လာခဲ့၊ မင်းကို ငါ သင်္ဂြိုလ် ပေးမယ်။
Vol. 98 Ch. 1366
ခရမ်းငယ်က လက်များ ထပ်မံ လှုပ်ရှား လိုက်ပြီး၊ လှောင်အိမ်ထံ ကြိမ်ဖန် များစွာ ပေးပို့ ပေါင်းစပ် လိုက်သည်။
ထို့နောက် ဓားပေါ်မှ ပြုတ်ကျ လာသဖြင့်၊ လင်းယွန်က အမြန် ဖမ်းယူကာ၊ ထွက်ခွာလိုက် တော့သည်။
“ မြန်မြန် ... ၊ ရေခဲ နတ်ဘုရား သံကြိုးက သူ့ကို ကြာကြာ ထိန်းထား နိုင်မှာ မဟုတ်ဘူး။ ”
သူမ ပြော သည်နှင့် နဂါးလေးက မြေပြင်တွင် ပြေးနေ သကဲ့သို့၊ သမုဒ္ဒရာ မျက်နှာ ပြင်ပေါ်၊ ဖြတ်ပြေး တော့သည်။
“ ဟီး ... ဟစ် ... ဟစ် ဟစ်။ ”
အော်မြည်သံက လေဟာနယ် ကိုပင် ကွဲအက် လာစေ၏။ ထိုအရှိန်ကြောင့် ဖုန်းကျွယ် ခမျာ လင်းယွန် ပခုံး ပေါ်တွင်၊ မြင့်ချေ- နိမ့်ချေ နှင့်၊ ဘယ်ညာ ယိမ်းထိုး နေတော့သည်။
ဤပုံစံက ရှက်စရာ ကောင်းလွန်း သဖြင့်၊ ဖုန်းကျွယ်မှာ မျက်နှာ မည်းမှောင် လာသည်။
“ ဝင်းဝွင် ... ဝေါင်းဝန် ပါတယ်။ ”
(လင်းယွန် တောင်းပန် ပါတယ်။ )
လေပြင်များ တိုးဝင်မှုကြောင့် ပါးပြင် တုန်ခါပြီး၊ အသံမှာ မသဲကွဲချေ။
“ တစ်ကြိမ် တည်းနဲ့ ... ၊ ဒူးထောက် လိုက်ရတဲ့ ... ၊ နင့်လို လူ တစ်ယောက်က၊ အခု ချိန်မှာ ပါးစပ် ပိတ်ပြီး၊ ငြိမ်ငြိမ် နေလိုက်တာ အကောင်း ဆုံးပဲ။ ”
ခရမ်းငယ် စကား များမှာ ရက်စက် လွန်းသောကြောင့်၊ သွေးအန် မတတ် နာကျင် သွားသည်။
“ ဝါဝို့ ဝူးဝေါက် ဝမှာဝဲ၊ ဝါဝ ... ဝန်ဝူဝို ဝေဝုန်းဝို့ ဝါ့ ဝျူဝါပဲ။ ”
( ဘယ်လို့ ဒူးထောက် ရမှာလဲ၊ ဒါက ... ရန်သူကို ချေမှုန်းဖို့ ငါ့ ဗျူဟာပဲ။ )
ဖုန်းကျွယ်က ငြင်းဆို လိုက် သော်လည်း၊ ခရမ်းငယ်မှာ နှာခေါင်း ရှုံ့သည်။
“ ဝါ ဝန်ရာ ကနေ ဝန်ကောင်း လာဝင်၊ ဝင်းကို ဝိုက်ပစ်ဝယ်။ ”
( ငါ ဒဏ်ရာ ကနေ ပြန်ကောင်း လာရင် မင်းကို ရိုက်ပစ်မယ်။ )
“ ဒါဆို ... ငါ မင်းကို အခုပဲ ပစ်ချခဲ့ လိုက်မယ်။ ”
လင်းယွန် စကားကြောင့်၊ ဖုန်းကျွယ်မှာ ပါးစပ် ချက်ချင်း ပိတ်သွားသည်။ သူ့ညီ မှပင်၊ သူ့အား အနိုင်ကျင့် နေ၏။ ယင်းကြောင့် ပို၍ ဝမ်းနည်း လာသည်။
“ ငါတို့ ရောက်ပြီ ... ။ ”
လွင့်မျော နေသော တိမ်တိုက် များ ကြားတွင်၊ လျှပ်စီး လက်နေသော တောင်တန်း အချို့ကို မြင်လာ ရ၏။၏
“ ဝေါ့ ... ။ ”
ထိုအချိန်တွင် ခရမ်းငယ်မှာ ရုတ်တရက် သွေးအန် သွားပြီး၊
“ သူ ... လွတ်သွားပြီ ... ။ ”
-ဟု ဆိုတော့သည်။
“ မင်းတို့ ... ငါ့ လက်ကနေ လွတ်မယ် ထင်လား၊ ဒီကမ္ဘာ ပေါ်မှာ မင်းတို့ကို ဘယ်သူမှ မကယ်တင် နိုင်ဘူး။ ”
ကြိမ်းဝါးသံနှင့် ရေှး မနှောင်းပင် ကျွားချင်းယန် ရောက်ရှိ လာသည်။ ယင်းက မြန်လွန်း သောကြောင့်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။
“ ဖရူး ... ။ ”
သို့သော် တိမ်များ အကြား၊ လျှပ်စီး လက်နေသော တောင်တန်း များကို မြင်နေ ရပြီ ဖြစ်ရာ၊ ရွှေကျီးကန်း တောင်ပံအား ဖွင့် လိုက်သည်။
“ ဝှစ် ... ။ ”
ခရမ်းငယ်အား ဘယ်လက်ဖြင့် ဖမ်းကိုင်လျက်၊ ဖုန်းကျွယ်ကို ညာပခုံးတွင် ထမ်းကာ၊ ကောင်းကင် ပေါ် ပျံတက် လိုက်သည်။
ရွှေကျီးကန်း သူတော်စင် ရူရ်ကို ကန့်သတ်ချက်သို့ တွန်းပို့ပြီး၊ ကြယ်စွမ်းအင် များ၊ ထောက်ပံ့ ပေးမိသည်။
“ ငါတို့ လုပ်နိုင်ပြီ ... ။ ”
ကျွန်းပေါ် ခြေချ မိသည်နှင့်၊ ဝမ်းသာ အားရ ရေရွတ် လိုက်သည်။ သို့သော် ကောင်းကင်တွင် ရပ်စောင့် နေသော၊ ကျွားချင်းယန်ကို တွေ့လိုက် ရသဖြင့်၊ အပြုံးများ ပျောက်ကွယ် ကုန်၏။
“ ဝေါ့ ... ။ ”
၎င်းထံမှ အကြည့် တစ်ချက် ဖြင့်ပင်၊ လင်းယွန် ခမျာ သေွးအန်လျက်၊ မြေပြင်ပေါ် လဲကျ သွားသည်။ ကျွားချင်းယန်က သူတို့ သုံးဦးအား အေးစက်စွာ ကြည့်နေ၏။
“ မင်းကို ... ငါက ခေါ်သွားဖို့ စိတ်ကူး ရှိတယ်၊ မဟာ သူတော်စင် မူလ ပုလဲ ဆိုတာ မင်းပိုင် သင့်တဲ့ အရာ မဟုတ်ဘူး။ ”
လင်းယွန်က စကား တစ်ခွန်းမျှ မပြော တော့ချေ။ ကောင်းကင် ချပ်ဝတ်ကို ထုတ်ဖော် ရန်၊ အသင့်ပြင် ထားသည်။
“ ကျွားချင်းယန် ... ၊ မင်းအတွက် အခွင့် အရေး မရှိ တော့ဘူး။ ”
မြေပြင်ပေါ် လဲကျနေရာမှ အားယူ ထကာ ဖုန်းကျွယ်က ပြောသည်။
“ ဟား ဟား ဟား ... ။ ”
သူ့ စကားကြောင့် ကျားချင်းယန်က ခေါင်းမော့ ရယ်၏။
“ သက်တံဓား သူတော်စင်ကို အရှက်ရ စေတဲ့ တပည့်၊ မင်း ဘာပြောချင် တာလဲ။ ”
“ မင်းကို ရင်ဆိုင် နိုင်တဲ့ လူ ... ၊ မရှိတော့ ဖူးလို့ မထင်နဲ့၊ သတ္တိ ရှိရင် ... ဒီကျွန်းပေါ် ဆင်း လာစမ်း၊ မင်း ခြေတစ်လှမ်း လှမ်းဝံ့ရင် သေမယ်သာ မှတ်။ ”
“ ဟား ဟား ဟား ... ဖုန်းကျွယ် ... ၊ မင်းဘာလို့ တိမ်လွှာ ဓားဂိုဏ်း ဆီကို ပြေးလဲ၊ ငါမသိ ဖူးများ ထင်နေလား၊ ဒီမှာ ...
... မင်းရဲ့ ဂျူနီယာ ညီလေးက၊ မင်းကို ကယ်တင်နိုင် မယ်လို့၊ တကယ် ထင်နေတာ မဟုတ်လား၊ ...
... ကျန့်ကျန်းရှန် နယ်ပယ် သုံးပါး ချန်ပီယံ ဟား ဟား ဟား ... ၊ ငါနဲ့ ရန်ငြိုး ရှိတဲ့ သူ့လိုလူ တစ်ယောက်က၊ ဒီလို နေရာမှာ ပိတ်မိ နေတယ် ဆိုတာ၊ ငါ မသိဘဲ နေမလား။ ”
ကျွားချင်းယန်က ဂရု မစိုက် စွာဖြင့်၊ လှောင်ပြောင် လေသည်။
“ မင်း ... ။ ”
ဤတစ်ကြိမ်တွင် ဖုန်းကျွယ်မှာ အံသြ သွားသည်။ တစ်ဖက် လူသည် သူ့ အတွေးကို ဖတ်နိုင် လိမ့်မည်ဟု မထင်ထား မိချေ။
“ သက်တံဓား သူတော်စင်ကို အရှက်ရ စေတဲ့၊ မင်းလို တဇောက်ကန်း တပည့်တောင်၊ လောက နိယာမ နယ်ပယ်ကို ရောက်နေပြီ၊ သူက အခု ချိန်ထိ၊ ...
... နဂါး သွေးလွှတ်ကြော နယ်ပယ် မှာပဲ ရှိသေးတယ်၊ ဒါဆို ... သူက မင်းကို ကယ်တင် နိုင်လိမ့် မယ်လို့၊ တကယ် ထင်နေ တာလား၊ ...
... နယ်ပယ် သုံးပါးမှာ ပြိုင်ဘက်ကင်း ချန်ပီယံ တဲ့လား၊ ဟား ဟား ဟား ... ၊ အဲဒါက လွန်ခဲ့တဲ့ အနှစ် (၂၀)က အတိတ်ပဲ၊ ... ”
ရုတ်တရက် ကျွားချင်းယန် မျက်နှာမှာ၊ ပျက်ယွင်း သွားပြီး အံကြိတ်လျက် စကား ဆက် မပြော နိုင်တော့ချေ။
အတိတ်တွင် ကျန့်ကျန်းရှန် လက်၌ ခံစား ခဲ့ရသည် များကို ပြန်ပြောင်း သတိ ရခြင်း ဖြစ် လေသည်။ မပြေ နိုင်သော အမုန်း တရာများ ဖြစ်၏။
“ ... အခု မင်း ရှေ့မှာတင်၊ သူ့ကို ငါ ဒူးထောက် ခိုင်းပြမယ်၊ လိပ် တစ်ကောင်က ငါ့ကို စကား တစ်ခွန်း ပြောရဲရင်၊ တိမ်လွှာဓား ဂိုဏ်း တစ်ခု လုံးကို၊ အမှုန့်ချေ ပစ်မယ်။ ”
ကျွားချင်ယန် အသံက မိုးခြိမ်းသံ တမျှ ကျယ်လောင်စွာ ပဲ့တင်ထပ် သွားသည်။
“ မင်း ... ငါ့ညီကို အရှက် ခွဲဖို့ ခွင့် မပြုဘူး။ ”
ဖုန်းကျွယ် ခမျာ မျက်နှာများ နီရဲလျက် အော်ငေါက် မိသည်။ ကိုယ့်ရှူး ကိုယ်ပတ် ချေ ၏။ ကျန့်ကျန်းရှန် သည်သာ ဒူးထောက်ရ ပါက၊ သူ့၌ တာဝန် ဖြစ်သည်။
ကျန့်ကျန်းရှန်သည် ဆရာတူ ညီလေး ဖြစ်သော်လည်း၊ အရည် အချင်းကြောင့် အစ်ကို တစ်ယောက် သဖွယ်၊ လေးစား ပေသည်။
နောက်ဆုံးတွင် အရိယာ ကောင်းကင် တောင်ကုန်း၌ အတောက်ပ ဆုံးသော ပါရမီရှင် တစ်ပါး ဖြစ်ကာ၊ ဆရာ သခင်၏ အချစ်ဆုံး တပည့် ဖြစ်ခဲ့သည်။
“ ဒါဆို ... ငါက သူ့ကို အရှက်ခွဲ ပြမယ်၊ မင်းက အမှိုက် တစ်စ ဖြစ်ပြီး ... ၊ သူက မင်းလို အမှိုက် နဲ့တောင်၊ ယှဉ်လို့ မရတဲ့ အမှိုက်ပဲ၊ ဒါကြောင့် မင်းတို့ရဲ့ ဆရာ သက်တံဓား သူတော်စင် ဆိုတာလည်း၊ အမှိုက် ... ”
ရုတ်တရက် ကျွားချင်းယန် မျက်နှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ စကားဆက် မပြော နိုင်တော့ဘဲ၊ တုန်ယင် သွားသည်။
“ ဟိတ် ... ။ ”
စက္ကန့်ပိုင်း အတွင်း၊ သူ့ မျက်လုံးထဲ ဓားအလင်းများ ပြည့်လာ သဖြင့် လက်ဖဝါးကို တွန်းထုတ်ကာ ဟန့်တား လိုက်သည်။ သို့သော် သူသာ လွင့်စဉ် သွား၏။
သမုဒ္ဒရာ ကြမ်းပြင်ပေါ် ပြုတ်ကျ သွားသော်မှ၊ ဓား ရောင်ခြည်သည် သူ့အား အလွတ် မပေး သေးချေ။
လက်ဆက် တိုးဝင်လာ နေသေး သဖြင့်၊ ခေါင်းဖြတ် မခံရ စေရန် ဘေးသို့ ထပ်မံ လှိမ့် ရှောင်လိုက်သည်။
ထို့ကြောင့် သူ့ ပါးပြင် ၌သာ ပြတ်ရှရာ ကျန်ရစ်ခဲ့၏။ ချက်ချင်းပင် ကောင်းကင်ပေါ် ပျံတက် လိုက်ပြီး၊ ဓားအလင်း ထွက်ပေါ် လာရာထံ၊ လှမ်းကြည့် မိသည်။
“ ကျန့် ကျန်း ရှန်။ ”
တိမ်လွှာဓား ဂိုဏ်းရှိ အမြင့်ဆုံး တောင်ထိပ်တွင်၊ ရပ်နေသော ပုံရိပ် တစ်ရိပ်ကို ဝိုးတဝါး လှမ်းမြင် လိုက် ရ၏။
“ ကျွား ချင်း ယန် ... ၊ လာ ... ဒီကိုလာ မင်းကို ငါ သင်္ဂြိုလ် ပေးမယ်။ ”
ကောင်းကင်နှင့် မြေကြီးကြား ဩဇာ ပြည့်ဝသော အသံ တစ်သံ ပဲ့တင် ထပ်လာ လေသည်။
“ ဝှစ် ... ။ ”
အခြားသော တန်ခိုးကြီး ဂိုဏ်းများ၏ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များက နှင်းများ ပိန်းပိတ် နေသော တောင်ထိပ်ကို ကြည့်ရန်၊ မြင့်မြင့် ပျံတက် လိုက်ကြသည်။
ထိုစဉ် နေရောင်ခြည် ကိုပင်၊ ဖုံးအုပ် သွားစေသော ခမ်းနားသည့်၊ နဂါး ကိုးကောင် ထိုတောင် ထိပ်၌ ပေါ်လာသည်။
ဤမြင်ကွင်းက လူတိုင်းကို အံသြသွား စေ၏။ ကျန့်ကျန်းရှန်သည် အမှန်ပင် နဂါးသွေး လွှတ်ကြော နယ်ပယ်၌ ရှိနေသည်။ သို့သော် နဂါး များ၏ အရှည်မှာ မယုံနိုင် စရာ ပေပင်။
***