မင်း ... ဘယ်သူလဲ။
Vol. 98 Ch. 1365
“ သွား ... ။ ”
ဖုန်းကျွယ်က ထပ်အော် သည်။ ထိုကြောင့် အံကြိတ်လျက်၊ ရွှေကျီးကန်း တောင်ပံ တစ်စုံကို ထုတ်ကာ၊ ပျံသန်း လိုက်သည်။
အသက်ရှင်ရန် အတွက်၊ ညီအစ်ကို တစ်ယောက်အား မထားခဲ့ ချင်ချေ။ ဖုန်းကျွယ် အနေဖြင့်၊ လှုပ်ရှားမှု ငါးကြိမ် အတွင်း သေဆုံး သွားနိုင် သည်။
သို့သော် ဆက်မသွား ပါက ဖုန်းကျွယ် ကြိုးစား ထား သမျှ၊ အရာထင် တော့မည် မဟုတ်ချေ။
“ သက်တံဓား သူတော်စင်ကို အရှက် ရအောင် တကယ်ပဲ၊ မင်းက လုပ်ဝံ့လိမ့် မယ်လို့ မထင်ထား မိဘူး။ ”
ကျွားချင်းယန်မှ လှောင်ပြောင်သည်။ ထွက်ပြေး သွားသော လင်းယွန်ကို ဂရုပင် မစိုက်ချေ။
ပုရွက်ဆိတ် တစ်ကောင်သည် မည်မျှ ပြေးနိုင် မည်နည်း။ ဆန္ဒရှိသော် မျက်စိ တစ်မှိတ် အတွင်း ဖမ်းယူ နိုင်သည်။
“ ငါနဲ့ ရေှ့မှာ၊ မင်း ငါ့ညီကို ဖမ်းဖို့၊ နည်းလမ်း မရှိဘူး။ ”
ဖုန်းကျွယ်က ကြောက်ရွံ့ သော်လည်း နောက်ဆုတ် မည့်ပုံ မပြချေ။
“ ဟား ... ဟား ... ဟား ... ။ ”
ကျွားချင်ယန်မှ ရယ်သည်။
“ မင်း ... ၊ ဘာရယ် တာလဲ။ ”
“ မိုက်မဲ လွန်းလို့ ရယ်တာ။ ”
ကျွားချင်းယန်က ပြုံးလျက် ခေါင်းယမ်း လိုက်သည်။ ဖုန်းကျွယ် မလှုပ်ရှား နိုင်မီ၊ အပြန် အလှန် ပေါင်းစည်း ခြင်းကို၊ ထုတ်ဖော် လေသည်။
နေလ တံဆိပ်မှာ လေထဲ ပေါ်လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ အကန့် အသတ်မဲ့ အလင်းများ ထွန်းလင်း လာသည်။ ဖုန်းကျွယ် ခမျာ၊ ဓားဆွဲ ချိန်ပင် မရ လိုက်ချေ။
လက်ဖဝါး ကျဆင်း လာသည်နှင့်၊ ဓား ရောင်ဝါ ချက်ချင်း ပြိုကျကာ၊ မြေပြင်ပေါ် ပြိုလဲ သွားသည်။
“ ဝေါ့ ... ။ ”
ဤတိုက်ခိုက် မှုကြောင့် အပ်စိုက်မှတ် များနှင့်၊ အတွင်း အင်္ဂါများ၊ ဒဏ်ရာ ရရှိ သွား တော့သည်။ အန်ထုတ် လိုက်သော သွေးများ၌ အတွင်း အင်္ဂါ အပိုင်း အစများ ပါလာ၏။
မျက်လုံးမှ မျက်ရည်များ စီးကျ လာကာ၊ လုံးဝ အသုံး မဝင်ကြောင်း သိရှိ လိုက် သဖြင့်၊ ခေါင်းငိုက်စိုက် ကျသွားသည်။
“ အမှိုက်လို ကောင်းကောင်း နေပါ၊ ဒီကမ္ဘာမှာ မင်း ရှိနေတာ ကိုက၊ သက်တံဓား သူတော်စင် အတွက်၊ အရှက် ရစေတယ်။ ”
ကျွားချင်းယန်က လင်းယွန် ထွက်ပြေး သွားသော လမ်းကြောင်းထံ မျှော်ကြည့် ပြီး၊ လှောင်ပြုံး ပြုံးလိုက်သည်။
“ ရပ် စမ်း ... ။ ”
ဟန့်တား လိုသော ဆန္ဒဖြင့်၊ ဖုန်းကျွယ်က ရုန်းကန် တော့သည်။ ကျွားချင်းယန်မှ လှည့်ပင် မကြည့်ဘဲ၊ လေထဲ ဝှေ့ယမ်း လိုက်ရာ၊ သူ လွင့်စဉ် သွား၏။
“ ငါ့ကို ကောင်းကင် မတိုင်မီ မွေးဖွားပြီး၊ ကောင်းကင် ပျက်စီး သွားရင်တောင်၊ ငါ ဆက်ရှိ နေမယ်။ ”
ရုတ်တရက် ပုံမှန် မဟုတ်သော ရောင်ဝါ များနှင့် အတူ၊ အသံ တစ်သံ ပဲ့တင် ထပ်လာ သဖြင့်၊ ကျွားချင်းယန်မှာ ရပ်လိုက် ရသည်။
“ ငါ့ အသက် အသက် ဆယ့်ရှစ်နှစ်၊ တစ်နှစ်ကို ခေတ်တစ်ခေတ် ကြာတယ်။ ”
“ ဘယ်သူလဲ ... ။ ”
ထိတ်လန့် စွာဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်မိ တော့သည်။ ကောင်းကင် တစ်နေရာ၌ ရပ်နေသော မိန်းကလေး တစ်ဦးအား မြင်လိုက် ရ၏။
ငေွရောင် ဆံပင် ရှည်ကြီးများ ရှိကာ နှင်းကဲ့သို့၊ ဆွတ်ဆွတ် ဖြူသော အသား အရေ မျိုး ပိုင်ဆိုင် ထားသည်။
အရွယ်နှင့် မလိုက်အောင်၊ ချစ်စရာ ကောင်းလှပြီး၊ မျက်လုံး များက နက်ရှိုင်းသော တွင်းနက်ကြီး နှစ်ခု ကဲ့သို့ ဖြစ်နေ၏။
နဖူးတွင် ရွှေရောင်နှင့် ခရမ်းရောင် အမှတ် အသား တစ်ခုစီ ရှိနေသည်။ ၎င်းက သူမအား ပို၍ မှော်ဆန် စေ၏။
“ မင်းက ဘယ်သူလဲ ... ။ ”
“ ငါက သမုဒ္ဒရာ (၄) စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆) လွာနဲ့၊ မြေပြင် (၇၂) ထပ်ကို အုပ်စိုးတဲ့၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ။ ”
ထိုအဖြေကြောင့် ကျွားချင်းယန် ခမျာ အနည်းငယ် တုန်လှုပ် လာသည်။ ပြောသည့် အတိုင်းသာ ဆိုက၊ အမှန်ပင် ကြောက်စရာ ကောင်း ပေသည်။
သို့သော် ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ဟူသည့် အဆိုပါ ကလေးမထံ ပြန်ကြည့် မိရာ၊ နိမ့်ကျသော ကျင့်ကြံမှုသာ ရှိကြောင်း သိလိုက် သည်။
သို့သော် သူမ ရောင်ဝါမှာ၊ ကြောက်စရာ ကောင်းပြီး၊ အတု အယောင် မဟုတ် သဖြင့်၊ ကျွားချင်းယန်အား ဒွိဟ ဖြစ်လာ စေ၏။
“ ကျွားချင်းယန် ... ၊ ဒီဧကရီကို တွေ့တာတောင်၊ မင်းက ဘာလို့ ဒူးမထောက် ရတာလဲ။ ”
ခရမ်းငယ်က နှင်းဦးရည် ဓားမော့ကို စီးနင်းလျက်၊ အေးစက်စွာ အော်ငေါက် ပစ် လေသည်။
လူရှေ့ ထွက်လာ ချိန်မှ စကာ၊ ဤပုံစံ ဤလေသံ မျိုးဖြင့်၊ မည်သူမှ သူ့အား မပြောဖူး သောကြောင့်၊ ကျွားချင်းယန် လန့်သွားသည်။
သည် မိန်းကလေး၏ ဘွဲ့သည် ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင် ဟူသည့် ဂုဏ်ဒြပ်နှင့် ယှဉ်နိုင်၏။
( နေဦး ... ဒါက ငါ့ဆရာ ထက်တောင် ပိုပြီး မောက်မာ ကြီးစိုးနေ သေးတယ်။ )
ရုတ်တရက် ချွေးများ စီးကျ လာပြီး အခြေအနေ အရပ် ရပ်ကို ပြန်လှန် သုံးသပ် တော့ သည်။
ဤကမ္ဘာ ပေါ်တွင် သူတော်စင် များပင်၊ အပြစ် မပြု ဝံ့သော သမိုင်ကြောင်း ခိုင်မာသည့်၊ ရှေး မျိုးနွယ်စု၊ များစွာ ရှိကြောင်း သူ သိသည်။
( နတ်ဖီးနစ် မိသားစု ကများလား။ )
လက်ထဲရှိ ယပ်တောင်ကို ဖြန့်ကာ စဉ်းစားခန်း ဝင်မိသည်။ ဤကလေး မလေး၏ ရောင်ဝါက ထိတ်လန့် စေသော်လည်း၊ ကျင့်ကြံမှုမှာ လွန်စွာ အားနည်း၏။
( ဒူးထောက် သင့်လား၊ နေဦး ... ။ )
သံသယ ဖြစ်ဖွယ် တစ်စုံ တစ်ရာကို တွေးမိလာ သည်။ အမှန်ပင် ရှေးမျိုးနွယ် စုမှ ဆိုပါက၊ သူ့လို လူ၏ အမည်ကို သိနေ စရာ အကြောင်း မရှိချေ။ ထူးဆန်း ချေ၏။
“ စီနီယာ မင်းရဲ့ စကား တွေက အရမ်း များနေပြီ၊ ဓားဂိုဏ်းနဲ့ မင်း ဘယ်လို ဆက်ဆံ ရေးမျိုး ရှိလဲ ငါ သိချင် ပါတယ်။ ”
“ ဒီဧကရီက ဘာကြောင့် မင်းကို ပြောရ မှာလဲ။ ”
“ ဝှစ် ... ။ ”
“ အွတ် ... ။ ”
ထို့စဉ် ကျွယ်ချင်းယန်က ပြုံးလျက် လက်ဖဝါးဖြင့် ရိုက်ချ လာသည်။ လက်ဖဝါး ထိမှန်ကာ၊ ခရမ်းငယ် တစ်ယောက် နှုတ်ခမ်း ထောင့်မှ သွေးများ စီး ကျလျက်၊ ပင်လယ် ရေမျက်နှာ ပြင်ပေါ်၊ ပြုတ်ကျ သွားသည်။
“ သနားစရာ လှည့်ကွက် လေးတွေ။ ”
မျက်နှာ ပေါ်ရှိ အပြုံး ပျောက်ကွယ် သွားပြီးကာ၊ အေးစက်သော အမူ အရာများ အစား ဝင်လာသည်။ သူက ဆက်ပြီး၊
“ ငါက လှည့်စား ခံရ လုနီးပါး ပါပဲ၊ ကောင်းပြီ မင်းဘယ်က လာတာလဲ ... ကြည့် ရအောင်။ ”
ခြေ တစ်လှမ်း လှမ်းလိုက် ရုံနှင့် ခရမ်းငယ် ရှေ့ ရောက်လာ၏။ သို့သော် ဖမ်းယူ တော့မည့် အချိန်တွင်၊ ခရမ်းငယ် နဖူးရှိ ရူရ် နှစ်လုံးက ရုတ်တရက် ပွင့်လာပြီး၊ သံကြိုး များဖြင့် ပစ်ခတ် တော့သည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း၊ လှောင်အိမ် သဖွယ်၊ ချုပ်နှောင် ပစ်လိုက်၏။ သည့်နောက် ဓားမော့ပေါ် ပျံတက် သွားပြီး၊ တံဆိပ်များ ဖန်တီးကာ ထပ်မံ ပေါင်းစပ်သည်။
နဖူးမှ အလင်းများ ဖြာလျက်၊ ငွေရောင် ဆံပင်များ လေထဲ လွင့်မျော နေသော သူမ အမူ အရာမှာ၊ ကြီးစိုး နေသည်။
“ တောက် ... သေစမ်း ... ။ ”
ကျွားချင်းယန်က သံကြိုး လှောင်အိမ်ကို ဖျက်ဆီးရန် မလွယ်မှန်း တွေ့ရှိ လိုက်ရ သဖြင့်၊ အလွန် ထိတ်လန့် သွားသည်။
“ မင်း ဘယ်သူလဲ ... ။ ”
အံကြိန်လျက် ထပ်မေး မိသည်။ ခရမ်းငယ်က ပြန်မဖြေ တော့ချေ။ အေးစက်စွာ စိုက်ကြည့် နေသည်။
“ ခလောက် ခွပ် ... ၊ ခလောက် ခွပ် ... ။ ”
တစ်ဖက်တွင် စစ်မြင်း အသွင်ပြောင်းလဲ ထားသော နဂါးလေးကို စီးလျက်၊ လင်းယွန်က ပြန်ရောက် လာသည်။
“ ညီလေး ... ၊ မင်း ငါ့ကို ကယ်ဖို့ ပြန်လာ တာလား။ ”
ဖုန်းကျွယ် ခမျာ၊ စိတ်လှုပ်ရှား သွား၏။ ထို့စဉ် စစ်မြင်းက သူ့ မျက်နှာကို တံတွေးနှင့် ထွေး လာသည်။
မတုံ့ပြန် နိုင်မီ မြင်းက နောက်ကျောပေး အနေ အထားသို့ ပြန်လှည့် သွားပြီး၊ လင်းယွန်မှ သူ့ကို ကောက်ယူသည်။
“ ဧကရီ ... ။ ”
ဖုန်းကျွယ်အား ပခုံးပေါ် ထမ်းလျက်၊ ခရမ်းငယ်ထံ မော့ကြည့်ကာ၊ လင်းယွန်က အော်ခေါ် လိုက်တော့သည်။
***