← Chapters

သက်တံဓား သူတော်စင်ကို အရှက် မခွဲနဲ့။

Vol. 98 Ch. 1367

သက်တံဓား သူတော်စင်ကို အရှက် မခွဲနဲ့။

Vol. 98 Ch. 1367

“ ဒီအဖိုးကြီး ဘယ်လို လုပ်လိုက် တာလဲ။ ”

လင်းယွန် အံ့သြ ထိတ်လန့် သွား၏။ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ (၆)ဦး မှပင်၊ ကျွားချင်းယန်အား ဒဏ်ရာ မပေးနိုင် ခဲ့ချေ။

မိုင်တစ်ထောင် အကွာမှ နေ၍၊ ၎င်းကို ပြီးမြောက် ခဲ့သည်။

“ ညီ လေး ... ။ ”

ဖုန်းကျွယ်က ညာလက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ သူ့ သွေးများ ပွက်ပွက်ဆူ လာတော့သည်။

ပြသ လာသော ခွန်အားမှာ၊ လူတိုင်း အတွက်၊ အံ့အား သင့်ဖွယ် ဖြစ်သော်လည်း၊ သူ မပါချေ။ သူ့ညီတွင် ထိုသို့ ခွန်အား ရှိကြောင်း အမြဲ ယုံကြည် ထားသည်။

မျိုးဆက်တူ အတွင်း ဆိုက မည်သူ မဆို မည်သည့် နယ်ပယ်၌ ရှိပါစေ၊ ကျန့်ကျန်းရှန် ပြိုင်ဘက် မဟုတ် သေးချေ။

“ ဓား ဂိုဏ်းက ... တကယ်ကို စိတ်ပျက် စရာပဲ၊ ဆယ့်ရှစ်နှစ် ရှိပြီ ... ၊ မင်းရဲ့ ဒေါသက နည်းနည်းမှ မပြောင်းလဲ သေးဘူး။ ”

ကျွားချင်းယန် လက်ဖဝါးရှိ ဒဏ်ရာမှာ၊ ဖြည်းညှင်းစွာ ပိတ်သွားသည်။ ပြီးနောက် ပါးကို ထိကာ၊ သွေးများ သုတ်ယူ ကြည့်သည်။

ဤဒဏ်ရာတွင် ဓား ရည်ရွယ်ချက် နစ်ဝင် နေသဖြင့်၊ ချက်ချင်း ပြန်လည် ကောင်းမွန်ရန် မဖြစ်နိုင် သေးချေ။ ရုတ်တရက် အပြုံးမိ၏။

“ တိမ်လွှာ ဓားဂိုဏ်း အပြင် ဘက်မှာ၊ မင်း ဘာတွေပဲ လုပ်လုပ် ငါဂရု မစိုက်ဘူး၊ ဒါပေမယ့် ... ငါ့ဆရာကို ငါ့ရှေ့မှာ အရှက်ခွဲ ဝံ့ရင်၊ မင်းကို ငါ သတ်ပစ်မယ်။ ”

နှင်းမြူများ အတွင်း လက်နှစ်ဖက်ကို နောက်ပစ်လျက် ငွေရောင် ဆံပင်များ ဝဲပျံကာ၊ ရပ်နေသော ကျန်းကျန်းရှန်မှ ပြောသည်။

“ ဟား ... ဟား ... ဟား ...၊ ကျန့်ကျန်းရှန် လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ် လို့များ ထင်နေ မင်းက တုန်းလား၊ ငါ အတိတ်က ကျွားချင်းယန် မဟုတ်ဘူး၊ ...

... နဂါးသွေး လွှတ်ကြော နယ်ပယ်က မင်းလိုလူ တစ်ယောက်က၊ ငါ့ရှေ့မှာ ထိန်းထိန်း သိမ်းသိမ်း ပြုမူ သင့်တယ်၊ မဟုတ်ရင် တိမ်လွှာ ဓားဂိုဏ်း တစ်ခုလုံး၊ ပျက်စီး ကုန်မယ်။ ”

ဆယ့်ရှစ်နှစ် ကြာခဲ့ပြီ ဖြစ်သောကြောင့် ပြန်တွေ့ ချိန်၌ တစ်ဖက် လူမှာ၊ သူ့အား စကား တစ်ခွန်းမျှ ပြောဝံ့ လိမ့်မည် မဟုတ်ဟု၊ တွေးထား ခဲ့သည်။

သို့သော် ကျန့်ကျန်းရှန်မှာ သူ့အား အတိတ်က လိုပင် မျက်လုံးထဲ မထား ခဲ့ချေ။ ဒေါသ ထွက်စရာ ပေပင်။

ထိုစဉ်က အကြိမ်ကြိမ် ရှုံးနိမ့် ခဲ့သည်။ အထူးသဖြင့် သူတို့ နှစ်ဦးကြား နောက်ဆုံး တိုက်ပွဲ ဖြစ်သည်၊ သူ့ တစ်သက် တာတွင် အကြီး ကျယ်ဆုံး အရှက် ရမှု ဖြစ်၏။

ထိုကြောင့် ဖုန်းကျွယ်က တိမ်လွှာ ဓား ဂိုဏ်းထံ ပြေးနေသော အခါ၊ ဝမ်းသာခဲ့ ရသည်။ တစ်ချိန်က ကျွားချင်းယန် မဟုတ် တော့မှန်း၊ တစ်ဖက် သားကို ပြချင်နေ ခဲ့သည်။

သက်တံဓား သူတော်စင်ကို စော်ကား ပြောဆို နေသည်အား၊ ကျန့်ကျန်းရှန်မှ အံကြိတ် နားထောင် နေလိမ့် မည်ဟု၊ တွေးထား မိသည်။

ယခုမူ အခြေ အနေပေါ် သံသယ ဝင်စေသည်။ ကျန့်ကျန်းရှန် တစ်ယောက် ဤယုံကြည်ချက် မျိုး၊ မည်သည့် နေရာမှ ရသွားမှန်း၊ သူ မသိ တော့ချေ။

“ ငါပြောတာ ... မင်း ကြားလား ကျွားချင်းယန်၊ နှင်းတောင် ထိပ်ကို လာခဲ့ ငါမင်းကို သင်္ဂြိုလ် ပေးမယ်။ ”

“ ဟား ဟား ဟား ... ကောင်းပြီ၊ ငါတို့ ကြားက ခြားနားချက်ကို ... ၊ အခု မင်းသိစေ ရမယ်။ ”

စကားဆုံး သည်နှင့် လေဟာနယ် အတွင်း နင်းချ လိုက်ရာ၊ ပင်လယ် သမုဒ္ဒရာ ရေမျက်နှာ ပြင်မှာ၊ အတွင်းသို့ နိမ့်ဆင်း သွားသည်။

နောက် တစက္ကန့်တွင် တည်နေရာ ရွေ့ပြောင်း လိုက် သကဲ့သို့ နှင်းတောင် အထက် ကောင်းကင်တွင် ပေါ်လာသည်။

“ သွားကြည့် ရအောင်။ ”

ဖုန်းကျွယ်က ဒဏ်ရာ များကို တေွးမနေ တော့ဘဲ၊ ချက်ချင်း ပျံသန်း သွားသည်။

“ ငါတို့လည်း လိုက်ကြည့် ရအောင်။ ”

ရွှေတောင်ပံ များကို ဖွင့်လျက်၊ ဖုန်းကျွယ်အား လှမ်းဆွဲကာ ခရမ်းငယ်နှင့် အတူ၊ လင်းယွန်က တဟုန်ထိုး ပျံသန်း လိုက်သည်။

ဒဏ်ရာ ရရှိ ထားသော ဖုန်းကျွယ်နှင့် ယှဉ်ပါက သူ့အရှိန်မှာ ပိုမြန်၏။ မျက်စိ တမှိတ် အတွင်း ဓားသူတော်စင် တောင်ပေါ်သို့ ဆင်းသက် ရောက်ရှိ သွားသည်။

နှင်းတောင်ကြီး ကိုမူ၊ မမြင် နိုင်သော ဓားရောင်ဝါ တစ်ခုက ပိတ်ဆို့ ထားလေသည်။

“ စ နေပြီ ... ။ ”

ဖုန်းကျွယ်မှ လှမ်းကြည့်ကာ၊ ဆိုသည်။ ယင်းက ရောင်ဝါများ အချင်းချင်း ထိပ်တိုက် တွေ့နေခြင်း ဖြစ်၏။

တစ်ဖက် ဘက်မှ အားနည်းချက် အနည်းငယ် ရှိရုံဖြင့်၊ ချက်ချင်း ဆိုသလို ဒဏ်ရာ ရရှိ နိုင်ပေမည်။

ထိုအချိန်တွင် အခြားသော တန်ခိုးကြီး ဂိုဏ်းများ၏ လောက နိယာမ နယ်ပယ်မှ၊ ကျွမ်းကျင် သူများက တိမ်လွှာ ဓားဂိုဏ်း အတွင်းသို့၊ ဝင်ရောက်လာ ကြသည်။

နဂါးသွေး လွှတ်ကြော နယ်ပယ်မှ တစ်စုံ တစ်ဦးသည်၊ ဘုရင် တစ်ပါးနှင့် တိုက်ခိုက်ရန် သတ္တိ ရှိနေ သည်ကို၊ မယုံနိုင် သေးချေ။

“ အဖိုးကြီး ... ၊ မင်း နိုင်မှ ရမယ်။ ”

လင်းယွန်က စိတ်ပူ လာသည်။ ရှုံးနိမ့် သွားသော်၊ သေခြင်း ထက် ဆိုးသော ဘဝဖြင့် ကျန့်ကျန်းရှန် ရှင်သန်ရ ပေမည်။

အကြိမ်ပေါင်း များစွာ စကားများ ခဲ့သော်လည်း၊ ဤဒေါသအိုး ကြီးကို စီနီယာ အစ်ကို အဖြစ် သတ်မှတ် ထားသည်။

၎င်းထံမှ အကူ အညီသာ မရခဲ့ ပါက၊ နတ်မိစ္ဆာ နယ်မြေတွင် သူသေ သွားပြီး ဖြစ်ပေ မည်။ ထို့ပြင် ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ်ချက် ကိုလည်း၊ ရောက်ရှိ နိုင်မည် မဟုတ်ချေ။

သူ့ကို လမ်းပြပေး သူတစ်ဦး ဖြစ်သည် သာမက၊ ဒေါသကြီး ပုံခြင်း တူညီ သောကြောင့် သူငယ်ချင်း လည်း ဖြစ်သည်။

ရုတ်တရက် သက်တံ ရောင် အလင်း လှိုင်းများ ပြန့်ကျဲ လာပြီး၊ ကျွားချင်းယန်က နောက်ပြန် ဆုတ် သွားသည်။

ရောင်ဝါ တိုက်ပွဲတွင် အဖိုးကြီး အနိုင် ရရှိခဲ့လေပြီ။ ဤမြင်ကွင်းက လင်းယွန်အား ပို၍ စိတ်လှုပ်ရှား လာစေ၏။

“ ကောင်းကင် ... ။ ”

ယင်းအခွင့် အရေးကို အရ ယူကာ၊ ကျန့်ကျန်းရှန်က လက်ချောင်း များဖြင့် လှမ်း ထိုး လိုက်သည်။

လက်ချောင်း များမှ ထွက်လာသော ဓားရောင်ခြည်သည် မီတာ တစ်ရာကျော် အထိ ရှည်လျား နေပြီး၊ ကျွားချင်းယန်အား ချက်ချင်း နှိမ်နင်း တော့၏။

“ ဒါက ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ။ ”

တစ်ဖက် လူက နဂါး သွေးကြောကို ဖြန့်ထုတ် လိုက်သော အခါတွင်၊ မီတာ တစ်ရာ ကျော်သို့ ရောက်ရှိ သွား သောကြောင့်၊ ကျွားချင်းယန် မျက်လုံးပြူး သွား၏။

“ ထွက် လာ ခဲ့။ ”

လုံးဝ အဓိပ္ပာယ် မရှိပေ။ သို့သော် ထိုအကြောင်းကို သည့်ထက် ပို၍ မတွေး နိုင်ဘဲ၊ အလင်း တန်းများ ဖြာထွက် နေသော လက်နက် မျိုးစုံအား၊ ဆင့်ခေါ် လိုက်ရသည်။

ဓား၊ ဓားမော့၊ လှံ၊ ယပ်တောင်၊ လှံပုဆိန်ဓားနှင့် အခြားသော အရာများ ဖြစ်သည်။ ၎င်းတို့ အားလုံးသည် သူတော်စင် ရူရ် တစ်ထောင် လက်ရာများ ဖြစ်၏။

“ ထန် ထန် ... ။ ”

စုစုပေါင်း (၉)မျိုး တိတိ ရှိသည်။ ၎င်းလက်နက် (၉)မျိုးက အရောင် (၉) မျိုးပါ ဆေးအိုးကြီး အဖြစ် ပေါင်းစပ်လျက်၊ ဓား ရောင်ခြည်ကို ဝင်တိုက် တော့သည်။

အားပြင်းသော လှိုင်းလုံးကြီး ကယက် ထလာသည်။

“ ဟား ... ဟား ... ဟား ... မင်းက၊ နဂါးသွေး လွှတ်ကြော တွေကို၊ ဘယ်လောက်ပဲ သန့်စင်ထား - သန့်စင်ထား၊ ငါ့ရဲ့ ကောင်းကင် သူတော်စင် ဆေးအိုး ရှေ့မှာ၊ ဘာမှ မလုပ် နိုင်ပါဘူး။ ”

တိုက်ပွဲတွင် အနည်းငယ် အသာစီး ရလာ သောကြောင့်၊ ကျွားချင်းယန်က ရယ်မောသည်။

“ ဒါဆို ... ၊ ငါ ခွဲလိုက်မယ်။ ”

ကျန့်ကျန်းရှန် လက်၌ မီးလျှံများ တောက်လောင် လာသည်။ သည့်နောက် ဓားရောင်ဝါကို ခြုံထားသော၊ နဂါး တစ်ကောင် ခန္ဓာကိုယ်မှ ပျံထွက် လာ၏။

ထိုမီးတောက် နေသော လက်ဖြင့်၊ ကောင်းကင် သူတော်စင် ဆေးအိုးထံ လှမ်းကိုင် လိုက်သည်။

လက်တွင် တောက်လောင် နေသော မီးတောက်မှာ နဂါး အငွေ့ အသက်နှင့် ယှဉ်နိုင် လောက်အောင် ပူပြင်း လာ၏။

ထိုအချိန်က ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ ပြိုင်ဘက်ကင်း ခဲ့သော ‘မွေးရာပါ နတ်နဂါး ဓား ခန္ဓာကိုယ်၊’ ဖြစ်သည်။

“ ခရစ် ... ။ ”

လေဟာနယ် တစ်ခုလုံး တုန်ခါ သွားပြီး၊ ကောင်းကင် သူတော်စင် ဆေးအိုးမှာ ချက်ချင်း ကွဲသွားသည်။

“ ဝုန်း ... ။ ”

လက်နက် အစိတ် အပိုင်းများ လွင့်စဉ် ကုန်ကာ၊ ဓားရောင်ဝါက ကျွားချင်ယန် ရောင်ဝါ ကို၊ ခွဲရန် ကြိုးစား တော့သည်။

“ ဝှစ် ... ။ ”

မျက်စိ တစ်မှိတ် အတွင်း၊ နှစ်ဦးသား ရာပေါင်း များစွာသော လှုပ်ရှားမှုများ၊ အပြန် အလှန် ဖလှယ် လိုက်ကြ၏။

တိုက်ပွဲမှာ ကြောက်စရာ ကောင်းပြီး လူတိုင်း၏ နှလုံးသားကို တုန်လှုပ် စေခဲ့သည်။ ဆန်းပြားသော နည်းစနစ်များ မသုံးချေ။

ရိုးရိုး ရှင်းရှင်းပင် ခွန်အားဖြင့် ထိပ်တိုက် ရင်ဆိုင် နေကြသည်။ ဤမြင်ကွင်းက လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ အားလုံးကို၊ တုန်လှုပ် ချောက်ချား လာစေသည်။

ဤသည်မှာ နယ်ပယ် သုံးပါး ချန်ပီယံ၏ ခွန်အား ပင်ဖြစ်သည်။ နဂါးသွေး လွှတ်ကြောနှင့် ဘုရင် တစ်ပါးအား ခေါင်းချင်း ဆိုင်နိုင်၏။

ကျန့်ကျန်းရှန် နောက်ရှိ ၊ နဂါး (၉) ကောင်ကို ကြည့်ခြင်း အားဖြင့်၊ ၎င်း၏ နဂါး သွေးလွှတ် ကြောမှာ၊ အခြား ကျွမ်းကျင်သူ များထက်၊ အဆ တစ်ထောင် သန်မာ ကြောင်း ပြောနိုင်သည်။

ဤလူ သည်သာ လောက နိယာမ နယ်ပယ်သို့ ဖြတ်ကျော် နိုင်ခဲ့သော်၊ ချက်ချင်း ပြိုင်ဘက်ကင်း သွားနိုင်၏။

ထိုအချိန်တွင် တိုက်ပွဲ အတွင်း၊ ရောင်ဝါများက အထွတ် အထိပ်သို့ ရောက်ရှိ လာကာ၊ ကောင်းကင်ကို ခွဲပစ် တော့သည်။

“ ခရစ် ... ။ ”

အက်ကွဲ အသံများ ဆက်တိုက် ထွက်စဉ် ကျွားချင်းယန် မျက်နှာမှာ ပျက်ယွင်းလျက်၊ ပြန် ဆုတ်ခွာ သွားသည်။

တစ်ဖက် လူ၏ အခြေခံ အုတ်မြစ်သည်၊ သူ့စိတ်ကူး စိတ်သန်းထက် များစွာ ကျော်လွန် နေချေပြီ။

၎င်းက ပိတ်မိ နေခြင်းမျိုး မဟုတ်ဘဲ၊ ခွန်အား ကိုစုဆောင်း နေခြင်း ဖြစ်လေသည်။

“ ကျွားချင်းယန် ... ၊ မင်း ဆီက လမ်း ညွှန်ချက်ကို၊ တောင်းခံ ချင်တဲ့ ဓား တစ်ချက် ငါ့မှာ ရှိတယ်၊ ဓား ... ။ ”

ခေါ်သံကို ဓားသူတော်စင် တောင်ပေါ်ရှိ လင်းယွန် လွယ်ထားသော လျှပ်စီး တစ်ထောင် ဓားက၊ ကြားသည်။

“ ဝူး ... ။ ”

တုန်ခါလျက် ဓား သေတ္တာ ထဲမှ၊ ပျံသန်း သွားသည်ကို၊ လင်းယွန်က ပြန်မော့ ကြည့်မိ၏။ လက်ထဲ ဓားကို ဆုပ်ကိုင် လိုက်သည်နှင့်၊ အဖိုးကြီးမှာ အသွင်ပြောင်း တော့သည်။

ဆံပင်များ ပြန်၍ နက်လာပြီး၊ အရေး အကြောင်းများ ပျောက်ကွယ် သွား၏။ အချိန် ယန္တရား နောက်ပြန် လှည့်နေ သကဲ့သို့၊ နုပျို ခြင်းများ ရရှိလာ လေသည်။

နောက်ဆုံးတွင် ကောင်းစွာ ထုဆစ် ထားသော ပန်းပုရုပ် အသွင်၊ ခန့်ညားသော ယောင်္ကျားပျို တစ်ဦး ပေါ်လာသည်။

သက်တံဓား သူတော်စင်၏ အငယ်ဆုံး တပည့် ဖြစ်သဖြင့်၊ အသက် (၅၀)ပင် မပြည့် သေးချေ။

ထိုစဉ်က ကြုံတွေ့ခဲ့ ရသော အရာ များကြောင့်၊ တစ်ည အတွင်း သူ့ ဆံပင်များ ဖြူကာ၊ အိုစာ သွားခြင်း ဖြစ်၏။

သူ့ကိုယ်သူ လှောင်အိမ်ထဲ ထည့်ခဲ့ ရာမှ၊ ပြန်လည် လွတ်မြောက်ပြီး၊ နယ်ပယ် သုံးပါး ချန်ပီယံ၊ ကျန့်ကျန်းရှန် အဖြစ်ကို ပြန်လည် ရောက်ရှိ လာတော့သည်။

“ သူ ... ပြန်လာပြီ ... ။ ”

တစ်ချိန်က သူသိသော ကျန်းကျန်းရှန် အသွင်ဖြစ် သဖြင့်၊ ဖုန်းကျွယ် ခမျာ စိတ်လှုပ်ရှား ပျော်မြူး သွားသည်။

လျှပ်စီး တစ်ထောင် ဓားကို မြှောက်လိုက် သောအခါ၊ အလင်း ရောင်များ ဓားမှ ထုတ်လွှတ် လာသည်။

ရောင်ဝါ အထွတ် အထိပ်သို့ ရောက်လာ သည်နှင့်၊ ဓားကို ကျွန်းချင်းယန်ထံ ထိုးချိန် ရွယ် လျက်၊

“ မင်း ... ၊ သက်တံဓား သူတော်စင်ကို စော်ကားခွင့် မရှိဘူး။ ”

-ဟု၊ တစ်လုံးချင်း ပြောလိုက် တော့သည်။

***

All Chapters