← Chapters

မယုံ နိုင်စရာ။

Vol. 98 Ch. 1369

မယုံ နိုင်စရာ။

Vol. 98 Ch. 1369

ကောင်းကင်၌ လူရွယ် တစ်ယောက်၏ ကောက်ကြောင်း ပေါ်လာသည်။ ပြိုင်ဘက်ကင်း ဖြစ်တည် မှုကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။

လူရွယ်မှာ ရင်ဘတ် တစ်ဝက် အထိ ပေါ်လွင်စေသော အဖြူရောင် လည်ဟိုက် အင်္ကျီကို၊ ဝတ်ဆင် ထားသည်။

ညာဘက် ပခုံးတွင်၊ ခရမ်းရောင် ပန်း တစ်ပွင့်ပုံ ပါသော နွယ်ပင် တစ်ပင်ပုံ ရေးထွင်း ထားသည်။

ထိုခရမ်းရောင် ပန်းတွင် ပွင့်ချပ် (၉)ချပ် ပါရှိကာ၊ ပွင့်ချပ် တိုင်းတွင်၊ နတ်ဘုရား မီးလျှံပုံ ရေးထိုး ထား၏။

“ နတ်ကြယ် ပန်း ... ။ ”

လင်းယွန် အတွေး ထဲသို့၊ ပထမဆုံး ဝင်ရောက် လာသော အရာမှာ၊ နတ်ကြယ် ပန်း ဟူသည့်၊ အမည် ဖြစ်လေသည်။

ထူးခြား ချက်မှာ၊ လူသား မျိုးနွယ်စု အသွင်အပြင်နှင့် ကွဲထွက် နေသော၊ အပြာရောင် အသား အရေ ရှိကာ၊ ရွှေရောင် ဆံပင်ကို ပိုင်ဆိုင် ထားလေသည်။

မျက်ဝန်း တစ်စုံမှာ၊ ချောက်နက်ကြီး နှစ်ခု ကဲ့သို့ နက်ရှိုင်း လှပြီး၊ လေထု အလယ် သဘာဝ နှင့်၊ တသားတည်း ဖြစ်တည် နေ၏။

ကောင်းကင် နတ်သား တစ်ပါး ကဲ့သို့ သာလွန် ထူးကဲသော စိတ်နေ စိတ်ထား မျိုးဖြင့် မင်္ဂလာ ရှိချေပြီ။

သို့သော် ယင်းမှာ ပန်းချီကား တစ်ချပ် အတွင်း၌ ဖြစ်၏။ လောက ပန်းချီ ဆရာ တစ်ဦး မှ၊ ရေးဆွဲ ထား သကဲ့သို့၊ လက်ရာ မြောက် လေသည်။

( ဒါက ရှေ့ဟောင်း ပျက်သုဉ်း မြေရဲ့ အသန်မာဆုံး ပါရမီရှင် တျန်ရွှမ်ဇီ ပေါ့၊ )

အသက် အရွယ် အရ၊ ရာဂဏန်း မျှသာ ရှိသေး သော်လည်း၊ ခွန်အားသည် သက်တံဓား သူတော်စင် ကိုပင်၊ ယှဉ်နိုင် ချေ၏။

ရှေးဟောင်း ပျက်သုဉ်း မြေ၌သာ မက၊ နတ်နဂါး အင်ပါယာ တွင်ပင်၊ သူ့ အမည်ကို သိရှိ ကြ ပေသည်။

‘ရှေးဟောင်း ပျက်သုဉ်း မြေ၏၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်၊’ ဟူသော ဘွဲ့ခံယူ ခြင်းသည်၊ အလကား မဟုတ်ချေ။

ဤဆောင်ပုဒ်မှ တဆင့်၊ တျန်ရွှမ်ဇီ၏ ရည်မှန်းချက် မည်မျှ ကြီးမားကြောင်း၊ ပြောနိုင် လေသည်။

“ မိုးကြိုး ကျောင်းတိုက်ရဲ့၊ ရွှမ်ကုန်း ကိုယ်တော်က ... ၊ ကောင်းကင်ဘုံ သူတော်စင် ဘုရင်ကို နှုတ်ဆက် ပါတယ်။ ”

“ ကောင်းကင် ဓားမော့ ခန်းမရဲ့၊ ကျန်းချင်က ကောင်းကင်ဘုံ သူတော်စင် ဘုရင်ကို၊ နှုတ်ဆက် ပါတယ်။ ”

လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များစွာက၊ ပထမ ဦးဆုံး အကြိမ် တွေ့ဖူးခြင်း မျှသာ ဖြစ်သော်လည်း၊ နှုတ်ဆက် လိုက်ကြ လေသည်။

လင်းယွန်မှာ တုန်လှုပ် နေ၏။ ထိုသူ သည်သာ မဟာ သူတော်စင် မူလ ပုလဲကို လို ချင်သော်၊ ခက်ချေမည်။

လက်ရှိ အချိန်၌ ၎င်းကို တားနိုင် သည့်လူ မရှိ သဖြင့်၊ သူ့အပေါ် တစ်ဖက် လူမှ၊ အာရုံ မရှိ စေရန် ဆုတောင်း မိသည်။

( ဒါ ... ကိုယ်ပွားပဲ ... ၊ ကြည့်ရတာ သူက နဂါး မိသားစု အသွေး အသားကို ပိုင်ဆိုင်ထား ပုံရတယ်။ )

ခရမ်းငယ်မှ ပြောပြ လာသည်။ မူလ နတ်ဘုရား ရူရ် နှစ်လုံးကို၊ အသုံးပြု ခဲ့ရ သဖြင့်၊ သူမမှာ အပြည့် အဝ ပြန်လည် ကောင်းမွန် လာခြင်း မရှိ သေးချေ။

“ ဝှစ် ... ။ ”

ဖုန်းကျွယ် သည်လည်း၊ တျန်ရွှမ်ဇီကို မြင်ချိန်၌ မှင်တက် သွား၏။ အားလုံး ကြည့်နေ ကြစဉ် မှာပင်၊ တျန်ရွှမ်ဇီက ကျွားချင်းယန်ကို လက်ဖြင့် ဆွဲခေါ် လိုက်သည်။

လက်က ဟင်းလင်းပြင်ကို ကျုံ့ဝင်သွား စေပြီး၊ နှင်းတောင် တောင်ထိပ်ထံ ရောက်ရှိသွား တော့၏။

“ ဟမ့် ... ။ ”

ကျန့်ကျန်းရှန်က နှာခေါင်း ရှုံ့လျက်၊ လျှပ်စီး တစ်ထောင် ဓားဖြင့်၊ ချက်ချင်း ခုတ်ချ ပစ်လိုက် သည်။

ကျုံ့ဝင် နေသော ဟင်းလင်းပြင် ခမျာ၊ ပြန်လည် ပြန့်ကား သွားပြီး၊ လက် ဗလာဖြင့် ဆုတ်ခွာသွား တော့သည်။

“ တျန် ရွှမ် ဇီ ... ။ ”

ကျန့်ကျန်းရှန်က မီးတောက် နေသော မျက်ဝန်း များဖြင့်၊ အံကြိတ်ကာ ရေရွတ် လိုက် ၏။

“ ..... ။ ”

လက်ညှိုးမှ သွေးစက်များ ကျဆင်း လာသည်ကို တွေ့လိုက် ရချိန်၌၊ တျန်ရွှမ်ဇီ ခမျာ သက်ပြင်းချ တော့သည်။

“ တကယ်ပဲ ကောင်းကင် ဘုရင် တစ်ပါး ပါလား၊ သူတော်စင်နဲ့ မဆုံသေး သရွေ့၊ မင်းက ဒီကမ္ဘာမှာ မယုံ နိုင်စရာ စွမ်းအားရှင် ပါပဲ။ ”

“ တျန်ရွှမ်ဇီ ... ၊ သူက ငါ့ ဆရာကို စော်ကားဝံ့တဲ့ အတွက်၊ ဒီနေ့ သေရ လိမ့်မယ်၊ ကိုယ်ပွား မပြောနဲ့၊ မင်းကိုယ်တိုင် ရောက်လာ ရင်တောင်၊ ငါ သူ့ကို သတ်ပစ် ရဦး မှာပဲ။ ”

“ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က ... ၊ မင်းကို မသတ်မိ ခဲ့တာ ... ၊ ငါ့ရဲ့ အမှား ပါပဲ၊ ဒါပေမယ့် ... မင်းရဲ့ ကတိကို သတိ ရပါ၊ မင်း တစ်သက် ဒီကျွန်း ကနေ၊ ခြေ တစ်လှမ်းမှ မထွက် ပါနဲ့။ ”

စကား ဆုံးသည်နှင့်၊ ပန်းချီကား တွန့်လိမ် သွားပြီး တျန်ရွှမ်ဇီက လှမ်းထွက် လာသည်။ သူ ထွက် လာစဉ်၊ အချိန်နှင့် အာကာသ အေးခဲ သွား၏။

သည်တစ်ကြိမ်၌ နှင်းတောင် ထိပ်ပေါ်သို့ ကိုယ်တိုင် ဆင်းသက်လိုက် တော့သည်။ ဓားကို မြှောက် လိုသော်လည်း၊ သဏ္ဍာန်မဲ့ စွမ်းအင် များက၊ ရေစက် သဖွယ် သိုင်းခြုံ လေသည်။

တျန်ရွှမ်ဇီက ကျွားချင်းယန် နှင့်အတူ၊ ပန်းချီကား အနား ပြန်ရောက် သွား၏။ ပြီး ပန်ချီကား အတွင်း ပြန်ဝင်သွား လေသည်။

ယင်းက အနှေး ပြကွက် တစ်ကွက်လို၊ လူတိုင်း မျက်လုံးထဲ အရာ အားလုံး ရှင်းလင်းစွာ မြင်လိုက် ရလေသည်။

တစ်ယောက်က ပန်းချီကား ထဲတွင်၊ ရပ်နေပြီး၊ ကျန် တစ်ယောက်မှာ ပန်းချီကား အပြင်၌ ရှိနေ၏။

“ ဝေါ့ ... ။ ”

စွမ်းအင် စက်ဝန်း ကန့်သတ်ချက် ပျက်ပျယ် သွားချိန်၌၊ ကျန့်ကျန်းရှန် ခမျာမှာ၊ ဒူး တစ်ဖက် ထောက်လျက် သွေးအန် လိုက်ရသည်။

ထိုမြင်ကွင်းက လင်းယွန်ကို ထိတ်လန့် စေသည်။ ကျွားချင်းယန်ကို သွားရောက် ခေါ်ငင် ချိန်၌၊ တျန်ရွှမ်ဇီသည် ကျန့်ကျန်းရှန်အား တစ်ချက်သာ ကြည့်ခဲ့၏။

ထိုအကြည့်သည် ကောင်းကင် ဘုရင် တစ်ပါးကို၊ ဒဏ်ရာ ရရှိ စေရန်၊ လုံလောက် ပုံ ရလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ လူတိုင်းက တျန်ရွှမ်ဇီ ပြသ ခဲ့သော ခွန်အား ကြောင့်၊ ဦးရေပြားများ ယားယံ လာတော့၏။

ဤလူသည် ကိုယ်ပွား တစ်ခု မျှသာ ဖြစ် လေသည်။ သူတို့ အားလုံး ကျန့်ကျန်းရှန်အား ကြောက်စရာ ကောင်းသည်ဟု၊ မြင်ထား၏။ သို့သော် ၎င်းနှင့် ယှဉ်က သနား စရာ ပေပင်။

“ ငါ ပြောတာကို မမေ့ ပါနဲ့၊ မင်းရဲ့ သစ္စာ တရားကို သတိ ရပါ ... ၊ မဟုတ်ရင် မင်းကို ငါ လွှတ် ထားမှာ မဟုတ်ဘူး။ ”

တျန်ရွှမ်ဇီက ခံစားချက် မဲ့သော အမူ အရာဖြင့်၊ သတိပေး စကားဆို လာလေသည်။

“ ဆရာ ... ၊ မဟာ သူတော်စင် မူလ ပုလဲ သူ့ဆီမှာ ရှိတယ်။ ”

ကျွားချင်းယန်က လင်းယွန်ထံ လက်ညိုး ထိုးပြ၏။ ထို့ကြောင့် တျန်ရွှမ်ဇီမှာ လှည့်ကြည့် လာသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ကျန့်ကျန်းရှန်က သူ့ ခြေလှမ်းအား နောက်ပြန် ဆုတ်ကာ၊

“ မင်း ... လုပ်ရဲလား။ ”

-ဟု ဆိုလျက် လင်းယွန်ကို ကာကွယ်ရန် ပြင်သည်။

သို့သော် တျန်ရွှမ်ဇီက လက်ဖဝါးကို တွန်းလိုက် ရုံသာ တုံ့ပြန် ခဲ့၏။ ကျန့်ကျန်းရှန် ခမျာ သွေး တစ်လုတ် အန်လိုက် ရသည်။

ကိုယ်ပွား ဖြစ် လျှင်ပင်၊ တစ်စုံ တစ်ရာကို ပြတ်ပြတ် သားသား လုပ်ဆောင်ရန်၊ ဆုံးဖြတ် ထားပုံ ရ လေသည်။

“ ငါ သိတယ် ... ။ ”

ပြီးနောက် ကိုယ်ပွားက လင်းယွန်ထံ ပြန်ကြည့် လာလေသည်။ ထို့ကြောင့် လင်းယွန် နှလုံးခုန် နှုန်းမှာ၊ ရပ်တန့် သွားသည်။

နှလုံးသားနှင့် ပေါင်းစပ် နေသော ရွှေသော့သည်၊ ခုန်ထွက် တော့မည် ကဲ့သို့၊ ချက်ချင်း ခံစား လာရသည်။

၎င်းကို ထိန်းချုပ်ရန် ပြင်လိုက်သော အခါတွင်၊ လှုပ်မရ တော့ချေ။ ကြယ် စွမ်းအင် များပင်၊ ထိုအကြည့်၌ အေးခဲ သွား၏။

“ အိုး ... စိတ်ဝင် စားစရာ ပါလား၊ ချင်းငယ်ရဲ့ ... ရွှေနဂါး အရိုးလည်း၊ မင်း ဆီမှာ ရှိနေတယ်။ ”

တျန်ရွှမ်ဇီက လင်းယွန်ထံ လက်လှမ်း လိုက်သည်။ သည့်စဉ် လင်းယွန်မှာ အံဩသွား သည်။

အဘယ့်ကြောင့် ဆိုသော်၊ သူ့လက်ချောင်း အချို့ ပြန်၍ လှုပ်ရှား လာနိုင် သည်ကို၊ တွေ့ရှိ လိုက်ရ သောကြောင့်၊ ဖြစ်၏။

ဤမျှ အရေး ကြီးသော အချိန်၌ ကန့်သတ်ချက်မှာ၊ ပြေလျော့ သွားစရာ အကြောင်း မရှိချေ။

“ ဖ ရူး ... ။ ”

အတွေးများ ရှုပ်ထွေး နေစဉ်၊ ရွှေတောင်ပံ တစ်စုံမှာ ပွင့်ထွက် လာပြီး၊ ကောင်းကင် ပေါ် ဆွဲတင် သွားသည်။

ထိုမြင်ကွင်းက လူအုပ်ကို ပါးစပ် ဟောင်းလောင်း ဖြစ်ကုန် စေသည်။ လင်းယွန် ရှောင်နိုင် သည်မှာ အဓိပ္ပါယ် မရှိခေျ။

ကျန့်ကျန်းရှန် သည်ပင်၊ အကြည့် တစ်ချက်ဖြင့်၊ သွေးအန် ခဲ့ရသည်။ ပုရွတ်ဆိတ် တစ်ကောင်မှ လွတ်မြောက် ခဲ့သည်မှာ မယုံနိုင် စရာ ပေပင်။

ထိုအချိန်တွင် လင်းယွန်မှာ အန္တရာယ် ရှိသော ရောင်ဝါကို၊ ခံစားလိုက် ရပြီး၊ သူ့ခန္ဓာက အဝေးသို့၊ ထပ်မံ ပျံသန်းသွား ပြန်သည်။

“ ဝှစ် ... ။ ”

လက်က လေကိုသာ ဖမ်းဆုပ်မိ သဖြင့်၊ တျန်ရွှမ်ဇီ မျက်နှာ အနည်းငယ် ပြောင်းလဲ သွား တော့၏။

မည်သို့ ဖြစ်ပျက် နေမှန်း မသိ သဖြင့်၊ လင်းယွန် သည်လည်း အဖြေရှာရန် မကြိုးစား တော့ဘဲ၊ တျန်ရွှမ်ဇီထံ ပြန်ကြည့် မိသည်။

“ ကြည့်ရတာ ... ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်လို့ ခေါ်တဲ့ လူက၊ ထင် သလောက်လည်း၊ အရည် အချင်း ရှိပုံ မရ ပါလား။ ”

လင်းယွန် အသံက မခိုးမခန့် ထွက်ပေါ် လာသည်။ တစ်ချိန်လုံး မောက်မာ ပြနေ ခဲ့သော တစ်ဖက် လူအား၊ ကြည့်မရ ဖြစ်နေ သည်မှာ၊ ကြာပြီ ဖြစ်သည်။ အခါ အခွင့် သင့်သည်နှင့် တွယ်လိုက် မိ၏။

“ ဆရာ ... ၊ ဒီကောင်လေး အတွက်၊ ကိုယ်တိုင် အပင်ပန်း ခံနေ စရာ မလို ပါဘူး ... ၊ တပည့်ပဲ တာဝန် ယူလိုက် ပါ့မယ်။ ”

ကျွားချင်းယန်က ဘေးမှ ကြည့်ကာ၊ ကိုယ်စား ပြုမူချင် လာသည်။ သူ့ဆရာမှ ကန့်ကွက်ခြင်း မပြု သဖြင့်၊ သဘော တူကြောင်း ယူဆ လိုက်၏။

ယင်းက လင်းယွန်အား ထိတ်လန့် သွား စေသည်။ တျန်ရွှမ်ဇီမှာ ကိုယ်ပွား ဖြစ်သဖြင့်၊ အချို့သော ကန့်သတ် ချက်များ ရှိ၏။

ကျွားချင်းယန် မှာမူ မတူချေ။ သည့်အပြင် ၎င်းအဆင့်ဖြင့်၊ ဤသို့ ရန်မူလာ လိမ့်မည်ဟု၊ မထင်မိ သည်မှာ သဘာဝ ပေပင်။

“ ကျွား ချင်း ယန် ... ၊ မင်း လုပ်ရဲလား။ ”

ဖုန်းကျွယ်က လင်းယွန် အနား ပြေးလွှား ပျံသန်း လာသည်။

“ ထွက် သွား စမ်း ... ။ ”

သို့သော် တစ်ဖက် လူက လက်ကို ဝှေ့ယမ်းလျက်၊ သူ့အား အဝေးသို့ တွန်းထုတ် ပစ်တော့သည်။

“ ကောင်လေး ... မင်းက ငါ့ ဆရာကို လှောင်ပြောင် ဝံ့သလား၊ ဒီနေ့ မင်းကို သင်ခန်း စာ မပေး နိုင်ရင်၊ ငါ ကျွားချင်းယန် မဟုတ် တော့ဘူး။ ”

မျက်ဝန်း များ၌၊ သတ်ဖြတ် လိုသော ဆန္ဒများ တောက်လောင် လာသည်။ သူ့တွင် ဒဏ်ရာ ရရှိထား သော်လည်း၊ လင်းယွန်ကို ကိုင်တွယ်ရန် လုံလောက် သည်။

ဤမြင်ကွင်းကြောင့် ၎င်းအား သတ်ရန် ကောင်းကင် ချပ်ဝတ်ကို ထုတ်ဖော်သင့်- မသင့် လင်းယွန်က တွေးဆ လာမိသည်။

သို့သော် ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင် ဟူသော၊ ထိုသူကောင်းသား ရှေ့၌ မထုတ် ချင်ချေ။ ထို့ကြောင့် ချွေးပျံ လာ တော့သည်။

“ ဒူး ထောက် ... ။ ”

ကျွားချင်းယန်က လင်းယွန် ခေါင်းပေါ် လက်ဖဝါး လှမ်းတင်ကာ၊ အမိန့်ပေး လေသည်။

( မကြောက်နဲ့ ... ၊ သူ့ကို ရိုက် ... ။ )

လင်းယွန်က ထိတ်လန့် တကြားဖြင့်၊ ရှောင်တိမ်းရန် ပြင်ချိန်တွင် စိတ်ဝိညာဉ် ထဲမှ၊ အသံ တစ်သံ ထွက်ပေါ် လာသည်။

“ ဖြန်း ... ။ ”

ညာလက်က အလိုလို လှုပ်ရှား သွား ပြီးနောက်၊ ကျွားချင်းယန် ပါးပြင်ကို ရိုက်ပစ် လိုက်၏။

“ ဝေါ့ ... ။ ”

ကျွားချင်းယန် ခမျာ ဒူးထောက် လျက် သွေးအန် သွားလေသည်။ ဤမြင်ကွင်းက လူတိုင်းကို အသက်မဲ့ သွားစေ၏။

“ အော မိ တော်ဖော ... ။ ”

မိုးကြိုး ကျောင်းတိုက်မှ ဆရာတော် ရွှမ်ကုန်းက ဘုရားတ မိသည်။ ပြီးနောက် ကျိန်ဆဲ တော့၏။

ဤသည်မှာ သူတို့ ကဲ့သို့၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ (၆)ဦးကို၊ ရိုက်နှက် ခဲ့သည့်၊ ကျွားချင်းယန် ဖြစ်သည်။

လင်းယွန်မှ တစ်ချက် တည်းနှင့် ပါးရိုက်ကာ ဒူးထောက် စေခဲ့၏။ မယုံနိုင် စရာ ပေပင်။

( ထပ် ရိုက် ... ။ )

“ ငါမှာ ... မင်းလို မြေးမျိုး မရှိဖူး၊ ဒူးထောက် မနေနဲ့။ ”

လင်းယွန်က ပျှော်ရွှင် သွားသည်။ မဆိုင်း မတွဘဲ၊ အသံရှင် ခိုင်းသည့် အတိုင်း၊ ထပ်ရိုက် ရန် ပြင်မိ၏။

ထို့ကြောင့် ကျွားချင်းယန် ခမျာ ဒေါသ ထွက်သွားပြီး၊ သတ်ရန် ပြေးဝင် လာတော့ သည်။

“ လူ ယုတ်မာလေး၊ မင်း လုပ်ရဲလား။ ”

“ ဖြန်း ... ။ ”

သို့သော် အနား မရောက်ခင်၊ ကျန်သည့် ပါးတစ်ဖက် ပူခနဲ ဖြစ်သွားပြီး၊ ဒူးထောက် ကျ သွားရ ပြန်သည်။

( ကန် ... ။ )

“ ဟား ဟား ဟား ... ၊ တကယ်ပဲ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင်က၊ သူ့ တပည့် တွေကို၊ ကောင်းကောင်း သင်ပြ ပေးထား တာပဲ။ ”

“ ဘုန်း ... ။ ”

စကားဆုံး သည်နှင့်၊ ကျွားချင်းယန်အား ကန်ထုတ် ပစ်သည်။ ခြေထောက်ကို နှာနုရိုးထံ ဦးတည်လိုက် သဖြင့်၊ ကျွားချင်းယန် ခမျာ အသံ မထွက်နိုင် တော့ချေ။

လေထဲ လွင့်စဉ် သွားပြီး၊ မြေပြင်ပေါ် တစ်ပတ်လည် ပြန်ကျကာ၊ ချက်ခြင်း သတိလစ် သွားလေသည်။

***

All Chapters