တောက်ပသော လမင်းကြီး။
Vol. 98 Ch. 1372
တိမ်လွှာ ဓားဂိုဏ်းပိုင် ကျွန်းအပြင် ဘက်တွင်၊ လူများစွာ စုဝေး နေကြသည်။ ၎င်းတို့ အားလုံးက၊ နှင်းတောင် ထိပ်တွင် ဖြစ်ပွား နေသော တိုက်ပွဲကို၊ စောင့်ကြည့် နေကြခြင်း ဖြစ်၏။
အများစုမှာ တန်ခိုးကြီး ဂိုဏ်း ပေါင်းစုံမှ တပည့်များ ဖြစ်သည်။ အစောပိုင်း တိုက်ပွဲသည် အန္တရာယ် များလွန်း သောကြောင့်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ကဲ့သို့၊ ကျွန်းပေါ် တက်ရန် မဝံ့ ကြချေ။
အဆုံးတွင် သက်တံဓား သူတော်စင် ပေါ်လာပြီး၊ အပြီးသတ် သွားသည်။ နတ်နဂါး ခေတ်တွင်၊ သူတော်စင် များမှာ၊ လူတိုင်း အမြင်၌၊ နတ်ဘုရားများ ဖြစ်၏။
ထို့အပြင် သူတော်စင် များမှာ၊ သူတို့၏ အမည်၌ တစ်စုံ တစ်ရာသော ဘွဲ့မျိုး တပ်ကာ၊ ခေါ်ဆိုရန် ရှားချေသည်။
ထို့ကြောင့် ဓားသူတော်စင် အဖြစ်၊ ဘွဲ့ခံယူထား သူများမှာ၊ ဓားအရာ၌ မည်မျှ ကြောက်စရာ ကောင်းကြောင်း သိနိုင်၏။
ကမ္ဘာဦး အစတွင်၊ သူတော်စင် များစွာ ရှိခဲ့သည်။ဓားသုံးသည့် သူတော်စင် တိုင်းမှာ၊ ဓားသူတော်စင် ဖြစ်မလာချေ။
ဤသည်မှာ သွေးနှင့် သွန်းလုပ် ရသော ဂုဏ်ပုဒ် တစ်ရပ် ဖြစ်ပြီး၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ ထိုဘွဲ့ကို ခံယူ နိုင်သူ သုံးဦးသာ ရှိသည်။
“ သူတို့က အစွမ်းထက် လွန်းတယ်။ ”
ကျန်းစွန်းယန်က ထိတ်လန့် တုန်လှုပ် နေရာမှ သတိဝင် လာသည်။ သူတော်စင် ဘုရင် တျန်ရွှမ်ဇီ ကိုယ်ပွား သည်ပင်၊ လူ ကိုယ်တိုင် ရောက်ရှိ လာ သကဲ့သို့၊ ကြောက်စရာ ကောင်းချေ၏။
သို့သော် ထိုကိုယ်ပွားကို ဖြိုခွဲရန်၊ သက်တံဓား သူတော်စင်မှ ဓား တစ်ချက် မျှသာ အသုံးပြု ခဲ့သည်။
တစ်ဖက်တွင် ကျန့်ကျန်း သည်လည်း မယုံနိုင် စရာ ပေပင်။ တျန်ရွှမ်ဇီကို ဒဏ်ရာ ပေး နိုင်ခဲ့သည်။ ဤအရာ အားလုံးက သူ၏ သွေး များကို ဆူပွက်လာ စေသည်။
ကျောက်ယန်ထံ လှည့်ကြည့် လိုက်သော အခါတွင်၊ သမုဒ္ဒရာ ရေပြင် ပေါ် ငုတ်တုတ်ထိုင် နေပြီး၊ လက်ချောင်းဖြင့် တစ်စုံ တစ်ရာ ရေးဆွဲ နေသည်။
ရံဖန် ရံခါ ခေါင်းကို မြှောက်လျက် အဝေးကို ငေးမော၏။
“ ဒီအရူးက ... ၊ ရူးနေ ပြန်ပြီ။ ”
ကုန်းစွန်းယန်က လက်သီးကို ဆုပ်လျက်၊
“ ငါ ... ဓားဂိုဏ်းကို ဝင်ဖို့ ... ၊ ဆုံးဖြတ် လိုက်ပြီ၊ လေးနှစ် တစ်ကြိမ် ဖွင့်မဲ့ လူရွေးပွဲမှာ၊ ငါ့ နာမည်ကို လူတိုင်း သိစေ ရမယ်။ ”
-ဟု ကြုံးဝါး လိုက်သည်။
ဓားဧကရာဇ် ထံမှ အခွင့် အရေး တစ်ရပ် ရရှိခဲ့သည်။ ထို့ကြောင့် ဓားဂိုဏ်းသို့ ဝင်ရောက် နိုင်လိမ့် မည်ဟု၊ သူ့ကိုယ်သူ ယုံကြည် ၏။
“ မင်း ... ဓားဂိုဏ်းကို သွား မလို့လား။ ”
ရုတ်တရက် ကေျာက်ယန်က သတိ ပြန်ကပ် လာပြီး၊
“ အဲဒီကို မသွားဖို့ ... မင်းကို ငါ အကြံပေး ချင်တယ်၊ ဓားဧကရာဇ်ကို အရှက်ခွဲ ရတာနဲ့တင် ရပ်သင့်ပြီ၊ ဓားဂိုဏ်းကို အရှက် မခွဲသင့်် တော့ဘူး ... ။ ”
-ဟု ပြော လေသည်။
ထိုစကားကြောင့် ကုန်းစွန်းယန်မှာ မျက်နှာပျက် သွား၏။ ကျောက်ယန် စကားကို မကြားချင် ယောင်ဆောင်ကာ၊ ခေါင်းစဉ် ပြောင်း လိုက်၏။
“ ဘာပဲ ဖြစ်ဖြစ် ... ၊ ငါ ဓားဂိုဏ်းကို ဝင်ရမယ်၊ ဒါနဲ့ ... ရေပေါ်မှာ မင်း ဘာပုံတွေ ဆွဲနေ တာလဲ။ ”
“ မင်း အရူးလား၊ ရေ ထဲမှာ ပုံဆွဲလို့ ရမလား၊ ငါ ရေကစား နေတာ။ ”
ယင်းကို ကုန်းစွန်းယန်မှ သိသော်လည်း၊ သဘာဝ ကျကျ နားဝင်ချို စေရန်၊ တမင်သုံးနှုန်း လိုက်ခြင်း ဖြစ်သည်။
“ ဒါပေမယ့် ဒီဓားက တျန်ရွှမ်းဇီကို ဘယ်လိုလုပ် ထိခိုက် နိုင်တာလဲ၊ ငါ နားမလည် နိုင်သေးဘူး ... အရမ်း ခက်တယ် ... ။ ”
ကျောက်ယန်က တွေးတွေး စစဖြင့် ရေပြင်ပေါ် ပွတ်ဆွဲ လိုက်သည်။ မယုံ နိုင်စရာ မြင်ကွင်း တစ်ရပ် ဖြစ်ပေါ် လာ၏။
ရေစက်များ လေထဲ မြောက်တက် လာပြီး၊ ပန်းချီကား တစ်ချပ် အဖြစ် ဖွဲ့တည် လာသည်။ ဤသည်မှာ ကျန့်ကျန်းရှန်က တျန်ရွှမ်ဇီကို ဒဏ်ရာရ စေသော ဓားဖြစ်၏။
“ မင်း ... အရူး၊ အခု ရေထဲမှာ ပုံဆွဲနေ တာကို ငြင်းချင် သေးလား။ ”
“ မဟုတ်ဘူး ... ၊ ငါ ရေဆော့ နေတာပါ။ ”
ကျောက်ယန်က ငြင်းဆိုပြီး လှည့်ထွက် သွားသည်။ ခန္ဓာ ကိုယ်မှာ ဘယ်ညာ၊ ယိမ်းထိုး နေပြီး၊ လှမ်းတိုင်း၌ ဓား ရည်ရွယ်ချက်များ ပါ၀င်နေ သောကြောင့်၊ သမုဒ္ဒရာ ရေမျက်နှာ ပြင်ကို၊ တဖျပ်ဖျပ် တောင်ပ သွားစေ၏။
“ မင်း ... ၊ ဝင်ပြီး ... လင်းယွန်ကို နှုတ်ဆက်ဖို့ စိတ်ကူး မရှိ ဖူးလား၊ ဒါက မကောင်းဖူး ထင်တယ်။ ”
“ ကိစ္စ မရှိဘူး၊ မကြာခင် ငါတို့ ဓားဂိုဏ်းမှာ တွေ့ရ မှာပါ။ ”
ကျောက်ယန်က ကျောခိုင်း လျက်ဖြင့် ပြန်ဖြေသည်။ ထိုအဖြေကြောင့် ကုန်းစွန်းယန် ခမျာ၊ တွေဝေ သွား၏။
“ ဝှစ် ... ။ ”
သူ့ မေးစေ့ကို ကိုင် နေရာမှ အံ့အားသင့် စွာဖြင့်၊ ကေျာက်ယန် နောက်၊ အပြေး လိုက် သွားသည်။
“ ဟေး အရူး ... ၊ မင်းလည်း ဓားဂိုဏ်းကို သွားမှာ မဟုတ်လား။ ”
“ စိတ်မပူ ပါနဲ့ ... ၊ မင်း လဲ့ကြွယ် ရှေ့မှာ ဒူးထောက် ခဲ့တာကို၊ ငါ ... လျှို့ဝှက် ထားပေး မှာပါ။ ”
ကျောက်ယန်က လှည့် မကြည့်ဘဲ ပြန် ပြောသည်။ ထို့စကားကြောင့် ကုန်းစွန်းယန် ခမျာ၊ ဒေါသ ထွက်လာပြီး၊
“ ငါ သူ့ကို ဒူးထောက် ခဲ့တာ မဟုတ်ဘူး၊ အနိုင်ယူ ခဲ့တာလို့ ... ၊ မင်းကို ဘယ် နှစ်ကြိမ် ပြောနေ ရဦး မှာလဲ။ ”
-ဟု အော်ဟစ် လိုက်သည်။
“ စိတ်ချ ... ၊ ငါ လျှို့ဝှက်ထား မှာပါ။ ”
“ မ ဟုတ် ဘူး ... ။ ”
အတိတ်မှ လုပ်ရပ် များကြောင့်၊ မည်သူမျှ သူ့စကားကို ယုံတော့မည် မဟုတ်မှန်း နားလည် လိုက်ကာ၊ မျက်ရည်ကျ မိသည်။
“ စိတ်ချ ... ၊ ငါ လျှို့ဝှက်ထား မှာပါ။ ”
“ ..... ။ ”
“ စိတ်ချ ... ၊ ငါ လျှို့ဝှက်ထား မှာပါ။ ”
“ ကောင်းပြီ ... ၊ ဝန်ခံတယ် ... ဟုတ်တယ် ငါဒူးထောက် ခဲ့တယ်။ ”
ထပ်ခါ တလဲလဲ ရေရွတ် နေသော ကျောက်ယန် စကား များကြောင့်၊ အကူအညီ မဲ့သော လေသံနှင့် ပြန်ပြော လိုက်သည်။
ထို့ကြောင့် ကျောက်ယန်မှ ခြေလှမ်းကို ရပ်ကာ သူ့ထံ ပြန်လှည့် ကြည့်ပြီး၊
“ ငါတို့က သူငယ်ချင်း တွေမို့ ... ၊ တကယ် လျှို့ဝှက် ပေးမှာပါ။ ”
-ဟု ကတိပေး လာတော့သည်။
ကုန်းစွန်းယန် ခမျာ ခေတ္တမျှ အံ့အားသင့် သွား၏။ သူ့ကိုယ်သူ ဓားဧကရာဇ် မိသားစုမှ ဆင်းသက် လာသည်ဟု၊ အမြဲဆို ဖူးသည်။
အမှန်မှာ ပြိုင်ဘက်ကင်း ကောင်းကင် မြို့တော်မှ၊ နှင်ထုတ် ခံခဲ့ ရသော တရား မ၀င် ကလေး တစ်ဦး မျှသာ ဖြစ်သည်။
ဘဝ တလျှောက်လုံး ကြီးမြတ် သယောင် ဆောင်ထား သော်လည်း၊ သူ့ကိုယ်သူ နိမ့်ကျသူ အဖြစ်၊ အမြဲ နာကျင် ရ၏။
ထို့ကြောင့် အခြား သူများ အပေါ်၊ ဒူးထောက်ခိုင်း စေခြင်း၊ ကိုယ်တိုင် လွယ်လင့် တကူ ဒူးထောက်ခြင်း စသည့်၊ လုပ်ရပ်များ ကျင့်သုံး ခဲ့မိသည်။
နိမ့်ကျ လွန်းသဖြင့်၊ တစ်စုံ တစ်ယောက်မှ သူ့အပေါ် သူငယ်ချင်း အဖြစ်၊ ဆက်ဆံ လာလိမ့် မည်ဟု၊ တစ်ကြိမ်မျှ မမျှော်လင့် ထားချေ။
ဤအရူး၏ စကား တစ်ခွန်းက၊ အမှန် တကယ် ခံစားရ စေပြီး၊ သူ့အား ပျော်ရွှင်လာ စေခဲ့သည်။
“ မင်း ... ဘာပြော လိုက်တာလဲ၊ ငါ့ကို နောက် တစ်ခေါက်လောက် ပြန်ပြော ပါဦး။ ”
ဤကမ္ဘာ၌ သူ့အပေါ်၊ အသိ အမှတ် ပြုသူ တစ်ဦး ရှိလာပြီ ဟူသော ခံစားချက်မှာ၊ အရမ်း ကောင်း လေသည်။ မျက်ရည်များ သုတ်လျက် ပြုံးကာ မေးမိ၏။
“ စိတ်ချ ... ၊ ငါ လျှို့ဝှက်ထား မှာပါ။ ”
“ မင်း ... ။ ”
အရူး စကား အပေါ်၊ ယုံကြည်မိ ခဲ့သော သူ့ကိုယ်သူ ပြန်၍ ပါးရိုက် မိ၏။ ကျောက်ယန် မှာ လှည့်ပင် မကြည့် တော့ဘဲ၊ ဆက်လက် ထွက်ခွာ သွား တော့သည်။
တိမ်လွှာ ဓားဂိုဏ်းပိုင် ကျွန်းနှင့်၊ မိုင် တစ်သောင်း ဝေးကွာသော တစ်နေရာတွင် ပုံရိပ် နှစ်ရိပ် ရပ်နေသည်။
ယင်းက သက်တံဓား သူတော်စင် ဖျက်ဆီး ခဲ့သော ကိုယ်ပွားနှင့် ကျွားချင်းယန်တို့ ဖြစ်လေ သည်။ ကျွားချင်းယန် အကူ အညီကြောင့် ကိုယ်ပွားမှာ၊ အသက်ရှင် နေသေး၏။
သူတို့ရှေ့ မြေပြင်တွင် ချင်းကန်က ဒူးထောက် နေသည်။
“ ထ ... ။ ”
ကိုယ်ပွားက တည်ငြိမ်စွာ ပြောသည်။
“ ကောင်းကင်ဘုံ သူတော်စင် ဘုရင်၊ ဒီဂျူနီယာကို သတ်ပါ၊ ဒီဒုက္ခိတက လောက ကြီး ထဲမှာ နေဖို့ မထိုက်တန် တော့ပါဘူး၊ ...
... စီနီယာကို နောက်ဆုံး အကြိမ် တွေ့ချင်တာ ကြောင့်သာ အသက်ရှင် နေခဲ့ တာပါ၊ အခု ဆန္ဒ ပြည့်ပြီမို့၊ သေဝံ့ ပါပြီ။ ”
ချင်းကန်က ခေါင်းမော့ မကြည့် ဝံ့ဘဲ ပြောသည်။
“ မင်း ဆန္ဒ အတိုင်း၊ အခု ... မင်းငါ့ကို မြင်ရလို့လား၊ သေချင်ရင် မင်း မျက်လုံးတွေ ပြန်ကောင်း လာပြီးမှ သေ။ ”
“ မထိုက်တန် ပါဘူး။ ”
“ အရှုံးကို မြည်းစမ်း ပြီးတာနဲ့၊ မင်းကို တပည့် အဖြစ် လက်ခံ မယ်လို့၊ ငါ ပြောဖူးတာ သတိ ရလား၊ ဒါဆို ...
... ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်က၊ ပါရမီရှင် တွေကို ရှုံးခဲ့ တုန်းက ဘာလို့ တပည့် အဖြစ် မခေါ် လည်းလို့ မင်း မေးချင်လား။ ”
ကိုယ်ပွားက ချင်းကန်၏ ပြတ်သွားသော လက်မောင်းကို စိုက်ကြည့်ပြီး၊
“ အဲဒါကို မင်းက အရှုံးလို့ မခံယူ ခဲ့ဘူး၊ သူတို့ရဲ့ အသက်နဲ့ ကျင့်ကြံမှုက မင်းထက် ပိုမြင့် နေလို့ ရှုံးရတာ သာမာန်လို့ မြင်နေ ခဲ့တယ်။ ”
“ သူတော်စင် ဘုရင် ... ဒါ ။ ”
ချင်းကန်က ခေါင်းကို ဆတ်ခနဲ မော့လိုက်၏။
“ ဆရာလို့ ခေါ်ပါ ... ၊ ဆရာက မင်းကို ပြန်ခေါ် သွားဖို့၊ ဆုံးဖြတ် ထားတယ်။ ”
ကျွားချင်းယန်က ဝင်ပြောသည်။ ထိုစကားကြောင့် ချင်းကန် ခမျာ တုန်ယင် သွားတော့၏။
“ ဒါပေမယ့် ... ၊ ကျွန်တော် အခု ဒုက္ခိတ ဖြစ်နေပြီ။ ”
“ မင်းက နဂါး အရိုး မရှိလို့ ... ၊ ဒုက္ခိတ ဖြစ်နေ ပြီလို့ ပြောချင် တာလား၊ ဒါမှ မဟုတ် မျက်စိ မမြင် လို့လား၊ ထပါ ...
... ထပါ ... ၊ သက်တံဓား သူတော်စင်မှာ၊ အချိန် အများကြီး မကျန် တော့ဘူး၊ ရေှးဟောင်း ပျက်သုဉ်း မြေက၊ အုပ်စိုးရှင် တစ်ပါး လိုအပ် နေပြီ၊ ...
... ငါ့ တပည့် တွေ ထဲမှာ ... ဘယ်သူမှ အမှိုက် မဟုတ်ဘူး၊ တစ်ချိန် ကောင်းကင်ယံ ဂိုဏ်းက မြင့်မြတ်မြေ ဖြစ်လာ ရမယ်၊ မင်းတို့ တစ်ယောက်မှ သေလို့ မရဘူး။ ”
ထိုစကားကြောင့် သူ့ ဆရာသည် မဟာ သူတော်စင် မူလ ပုလဲ အတွက်၊ ဤနေရာသို့ လာခြင်း မဟုတ်ကြောင်း၊ ကျွားချင်းယန်မှ သိလိုက် ရသည်။
ချင်းကန် ရှုံးနိမ့် သွားပြီးနောက်၊ ၎င်းကို စွန့်လွှတ် လိုက်ပုံ ရ၏။ ထို့နောက် သက်တံဓား သူတော်စင် ထွက်လာရန် လင်းယွန် အပေါ် ဖိအား ပေးခဲ့ခြင်း ဖြစ်လေသည်။
***
တစ်ဖက်တွင် လင်းယွန် တစ်ယောက် ဓားသူတော်စင် တောင်ထိပ်သို့ မျှော်ကြည့်နေ မိ၏။ ၎င်းတောင်ထိပ်၌ နတ်ဘုရား ရူရ် တစ်လုံး၊ သူ့အား စောင့်မျှော် နေပေသည်။
( ဘာ ကြည့်နေ တာလဲ။ )
ရုတ်တရက် ထွက်ပေါ် လာသော ဓား ဧကရာဇ် အသံကြောင့်၊ ထိတ်လန့် သွားပြီး သူ့ အကြည့်ကို အမြန် ရေွ့မိသည်။
ဓားဧကရာဇ် သည်သာ အုပ်စိုးရှင် နတ်ဘုရား ရူရ် အကြောင်း သိပါက၊ သူ့အတွက် မျှော်လင့်ချက် မဲ့သွား နိုင်၏။
( ဟား ... ဟား ... ဟား ... ၊ မင်းရဲ့ သရုပ်ဆောင် စွမ်းရည်က တကယ် လေးစား စရာ ပါပဲ၊ ဓား သူတော်စင် တောင်ကို ငါကြား ဖူးတာ ကြာပါပြီ၊ ဒါက ဓားဂိုဏ်းရဲ့ အမွေမို့၊ သေချာပေါက် ငါ မထိ ပါဘူး။ )
ဓား ဧကရာဇ်က လင်းယွန် အတွေး များကို မှန်းဆ နိုင်ပုံ ရသည်။
( စီနီယာ ... ရှိနေ ဦးမယ်လို့၊ မထင် မိဘူး။ )
လင်းယွန်မှ ပြုံးမိ၏။ ဓားဧကရာဇ် ထွက်သွား ပြီလို့၊ သူ ထင်ခဲ့သည်။ သို့သော် တစ်နေရာ ရာ၌ တွယ်ကပ် နေပုံ ရ၏။
( ဒါက ... ငါ့ရဲ့ ဆန္ဒ ကြိုးမျှင် ဖြစ်လို့ ... ၊ လိုက်ရှာလည်း မင်း ငါ့ကို မြင်နိုင်မှာ မဟုတ် ပါဘူး။ )
ထိုစကားကြောင့် ဓားဧကရာဇ်ကို ရှာရန် အတွေးအား စွန့်လွှတ် လိုက်ပြီး၊
( စီနီယာ၊ တျန်ကျန့် အသက်ရှင် သေးလား။ )
-ဟု မေးမိသည်။
( အိုး... မင်း ကြည့်ရတာ၊ သူနဲ့ တော်တော် ရင်းနှီးတဲ့ ဆက်ဆံ ရေးမျိုး ရှိပုံ ရတယ်၊ စိတ် မပူ ပါနဲ့၊ သူ အသက်ရှင် နေပါ သေးတယ်။ )
လင်းယွန် ခမျာ စိတ် သက်သာရာ ရသွား၏။
( ဒါနဲ့ စီနီယာ၊ သက်တံဓား သူတော်စင်နဲ့ ပတ်သတ်တဲ့ ကောလ ဟာလတွေ ဆိုတာက ... ၊ ဘာကို ဆိုလို တာလဲ၊ ပြောပြလို့ ရမလား။ )
( ဒါက အရေး မကြီးဘူး၊ ပြောပြလို့ ရပါတယ်၊ သူ့ သက်တမ်းက ကုန်တော့ မှာမို့၊ သက်တံဓား သူတော်စင်က၊ တစ်ချိန်လုံး ကျင့်ကြံ နေရတယ်၊ ...
... ဒါကို ဟုတ်-မဟုတ် တျန်ရွှမ်ဇီက သိချင်လို့၊ မင်းကို အသုံးချ ခဲ့တာ၊ နောင် ငါးနှစ် အတွင်း ဒီခြေလှမ်းကို မလှမ်း နိုင်ရင်၊ သူ့ သက်တမ်း ကုန်ရ လိမ့်မယ်။ )
( ဘယ်လို ခြေလှမ်းလဲ။ )
ထိုစကား များက လင်းယွန်၏ နှလုံးသားကို ထိတ်လန့် သွားစေ ခဲ့သည်။
( ဧကရာဇ် တေွနဲ့ ယှဉ်နိုင်တဲ့ ခြေလှမ်း၊ ဒီလောက်ပဲ ငါပြော ပြနိုင်တယ်၊ အခု ငါ သွားရ တော့မယ်။ )
ဓားဧကရာဇ်က ဤကိစ္စ များတွင် မပါဝင် လိုချေ။ သွေ့ရော် မဟာ သူတော်စင် တောင်းဆို မှု ကြောင့်သာ၊ ကူညီခြင်း ဖြစ်သည်။
( စီနီယာ ... ၊ မသွား ခင်မှာ ဘာလို့ လက်ဆောင် ချန်မထား ခဲ့ရ တာလဲ၊ ဒီလိုဆို ငါ အရမ်း ကျေးဇူးတင် မိမှာပါ။ )
ဓား ဧကရာဇ်အား သည်အတိုင်း၊ ထွက်သွားခွင့် ပြုမိ ပါက၊ သူ လူမိုက် ဖြစ်ရ ပေ လိမ့်မည်။
( ဟား ဟား ဟား ... ၊ မင်းက လွဲရင် လူတိုင်းကို ဒီဧကရာဇ် ပေးနိုင်တယ်။ )
( ဟမ် ... ဘယ်လို ကြီးလဲ။ )
( ဘယ်လိုမှ မလဲဘူး၊ တစ်နေ့ အကြွင်းမဲ့ ကောင်းကင် မြို့ကို၊ မင်း ရောက်လာ လိမ့်မယ် ဆိုတဲ့၊ ခံစားချက်မျိုး ငါ့မှာ ရှိနေတယ်၊ ဒါကြောင့် မင်းကို ... ၊ ဘာမှ မပေးဘဲ နေတာ အကောင်း ဆုံးပဲ။ )
ဓားဧကရာဇ်က ပြန်ဖြေသည်။
( ခဏလေး နေပါဦး စီနီယာ၊ တျန်ရွှမ်ဇီကို ရင်ဆိုင် နိုင်မဲ့ ... ၊ အခွင့် အရေး မျိုးတော့ ပေးခဲ့ ပေးပါ။ )
( မိုးရေနဲ့ နှင်း တွေက၊ တံတားပေါ် ရွာကျ နေတဲ့ အချိန်၊ ကောင်းကင်မှာ လမင်း တစ်စင်း တောက်ပ နေတယ်၊ ...
... ငါ့ နှလုံးသားက လနဲ့ တူတယ်၊ ပန်းချီကား ထဲမှာ ဘယ်သူ မိုလို့၊ ဘယ်သူက ပျက်ရယ် ပြုဝံ့ တာလဲ၊ ဟား ဟား ဟား ။ )
ဓား ဧကရာဇ်က ရယ်မောလျက် ကဗျာ တစ်ပုဒ် ရွတ်ဆို သွားသည်။ လင်းယွန် စိတ်ထဲ အလင်းရောင် တစ်ချက် လက်လာပြီး၊ အရာ များစွာကို မြင်တွေ့ လာရ၏။
မရေ မတွက် နိုင်သော ဓားရောင်ခြည် များနှင့်၊ နောက်ဆက်တွဲ အဖြစ် အပျက်များ အပါ အဝင် ကောင်းကင်ရှိ လတစ်စင်း ပေပင်။
( စီနီယာ ... ။ )
( စီနီယာ ... ။ )
( စီနီယာ ... ။ )
ဤတစ်ကြိမ်တွင် ဓားဧကရာဇ်မှာ လုံးဝ ထွက်ခွာ သွားပြီ ဖြစ်သည်။ ပတ်ဝန်း ကျင်အား ဝေ့ကြည့် မိစဉ်၊ ဆုစီယာက ကောင်းကင်မှ ဆင်းသက် လာသည်ကို မြင်လိုက် ရ၏။
***