ကောင်းကင် ဘုံသို့ ခြေ တစ်လှမ်း။
Vol. 98 Ch. 1368
ကျန့်ကျန်းရှန် ထံမှ ဓား ရောင်ဝါသည်၊ ကြောက်စရာ ကောင်းလှပြီး၊ တိမ်တိုက် များကို ထိုးခွဲ သွား၏။ ၎င်းနှင့် ယှဉ်ပါက နေမင်းပင် မှေးမှိန် ကုန်သည်။
လျှပ်စီး တစ်ထောင်ဓား အတွင်း၊ အရိယာ ကောင်းကင်ဓား ပေါင်းထည့်ကာ၊ အသုံး ပြုနေ သော်လည်း၊ လင်းယွန် အသုံး ပြုစဉ် အချိန် ကထက်၊ အဆ တစ်ရာ ပိုပြင်းသည်။
အရေး အကြီး ဆုံးမှာ၊ ဒေါသဖြင့် ဓားကို လွှဲလိုက် ခြင်းသာ ဖြစ်ပြီး၊ မည်သည့် ဓားရေးမျှ အသုံးပြု မထားချေ။
ထို့ကြောင့် ဤမြင်ကွင်းက လင်းယွန်ကို ဦးရေပြားများ ထုံကျင် သွားစေသည်။ အမည်ခံ အရိယာ ကောင်းကင်ဓား အဆင့်၌ သူ ရှိစဉ်၊ ကျန့်ကျန်းရှန် ဓားမှာ၊ ကြောက်စရာ ကောင်း သည်ကို သူ ခံစားမိ နေပြီ ဖြစ်၏။
ထိုအချိန်က ထက်ရှလွန်း သောကြောင့်၊ တစ်ချက် ကြည့်ရုံဖြင့်၊ မျက်လုံးမှ သွေးထွက်ခဲ့ ဖူးသည်။
ထို့ကြောင့် လက်ရှိ ဓားသည် ကျန့်ကျန်းရှန်၏ အကန့် အသတ် မဟုတ် သေးကြောင်း သူ သိ၏။
၎င်းကို ကန့်သတ်ကာ၊ တစ်စုံ တစ်ရာ အတွက် တွန်းအား အဖြစ်၊ အသုံးပြု နေခြင်း ဖြစ်နိုင်သည်။
“ အဖိုးကြီး ငယ်ငယ်က ဒီလို အမြဲတမ်း ကြည့်ကောင်း နေတာ ပဲလား။ ”
ဖုန်းကျွယ်မှ စိတ်လို လက်ရ ရှိချိန်တွင် အစ်ကိုကြီးဟု ခေါ်တက်သော ကျန့်ကျန်းရှန်မှာ၊ များစွာ ငယ်ရွယ်သူ ဖြစ်သည်။
လင်းယွန် ဓားကိုင် လိုက် ချိန်တွင်၊ သူမ အဖေ ကဲ့သို့၊ ကြည့်ကောင်းကြောင်း ယဲ့ဇီလင် စကားကို ပြန်သတိ ရလာ၏။
“ ဝှစ် ... ။ ”
အဖိုးကြီးသည် ကျွားချင်းယန် ထက် ငယ်ကာ၊ ရုပ်ရည် သာလွန် သည်။ ဓားကို ခုတ် ချ လိုက်သော အခါ၊ တိမ်လွှာဓား ဂိုဏ်းပိုင် ကျွန်းတစ်ခုလုံး လှုပ်ခါ သွားသည်။
“ ကောင်းကင် တိမ်လွှာ ကျမ်း ... ။ ”
ခြိမ်းခြောက် မှုကို ခံစား လာရ သဖြင့် ကျွားချင်းနယ် ခမျာ၊ တွေးတော နေရန် အချိန် မရှိ တော့ချေ။
ထို့ကြောင့် သူ၏ ကောင်းကင် တိမ်လွှာ ကျမ်းအား၊ ကန့်သတ်ချက် အထိ ချက်ချင်း တွန်းပို့ လိုက်ရ လေသည်။
အလင်း ကိုးသွယ်က သူ့ခန္ဓာ ကိုယ်မှ ထွက်လာကာ သက်တံ့ရောင် အလင်း ချပ်ဝတ် အဖြစ်၊ ထင်ရှား လာသည်။
နောက်ကျောရှိ အာကာပြင် ကွဲလွဲ သွားပြီး၊ နေလ တံဆိပ်က လက်ဖဝါးတွင် ဖြစ်တည် လာ တော့၏။
ဤသည်မှာ သူ အသုံး များသော ကောင်းကင် တိမ်လွှာ ကျမ်း၏ ‘အပြန် အလှန် ပေါင်းစည်းခြင်း တံဆိပ်၊’ ဖြစ်သည်။
“ ဒါပဲ ... ထပ်လာ ပြန်ပြီ။ ”
လင်းယွန် ဘေးရှိ၊ ဖုန်းကျွယ် ခမျာ ကြောက်ရွံ့ သွား၏။ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ (၆) ဦးကို အနိုင် ယူကာ၊ သူအား တစ်ချက် တည်းနှင့်၊ ဒူးထောက် စေသော လှုပ်ရှားမှု ဖြစ်သည်။
“ ချပ် ... ။ ”
ယခု အချိန်ထိ ထိုဒဏ်ရာမှာ မသက်သာ သေးချေ။ သို့သော် နေလ တံဆိပ်ကြောင့် ပုံပျက် နေသော အာကာပြင်မှာ၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ ဓားရောင်ဝါ တိုးထွက် လာသည်။
ခဏချင်း မှာပင် သက်တံ အလင်း ချပ်ဝတ် အပေါ်၊ ဓားတစ်လက် ပြုတ်ကျ လာ၏။ နေ-လ တံဆိပ် ပေါက်ကွဲ သွားပြီး ဖြစ်ရာ၊ ချပ်ဝတ်ထံ စွမ်းအင်များ ထပ်မဲ ပို့လွှတ်လျက် တောင့်ခံ လိုက်ရသည်။
“ သက်တံဓား သူတော်စင်ကို အရှက် မခွဲနဲ့။ ”
သို့သော် မီးဝင်းဝင်း တောက်လောင် နေသော မျက်ဝန်း များဖြင့်၊ ကျန့်ကျန်းရှန်မှာ ပို၍ ကြောက်စရာ ကောင်းလာပြီ ဖြစ်သည်။
“ ခရစ် ... ။ ”
အဆုံးတွင် ၎င်းဒေါသကို မခံနိုင် တော့ဘဲ၊ သက်တံ အလင်း ချပ်ဝတ် ကွဲအက် သွားသည်။ ထို့ကြောင့် ကျွားချင်းယန်က ချက်ချင်း နောက် ဆုတ်လိုက် သော်လည်း၊ ရင်ဘတ်ကို အဖျား ခတ် မိသည်။
ဒဏ်ရာမှာ ကြောက်စရာ ကောင်းပြီး၊ သွေးများ စီးကျလာ သည်ကို မြင်ချိန်၌၊ မျက်နှာ တစ်ပြင်လုံး ချက်ချင်း ဖြူဖျော့ သွားခဲ့၏။
“ ငါတို့ ကြားက ... ၊ ခြားနားချက်ကို ပြချင်တာ မဟုတ် ဖူးလား၊ ဒါပေမယ့် ... မင်းက လွန်ခဲ့တဲ့ (၁၈) တုန်း ကလို၊ ငါ့ဓား တစ်ချက် ကိုတောင်၊ မယူ နိုင်တဲ့ အမှိုက်ပဲ။ ”
လျှပ်စီး တစ်ထေင် ဓားကို ကိုင်လျက်၊ ခြေလှမ်း တစ်ရာကျော် နောက်ပြန် ဆုတ်သွား သော ကျွားချင်းယန်အား စိုက်ကြည့်ကာ၊ ပြော လိုက်သည်။
“ အဟွတ် ... အဟွတ် ... ထွီ ... ။ ”
ကျွားချင်းယန်က သူ့အား မတုန့်ပြန် နိုင်သေးဘဲ၊ ချောင်းဆိုးလျက် သေွးစ အချို့ ထွေးထုတ် နေသည်။ ပြီး ပြန်ကြည့်ကာ၊
“ ငါ့ နက္ခတ်ကို မခေါ်ရ သေးဘူး။ ”
-ဟု တုန့်ပြန် တော့သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရန်၊ နက္ခတ်ကို ခေါ်ယူ ခြင်းသည် ရှက်ဖွယ် ဖြစ်မည်ဟု ထင်မိ၏။
“ ဝူး ... ။ ”
သို့သော် အခြေ အနေက သူ့ တွက်ချက်မှု အတွင်း၌ ရှိမနေ တော့ချေ။ ပန်းချီကား တစ်ချပ် ခန္ဓာ ကိုယ်မှ ပျံထွက် လာသည်။
ပန်းချီကား အတွင်း တောင်ကြီး (၉) လုံး ပါရှိ၏။ ၎င်းတောင်ကြီး များက မြင့်မြတ်သော မီးတောက်များ လောင်ကျွမ်း နေကဲ့သို့၊ အလင်း အချို့ ထုတ်လွှတ် ထားသည်။
နက္ခတ် ထွက်လာ သည်နှင့်၊ ကျွားချင်းယန် ရောင်ဝါမှာ၊ ကျန့်ကျန်းရှန်ထက် မြင့်တက် သွား လေသည်။
“ ခရစ် ... ။ ”
ကောင်းကင် အလွှာများ ပိုမို ကွဲအက် လာပြီး၊ ကြယ်ရောင်များ ခြုံလျက်၊ ဘုရင် တစ်ပါး၏ အငွေ့ အသက်မျိုး၊ ထုတ်လွှတ် လာ၏။
ဤမြင်ကွင်းက အခြားသော တန်ခိုးကြီး ဂိုဏ်းများမှ၊ လောက နိယာမ နယ်ပယ် များကို၊ မျက်နှာ အမူ အရာများ၊ ချက်ချင်း ပြောင်းလဲ သွားစေ ခဲ့သည်။
“ သူ ... တကယ် အလေး အနက်ထား လာပြီ။ ”
“ ကျန့်ကျန်းရှန် အတွက်၊ အခွင့် အရေး မရှိနိုင် တော့ဘူး၊ တိမ်လွှာ ဓားဂိုဏ်း လည်း ပျက်စီး တော့မယ်။ ”
လူတိုင်း မျက်နှာများ ပြောင်းလဲ ကုန်ကာ တိမ်လွှာ ဓားဂိုဏ်းပိုင်၊ နယ်နိမိတ် အတွင်း မနေ ရဲတော့ပေ။
“ ကျွားချင်းယန် ရပ်လိုက်စမ်း၊ မင်းသာ တိမ်လွှာ ဓားဂိုဏ်းကို ဖျက်ဆီးဖို့ သတ္တိ ရှိရင် ... ၊ ငါမင်းကို လွယ်လွယ်နဲ့ လွှတ် မပေးဖူး ဆိုတာ၊ ကတိ ပြုတယ်။ ”
တိမ်လွှာ ဓားဂိုဏ်းရှိ တပည့် များနှင့် အကြီးအကဲ များမှာ၊ အချိန်မီ နောက် မဆုတ် နိုင်ကြချေ။
ဖျက်ဆီး ခံရ ပါက၊ တိမ်လွှာဓား ဂိုဏ်း ဟူသည် လုံးဝ ပျောက်ကွယ် သွားမည် ဖြစ်၏။ အရေး အကြီး ဆုံးမှာ အပြစ်မဲ့ သူများ၏ အသက် ဖြစ်သည်။
ထို့ကြောင့် လင်းကျန်းက ဝင်ရောက် သတိပေး လိုက်ရခြင်း ဖြစ်သည်။ ကျွားချင်းယန် မျက်ဝန်း များ၌ ကြမ်းကြုတ်သော အလင်းများ တောက်ပ လာကာ၊
“ အဖိုးကြီး လင်း တိမ်လွှာ ဓား ဂိုဏ်းက၊ ငါနဲ့ ဘာဆိုင် လို့လဲ၊ ကျန့်ကျန်းရှန် ... မင်း အခု ဒူးထောက်ပြီး တောင်းပန်ပါ၊ မဟုတ်ရင် ငါ တာဝန် မယူဘူး။ ”
-ဟု ပြန်၍ အော်ဟစ်သည်။
“ မင်းက ငါ့ကို တိမ်လွှာ ဓားဂိုဏ်းနဲ့ ခြိမ်းခြောက် နေတာလား၊ ကျွားချင်းယန်။ ”
“ ဒီတော့ ဘာဖြစ်လဲ၊ မင်း ငါ့ကို ဓားနဲ့ ခုတ်သတ်ချင် လို့လား၊ လုပ်ပါ ... ၊ ငါက မင်းလို နဂါးသွေး လွှတ်ကြော နယ်ပယ်က၊ လူကို အနိုင် ကျင့်ချင် လှတာ မဟုတ်ဘူး၊ ငါသာ တကယ် ...
... အလေး အနက် ထားရင်၊ တိမ်လွှာ ဓားဂိုဏ်း မပြောနဲ့၊ မင်းတောင် လွတ်မြောက်ဖို့ လမ်း မရှိဘူး၊ မကျေနပ်ရင် မင်း နက္ခတ်ကို ခေါ်ပါ။ ”
ဖိနှိမ် ခံရမှုကြောင့် ကျန့်ကျန်းရှန်၏ သမုဒ္ဒရာ တစ်စင်း ကဲ့သို့၊ ဖြန့်ကျက် ထားသော ဓားရောင်ဝါမှာ၊ ရေစက် အသွင် နှင်းတောင်ထံ ပြန်၍ ကျုံ့ဝင် သွားသည်။
“ ဝှစ် ... ။ ”
ထိုမြင်ကွင်းက ကျွားချင်းယန်ကို လက်စား ချေရန် စိတ်အား ထက်သန် လာ၏။ တောင်ထိပ်ပေါ်သို့၊ ပြန်လည် ဆင်းသက် လိုက်သည်။
“ ဒူး ထောက်ပါ။ ”
ထို့နောက် လက်ဖဝါးကို ကျန်ကျန်းရှန် ဦးခေါင်းထံ လှမ်းလိုက်၏။ ၎င်းကို ခံယူတော့ မည် ကဲ့သို့၊ ကျန့်ကျန်းရှန်၏ မျက်လုံးများ မှိတ်ကျ သွားသည်။
နဂါး ကိုးကောင်က ခန္ဓာကိုယ် ထဲသို့ ပြန်လည် ဝင်ရောက် သွားပြီး၊ အတား အဆီး များကို ဖြတ်ကျော်ကာ၊ လောက နိယာမ နယ်ပယ်ထံ၊ ချက်ချင်း လှမ်းတက် တော့၏။
“ ဘာလဲ ... ။ ”
ရောင်ဝါမှာ ဆက်လက် မြင့်တက်လျက်၊ ဘဝ အဆင့်၊ မရဏ အဆင့်၊ နိဗ္ဗာန် အဆင့်နှင့်၊ အထွတ် အထိပ် နိဗ္ဗာန် အဆင့်သို့၊ ရောက်ရှိ လာသည်။
မျက်စိရှေ့တွင် ဖြစ်ပျက် နေသော်လည်း လူတိုင်း မယုံ နိုင်ချေ။ ပို၍ဆိုး သည်မှာ ရပ်တန့် နေသော ရောင်ဝါသည်၊ နောက်ထပ် မြင့်တက် လာခြင်း ဖြစ်သည်။
၎င်းက အထွတ် အထိပ် နိဗ္ဗာန် အဆင့်ကို ဖြတ်ကျော် ပြန်၏။
“ မ ... မဖြစ် နိုင်ဘူး။ ”
ဤမြင်ကွင်းကြောင့် ကျွားချင်းယန် တစ်ယောက်၊ ထိတ်လန့် သွားသည်။ လင်းယွန် မှာမူ ခရမ်းငယ်ထံ လှည့် ကြည့်၏။
ခရမ်းငယ်က သူ့ အကြည့်ကို နားလည်ပြီး၊
“ ကောင်းကင် ဘုရင်။ ”
-ဟု ပြောလာ တော့သည်။
ထိုကဲ့ သို့ပင် ကျန့်ကျန်းရှန် မှာ၊ ကောင်းကင်သို့ ခြေတစ်လှမ်း လှမ်းနိုင် ခဲ့ပြီ ဖြစ်လေသည်။
ရှေးဦးခေတ် ၌ပင် ရောက်နိုင် ခဲသော နယ်ပယ် ဖြစ်ချေ၏။ ကောင်းကင် ဘုရင်မှာ၊ သူတော်စင်နှင့် မဆုံ သရွေ့ စစ်မှန်သော တန်ခိုးရှင်များ ဖြစ်လေသည်။
“ မင်း ... ရှင်းရှင်း လင်းလင်း သိပြီလား၊ မင်းကို အနိုင်ယူဖို့ ဘယ်တုန်းကမှ၊ ငါ့ နက္ခတ်ကို မလိုခဲ့ ပါဘူး။ ”
သည့်နောက် လက်ဖဝါးဖြင့် တုန့်ပြန် လိုက်သည်။ တောင်ကြီး (၉) လုံး ပေါက်ကွဲကာ သွေး အန်လျက်၊ ကျွားချင်းယန် တစ်ယောက် လွင့်စဉ် သွားသည်။
အရိုး များ၊ အတွင်း အင်္ဂါ များနှင့် အပ်စိုက်မှတ်များ အားလုံး ပရမ်းပတာ ဖြစ်ကုန် ပြီး၊ ဘောလုံး တစ်လုံး ကဲ့သို့ တောင်ပေါ်မှ လှိမ့်ကျ သွားသည်။
အဆုံးတွင် ကျောက်တုံး တစ်တုံးနှင့် တိုက်မိကာ၊ ရပ်သွား ချိန်၌ သွေးများ ဖုံးလွှမ်း လျက် ဆံပင်များ ပြန့်ကျဲ လာတော့၏။
သို့သော် တစ်စက္ကန့် မျှပင်၊ ထပ်ပြီး တုံ့ဆိုင်းမနေဝံ့ တော့ဘဲ၊ ချက်ချင်း လှည့်၍ ထွက်ပြေး မိလေသည်။
“ ငါ ပြော ထားတယ် မဟုတ်လား၊ ဒီနှင်းတောင် ထိပ်မှာ၊ မင်းကို သင်္ဂြိုလ် မယ်လို့။ ”
ကျန့်ကျန်းရှန်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ ကျွားချင်းယန်ကို ပြန်လည် ဆွဲယူ လိုက်သည်။ အနား ရောက်သည်နှင့် ပါးရိုက် ပစ်တော့၏။
“ ဖြောင်း ... ။ ”
“ ဒါက ... ၊ သက်တံဓား သူတော်စင်ကို အရှက်ခွဲ မရဖူး ဆိုတာ၊ မင်း ခေါင်းထဲမှာ စွဲမြဲ နေဖို့ပဲ။ ”
“ ရွှပ် ... ။ ”
“ ဒီဓား ကတော့ ... ၊ သက်တံဓား သူတော်စင်ကို၊ အရှက် ခွဲတဲ့ လူတိုင်း သေရမယ် ဆိုတာ မှတ်ထားပါ။ ”
မြေပြင်၌ လည်စင်း ခံနေ ရသော၊ ကျွားချင်းယန် လည်မျိုကို ဓားက ဖြတ်တော့ မည့် အချိန်တွင်၊ ရွှေရောင် အလွှာများ အထပ်ထပ် ပွင့်ထွက် လာသည်။
“ ချပ် ချပ် ... ။ ”
“ ထန် ထန် ... ။ ”
ဓားနှင့် ထိုအလွှာ တိုက်မိပြီး၊ မီးပွားများ ပွင့်ကာ၊ လမ်းကြောင်း ပြောင်းသွားသည်။ သည် ဖြစ်ရပ်ကြောင့်၊ ကျွားချင်းယန်မှာ ဒူးထောက် နေရာမှ အမြန် ထရပ် လိုက်၏။
“ ဆရာ ... ။ ”
ကျွားချင်းယန်၏ ဆရာသည် တျန်ရွှမ်ဇီ ဖြစ်သဖြင့်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွား လေသည်။ ယင်းက ကောင်းကင်ဘုံ သူတော်စင် ဘုရင် လာနေ ပြီဟု၊ အဓိပ္ပါယ် ရပေ၏။
***