျွားချင်းယန်အား ဤသို့ ဆန့်ကျင် ဝံခြင်း ဖြစ်၏။
သူတို့ နိုင်ပါ ကလည်း၊ ကျွားချင်းယန် အသက်ကို ယူမည် မဟုတ်ချေ။ လင်းကျန်းမှာ ထိုဘုံ အသိကို ဆန့်ကျင် နေသည်။
သူတို့ အားလုံးတွင် ဝှက်ဖဲများ ရှိပြီး၊ ၎င်းအား ထုတ်ဖော် ခြင်းသည်၊ အသက်နှင့် သေခြင်း အဆင့် ရောက်ရှိ သွားမည် ဖြစ်သည်။
မဟာ သူတော်စင် မူလ ပုလဲသည် ထိုမျှ တန်ဖိုး မရှိချေ။
“ ညီအစ်ကို လင်း ... ၊ ငါတို့ တာဝန် ကျေပြီလို့ ထင်ပါတယ်၊ အသက်နဲ့ သေခြင်း အတွက်တော့ စိတ်မကောင်း ပါဘူး ။ ”
ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်က ပြောလိုက် လေသည်။ သူ့ ဒဏ်ရာမှာ အပြင်း ထန်ဆုံး ဖြစ်သည်။
“ ဒါက ဓားဂိုဏ်းနဲ့ ... ၊ ကောင်းကင်ယံ ဂိုဏ်းကြားက ကိစ္စပါ ... ၊ မင်းတို့ တောင်းပန် နေစရာ မလို ပါဘူး ။ ”
လင်းကျန်းက ဓားကို ပုံစံပြောင်း ကိုင် လိုက်ပြီး၊ တည်ငြိမ်စွာ ပြန်ပြော လေသည်။ ဓား ဂိုဏ်း၏ တပည့် များမှာ၊ အရှုံးကို လက်ခံ၏။ သို့သော် ဦးညွှတ်မည် မဟုတ်ချေ။
ဓားထမ်း အကြီးအကဲ တစ်ဦး အနေဖြင့်၊ ထိုဥပဒေသကို သဘာဝ အတိုင်း၊ လိုက်နာ ပေ သည်။
“ ဖပ် ... ။ ”
ကျွားချင်းယန်မှာ စိတ်ရှုပ် သွားပြီး၊ လက်ဖဝါး ပေါ်တွင် တဖျပ်ဖျပ် ရိုက် နေသည့်၊ ယပ်တောင်ကို တင်းကြပ်စွာ ဖမ်းယူ ဆုပ်ကိုင် လိုက်သည်။
တစ်ဖက် လူအား အနိုင် ယူရန် လွယ်ကူ သော်လည်း၊ သတ်ပစ် ရန်မူ အခြား အဓိပ္ပါယ် မည်သည်။ စျေးပေးရ မည်မှာ သေချာ၏။
အရေးကြီး သည်မှာ ဓားဂိုဏ်း၏ ဓားထမ်း အကြီးအကဲ တစ်ဦးကို သတ်ပစ်ခြင်း ဖြစ်သည်။
“ မင်းက အားနည်း ပေမယ့်၊ ဒေါသ ကြီးတယ်၊ မင်းတို့ရဲ့ ဓားဂိုဏ်းက လူတွေက တကယ် မုန်းစရာ ကောင်းတယ်။ ”
“ ငါ တကယ် အားနည်းတယ် ဆိုတာ သေချာ လို့လား၊ မင်း ရှေ့ဆက် ကြည့် နိုင်တယ်၊ ဘာလို့ လေကုန်ခံ နေတာလဲ။ ”
လင်းကျန်းမှ အရမ်း ခေါင်းမာ သဖြင့်၊ ကျွားချင်းယန်မှာ ရုတ်တရက် အေးစက်စွာ ရယ်မောမိ လေသည်။
“ ဟား ဟား ဟား ... ၊ မင်းက သေချင် နေမှတော့၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးရ မှာပေါ့၊ ဒီနေ့ ဓားသမား ဆိုတဲ့ မာနကို ငါချိုး ပြမယ်။ ”
“ ဂိုဏ်းတူ ဦးလေး ... ဂိုဏ်းတူ ဦးလေး၊ လင်းယွန် ထွက်ပြေး သွားပြီ။ ”
ထိုအချိန်တွင် ကောင်းကင်ယံ ဂိုဏ်းမှ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦးက၊ အော်ဟစ် လာသည်။
ကျွားချင်းယန် လှည့်ကြည့် လိုက် ချိန်၌၊ မိုးကုပ် စက်ဝိုင်း အစပ်တွင် ပျံသန်း နေသော ပုံရိပ် နှစ်ရိပ်မှာ၊ ပျောက်ကွယ် လုလု ပေပင်။
“ ဒီကောင် တကယ်ပဲ ... ၊ သက်တံဓား သူတော်စင်ရဲ့၊ တဇောက်ကန်း တပည့် ပီသပါ ပေတယ်၊ ပြေးချင် တာလား ...
... သူ ဘယ်ပြေး မလဲ ကြည့် ရ အောင်၊ ဟား... ဟား ... ဟား ... လင်းကျန်း အခု မင်း မသေနိုင် တော့ဘူး။ ”
ကျွားချင်းယန်မှ ပြုံးရွှင် သွားသည်။ လင်းယွန် ထွက်ပြေး မည်ကို တွက်ဆ ထားပြီး ဖြစ်၏။ ၎င်းကို ဂရု မစိုက် ရခြင်းမှာ၊ မလိုအပ် သောကြောင့် ဖြစ်သည်။
လင်းကျန်း၏ ကာကွယ်မှု မရှိသော်၊ ပင်မ နတ်ဘုရား တစ်ပါးမှာ၊ ပုရွက်ဆိတ် တစ်ကောင် နှင့် မခြား တော့ချေ။
ဖုန်းကျွယ်သည် လောက နိယာမ ကျွမ်းကျင်သူ ဖြစ် သော်လည်း၊ သူ့ မျက်လုံး ထဲတွင် ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေ ဆဲ ပေပင်။
ထိုပုရွက်ဆိတ် နှစ်ကောင် ပေါင်းကာ ထွက်ပြေးခြင်း ဖြစ်ဖြင့်၊ သူ့အား အခက် အခဲ ကြားမှ၊ ကယ်တင် ပေးခဲ့သည်။
မဟုတ်သော် အသက်နှင့် သေဆုံးခြင်း တိုက်ပွဲမျိုး ဆင်နွှဲရ ပေတော့မည်။ ဓားသမား များသည် အခြားသော ကျင့်ကြံသူ များနှင့် မတူချေ။
အထူး သဖြင့် သေခြင်း တရားကို မကြောက်သော၊ ဤလင်းကျန်း ကဲ့သို့ ဓားသမားမျိုး ဖြစ်သည်။
၎င်းတို့သာ အသက်ကို ဓားဖျားပေါ် တင်ထားချင် ပါက၊ ပြိုင်ဘက်အား ဒဏ်ရာ ကြီးစွာ ပေးနိုင် လေသည်။
“ သက်တံဓား သူတော်စင်ရဲ့ တဇောက်ကန်း တပည့်၊ ဟား ဟား ဟား တကယ်ပဲ ဒီနာမည်က သူနဲ့ ထိုက်တန်ပါ ပေတယ်။ ”
ရယ်မောလျက် လင်းကျန်းအား လျစ်လျူရှုကာ၊ ကောင်းကင်ပေါ် ပျံတက်ပြီး၊ တိမ်တိုက်ထဲ ဝင်ရောက် သွားသည်။
ဖုန်းကျွယ်၌ မည်သည့် အတွေးများ ရှိနေ သည်ကို မသိ သောကြောင့်၊ လင်းကျန်း မျက်နှာ မှာ၊ မည်းမှောင် နေခဲ့သည်။
ကျွားချင်းယန် ခွန်အားကြောင့်၊ လွတ်နိုင် စရာ နည်းလမ်း မရှိချေ။ ပို အရေးကြီး သည်မှာ၊ အပြာရောင် စံအိမ် နယ်မြေ၌ ကျွားချင်းယန်ကို၊ ရင်ဆိုင် နိုင်သော မည်သူမျှ မရှိခြင်း ဖြစ်သည်။
“ ဖုန်းကျွယ်က တိမ်လွှာဓား ဂိုဏ်းထံ ဦးတည် နေတာပဲ။ ”
မိုးကြိုး ကျောင်းတိုက်မှ ဆရာတော်က လှမ်းပြောသည်။ ဖုန်းကျွယ်တွင် ဆန္ဒရှိ ပါက၊ ဓားဂိုဏ်း သို့သာ ဦးတည် သင့်သည်။
သို့သော် ဆန့်ကျင်ဘက် အနေဖြင့်၊ တိမ်လွှာဓား ဂိုဏ်းထံ ဦးတည် နေ၏။ ထိုဂိုဏ်း မှာ သွေ့ရော် ကျွန်းနှင့် ဝေး သော်လည်း၊ လောက နိယာမ နယ်ပယ် အတွက်၊ နှစ်နာရီမျှ ခရီးနှင် ရုံဖြင့်၊ ရောက် နိုင်သည်။
“ ဒါက ... ။ ”
ရုတ်တရက် လင်းကျန်း မျက်နှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ ကျွားချင်းယန် နောက် အပြေး လိုက်သွား တော့သည်။
“ အဲ့ဒီ ဖုန်းကျွယ်က ... ၊ သက်တံဓား သူတော်စင် အတွက်၊ တကယ့် အရှက် ရဖွယ် တပည့်ပဲ၊ လင်းကျန်းသာ ဆန္ဒရှိ နေရင် ...
... လင်းယွန်မှာ၊ အသက် ရှင်ဖို့ အခွင့် အလမ်း ရှိနိုင်တယ်၊ အခုတော့ ဒီတဇောက်ကန်း က၊ အားလုံးကို ဖျက်ဆီး လိုက်ပြီ။ ”
“ နေဦး ... တစ်ခု ခုတော့ ဖြစ်နေပြီ၊ စောစောက လင်းကျန်း ပုံစံက နည်းနည်း ထူးခြား နေတယ်။ ”
“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းမှာ တစ်ယောက် ယောက် ရှိနေလား။ ”
“ မဖြစ် နိုင်တာ ... ၊ ငါတို့ ခြောက်ယောက် တောင်မှ ကျွားချင်းယန်ကို မနိုင်တာ၊ ဘယ်သူ ရှိှရှိ နိုင်မှာ မဟုတ်ဘူး။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များသည်၊ ရှုပ်ထွေး စွာဖြင့် စကား စမြည် ပြော နေ ကြသည်။
“ ဒါဆို လိုက် ကြည့် ရအောင်။ ”
ကောင်းကင်ဘုံ ဓားမော့ ခန်းမမှ မီးခိုးရောင်ဝတ် အဖိုးအိုက၊ ဦးစွာ ဆန္ဒပြု လိုက်သည်။
“ ငါလည်း သဘော တူတယ်။ ”
ဖုန်းကျွယ် ဦးတည်ချက်ထံ မျှော်ကြည့်ကာ၊ လူတိုင်း သိချင် စိတ်များ တိုးပွားလာ ကြသည်။ တစ်ဖက်တွင် ဖုန်းကျွယ် ခမျာ၊ ရွေ့လျားမှု နည်း စနစ်အား၊ ကန့်သတ် ချက်သို့ တွန်းပို့ ပစ်၏။
ယင်းက လင်းယွန်၏ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုးမျိုးထက် မြန်သည်။ သို့သော် လင်းယွန်မှာ ရွှင်မြူးခြင်း မရှိချေ။
ကျွားချင်းယန်မှာ အနှေးနှင့် အမြန် အမီလိုက် လာနိုင် ပေမည်။
“ အစ်ကို ဖုန်း၊ ငါတို့က တိမ်လွှာဓား ဂိုဏ်း အထိ၊ ရောက်နိုင်မယ် ထင်လား။ ”
လက်ရှိ အချိန်၌ အနည်းငယ် သံသယ ဝင်လာသည်။ အကြောင်း တစ်ခု ခုကြောင့် ထွက် မပြေး လျှင်ပင်၊ အခွင့် အရေး ရှိနိုင် မည်ဟု၊ သူ ခံစား မိ၏။
အကြီး အကဲ လင်းကျန်း ဒဏ်ရာမှာ ပြင်းထန်လှ သော်လည်း၊ အစ်ကို ဖုန်းထက် အနည်းငယ် ပိုစိတ်ချ ရပေသည်။
“ စိတ်မပူ ပါနဲ့၊ ကျွားချင်းယန် လိုက်မီ လာရင်တောင်၊ သူ့ကို ငါ ထိန်းထားမယ်၊ မင်း လွတ်အောင် ပြေးပါ။ ”
ဖုန်းကျွယ်မှ ပြတ်ပြတ် သားသား ပြော လိုက်သည်။ လင်းယွန်က နဂါးလေးကို ပွေ့ပိုက် ထားလျက်မှ၊
“ ဒါပေမယ့် ... အစ်ကိုကြီး ... ၊ မင်းက သုံးကြိမ် အတွင်း၊ ဒူးထောက် လိုက်ရတယ် မဟုတ်လား။ ”
အမှန်တွင် သုံးကြိမ် မပြည့်ချေ။ လှုပ်ရှားမှု နှစ်ကြိမ် မျှသာ ကြာမြင့် ချေ၏။ ကျွားချင်းယန် သာ ဆန္ဒ ရှိက၊ တစ်ကြိမ်တည်း နှင့်လည်း ဖြစ် နိုင်သည်။
သို့သော် ဖုန်းကျွယ်သည် သူ၏ စီနီယာ အစ်ကို ဖြစ်နေဆဲ ဖြစ်သောကြောင့် သဘာဝ အတိုင်း၊ ရက်ရက် စက်စက် မဆို ဝံ့ချေ။
သို့တိုင် ဖုန်းကျွယ် ခမျာ၊ အဆင် မပြေသော အမူ အရာဖြင့်၊
“ ငါက ကောင်းကင် ဓားကို၊ စောစော မထုတ်ထား ခဲ့မိ လို့ပါ၊ မဟုတ်ရင် အနည်းဆုံး ဆယ်ကြိမ် အထိ ခံနိုင်တယ် ... မဟုတ်ဘူး၊ နေဦး အနည်းဆုံး ငါးကြိမ် ... ။ ”
ဖုန်းကျွယ် လေသံတွင်၊ သူ့ စကား အပေါ် သူလုံးဝ အယုံ အကြည် မရှိချေ။ သူတို့ ကြား၌ ဆယ်စုနှစ် တစ်ခုစာ ကွာဟချက် ရှိသည်။
တစ်ဖက် လူမှာ လွန်ခဲ့သော ဆယ်နှစ်က လောက နိယာမ နယ်ပယ်သို့ ရောက်ရှိ ထားသူ ဖြစ်သည်။
ထို့ပြင် ကျွားချင်းယန်မှာ သူ့ထက် ငယ်ရွယ်နေ သဖြင့်၊ ကျင့်ကြံမှု နိမ့်ကျ ခြင်းကို၊ အကြောင်း ပြချက် ပေးစရာ မရှိချေ။
လင်းယွန်က ထိုအကြောင်းကို အများကြီး မစဉ်းစား ဖူးချေ။ ကျွမ်းကျင် ပညာရှင် (၆) ဦးမှ ကျွားချင်းယန်ထံ ရှုံးနိမ့် ထားသည်။ ဖုန်းကျွယ် အတွက် နည်းလမ်း မရှိချေ။
“ အဲဒါ ဘာလဲ ... ။ ”
ရုတ်တရက် ကောင်းကင်ကြီး နီမြန်း လာကာ၊ အလင်း တန်းများ ဖြာထွက် နေသည် ကို၊ တွေ့လိုက် ရသည်။
များမကြာခင် အဖြူ၊ အနက်၊ အပြာနှင့်၊ တခြားသော အရောင်များ ပါဝင်သော သက်တံ အလင်း ပေါ်လာသည်။
ဤသည်မှာ ကျွားချင်းယန် ဖြစ်မှန်း သိ သဖြင့်၊ စကား တစ်ခွန်းမျှ မပြောနိုင် တော့ချေ။
“ သွား ... ။ ”
ဖုန်းကျွယ်က လင်းယွန်ကို အရှိန်ဖြင့် တွန်းထုတ် ပစ်ပြီး၊ ဓား ရောင်ဝါများ ဖွင့်ထုတ် လိုက် လေသည်။
မြေပြင်ပေါ် လှိမ့်ဆင်း သွား ပြီးနောက်၊ လင်းယွန်မှ ပြန်မော့ ကြည့် လိုက်သော အခါ၊ ကျွားချင်းယန်မှာ ဖုန်းကျွယ် ရှေ့သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
၎င်းက သူ့အား ဂရု မစိုက်ချေ။ ဤအရာက နှလုံးသားကို ဆူပွက် လာစေသည်။ လျစ်လျူရှု ခံရ ခြင်းမှာ၊ ဒေါသ ထွက်စရာ ပေပင်။
ထို့ကြောင့် လင်းယွန်မှာ၊ ပြေးချင် စိတ်များ ကုန်ခမ်း လာတော့သည်။
***