← Chapters

လောလောဆယ် ငါတို့ ငြိမ်းချမ်းရေး လိုတယ်။

Vol. 98 Ch. 1371

လောလောဆယ် ငါတို့ ငြိမ်းချမ်းရေး လိုတယ်။

Vol. 98 Ch. 1371

ဖုန်းကျွယ်၏ ဆရာ ခေါ်သံကြောင့်၊ အဖိုးအိုမှာ မည်သူ မည်ဝါ ဖြစ်မည်ကို၊ လူတိုင်း သိလိုက်သည်။

အဖိုးအိုက နှင်းတောင် ထိပ်ပေါ်သို့၊ ဆင်းသက် လာသည်။ ထို့ကြောင့် တျန်ရွှမ်ဇီ၏ သတ်ပစ် လိုသော ရည်ရွယ် ချက်မှာ၊ ချက်ချင်း ပျောက်ကွယ် သွားပြီး၊ နူးညံ့သော အမူ အရာများ အစားထိုး လာသည်။

“ တျန်ရွှမ်ဇီ ... ၊ မင်း စောစောက ဘာ ပြောလိုက် တာလဲ၊ လွန်ခဲ့တဲ့ ဆယ့်ရှစ် နှစ်က သဘော တူညီချက်ကို ချိုးဖြတ်ချင် လို့လား၊ ဒီနေရာက မထွက်ခွာ သရွေ့၊ မင်း ... သူ့ကို သတ်ခွင့် မရှိဘူး။ ”

အဖိုးအိုက တျန်ရွှမ်ဇီထံ ကြည့်ကာ၊ ပြော လိုက်သည်။

“ ငါက ... ဒီလိုပဲ ပြောလိုက် တာပါ။ ”

တျန်ရွှမ်ဇီမှ ပြုံးလျက် ပြန်ဖြေ၏။ အပြုံးမှာ နွေးထွေး လှသဖြင့်၊ ရပ်ကြည့် နေသော လူတိုင်း အံ့ဩသွား လေသည်။

သူ၏ ခံစား ချက်ကို ထိန်းချုပ် နိုင်သော အသွင်ကြောင့်၊ ကြောက်စရာ ကောင်းသည့်၊ လူ တစ်ယောက် ဖြစ်ကြောင်း နားလည် လိုက်၏။

လင်းယွန်မှာ ဤမျှ မျက်နှာပြောင် တိုက်နေသော လူကို တစ်ခါမျှ မမြင်ဖူး သဖြင့်၊ ကျောရိုးများ အေးစက် သွားသည်။

အစောပိုင်း အချိန်တွင် ကျန့်ကျန်းရှန်မှာ၊ သူ့အတွက် ခြိမ်းခြောက် နိုင်သူ အဖြစ် ယူဆပြီး၊ သတ်ရန် ကြံရွယ်နေ သည်ကို၊ လူတိုင်း အမြင် ပေပင်။

သက်တံဓား သူတော်စင်ကို မြင်ချိန်၌၊ ချက်ချင်း ပြောင်းလဲ သွားသည်မှာ၊ မယုံနိုင် စရာ ဖြစ်၏။ ထို့ကြောင့် တျန်ရွှမ်ဇီ၏ ရည်ရွယ်ချက် အစစ် အမှန်ကို၊ လင်းယွန် သိချင် လာသည်။

၎င်း၏ ရည်ရွယ်ချက် အမှန်မှာ၊ မဟာ သူတော်စင် ပုလဲ သည်လော၊ ကျန့်ကျန်းရှန် သည်လော၊ သို့မဟုတ် ကျွားချင်းယန်ကို ကယ်တင်ခြင်း သည်လော။

“ စီနီယာ ရောက်လာ မှတော့ ... ၊ ဒီဂျူနီယာက ပြန်လိုက်ပါ ဦးမယ်၊ ကျွားချင်းယန် က စိတ်ပျက် စရာ ကောင်းပြီး၊ ...

... နဂါးသွေး လွှတ်ကြော နယ်ပယ်က၊ တစ်စုံတစ်ယောက် ကိုတောင် အနိုင် မယူနိုင် ခဲ့ပါဘူး၊ ဒါပေမယ့် သူက ...

... ဒီဂျူနီယာရဲ့ ... ၊ တပည့် တစ်ယောက် ဖြစ်နေ တုန်းမို့၊ ရပ်ကြည့် မနေနိုင်တာ နားလည် ပေးပါ၊ ကျေးဇူး ပြုပြီး စိတ်မဆိုး ပါနဲ့။ ”

တျန်ရွှမ်ဇီက ပြုံးကာ တောင်းပန် လိုက်သည်။ သို့သော် အဖိုးအိုက အကြောင်း မပြန်ချေ။

“ ဒါဆို ... ခွင့်ပြု ပါဦး။ ”

“ မင်း ... ဒီမှာ နေသင့်တယ်။ ”

ရုတ်တရက် အဖိုးကိုက လက်ချောင်း များကို ဖိကာ၊ တျန်ရွှမ်ဇီ ရင်ဘတ်ထံ ပစ်ခတ် လိုက်သည်။

“ ရွှပ် ... ။ ”

တျန်ရွှမ်ဇီ ရင်ဘတ် ပေါ်၌၊ အပေါက် တစ်ပေါက် ဖြစ်ပွား လာပြီး၊ သွေးများ စီးကျ လာ တော့၏။

“ မင်း ... ငါ့ကို စုံစမ်း ချင်ရင်၊ ဒီလိုတွေ လုပ်ဖို့ မလို ပါဘူး၊ ဓားဂိုဏ်း ထဲမှာ ငါ ရှိတယ်၊ မင်း ... အချိန် မရွေး လာနိုင်တယ်၊ ဒီနေ့ ... မင်းရဲ့ ကိုယ်ပွား ကိုပဲ ...

... ငါဖျက်ဆီး လိုက်တယ်၊ ဒါပေမယ့် နောက်တစ်ကြိမ် ဆို ... ၊ ဒီလောက် အထိ ရိုးရှင်း တော့မှာ မဟုတ်ဘူး။ ”

တျန်ရွှမ်ဇီ ခန္ဓာ ကိုယ်မှာ၊ တဖြည်းဖြည်း ဖျော့တော့ လာပြီး၊ ပန်းချီကား ပြန်ပိတ်သွား တော့၏။

“ ဆရာ ... ။ ”

ကျန့်ကျန်းရှန်က မျက်ရည်များ စီးကျ လာကာ၊ ဒူးထောက် အော်ခေါ် လိုက်မိသည်။

“ ငါ့မှာ မင်းလို တပည့် မရှိဘူး၊ ငါ့ကို ဆရာလို့ မခေါ်နဲ့၊ လွန်ခဲ့တဲ့ ဆယ့်ရှစ် နှစ်က ကတိကို မှတ်မိ သေးလား၊ ဒီကနေ ခြေ တစ်လှမ်းမှ မထွက်နဲ့။ ”

အဖိုးအိုက တစ်ချက် မျှပင် မကြည့် တော့ဘဲ၊ အခြား ဂိုဏ်းများ၏ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများထံ လှည့်ကာ၊

“ လူကြီး မင်းတို့ ... ၊ လူကြီး မင်းတို့ ထွက်သွား ရမယ့်၊ အချိန် ရောက်ပြီ၊ လင်းယွန် က ဓားဂိုဏ်း တပည့် ဖြစ်လာ လိမ့်မယ်၊ မဟာ သူတော်စင် မူလ ပုလဲ အတွက် ကတော့၊ ...

... သူက တောင်ပိုင်း ဧကရာဇ် ဂူသင်္ချိုင်း နဲ့သာ၊ ဆက်စပ် နေတယ် ဆိုရင် ... ၊ အားလုံးကို အသိပေး ပါ့မယ်၊ မှတ်သွားပါ လင်းယွန်က ငါ့ ဓားဂိုဏ်းရဲ့ တပည့်ပဲ။ ”

သက်တံဓား သူတော်စင်မှ၊ ဤသို့ ပါဝင် ပတ်သတ် လာလိမ့် မည်ဟု၊ မျှော်လင့် မထား သောကြောင့်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွားသည်။

အရေးကြီး ဆုံးမှာ လင်းယွန်အား ဓားဂိုဏ်း၏ တပည့် ဖြစ်ကြောင်း နှစ်ကြိမ် တိုင်တိုင်၊ ကြောငြာ ခဲ့ခြင်း ဖြစ်၏။

သည့်နောက် အဖိုးအို ပုံရိပ်မှာ၊ မြူများ အဖြစ်သို့၊ ပြန့်ကျဲ ပျောက်ကွယ် သွားသည်။ ဤ မြင်ကွင်းကို မော့ကြည့်လျက်၊ လင်းယွန် ခမျာ မှင်တက် နေမိသည်။

သက်တံဓား သူတော်စင် စွမ်းအားမှာ၊ ကြောက်စရာ ကောင်းပေသည်။ တျန်ရွှမ်ဇီ၏ ကိုယ်ပွားအား တစ်ချက် တည်းနှင့်၊ သတ်ပစ် ခဲ့၏။

ထို့ကြောင့် မည်သူ တစ်ဦး တစ်ယောက်မျှ ဆက် မနေရဲ တော့ဘဲ၊ လူတိုင်း ပြန်၍ ထွက်ခွာ သွား ကုန်သည်။

ရှေးဟောင်း ပျက်သုဉ်း နယ်မြေကြီး တစ်ခုလုံးတွင် သူတော်စင်များ များစွာ ရှိသည်။ သို့သော် ဓားသူတော်စင် ဘွဲ့ကို ခံယူ နိုင်သူမှာ (၃) ပါးသာ ရှိ၏။

၎င်းတို့ (၃)ပါး အနက် (၁) ပါးကို၊ ဤလင်းယွန်မှ ဆွဲဆောင် နိုင်ခဲ့သည်မှာ မယုံနိုင် စရာ ပေပင်။ ထို့ပြင် ဓားဧကရာဇ် ယုချင်းဖန်ပါ အစစ်ပါ နေသေး ကြောင်းကို သိရှိ ပါက၊ သည့်ထက် ပို၍ တုန်လှုပ် ကြပေမည်။

ဧကရာဇ် ကိုးပါး ဟူသည် ဒဏ္ဍာရီများ ဖြစ်ကြ သဖြင့်၊ ထိုထင်ကြေး ဖြင့်ပင် ရုတ်ရုတ် သဲသဲ ဖြစ်လာ မည်မှာ သေချာသည်။

“ လင်းယွန် မြန်မြန် ... ၊ ငါ့ ညီလေးကို သွားကြည့် ပေးပါဦး။ ”

ဖုန်းကျွယ်က စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။ ပြင်းထန်သော ဒဏ်ရာ များကြောင့် သူ မလှုပ်ရှား နိုင်သေးချေ။

“ ဂိုဏ်း ချုပ် ... ။ ”

မှင်သက် နေရာမှ သတိဝင် လာပြီး၊ နှင်းတောင်ထိပ် ပေါ်သို့၊ လင်းယွန်က ပျံသန်း လိုက်သည်။

ကျန့်ကျန်းရှန်မှာ မြေပြင်တွင် ဒူးထောက် နေဆဲ ဖြစ်၏။ သက်တံဓား သူတော်စင်မှ များစွာ ရက်စက် လှပေသည်။

(၁၈) နှစ် ကုန်လွန်ပြီး ပြန်တွေ့ချိန် ၌ပင်၊ ကျန့်ကျန်းရှန်အား တစ်ချက်မျှ လှည့် မကြည့် ခဲ့ချေ။

“ ဝှစ် ... ။ ”

ကျန့်ကျန်းရှန်နှင့် ကျွားချင်းယန်တို့ တိုက်ခိုက် ခဲ့သော မြေပြင်ပေါ်၊ လင်းယွန်က ဆင်းသက် လိုက်၏။

ဤတိုက်ပွဲကို သူ့နှလုံးသားထဲ ကောင်းစွာ စွဲထင်နေသည်။ နဂါး သွေးလွှတ်ကြော နယ်ပယ် ဖြင့်၊ ကျွားချင်းယန်ကို အနိုင်ယူ ပြ၏။

ယနေ့ ပြီးနောက် ကျန့်ကျန်းရှန်မှာ နယ်ပယ် သုံးဆင့် ချန်ပီယံမျှ မက တော့လဲ၊ လေးဆင့် ချန်ပီယံ ဖြစ်လာပြီ ဖြစ်သည်။

သူတော်စင် များနှင့် မဆုံ သရွေ့၊ ဘုရင် ဖြစ်၏။ သို့သော် ကျန့်ကျန်းရှန်းမှာ ၎င်းဘုရင် နှင့် မတူဘဲ၊ ဝမ်းနည်း ပူဆွေး နေသည်။

သက်တံဓား သူတော်စင်သာ သူ့အား တစ်ကြိမ်မျှ လှည့်ကြည့် လိုက်ပါက၊ မည်မျှ ပျှော်ရွှင် မည်ကို၊ လင်းယွန် နားလည်သည်။

အချိန် အတော်ကြာ ဒူထောက်နေ ပြီးနောက်၊ ကျန့်ကျန်းရှန်က မြေပြင်ပေါ် ထိုင်ချ လိုက်သည်။

နှင်းတောင် ထိပ်ပေါ်၊ ဆင်းသက် လာသော လင်းယွန်ထံ၊ ငယ်ရွယ်သည့် အသွင်ဖြင့် ပြန်မော့ ကြည့်သည်။

ထိုရုပ်သွင်က လင်းယွန်ကို အံ့ဩသွား စေ၏။ မှတ်ဉာဏ် ထဲတွင်၊ ကျန့်ကျန်းရှန် ဟူ သည်မှာ၊ ဒေါသ ကြီးသော အဖိုးအို တစ်ဦး ဖြစ်သည်။

သို့သော် ယဲ့ဇီလင်ကို ပြန်သတိရ လာကာ၊ လက်ရှိ ခန့်ညားသော လူငယ်၏ အသွင် အပေါ်၊ လက်ခံ လိုက်မိသည်။

“ မင်း ... ဒဏ်ရာ ရထား သေးလား။ ”

သူ့အား ရင်ဆိုင်ရ ခက်ခဲ နေသော လင်းယွန်ကို ကြည့်ပြီး၊ ကျန့်ကျန်းရှန်က ဦးစွာ စကား စပြော လိုက်သည်။

“ ရထားတယ်၊ ဂိုဏ်းချုပ် လောက်တော့ မများဘူး ... ၊ ငါ့ကို ကူညီဖို့ ဧကရာဇ် တစ်ပါး ရှိတယ်၊ မင်းသာ ဒီဓားကို မလွှတ်ဖူး ဆိုရင်၊ တျန်ရွှမ်ဇီကို ငါ သတ်ပြီး ဖြစ်လိမ့်မယ်။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ ပန်းသင်္ချိုင်းကို ဓားဧကရာဇ် ငှားနေ သည်မှာ၊ အလကား မဟုတ်ချေ။

ကိုယ်ပွားကို အမှန် သတ်ပစ် နိုင်မည်။ သို့သော် လက်ရှိ အခြေ အနေမှာ အကောင်းဆုံး ဖြစ်ချေသည်။

ယုချင်းဖန် သည်သာ လှုပ်ရှားမှု ထုတ်ပြ ခဲ့ပါက၊ ဓားဂိုဏ်းနှင့် ၎င်းကြား ရှုပ်ထွေးသော အမြင်များ၊ ရှိလာ နိုင်ပေမည်။

“ ဒါနဲ့ ... မင်းမှာ မဟာ သူတော်စင် မူလ ပုလဲ ရှိတာ တကယ်လား။ ”

လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။ သည့်နောက် သွေ့ရော် ကျွန်းတွင် ဖြစ်ပျက် ခဲ့ သမျှ၊ အကြမ်းဖျင်း ရှင်းပြ မိသည်။

“ သက်တံဓား သူတော်စင်က မင်းကို ဓားဂိုဏ်းရဲ့ တပည့် အဖြစ် ကြေငြာခဲ့ ပေမယ့်၊ မဟာ သူတော်စင် မူလ ပုလဲက အရမ်း တန်ဖိုး ရှိတယ်၊ ဒါကြောင့် ...

... ရှေးဟောင်း ပျက်သုန်း မြေကို သွားတဲ့ အခါ၊ သတိ ထားပါ၊ အဲဒီမှာ ရင်ဆိုင် ရမဲ့ စိန်ခေါ် မှု တွေက၊ အပြာရောင် စံအိမ်မှာ၊ ကြုံတွေ့ ရတဲ့ အဆင့်မျိုး မဟုတ်ဘူး။ ”

ကျန့်ကျန်းရှန်က လင်းယွန်ကို သတိပေး လာတော့သည်။

“ အခု မင်းမှာ ... ၊ အချိန် နှစ်လ ကျန်သေးတယ်၊ ဒါကြောင့် တိမ်လွှာ ဓားဂိုဏ်း မှာပဲ၊ ခြေ ငြိမ်ငြိမ်နဲ့ ကျင့်ကြံပါ။ ”

သွေ့ရော် ကျွန်း ခရီးစဉ်တွင်၊ နားလည် ထားသမျှကို ကြေညက် လာစေရန်၊ လင်းယွန် အတွက်၊ အချိန် တစ်ခု လိုအပ်သည်။

“ တျန်ရွှမ်ဇီက ... ၊ မင်း အတွက် ရောက်လာ တယ်လို့၊ ထင်နေလား။ ”

“ ဒါကို ပိုတွေး လေလေ၊ ပိုပြီး ထူးဆန်း လေလေ ဖြစ်နေတယ်၊ သူ့ အဆင့်နဲ့ ဒီလို လုပ် တာက၊ အဓိပ္ပါယ် မရှိဘူး။ ”

မဟာ သူတော်စင် မူလ ပုလဲသည်၊ သူတော်စင် တစ်ပါးအား လှုပ်ရှားလာ စေရန် မလုံ လောက်ချေ။

“ မေ့လိုက်ပါ ... ၊ အဲဒါကို အခု လောလောဆယ် မစဉ်း စားနဲ့၊ ငါတို့ အေးချမ်းမဲ့ အချိန်တွေ ပိုလိုတယ်။ ”

ကျန့်ကျန်းရှန်မှ ပြောသည်။ လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ အမည်ခံ သူတော်စင် မူလ ပုလဲကို ချန်ကာ၊ ထွက်ခွာ သွား တော့သည်။

ကျန့်ကျန်းရှန်က ငြင်းဆန်ခြင်း မရှိဘဲ၊ သက်ပြင်း ချ၏။ သူတော်စင် တစ်ပါး ဖြစ်ရန် ဆန္ဒ မရှိ သော်လည်း၊ လင်းယွန်မှ သူ့အား သူတော်စင် ဖြစ်စေလို နေသည်။

သို့သော် သူ့ အုတ်မြစ် မရ၊ သူတော်စင် ဖြစ်လိုပါ ကလည်း၊ အမည်ခံ သူတော်စင် မူလ ပုလဲ တစ်လုံး ထဲဖြင့်၊ မလုံ လောက်ချေ။

လင်းယွန် ပြန်ရောက် လာသည်နှင့်၊ ဖုန်းကျွယ်မှ စိတ်ဝင် တစား မော့ကြည့်သည်။ လင်းယွန်မှာ မည်သို့ ပြန်ဖြေရ မည်မှန်း၊ မသိ သောကြောင့်၊ ကူကယ်ရာ မဲ့စွာ ပြုံးမိ၏။

ဖြစ်စဉ် တစ်ယောက်လုံး ဖုန်းကျွယ် တစ်ဦးတည်း သည်သာ ရိုက်နှက် ခံခဲ့ ရသည်။ ကျန့်ကျန်းရှန် ဒဏ်ရာ ရထား သည့်တိုင်၊ သူ့ကဲ့သို့ ပါးရိုက်ခြင်း မခံ ရချေ။

သို့သော်မှ ဖုန်းကျွယ်မှာ သူ့ ညီအစ်ကို အပေါ်၊ စိုးရိမ်နေ သေးသည်။ နှလုံးသားမှာ ကြင်နာပြီး၊ အပြစ်ကင်း ပေ၏။

“ အစ်ကိုကြီး ... ၊ မင်း ... ကိုယ့်ကိုယ်ကို အရင် ဂရုစိုက် သင့်တယ်၊ အဲဒီ လူက မင်းထက် အများကြီး ပိုကောင်းတဲ့ အနေ အထားမှာ ရှိနေတယ်။ ”

သူတော်စင် အသီး အနှံ တစ်လုံးကို ကမ်းပေးကာ၊ လင်းယွန်မှ ပြောလိုက် မိသည်။

“ သူတော်စင် အသီး အနှံ။ ”

ဖုန်းကျွယ်မှာ ငိုလု နီးပါး ပျော်ရွှင် သွား၏။

“ ညီလေး ... ၊ မင်းက ငါ့ အပေါ် အရမ်း ကောင်းတယ်၊ အနာဂါတ်မှာ သေချာ ပြန်ဆပ် ပါ့မယ်။ ”

လောက နိယာမ နယ်ပယ်သို့၊ ရောက်ရှိ နေသူပင်၊ သူတော်စင် အသီး အနှံအား တန်ဖိုး ထား ရဆဲ ဖြစ်၏။ ၎င်းသည် သူ့တို့ အတွက်ပင် အလွယ်တကူ ရနိုင်သော အရာ မဟုတ်ချေ။

“ ဧကရီ ... ၊ မင်းလည်း လိုတယ်။ ”

သိုလှောင်အိတ် အတွင်းမှ သူတော်စင် အသီးအနှံ (၈) မျိုးအား ထုတ်ယူပြီး၊ ကမ်းပေး လိုက်သည်။

နတ် ရူရ် နှစ်လုံးကို အသုံးပြု ထားခဲ့ ရသဖြင့်၊ သူမ အတွက် ပိုလို၏။ ဤရက်ရော မှုက ဖုန်းကျွယ်ကို ပို၍ ငိုချင်သွား စေသည်။

***

All Chapters