← Chapters

ကတုံး ငတုံး။

Vol. 99 Ch. 1373

ကတုံး ငတုံး။

Vol. 99 Ch. 1373

လင်းယွန်နှင့် ဆုစီယာမှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ပြီး၊ စကား တစ်ခွန်းမျှ မပြော ကြချေ။

တျန်ရွှမ်ဇီ ပေါ်လာစဉ်၊ လင်းယွန် နှလုံးသားမှာ အမှန် တကယ် ကြောက်ရွံ့ သွား ခဲ့သည်။

ဓားသမား တစ်ယောက် အနေဖြင့် သေခြင်းကို မကြောက် သော်လည်း၊ ဆုစီယာ နှင့် နောက်တစ်ကြိမ် ထပ် မတွေ့ နိုင်တော့ မည်ကို၊ ကြောက်သည်။

နှစ်ယောက် အတူ နေနိုင်ရန်၊ ဤအထိ လျှောက်လှမ်း လာရခြင်း ဖြစ်ပြီး၊ သွေ့ရော် ကျွန်းတွင် နမ်းခဲ့သော အနမ်းသည်၊ မနေ့ တနေ့က ကဲ့သို့၊ ခံစား နေရမြဲ ပေပင်။

ထို့ကြောင့် သူ့အတွက် ဆုစီယာ မည်မျှ ခံစားခဲ့ ရမည်ကို သိနိုင်ကာ၊ ရှောင်လွှဲ ချင်မိလေ သည်။ သနား နေမည်အား မမြင် လိုချေ။

သူ့ အတွက် တိမ်လွှာဓား ဂိုဏ်းတွင် အချိန် အကြာကြီး ပေးဆပ် ထားသော ဆုစီယာ အပေါ် အားနာ မိသည်။

ထို့ကြောင့် ပြုံးကာ ဆုစီယာကို ပွေ့ဖက် လိုက်၏။ ဆုစီယာ မှလည်း လည်ပင်းထံ ပြန်၍ သိုင်းဖက် ကာ ပြုံးသည်။

“ မင်း ... ရဲရင့် လာပြီ။ ”

သူမ ခန္ဓာ ကိုယ်မှာ အနည်းငယ် အေးစက်သော် ငြားလည်း၊ လင်းယွန် ရင်ခွင် ထဲ၌ အလိုက်သင့် ရှိနေသည်။

သည်ရင်ခွင်တွင် ရှိနေ သရွေ့၊ ဤကမ္ဘာ ပေါ်ရှိ ဒုက္ခ အားလုံးကို မေ့ထား နိုင်လေသည်။ ယင်းက အချစ်၏ စွမ်းအား ဖြစ်ချေပြီ။

“ ဒါက ... မင်း အရမ်း လှနေ လို့ပါ။ ”

လင်းယွန်မှ ပြန်ပြောသည်။

“ ရပ် ... ။ ”

လင်းယွန်က နမ်းလာ သဖြင့် ရုန်းကန် နေစဉ်၊ အကြည့် များက လင်းယွန် မျက်ဝန်းနှင့် ဆုံသွားသည်။

“ အ ... ။ ”

အရာရာ မေ့လျော့ သွားပြီး၊ သတိ ပြန်ဝင် ချိန်၌၊ ဖျပ်ခနဲ လင်းယွန် နှုတ်ခမ်းကို ကိုက်လိုက် သည်။ သို့မှသာ လက်ရှိ အခြေ အနေမှ လွတ်မြောက် သွား၏။

နာကျင်မှုကြောင့် မျက်နှာ နီရဲ နေသော လင်းယွန်ကို မြင်လိုက် ရ သဖြင့်၊ နှလုံးသားက ချက်ချင်း ပျော့ပျောင်း လာသည်။

“ လူတွေ ပိုများ လာပြီ။ ”

-ဟု ဖြေရှင်းချက် ပေးလိုက်သည်။

“ ရပါတယ် ... ၊ ငါ စိတ်မဆိုး ပါဘူး။ ”

လင်းယွန်မှ ပြုံးကာ ခေါင်းညိတ် ပြသည်။

“ ငါလည်း စိတ်မဆိုး ပါဘူး၊ အခုလို ရင်ခုန် နေရ တာကို ကြိုက်တယ်။ ”

ပြီးသည်နှင့် လင်းယွန် လက်ကို ဆွဲကာ သူမ ရင်ဘတ်ပေါ် တင်လိုက်သည်။

“ ကြားလား ... ။ ”

နှလုံး ခုန်နှုန်း မြန်လာ သည်နှင့် အမျှ၊ နာကျင် လာတော့၏။ ဧကရာဇ် နှလုံးသား သုတ္တန်ကို ကျင့်ကြံသူ များသည် ချစ်ခြင်း မေတ္တာကို မခံစား သင့်ချေ။

မဟုတ် ပါက ဆုတ်ယုတ်မှုကို ခံစား ကြရ ပေမည်။ ပို၍ လေးနက် လေလေ၊ ပို၍ နာကျင်ရ လေလေ ဖြစ်သည်။

သို့သော် ဆုစီယာမှာ၊ အထက်ပါ သတိ ပေးချက်ကို စိတ် မ၀င်စား သကဲ့သို့၊ ခံစား နေရ သော နာကျင်မှု ဝေဒနာ ကိုလည်း၊ ဂရု မစိုက်ချေ။

“ ဒါပေမယ့် ... ၊ ငါကတော့ အဆင် မပြေဘူး။ ”

ထိုအချိန်တွင် ဖုန်းကျွယ်မှ မနာ လိုသော လေသံဖြင့် လှမ်းပြောသည်။

“ ဟမ့် ... ၊ နင့်လို အဖိုး ကြီးက ... ၊ သူတို့တွေ အရမ်း လိုက်ဖက် ဆိုတာ ... ဘယ် နားလည် နိုင်မလဲ။ ”

ခရမ်းငယ်က ဖုန်းကျွယ်အား မျက်လုံးပြူး ပြကာ ဟစ်အော် လိုက်သည်။ ထိုစကားကြောင့် ဤကလေးမ လေးသည်၊ တစ်ချိန်လုံး သူ့အား နှိမ့်ချ ဆက်ဆံခဲ့ သည်ကို သတိရ လာ၏။

သင်ခန်းစာ တစ်ခု သင်ပေးချင် လှ သော်လည်း၊ လင်’ယွန်ကြောင့် စိတ်ထိန်းထား ရသည်။ ထို့စဉ် သူ့အကြည့်က ခရမ်းငယ် လက်သို့၊ ကျရောက် သွားသည်။

“ ကောင်မလေး ... မင်း စကားတွေ အများကြီး ပြောနေ တာပဲ၊ အသက် ငယ်ငယ် လေးနဲ့၊ သူတော်စင် အသီး အနှံ၊ ဒီလောက် အများကြီး မလို ပါဘူး၊ ငါ့ကို နည်းနည်း လောက်ပေး။ ”

“ ကိုယ့်ကိုယ်ကို အရှက်မဲ့ တယ်လို့ မထင်ဖူးလား၊ နဂါးလေး သွား ရ အောင်၊ ဒီအဖိုးကြီးက စိတ်ပျက် စရာပဲ။ ”

ဖုန်းကျွယ်ကို တစ်ချက် စိုက်ကြည့်ကာ နဂါးလေးကို ခေါ်လျက်၊ ဆတ်ခနဲ လှည့်ထွက် သွား တော့သည်။

“ ဒီကလေး မလေး ... ။ ”

ဖုန်းကျွယ် စိတ်ပျက် သွားသည်။ သို့သော် တစ်စုံ တစ်ရာ ခံစား လာရ သဖြင့်၊ လှည့်ကြည့် လိုက်ရာ၊ ယဲ့ဇီလင်၊ လောရှုရီ၊ ကျန်းလိချန်နှင့် ဆုစီယာ တို့က သူ့အား ကြည့်နေ သည်ကို တွေ့လိုက် ရ၏။

“ အစ်ကိုကြီး ... ၊ မင်း ကလေး တွေကို အနိုင်ကျင့် နေတာလား။ ”

လင်းယွန်မှ မေးလာသည်။ အမှန်မှာ ထိုကလေးသည် သူ့အား အနိုင်ကျင့် သွားခြင်း ဖြစ်၏။

“ အဟွတ် ... အဟွတ် ... ၊ အဟွတ် ... ၊ ငါ့ဒဏ်ရာတွေ ကုသဖို့ ... ၊ အရင် သွားနှင့် လိုက် တော့မယ်။ ”

တစ်စက္ကန့် မျှပင် ထပ် မနေ တော့ဘဲ ချက်ချင်း ထွက်ခွာ သွားတော့သည်။ ဖုန်းကျွယ် နောက်ကျောကို ကြည့်ပြီး၊ လင်းယွန်မှ စကား မပြောနိုင် တော့ချေ။

“ မိန်းကလေး လော၊ အစ်ကို တျန်ကျန့် အသက်ရှင် နေသေးတယ် ဆိုတဲ့ သတင်း၊ အတိ အကျ ရထားတယ်၊ ဒါပေမယ့် လောလောဆယ် သူ့ကို တွေ့လို့ မရနိုင် သေးဘူး၊ သူ အခွင့် အရေး အချို့ ရထား ပုံပဲ။ ”

လောရှုရီကို မြင်သည်နှင့် လင်းယွန်က ပြောလိုက်သည်။ လောရှုရီ မျက်ဝန်း တောက်ပ လာပြီး၊ စိတ် သက်သာရာ ရသွား ဟန်ဖြင့် ပြုံး ပြလာသည်။

ခဏ အကြာတွင် သူ့ကိုယ်သူ အပြစ်တင် ရှိသူ တစ်ဦး ကဲ့သို့၊

“ သူ ပြန်ကောင်း လာတာနဲ့၊ ငါ့ကို လာရှာမှာ သေချာတယ်၊ ဒါပေမယ့် ... အခု သူ့ကို ငါ ဘယ်လို ရင်ဆိုင် ရမှန်း၊ မသိ တော့ဘူး။ ”

-ဟု ညည်းတွား လိုက်တော့သည်။

ယင်းက အမှန် ဖြစ်သဖြင့်၊ လင်းယွန်မှာ ပြုံးရုံသာ ပြုံးနေ မိသည်။ ယောက်ျားနှင့် မိန်းမ ကြားတွင်၊ တစ်ဖက်သတ် အဖြစ်၊ မည်သည့် အခါမျှ အဆုံး သတ်မည် မဟုတ်ချေ။

“ ဘာပဲ ဖြစ်ဖြစ် ကျေးဇူး တင်ပါတယ်။ ”

သူ တွေဝေ နေစဉ်၊ လောရှုရီမှ ပြောလာ၏။

“ ကျေးဇူးတင် နေစရာ မလို ပါဘူး၊ အရင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် မသိ ခဲ့ကြ ပေမယ့်၊ အခုချိန် မှာတော့ ငါတို့က သူငယ်ချင်း ဖြစ်နေ ပါပြီ၊ ...

... ဒီလောက် အားနာ မနေ ပါနဲ့၊ မင်းကြောင့်သာ မဟုတ်ရင် ... ၊ ငါလည်း တောင်ထိပ်ကို ရောက်မှာ မဟုတ်ဘူး။ ”

ထိုအချိန်က သူသည် အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် တွင်သာ ရှိနေဆဲ ဖြစ်ပြီး၊ ချင်းကန်ကို အနိုင်ယူ နိုင်မည်ဟု တစ်ထစ်ချ မပြောနိုင် သေးချေ။

ထို့ကြောင့် လောရှုရီ၏ အကူ အညီမှာ များစွာ အသုံးဝင် ခဲ့သည်။

“ ကောင်းပြီလေ၊ ဓားဂိုဏ်း ဆိုတာ အရှေ့ဘက် ပျက်သုဉ်း မြေမှာ၊ အပြင်း ထန်ဆုံး ဓားသမားတွေ အတွက် နားခို ရာပဲ၊ ရေှးဟောင်း ပျက်သုဉ်း မြေကြီး မှာတောင်၊ ...

... နာမည်ကောင်း ရှိတယ်၊ လေးနှစ် တစ်ကြိမ်၊ ဖွင့်မဲ့ ဓားဂိုဏ်းရဲ့ တပည့် ရေွးချယ်ပွဲ ကလည်း၊ နှစ်လသာ လိုတော့တယ်၊ အဲဒီ ပွဲက ခမ်းနားတဲ့ ပွဲမိုလို့၊ သခင်လေး လင်းလည်း ရှိမယ်လို့၊ ယုံကြည်တယ်။ ”

လင်းယွန်က မေးစေ့ကို ပွတ်သပ်ပြီး၊

“ ဓားဂိုဏ်း ဝင်ဖို့ တခြား နည်းလမ်းတွေ ရှိသေးတယ် မဟုတ်လား။ )

-ဟု ပြန်မေး လိုက်သည်။

“ ရှိတယ် ... ၊ တန်ခိုးကြီး ဂိုဏ်း တွေက တပည့် အသစ်တွေ လက်ခံတဲ့ အခါ၊ နည်းလမ်း နှစ်သွယ်နဲ့ လက်ခံ ကြတယ်၊ ပထမ နည်းလမ်း က၊ အလား အလာ ကောင်း ရှိတဲ့ လူတွေကို ကြိုတင် ရွေးချယ် ခြင်းပဲ၊ အများ စုက ...

... ထောက်ခံ ပေးတဲ့ လူတွေကြောင့် ချင်းကန်၊ စစ်ခုန်ကျိုးနဲ့ နန်းဂွန်းဇီ တို့လို့ သူတို့ ငယ်ငယ်တည်း ကနေ၊ ဂိုဏ်းက ခေါ်ယူသွား ကြတယ်၊ ဒီနည်းလမ်း အတွက်၊ အခွင့် အရေးကို၊ ...

... အကြီး အကဲ တွေနဲ့၊ ဌာနခွဲ တွေက ကိုင်ထားတယ်၊ ဒါက သူတို့ မျိုးဆက် သစ်တေွ အတွက်၊ ပေးအပ် ထားတဲ့ ခွဲတမ်းပဲ။ ”

သို့သော် ထိုနည်းလမ်းသည်၊ ပါရမီရှင် တိုင်းကို၊ ရှာတွေ့မည် မဟုတ်ချေ။ အချို့မှာ ငယ်ရွယ်စဉ်၊ အရည် အချင်း မပြဘဲ၊ ကြီးပြင်း လာသော အခါ မှသာ ပြသ ကြသည်။

ထိုကြောင့် ၎င်းပါရမီရှင် များ အတွက်၊ ဓားဂိုဏ်းမှ လေးနှစ် တစ်ကြိမ် အခွင့် အရေး ပေးခြင်း ဖြစ်၏။ ယင်းက ပို၍ ခက်ခဲပြီး၊ ပြိုင်ဆိုင်မှု ပို ပြင်းထန်သည်။

အဆုံးတွင် ရှေးဟောင်း ပျက်သုဉ်း မြေကြီး၏၊ ဓားသူတော်စင် သုံးပါး အနက် တစ်ပါး ဖြစ်သော၊ သက်တံဓား သူတော်စင် ရှိသည်။

ထို့ကြောင့် ၎င်းရှိရာ အရိပ်တွင် ခိုလှုံရန်၊ မလွယ် ကူချေ။ ဖုန်းကျွယ်မှာ ထွက်ခွာ သွားပြီ ဖြစ် သဖြင့်၊ မည်သည့် နည်းလမ်းဖြင့်၊ ဓားဂိုဏ်း သို့ ဝင်ရောက် ရမည်ကို၊ မသိ နိုင်။

စမ်းသပ် မှုကို ဝင်ရောက် ရ မည်လော၊ ခွဲတမ်းကို ရရှိထား သည်လော၊ သူ့ကိုယ်သူ မသိ တော့သဖြင့်၊ နောင်တွင် ၎င်းအား မေးမြန်းရန် တေးမှတ် ထားလိုက်သည်။

“ သခင်လေး လင်း ... ၊ မဟာ သူတော်စင် မူလ ပုလဲက၊ ကြီးမားတဲ့ အခွင့်အလမ်း တစ်ခုပါ၊ တစ်ဖက် မှာလည်း ဒါက ပြဿနာပဲ၊ ...

... ဒါကြောင့် မြန်မြန် ဓားဂိုဏ်းကို ဝင်ရောက်ပြီး၊ ပိုသန်မာ လာမှသာ ဘေးကင်းပါ လိမ့်မယ်။ ”

လောရှုရီက လင်းယွန်အား တစ်ချက် ပြန်ကြည့်ကာ၊

“ သခင်လေး လင်းရဲ့ ... အရည် အချင်းနဲ့၊ ဓားဂိုဏ်း အခြေခံ အုတ်မြစ် ပေါင်းစပ် သွားရင်၊ ရှေးဟောင်း ပျက်သုဉ်း မြေကို၊ ကိုင်လှုပ်လာ နိုင်မှာ၊ မြင်မိတယ်။ ”

သူမက လင်းယွန် အပေါ် အကောင်း မြင်သည်။ ခွန်လွန်သို့ ရောက်သည်မှာ၊ နှစ်ဝက် မျှသာ ရှိသေး သော်လည်း၊ ‘ပန်း သင်္ချိုင်း၊’ ဟူသော အမည်ကို၊ လူတိုင်း သိလာ ကြပြီ ဖြစ်သည်။

ရေှးဟောင်း ပျက်သုဉ်း နယ်မြေ၏ မျိုးဆက်သစ် လူငယ်များ ကြားတွင်၊ အလား အလာ ရှိသော၊ ကံကြမ္မာ အကျော် အမော် တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။

“ ငါလည်း ... ၊ ဒီလို ခံစား ရပါတယ်။ ”

“ ဟမ့် ... ၊ နင်က လုံးဝကို မလျော့ ဖူးနော်။ ”

ခပ်တည်တည်နှင့် ပြန်ပြော လိုက်သော လင်းယွန် အမူ အရာကြောင့်၊ ယဲ့ဇီလင်မှ ခေါင်း ယမ်းလျက် ဝင်ပြော မိသည်။

“ မိန်းကလေး လော ... ၊ မင်းမှာ အရေး တကြီး ကိစ္စ မရှိ သေးဖူး ဆိုရင်၊ တိမ်လွှာဓား ဂိုဏ်းမှာ၊ ရက် နည်းနည်းလောက် နေပါ ဦးလား။ ”

“ နက်ရှိုင်း တောင်ကြားကို ... ၊ ခရီးထွက် ရဦးမယ်၊ တျန်ကျန့် အသက်ရှင် နေကြောင်း၊ သူ့ အကြီးအကဲ တေွကို သိစေ ချင်တယ်၊ ...

... တျန်ကျန့်က သတိရ တာနဲ့၊ သူ့ရဲ့ နက်ရှိုင်း တောင်ကြားကို ချက်ချင်း ပြန်လာမှာ သေချာတယ်။ ”

လောရှုရီမှာ အမျိုးကောင်း သမီး တစ်ယောက် ဖြစ်ပြီး၊ တျန်ကျန့်အား ကိုယ်တိုင် မြင်ရ မှသာ၊ စိတ် သက်သာရာ ရမည့် ပုံ ဖြစ်သည်။

“ ဒါဆို ... ၊ ငါတို့ မင်းကို လိုက်ပို့ ပေးမယ်။ ”

ထိုအချိန်တွင် တိမ်လွှာဓား ဂိုဏ်းနှင့် မိုင်(၁၀၀) ဝေးသော အရပ် ဆီ၌၊ လူ (၄)ဦး ဘေးချင်းကပ် ရပ်နေ ကြသည်။

၎င်းတို့မှာ နင်ဖုန်း၊ နန်းဂွန်းဇီ ကျန်းလင်းနှင့် စန်းယန် ကိုယ်တော် ဖြစ်သည်။ အဖြစ် အပျက် တစ်ခု လုံးကို မြင်လိုက် ရပြီးနောက်၊ တုန်လှုပ် ချောက်ချား မှုဖြင့်၊ မှင်တက် နေမိ၏။

“ ဒီလို အိုင်ငယ် လေး ထဲမှာ၊ နဂါး တစ်ကောင်က၊ ဘယ်လိုများ မွေးဖွား လာရ တာလဲ။ ”

“ ဓားဂိုဏ်းကို ရောက် ပြီးရင်၊ သူ ဘယ်လောက် အထိ၊ အစွမ်းထက် လာ မလဲ ဆိုတာ၊ ငါ မှန်းဆလို့ မရနိုင် သေးဘူး။ ”

“ ပင်မ နတ်ဘုရား၊ အဆင့် သတ်မှတ် ချက်ကို ပြောင်းလဲဖို့၊ အချိန် တန်ပြီ ထင်တယ်။ ”

ဓားဂိုဏ်းသို့ ဝင်ရောက် ပြီးသော်၊ ဤ လူသည် ပင်မ နတ်ဘုရား နယ်ပယ် အဆင့် သတ်မှတ် ချက်၏၊ ထိပ်ဆုံး (၁၀) နေရာသို့၊ တက်လှမ်း လာနိုင် မည်ဟု ယုံကြည်၏။

“ ကတုံး၊ မင်းရဲ့ ကျောက်ပြား ဘာဖြစ် သွားလဲ။ ”

နန်းဂွန်းဇီက ရုတ်တရက် သတိရ လာပြီး၊ လှည့်မေး လိုက်သည်။

“ အမှန် အတိုင်း ပြောရရင်၊ လင်းယွန်ကို ငါပေး လိုက်တာ ကြာပြီ။ ”

စန်းယန် ကိုယ်တော်မှ ခေါင်းပွတ်လျက်၊ ပြန်ဖြေလာ သဖြင့်၊ နင်ဖုန်း၊ ကျန်းလင်းနှင့် နန်းဂွန်းဇီမှာ အံ့သြ သွားလေသည်။

“ ဒီကျောက်ပြားက ဘာမှ မဟုတ် ပါဘူး၊ ငါနစ်နာ တယ်လို့ ... ၊ မင်းတို့ ထင်နေ ပေမယ့်၊ လင်းယွန် ကသာ နစ်နာ ခဲ့ရ သူပါ၊ သူရဲ့ နဂါး မိသားစု၊ ခန္ဓာကိုယ် သန့်စင်တဲ့၊ နည်းစနစ်နဲ့ လဲလှယ် လိုက်တယ်။ ”

စန်းယန်က ကျေနပ် စွာဖြင့် သူ့ စကားကို ထပ်ဖြည့် ပြောလိုက်သည်။

“ ငါသာ မမှားရင်၊ ဒီကျောက်ပြားမှာ မူလ သူတော်စင် ရူရ် ပါတဲ့၊ ရွှေကျီးကန်း အရိုး အပြင်၊ ပညာရပ် တစ်ခုခု ပါနိုင်တယ်၊ ...

... ဒါက မင်း ရလိုက်တဲ့၊ အဲဒီ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ထက် အများကြီး တန်ဖိုး ရှိလိမ့်မယ်။ ”

“ မင်းက ငတုံးပဲ ... ၊ နဂါး မိသားစုရဲ့၊ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို လင်းယွန် အဆင့် အထိ၊ ရောက်အောင် လေ့ကျင့် နိုင်မယ် ထင်လို့လား။ ”

“ မင်းမို့ လင်းယွန်က နစ်နာတယ် ပြော ဝံ့တယ်၊ အမှန်တော့ ... အင်ပါ ရီယန် ချန်ပီယံကို အနိုင် ယူနိုင်မဲ့ အခွင့် အရေး၊ မင်း လက်လွှတ် လိုက်ရတာ၊ မသိ ဖူးလား။ ”

တစ်ယောက် တစ်ခွန်း လှောင်ပြောင် လာသော ထိုစကား များကြောင့်၊ စန်းယန်၏ အပြုံးများ အေးခဲ သွားသည်။

“ မင်းတို့ ... ၊ တကယ် ပြောနေ တာလား။ ”

“ စဉ်းစား ကြည့်လေ။ ”

“ ဟား ဟား ဟား ... ။ ”

“ ဟား ဟား ဟား ... ။ ”

“ ကတုံး ငတုံး ... ။ ”

ကံကြမ္မာ အကေျာ် အမော် သုံးပါးက၊ လှောင်ပြောင် ရယ်မောလျက်၊ စန်းယန်ကို ကျောခိုင်း ထွက်ခွာ သွားကြ တော့သည်။

***

All Chapters