← Chapters

ငါ ကျိန်ဆိုတယ်။

Vol. 98 Ch. 1370

ငါ ကျိန်ဆိုတယ်။

Vol. 98 Ch. 1370

အားလုံးက လင်းယွန်ကို မယုံကြည် နိုင်စွာ ကြည့်နေမိ ကြသည်။ ဖြစ်ပျက် ခဲ့သည် များကို နားမလည် နိုင်တော့ချေ။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

ကန်ချက်ကြောင့် သတိလစ် သွားသော ကျွားချင်းယန်ထံ ကြည့်ပြီး၊ ဖုန်းကျွယ်ပင် အံသြ သွားသည်။

“ ဝှစ် ... ။ ”

သတိလစ် နေသော ကျွားချင်းယန်ကို လက်ဝှေ့ ယမ်းလျက် တျန်ရွှမ်ဇီမှ ဆွဲယူ လိုက် တော့သည်။

ဤသို့ဖြင့် ကျွားချင်းယန်မှာ ပန်းချီကားထဲ ရောက်ရှိ သွားသည်။

တစ်စုံ တစ်ဦးမှ သူ့အား ကူညီ နေမှန်း ချက်ချင်း သိသဖြင့်၊ လင်းယွန်မှာ ပင့်သက် ရှိုက် လိုက်မိသည်။

ဘုရင် တစ်ပါးကို ပါးရိုက် ရသည်မှာ၊ ကျေနပ်စရာ ပေပင်။ ကျွားချင်ယန် သည်သာ သည့်ထက် ပို၍ ခံနိုင်ရည် ရှိပါက၊ များစွာ ပျော်စရာ ကောင်း ပေမည်။

( စီနီယာ ... ၊ စီနီယာက ဓားဧကရာဇ် ယုချင်းဖန်လား။ )

( မဆိုးဖူး ... မင်း ထက်မြက်တယ်။ )

ထိုအဖြေ ကြောင့် လင်းယွန်မှာ၊ တုန်လှုပ် သွားလေသည်။ ဓားဧကရာဇ် ဟူသည် ဤကမ္ဘာ ပေါ်၌၊ အထက် ရှဆုံး ဓားသမား ဖြစ်၏။

လွန်ခဲ့သော အနှစ် သုံးထောင် ကပင်၊ ဓားဂိုဏ်းကို သူ့ဓားဖြင့် နှိမ်နင်း ခဲ့သူ ဖြစ်သည်။ ထိုအတွေး ဝင်လာသည်နှင့်၊ လင်းယွန်မှာ အသက်ရှူ ကြပ်သွား၏။

ဤသို့ ဆိုက သူ၏ ရန်သူ ဖြစ်ပေမည်။ သို့သော် သူ့စိတ် ဝိညာဉ် မှာမူ၊ ရိုသေ လေးစားမှု အပြည့် ရှိနေ သောကြောင့်၊ နား မလည်နိုင် ဖြစ်လာ၏။

ကောင်းကင် လမ်းမှ၊ အစ်ကို ဖုန်းကျွယ်က ခေါ်ဆောင် လာခဲ့ သဖြင့်၊ မကြာခင် ဓားဂိုဏ်းသို့ ဝင်ရောက် ရပေ တော့မည်။

ထို့ကြောင့် သူသည် ဓားဂိုဏ်း၏ တပည့် ဖြစသမည်ဟု အဓိပ္ပာယ် ရသည်။ ဓားဂိုဏ်းနှင့် ယုချင်းဖန်မှာ ကောင်းမွန်သော ဆက်ဆံရေး မရှိချေ။

“ အဲဒီ တုန်းက ငါ့ ဓားနဲ့ ... ၊ ဓားဂိုဏ်းကို ဘာကြောင့် အဆင့် ချပစ် ခဲ့လဲ ဆိုတာ၊ တွေးနေ တာလား။ ”

ဓားဧကရာဇ် ယုချင်းဖန်က လင်းယွန်၏ အတွေး များကို မြင်ဟန်ဖြင့်၊ ရွှင်မြူးစွာ မေးလာ လေသည်။

( ဟုတ်ကဲ့ ... ။ )

လင်းယွန်က ပြန်ဖြေ၏။ ဓားဧကရာဇ်မှာ ခေတ္တ တိတ်ဆိတ် သွားပြီး၊

( ဒီအကြောင်းကို ... ပြန်ပြော ပြဖို့၊ မလိုဖူး ထင်တယ်၊ မင်း ကျေနပ်သည် ဖြစ်စေ၊ မကျေနပ် သည် ဖြစ်စေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ...

... သုံးထောင်လောက် ကတည်းက ဖြစ်ပြီး သွားခဲ့ပြီ၊ ဒီကံကြမ္မာနဲ့ မင်းက ပတ်သက် လာပြီ ဆိုတော့၊ တစ်နေ့ သိလာ ရမှာပါ၊ ...

... အခု ချိန်မှာ ... ၊ ဓားဂိုဏ်းနဲ့ ငါ့ကြား ရန်ငြိုး မရှိ ဖူးလို့ ပြောရုံက လွဲပြီး၊ မင်းကို ပြော စရာ စကား မရှိ သေးဘူး။ )

အထက်ပါ စကားများ အရ၊ ထိုစဉ်က ဓားဂိုဏ်းကို နှိမ်နင်း ရသည့် အကြောင်းရင်း တစ်ရပ်၊ အခိုင် အမာ ရှိနေ ကြောင်း၊ နားလည် လာမိသည်။

နားမလည် သည်မှာ၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀)က ကံကြမ္မာ အတွင်း၊ ပါဝင် ပတ်သက် ရ တော့မည် ဟူသော စကား ပေပင်။

ယင်းက မည်သည့် အဓိပ္ပါယ်ကို ရည်ညွှန် သည်နည်း။

( ဒါက မဟာ သူတော်စင် မူလ ပုလဲ ကြောင့်လား၊ စီနီယာ။ )

လင်းယွန်မှ စုံစမ်း လိုက်သည်။

( ဟား ဟား ဟား ... )

ဓားဧကရာဇ်က ရယ်၏။ ပြန် မဖြေချေ။ ယင်း အစား၊

( သူ ... မင်းကို ကြည့်နေတယ်။ )

-ဟု ခေါင်းစဉ် ပြောင်းသွားသည်။

လင်းယွန် မော့ကြည့် လိုက်ချိန်၌၊ တျန်ရွှမ်ဇီနှင့် မျက်လုံးချင်း ဆုံ သွားသည်။ ၎င်းက အတွေးများ နေပုံ ရ၏။ ထို့ကြောင့် ပို၍ စိတ်မသက် မသာ ဖြစ်လာ မိသည်။

( သူ့ကို အနိုင်ယူ နိုင်မလား။ )

မျှော်လင့်ချက် မရေ မရာဖြင့် မေး လိုက်သည်။ လုပ် နိုင်သော် အရမ်း ကောင်းသွား ပေမည်။

ကျွားချင်းယန်ကို ပါးရိုက်ကာ၊ တျန်ရွှမ်ဇီ အပေါ်၊ အနိုင် ယူခြင်း ဟူသော ရလာဒ်က သူ့ သွေးကို၊ ပွက်ပွက် ဆူလာ စေ၏။

( နည်းလမ်း မရှိဘူး။ )

ဓားဧကရာဇ်မှ ချက်ချင်း ငြင်းသည်။

( လက်ရှိ အခြေ အနေမှာ၊ ငါ ကိုယ်တိုင် လှုပ်ရှားဖို့ မဖြစ်နိုင် သေးဘူး၊ ပြီးတော့ မင်းကို စောင့်ရှောက် ပေးမယ် လို့ပဲ၊ ကတိပေး ထားတာ၊ ဒါကြောင့် ...

... ဒီလို လုပ်ပေးဖို့ ရည်ရွယ်ချက်၊ ငါ့မှာ မရှိဘူး၊ ဒါပေမယ့် ... သက်တံဓား သူတော်စင် မလာ ရင်တော့ ... ၊ မင်းကို ဘေးကင်းရာ ခေါ်သွား ပေးမယ်။ )

( စီနီယာ ... လုပ်ပါ၊ ကူညီ လက်စနဲ့၊ အဆုံးထိ ကူညီ ပေးပါ၊ ဒီတျန်ရွှမ်ဇီကို ပါးရိုက်ခဲ့ ချင်တယ်။ )

( ကျွားချင်းယန်ကို ပါးရိုက်ပြီး ကတည်းက မင်းက အမည်မဲ့ မဟုတ်တော့ ပါဘူး၊ ဒီပုံစံနဲ့ ငါ ကူညီလို့ မရဘူး။ )

( စီနီယာ ...။ )

( စီနီယာ ကျေးဇူး ပြုပြီး ... ။ )

( စီနီယာ ... ။ )

အကြိမ်ကြိမ် ခေါ်ခဲ့ သော်လည်း ပြန် မထူးတော့ချေ။ တစ်စုံ တစ်ရာကို အလေး အနက် စဉ်းစား နေပုံဖြင့်၊ ယုချင်းဖန်က တိတ်ဆိတ် သွားသည်။

နောက်ဆုံးတွင် လင်းယွန်မှာ ယုံကြည်မှု ပျောက်ဆုံး သွားတော့၏။ ဓားဧကရာဇ် သာ မရှိ တော့ပါက၊ ပြီးဆုံး ရပေမည်။

“ စီနီယာက ... ဘယ်သူ လဲလို့ တွေးနေ မိတယ်၊ အပြင် ထွက်ပြီး ဒီဂျူနီယာကို ကြည့်ခွင့် ပေး ပါလား။ ”

တျန်ရွှမ်ဇီက လင်းယွန်ကို မေးသည်။ နောက်ကွယ်မှ တစ်ယောက် ယောက် ကူညီနေ သည်ကို၊ သူ မှန်းဆ နိုင်၏။

ထိုလူသည် ကြောက်မက်ဖွယ် တည်ရှိမှုမျိုး ဖြစ်သည်။ သို့သော် ဓားဧကရာဇ် ယုချင်းဖန် ဟု လုံးဝ မထင်ချေ။

“ သူက ဘယ်သူ့ကို စီနီယာ ခေါ်နေတာလဲ၊ နေဦး ... အိုး ... ။ ”

တျန်ရွှမ်ဇီ မေးခွန်းကြောင့် လူတိုင်း နားလည် သွားသည်။ လင်းယွန်မှ ကျွားချင်းယန် ပါးကို ရိုက်နိုင် သည်မှာ၊ အဓိပ္ပါယ် မရှိချေ။

ထိုစီနီယာ ဟူသော လူ၏ အကူ အညီကြောင့် ဖြစ်ပေမည်။ ဓားဧကရာဇ်က အကြောင်း မပြန်ချေ။

“ တျန်ရွှမ်ဇီ ... ၊ ဒီဧကရာဇ် မင်းရှေ့ ရောက်နေ တာတောင်၊ အခု မင်း ဘာလို့ နောက်ပြန် မဆုတ် သေးတာလဲ။ ”

လင်းယွန်က အရဲကိုးကာ တျန်ရွှမ်ဇီအား တိုက်ရိုက် ခေါ်ဆို လိုက်သည်။ ခွန်လွန်တွင် မိမိ ကိုယ်ကို ‘ဧကရာဇ်၊’ ဟု သုံးနှုန်း ဝံ့သော လူများ မရှိ သောကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး အာမေဋိတ် သံများ၊ ညံလာ ခဲ့သည်။

“ လခွမ်း ... ၊ ဒီကောင် ရူးသွား ပြီလား။ ”

“ သူ့ကိုယ်သူ ဘယ်လို ရည်ညွှန်း လိုက် တာလဲ။ ”

ထိုအသံ များကို တျန်ရွှမ်းဇီက အာရုံ မစိုက် အားချေ။

“ စီနီယာ ... ၊ မင်းက မထွက် လာချင် မှတော့ ... ၊ ငါ တောင်းပန်ရ တော့မယ်။ ”

တျန်ရွှမ်ဇီ လက်က လင်းယွန် အနား ရောက်လာသည်။ ဤတစ်ကြိမ်၌ သတ်လိုသော ရည်ရွယ်ချက် မပြဘဲ၊ စူးစမ်း ရုံသာ ဖြစ်သည်။

လင်းယွန် ခန္ဓာကိုယ် တစ်ခုလုံး ကွဲလု နီးပါး ဖြစ်စေသည့်၊ အလင်းများ ထိုလက်မှ ဖြာထွက် လာ၏။

( စီနီယာ ... ။ )

လင်းယွန်က စိုးရိမ်တကြီး အော်ခေါ် လိုက်သည်။

( ကောလ ဟာလ တွေ အတိုင်း ... ၊ သက်တံဓား သူတော်စင်က ... ၊ တကယ် ဒုက္ခ ရောက်နေပြီ ထင်တယ်။ )

ဓား ဧကရာဇ်က သက်ပြင်း ချလျက်၊ လင်းယွန်အား ညာဘက်သို့၊ ဆွဲယူ ပေးလိုက် လေသည်။

မြန်ဆန် လွန်းသော အဟုန်ကြောင့်၊ တျန်ရွှမ်ဇီပင် အံ့သြ သွားသည်။ ရေထဲ ကူးခတ် သွားသော ငါး တစ်ကောင်လို ပေပင်။

ရုတ်တရက် တျန်ရွှမ်ဇီ ပခုံးရှိ ပန်း ပွင့်လာသည်။ ပန်းပွင့် လာသော အခါတွင်၊ တွင်းနက်ထဲ ကျသွား သကဲ့သို့ အသက်ရှု ကြပ်လာ၏။

အမှောင် ထဲ၌ ဖြူဖျော့ဖျော့ လက်တစ်ဖက် ဆန့်ထွက် လာသည်။

“ ပြန် ရိုက် ... ။ ”

စိတ်ပျက် အားငယ် နေစဉ်၊ ဓားဧကရာဇ် အသံ ထွက်လာပြီး၊ ညာလက်နှင့် အလိုလို ပြန် ရိုက်မိသည်။

“ ဝုန်း ... ။ ”

“ အွန့် ... ။ ”

လက်ဖဝါး နှစ်ဖက် ထိပ်တိုက် ရင်ဆိုင် မိသော အခါတွင်၊ လင်းယွန် တစ်ယောက် မီတာ ရာဂဏန်း အကွာ ထိတိုင်၊ လွင့်စဉ် သွားသည်။

“ လှည့်စား တယ်။ ”

တျန်ရွှမ်ဇီ သွေးအန် လိမ့်မည်ဟု ထင်ခဲ့ သော်လည်း၊ သူသာ နောက်ဆုတ်ပေး လိုက် ရ သဖြင့်၊ နှုတ်ခမ်းမှ သွေးစကို သုတ်လျက် လင်းယွန် ခမျာ စိတ်ဓာတ်ကျ သွားသည်။

( ဟား ... ဟား ... ဟား ... ။ )

ဓားဧကရာဇ်မှ ရယ်၏။

“ အခု ... စီနီယာ ဘယ်သူလဲ ဆိုတာ ... သိပါပြီ၊ ဒီဂျူနီယာ လည်း အံဩမိ ပါတယ်၊ စီနီယာက ဒီလို ကိစ္စ မျိုးမှာ၊ ပါဝင် ပတ်သက် လာလိမ့် မယ်လို့၊ မထင်ထား မိဘူး။ ”

တျန်ရွှမ်ဇီက သက်ပြင်း ချကာ ပြော လာသည်။

( ဒီနေ့ လူငယ် တွေက၊ တကယ့်ကို အထင်ကြီး စရာ ကောင်း လာပြီ။ )

ဓားဧကရာဇ်မှ ညည်းတွား လိုက်သည်။

“ ဒါပေမယ့် ... စီနီယာက ကိုယ့်ကိုယ်ကို နှိမ့်ချပြီး၊ ဒီနေ့ ... ကိစ္စမှာ ပါဝင် လာတဲ့ အတွက် တောင်းပန် ရတော့ မှာပဲ ... ။ ”

လင်းယွန် နောက်မှ ကူညီ နေသူကို သိသော်မှ၊ တျန်ရွှမ်ဇီက လွှတ်ပေးရန် ဆန္ဒ မရှိချေ။ ဓား ဧကရာဇ်သည် လူရှေ့ ထွက်လာ လိမ့်မည် မဟုတ်ဟု သူ ယုံကြည်၏။

( စီနီယာ ... ၊ သူက စီနီယာ့ကို မျက်လုံးထဲ မထားဘူး၊ ခွင့် မလွှတ်နဲ့။ )

လင်းယွန်က စိတ်ထဲမှ မြောက်ပေး လိုက်သည်။

( ငါ့ နာမည်ကို၊ သူ ဘာလို့ ထုတ်မပြော ရတာလဲ မင်း သိလား၊ ပြီးတော့ ... ငါ ကိုယ်တိုင် လူရှေ့ ထွက်ခြင်းရဲ့ အဓိပ္ပာယ် ကိုလည်း၊ မင်း မသိ ပါဘူး။ )

ဓားဂိုဏ်းနှင့် သူ့ကြား ရှုပ်ထွေးသော ဆက်ဆံရေး ရှိသောကြောင့်၊ လူသိ ရှင်ကြား မကူညီ ရခြင်း ဖြစ်သည်။

သို့သော် ရတနာ ခုနစ်ပါး စဉ့်သား ကျောင်းတော်ကို သိမ်းယူ ပြီးနောက် ကတိအား တည်ရ ပေမည်။

သို့သော် တျန်ရွှမ်ဇီမှာ သူ မည်သူ မည်ဝါ ဖြစ်သည်ကို သိပြီးနောက် တွင်ပင်၊ ဂရု စိုက်ပုံ မပြ သဖြင့်၊ အနည်းငယ် အလို မကျ ဖြစ်မိ၏။

တစ်စက္ကန့်မျှ စဉ်းစား ပြီးနောက်၊

( ငါ ... မလှုပ်ရှား ခဲ့တာ အတော့်ကို ကြာနေပြီ၊ ဒါကြောင့် လည်း သူ ... ဒီလို ဝံ့တာ ဖြစ်မယ်၊ မင်းရဲ့ ပန်းသင်္ချိုင်းဓား ငါ့ကို ခဏ ငှားနိုင် မလား။ )

ထိုစကားကြောင့် လင်းယွန်မှာ ရွှင်မြူး သွားသည်။ ဓားဧကရာဇ် သည်သာ ဓားဆွဲလိုက၊ တျန်ရွှမ်ဇီ သက်သာမည် မဟုတ်ချေ။

“ တျန်ရွှမ်ဇီ ... မင်း လွန် မလာနဲ့။ ”

သို့သော် အရိယာ ကောင်းကင် ဓားထက် သာလွန်သော ရည်ရွယ်ချက် နှင့်အတူ၊ လျှပ်စီး တစ်ထောင် ဓားကို၊ ကျန့်ကျန်းရှန်မှ ခုတ်ချ လာသည်။

“ ရွှပ် ... ။ ”

ကျန့်ကျန်းရှန် နောက်၌ နေကိုးစင်း ထွက်ပေါ်လာ သဖြင့်၊ တျန်ရွှမ်ဇီ မျက်နှာ လုံးဝ ပြောင်းလဲ သွား၏။

မဆိုင်း မတွဘဲ ချက်ချင်း ပြန်ဆုတ်မိ သော်လည်း၊ ဓားမှာ မြန်လွန်း သောကြောင့် အနည်းငယ် နောက်ကျ သွားသည်။

ပြိုးပြက် နေသော ဓား ရောင်ခြည်က ပန်းချီကားထဲ ထိုးဖောက် ဝင်ရောက် လာပြီး၊ ရွှေနဂါး တစ်ကောင် လှည့်ပတ် နေ သကဲ့သို့ တိုက်စား တော့သည်။

“ ဝှစ် ... ။ ”

သို့သော် ရွှေ နဂါးမှာ တျန်ရွှမ်ဇီ လက်ဖဝါးကြောင့်၊ ချက်ချင်း ကျေမွသွား လေသည်။

သူ့ ပခုံးရှိ ပန်းပွင့် လာပြီး၊ လက်ကျန် ဓားရောင်ခြည် များနှင့် တိုက်မိကာ မီးပွားများ ပျံ့လွင့် သွားသည်။

ပွင့်ချပ် များက ဓားရောင်ခြည်ကို စုပ်ယူ ချေြဖတ်လိုက် သဖြင့်၊ ဓား၌ ပါရှိသော စွမ်းအား များ၊ လျင်မြန်စွာ ကုန်ဆုံး သွားလေသည်။

ယင်းသော်မှ ဓားရောင်ခြည် နှစ်စင်းမှာ၊ သူ့ပါးပြင်အား ပွတ်ဆွဲ သွား သောကြောင့်၊ သွေး များ ထွက်လာ ခဲ့သည်။

နယ်ပယ် သုံးပါး ချန်ပီယံ ဟူသည့် ကျန့်ကျန်းရှင်သည်၊ အမှန်ပင် ကြောက်စရာ ကောင်းကြောင်း နားလည် လိုက်၏။

ရှေးဟောင်း ပျက်သုဉ်း မြေ၏၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင် ကိုပင်၊ ဒဏ်ရာ ပေးစွမ်း နိုင်သည်မှာ၊ နှစ်ကြိမ် ရှိလေပြီ။

တျန်ရွှမ်ဇီ၏ ဖိအား အောက်တွင်၊ ဓားရည်ရွယ်ချက်မှာ ဖောက်ထွင်း ဝင်ရောက် သွားခဲ့ပုံ ရသည်။

“ တျန်ရွှမ်ဇီ ... ၊ မင်းက သူတော်စင် တစ်ပါးပဲ၊ ဒါတောင် ငါ့ ညီငယ်ကို အကြိမ်ကြိမ် တိုက်ခိုက် ခဲ့တယ်၊ မင်းမှာ အရှက် မရှိ ဖူးလား။ ”

ကျန့်ကျန်းရှန် အသံက၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း တစ်ဂိုဏ်း လုံးကို၊ တုန်လှုပ် သွားစေ သည်။

သို့သော် သူ့ စကား အတွင်း၊ ‘ညီငယ်’ဟု သုံးနှုန်းလာ သည်ကို၊ သတိထား မိလိုက်သော လင်းယွန်မှာ၊ မျက်နှာ ပြောင်းသွား၏။

“ နောက် တစ်ခါ ထိဝံ့ရင် ... ၊ ငါ မိစ္ဆာ ဖြစ်သွားပြီး၊ သူတော်စင် တစ်ပါး မဖြစ် နိုင်တော့ ရင်တောင်မှ၊ မင်း ... ဂိုဏ်းက လူတိုင်းကို ငါလာ သတ် ပစ်မယ်။ ”

ကျန့်ကျန်းရှန် မျက်ဝန်းမှ သွေးများ စီးကျ လာကာ၊

“ ဒါက ... ငါ့ရဲ့ သစ္စာ စကားမို့၊ ပြောတဲ့ အတိုင်း ငါ လုပ်မယ်။ ”

-ဟု ကြွေးကြော် လိုက် တော့သည်။

“ လွန်ခဲ့တဲ့ ဆယ့်ရှစ် နှစ်က ... ၊ မင်းကို မသတ်ခဲ့ မိတာ ... ၊ ငါ့ရဲ့ အမှား တစ်ခု ဆိုတာ သေချာ သွားပြီ။ ”

“ ဒါဆို၊ ဒီလို အမှားမျိုး နောက်ထပ် မလုပ်မိ စေနဲ့။ ”

ကျန့်ကျန်းရှန်မှ မကြောက် မရွံ့ ပြန်လည် အော်ဟစ် လိုက်သည်။

“ ဒါပေမယ့် ... အခု သတ်လိုက် လည်း၊ အချိန် မနှောင်း သေးပါဘူး။ ”

တျန်ရွှမ်ဇီက ပြုံးလျက် တုန့်ပြန်သည်။

“ လူယုတ်မာ ... ၊ မင်းက တကယ် အရှက် မရှိတဲ့ သူတော်စင်ပဲ။ ”

လင်းယွန်က အော်ငေါက် လိုက်သည်။

“ အိုး ... ငါ့ လုပ်ရပ် တွေကို၊ တခြား လူတွေက ဝေဖန် လာရင်၊ ငါ အမုန်း ဆုံးပဲ။ ”

တျန်ရွှမ်ဇီက သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ထုတ်ဖော် လိုက်ရာ၊ ချက်ချင်း ကြောက်စရာ ကောင်း သော အေးစက် မှုများ ဖုံးလွှမ်း လာသည်။

“ ခရစ် ... ။ ”

သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ကြီး အက်ကွဲပြီး၊ ကြယ်ရောင် များနှင့် အတူ၊ အဖြူ ဝတ် အဘိုးအို တစ်ဦး၊ ဆင်းသက် လာသည်၊

“ ဆရာ ... ။ ”

ထိုအဖိုးအိုအား မြင်ချိန်၌၊ ဖုန်းကျွယ် တစ်ယောက် ကုန်းရုန်း ထရပ်ကာ၊ တုန်ယင် သွားတော့၏။

***

All Chapters