← Chapters

သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်။

Vol. 99 Ch. 1374

သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်။

Vol. 99 Ch. 1374

သုံးရက် အကြာတွင်၊ သွေ့ရော် ကျွန်း၌ ဖြစ်ပေါ် လာသော လှိုင်းမှာ၊ ငြိမ်သက် သွားခဲ့ လေသည်။

လင်းယွင်သည် အချိန် နှစ်လခန့် ရရှိထား သဖြင့်၊ ကျင့်ကြံမှု အပေါ် အာရုံစိုက်ရန် ကြံရွယ် ထားသည်။

သူ့တွင် ယုံကြည်ချက် ရှိသော်လည်း၊ စမ်းသပ်မှု ကျရှုံးပြီး၊ ဓားဂိုဏ်းသို့ မ၀င်နိုင် ခဲ့က၊ အရှက် ရပေ လိမ့်မည်။

သူ့ကိုယ်သူ ဓားဂိုဏ်း၏ တပည့် အဖြစ် ခံယူထား သောကြောင့်၊ ဖုန်းကျွယ်အား စီနီယာ အစ်ကိုဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။

ခရမ်းရောင် နန်းတော် နယ်ပယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အင်ပါရီယန် နယ်ပယ်နှင့်၊ ပင်မ နတ်ဘုရား နယ်ပယ် တို့မှာ၊ အန္တရာယ် များသော လမ်း ဖြစ်၏။

မည်မျှပင် သန်မာ နေကာမူ၊ သေမျိုး အဆင့်၌သာ သတ်မှတ် ထားကြဆဲ ဖြစ်သည်။ ပင်မ နတ်ဘုရား အဆင့်ကို ကျော်လွန် မှသာ၊ အကန့် အသတ် မရှိသော သက်တမ်းကို ပိုင်ဆိုင် ပေမည်။

သေမျိုး အထက်တွင်၊ သူတော်စင် အဆင့် ရှိသည်။ ၎င်းသို့ မရောက် ရှိမီ၊ နတ်နဂါး အသွင် ပြောင်းခြင်း ကိုးမျိုးနှင့်၊ နိဗ္ဗာန်ကို ခံယူ ရ၏။

နတ်နဂါး အသွင် ပြောင်းလဲခြင်း (၉) ပါးကို၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ဟုလည်း၊ ခေါ် ဆို ကြသည်။

နဂါးသွေး လွှတ်ကြော ရရှိ လာတိုင်း၊ ခွန်အားမှာ အသွင် ကူးပြောင်းမှု ကြုံတွေ့ ရပြီး၊ ပို၍ သန်မာ လာမည် ဖြစ်သည်။

သွေးလွှတ်ကြော တစ်ခု ရရှိရန်၊ မရဏ ကပ်ဘေးကို ဖြတ်ကျော် ရပေမည်။ ပြီးနောက်၊ မရဏ ဘုံအား ဖြတ်လျက်၊ နိဗ္ဗာန်သို့ စိုက်ရောက် နိုင်၏။

နိဗ္ဗာန်တွင် ဘဝ အဆင့်၊ မရဏ အဆင့်နှင့်၊ နိဗ္ဗာန် အဆင့် ဟူ၍ ရှိ၏။ ၎င်းကို ဖြတ်ကျော်ပြီး မှသာ၊ သူတော်စင် တစ်ပါး ဖြစ်လာ ပေမည်။

ဤသည်မှာ သူတော်စင် တစ်ပါး ဖြစ်လာ စေရန်၊ ဒုက္ခ (၉)မျိုးနှင့် သေခြင်း (၃)ပါး တို့ကို ဖြတ်ကျော် ရမည်ဟု၊ ဆိုလိုခြင်း ဖြစ်၏။

ထို့ကြောင့် နတ်နဂါး ခေတ်၌ သူတော်စင် တစ်ပါး ဖြစ်ရန်၊ မည်မျှ ခက်ခဲ သည်ကို တွေး ကြည့် နိုင်မည်။

ဖုန်းကျွယ်မှာ ဘဝ အဆင့်၌ ဖြစ်ပြီး၊ ကျွားချင်းယန်နှင့် လင်းကျန်းသည်၊ မရဏ အဆင့်တွင် ဖြစ်၏။

၎င်းတို့ အထက်တွင် လောက နိယာမ နယ်ပယ်ဟု၊ ခေါ်သော နိဗ္ဗာန် အဆင့် ရှိသည်။ ထို့ကြောင့် ဖုန်းကျွယ်မှာ ကျွားချင်းယန် ထံမှ တစ်ချက်ပင်၊ မခံယူ နိုင်ခြင်း ဖြစ်၏။

ထိုအချက် အလက် များကို၊ တိမ်လွှာ ဓားဂိုဏ်း၏ စာကြည့် တိုက်မှ၊ ပြန်လည် တွေ့ရှိ လာခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွား နေစဉ်၊ တုန်လှုပ်နေ ခြင်းကြောင့်၊ မည်သည့် အရာ ကိုမျှ၊ သတိ မထား နိုင်ခဲ့ချေ။ အချက် အလက် များဖြင့် တိုက်ယူ တွက်ဆ ရသည်။

ကျန့်ကျန်းရှန် မှာမူ၊ ထူးခြားသော တည်ရှိမှု တစ်ရပ် ဖြစ်သည်။ ရှေးဦးခေတ် ၌ပင် ထိုအဆင့် ထိ၊ ခြေလှမ်း လှမ်းနိုင်သူ ရှားပါး ချေ၏။

ထို့အပြင် ဤအရာက လင်းယွန်ကို ကြောက်စရာ ကောင်းသည့်၊ အချင်း အရာ တစ်ရပ်အား၊ သိလာ စေသည်။

၎င်း ခြေလှမ်းကို မလှမ်းနိုင် ခဲ့ပါက၊ ကျန့်ကျန်းရှန်မှာ ဆယ်နှစ် အတွင်း သေဆုံး သွားမည် ဖြစ်သည်။

အဘယ် ကြောင့် ဆိုသော်၊ သူ့ ခန္ဓာ ကိုယ်သည်၊ ကန့်သတ်ချက်သို့ ရောက်ရှိကာ၊ ကြီးထွား နေသော နဂါး သွေးလွှတ်ကြော များကို၊ မခံနိုင် တော့ခြင်း ဖြစ်သည်။

ကျွားချင်းယန်နှင့် တိုက်ခိုက် ချိန်၌၊ ကျင့်ကြံမှုကြောင့် ကိုယ်လုံး ကိုယ်ပေါက် မှာ၊ ကန့်သတ် ခံလိုက် ရပြီး၊ စွမ်းအား အပြည့် မထုတ်ပေး နိုင်ခဲ့ပေ။

တစ်ဖက်တွင် လောက နိယာမ နယ်ပယ် ရောက်ရှိရန်၊ သူသည် နဂါး သွေး လွှတ်ကြော နယ်ပယ်၊ တစ်ရပ်လုံး ခံနေ သေးသည်။

ထို့ကြောင့် မျက်မှောင် ကြုတ်လျက် လက်ထဲတွင် ရှိသော အမည်ခံ သူတော်စင် မူလ ပုလဲကို ကြည့်မိသည်။

ဤသည်ကို ကျန့်ကျန်းရှန် အတွက်၊ သူတော်စင် နယ်ပယ်သို့ တက်ရောက် နိုင်ရန် မျှော်လင့်ကာ၊ ထားပေး ခဲ့၏။

သို့သော် ပြန်လာ ပေးသွားသည်။ တစ်ချိန် တည်းမှာပင် ဖုန်းကျွယ်အား မပေး ရန်လည်း သတိ ပေးသွား၏။

အမည်ခံ သူတော်စင် မူလ ပုလဲသည်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ အတွက်၊ သင့်တင့် လျောက်ပတ်သော ရတနာ ဖြစ်သည်။

သို့သော် ဖုန်းကျွယ် အတွက်မူ၊ ၎င်းအား မလိုအပ် သေးချေ။ အနာဂတ်တွင် သည့်ထက် ကောင်းမွန်သော အခွင့် အရေး ရှိသည်။

ယင်းက သက်တံဓား သူတော်စင် ထံမှ၊ အမှာ စကား အချို့ကို၊ ပြန်လည် ဝေမျှ ပေးခြင်း ဖြစ်သည်။

ဖုန်းကျွယ်မှာ နောက်ကျ ပန်း တစ်ပွင့် ဖြစ်သည်။ သူတော်စင် နယ်ပယ်သို့ ရောက်ရှိ ချိန်၌၊ အခြားသော ညီအစ်ကို များထက်၊ အဆပေါင်း များစွာ သန်မာ ပေမည်။

ဤသို့ အလား အလာ ကောင်း ရှိ သော်လည်း၊ သူတော်စင် မဖြစ်မီ လိုအပ်ချက် များ စုဆောင်း ရပေ ဦးမည်။

အထက်ပါ အချင်း အရာ အပေါ် သံသယ ဝင်မိ သော်လည်း၊ ယုံကြည်ရုံ မှတပါး အခြား မရှိချေ။

အမည်ခံ သူတော်စင် မူလ ပုလဲကို ကြည့်လိုက် ချိန်၌၊ ခေါင်းကိုက် သွား၏။ မဟာ သူတော်စင် မူလ ပုလဲ၏၊ တံဆိပ် တစ်ခု ကိုသာ ဖွင့်ထား သော်လည်း၊ ၎င်းထက် သာသည်။

ထို့ကြောင့် ကောင်းကင် အဆင့် ရောက် ချိန်၌၊ ဤအမည်ခံ သူတော်စင် မူလ ပုလဲကို၊ အသုံးပြု ရ မည်ဟု နားလည် လာ၏။

တစ်ဖက်တွင် ရွေ့လျားမှု နည်းစနစ်၊ ကျင့်ကြံမှု နည်းစနစ်နှင့်၊ ရုပ်ခန္ဓာ သန့်စင်ခြင်း နည်းစနစ် များမှာ၊ သန်မာလှ သော်လည်း၊ လိုက်ဖက်သော ဓားရေး၊ ရှားပါး နေသည်။

လက်သီး နည်းစနစ်တွင်၊ ဆုပ်ကိုင် စရာ များစွာ ကျန်ရှိနေ သေး၏။ ခွန်အား အရ၊ နေလ လက်သီး သာလျှင်၊ အသင့်လျော်ဆုံး ဖြစ်သည်။

ဓားရေး တွင်မူ အနည်းငယ် သနားစရာ ကောင်းနေသည်။ တိမ်လွှာဓား (၁၃) ကွက်မှာ၊ အင်ပါ ရီယန် နယ်ပယ် အတွက်သာ အဆင် ပြေ၏။

ပင်မ နတ်ဘုရား များ အတွက်မူ၊ နောက်ဆုံးသော ဓား(၃)ကွက် ဖြင့်သာ ထိရောက် တော့သည်။

ထို့ကြောင့် ဓားဧကရာဇ်မှ ချန်ပေး ခဲ့သော လက်ဆောင်သည်၊ သူ့အတွက် များစွာ တန်ဖိုး ရှိပေ၏။

သို့သော် ပင်မ နတ်ဘုရား နယ်ပယ်ဖြင့်၊ ဆုပ်ကိုင် နိုင်သော အရာ မဟုတ်ဟု ထင်သည်။

“ ဒါဆို ... ၊ ငါ့ရဲ့ နယ်ပယ်ကို ... ၊ ဝိညာဉ် ရေးရာ လမ်းကြောင်းနဲ့၊ ချဲ့ထွင် ကြည့်ရမယ်။ ”

သူ့တွင် ရွှေကျီးကန်း မူလ သူတော်စင် ရူရ်နှင့်၊ သွေးမီးတောက် နတ်ဘုရား ရူရ်တို့ ရှိ လေသည်။

လုံလောက်သော အရင်း အမြစ် များသာ ရှိပါက၊ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါး ဖြစ်လာ နိုင်၏။

သည့်နောက် နှင်းဆီ ပန်းချီကို နားလည်ရန် ထပ်မံ ကြိုးစား နိုင်သည်။ သွေ့ရော် သူတော်စင် အဆို အရ၊ ဤပန်းချီ ကားတွင် ဓားရေး သုံးရပ် ရှိသည်။

ဆည်းဆာ အလင်း၊ အပူ အပင် မဲ့ခြင်းနှင့် ကောင်းကင် (၉)ပါး ဖြစ်သည်။

“ ဒါဆို ... စလိုက် ရအောင်။ ”

ချက်ချင်း လုပ်ဆောင်ရန် ကြံစည် လိုက်သည်။ သူ့ အတွက် တင်းကျပ်သော လိုအပ်ချက် တစ်ရပ် ရှိနေ၏။

ရှေးဟောင်း ပျက်သုဉ်း မြေသို့၊ သွား တော့မည် ဖြစ်ရာ၊ ပင်မ နတ်ဘုရား နယ်ပယ် ပါရမီရှင် များနှင့်၊ ယှဉ်ပြိုင် ရ ပေမည်။

သူ့တွင် ကြီးကျယ် ခမ်းနားသော ဂုဏ် သတင်းနှင့်၊ မဟာ သူတော်စင် မူလ ပုလဲ ရှိ သောကြောင့်၊ စိန်ခေါ် လာကြ မည်မှာ၊ သေချာ၏။

အမည်ခံ သူတော်စင် မူလ ပုလဲတွင်၊ သေဆုံးသွား သူ၏၊ ကျင့်ကြံမှု အသိ အမြင်များ သာမက၊ စိတ်ဝိညာဉ် စွမ်းအင် များလည်း ပါဝင်သည်။

စိတ် ဝိညာဉ် စွမ်းအင် များမှာ၊ ဝိညာဉ် ရေးရာ ဆရာ သခင်များ အတွက်၊ အခြေခံ အုတ်မြစ် ဖြစ်၏။

ရည်ရွယ် ချက်မှာ ရိုးရှင်း လှ၏။ အမည်ခံ သူတော်စင် မူလ ပုလဲရှိ၊ စိတ် ဝိညာဉ် စွမ်းအင် များကို၊ ပြန်လည် သန့်စင်ရန် ဖြစ်သည်။

စိတ်ဝိညာဉ် နန်းတော်ရှိ၊ ဝိညာဉ် ရေးရာ ရူရ်ကို အသက်သွင်း လိုက်သည်။ ၎င်းမှာ သူ့ကို တတိယတန်း ဝိညာဉ်ရေး၊ ဆရာ သခင် တစ်ဦး ဖြစ်လာ စေသော၊ မီးလျှံ ငှက်မွှေး ရူရ် ဖြစ်၏။

ထိုရူရ် အတွင်း ပါရှိသော၊ စိတ်ဝိညာဉ် စွမ်းအင်သည်၊ အမည်ခံ သူတော်စင် မူလ ပုလဲ နှင့် ယှဉ်က၊ ဘာမှ မဟုတ်ချေ။

အမည်ခံ သူတော်စင် မူလ ပုလဲကို၊ တစ်ထောင်ပုံ တစ်ပုံ မျှသာ ချေဖျက် နိုင်ရုံဖြင့်၊ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်၊ တစ်ဦး ဖြစ်လာ နိုင်သည်။

မီးလျှံ ငှက်မွှေး ရူရ်က၊ အမည်ခံ သူတော်စင် မူလပုလဲ အတွင်း ရှိသော၊ စိတ်ဝိညာဉ် စွမ်းအင် ကို၊ စတင် စုပ်ယူ သည်။

စိတ်ဝိညာဉ် နန်းတော်မှ မြင့်မြတ်သော ရောင်ဝါများ၊ ဖြည်းညှင်းစွာ တောက်ပ လာ၏။ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်ရန်၊ ပြင်ပ အကူအညီ အသုံး ခြင်းသည် ဖြတ်လမ်း နည်း ဖြစ်၏။

စစ်မှန်သော သူတော်စင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် များကို မမီချေ။ သို့သော် ရူရ်များ ရေးထွင်းခြင်း၊ အစီရင် ချမှတ်ခြင်း၊ လက်နက်များ သန့်စင်ခြင်း၊ စသည် တို့အား မလိုအပ် သဖြင့်၊ အဆင်ပြေသည်။

နှင်းဆီ ပန်းချီတွင် ဝှက်ထားသည့်၊ ဒုတိယ ဓားရေးကို မြင်နိုင်သော အခြေခံ အုတ်မြစ်သာ လိုအပ်သည်။

ဤသို့ဖြင့် လင်းယွန် တစ်ယောက် လဝက်ကြာ၊ အမည်ခံ သူတော်စင် မူလ ပုလဲကို၊ သန့်စင် နေခဲ့သည်။

စိတ် ဝိညာဉ် စွမ်းအင်များ စုရုံးမိ လာပြီး၊ စိတ်ဝိညာဉ် နန်းတော်မှ၊ အသွင် ပြောင်းလို သည့်၊ လက္ခဏာများ ပြသ လာသည်။

ယင်းကြောင့် စိတ်ဝိညာဉ် တစ်ခုလုံး ပူလောင်ကာ၊ စိတ်ဝိညာဉ် နန်းတော် ပေါက်ကွဲ လုနီးပါး ဖြစ်လာ တော့၏။

“ သူတော်စင် ရူရ်ကို ရေးထွင်းရန် အချိန် တန်ပြီ။ ”

အသက် ပြင်းပြင်း ရှူပြီး၊ ရွှေကျီးကန်း မူလ သူတော်စင် ရူရ်အား၊ စတင် ထွင်းထု တော့၏။ ဆိုလို သည်မှာ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ ပင်မ အမြုတေတွင် ထွင်းထု ထားသော ရူရ်ကို အတုယူ လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ ပင်မ အမြုတေရှိ၊ ရူရ် သာလျှင်၊ မူလ သူတော်စင် ရူရ် အဖြစ်၊ ဆက်ရှိ နေမည် ဖြစ်သည်။

ယခု ရေးထွင်းသော ရူရ် ကိုမူ၊ မူလ သူတော်စင် ရူရ် အဖြစ်၊ သတ်မှတ် နိုင်တော့မည် မဟုတ်ချေ။

အရည် အသွေး အရ၊ ၎င်တို့ နှစ်လုံးကြား ကြီးမားသော ကွာခြားချက် ရှိသည်။ သို့သော် ၎င်းသည်ပင် အဆင် ပြေသည်။

လေး နာရီကြာ ပြီးနောက်၊ ရွှေကျီးကန်း ရူရ်က စိတ်ဝိညာဉ် နန်းတော် အတွင်းရှိ၊ မီးလျှံ ငှက်မွှေး ရူရ် နေရာ၌၊ အစားထိုး လာသည်။

ရွှေကျီးကန်း ရူရ် ရသည်နှင့်၊ စိတ်ဝိညာဉ် နန်းတော် တစ်ခုလုံး၊ လင်းထိန်ကာ ပြောင်းလဲ သွား တော့၏။

“ နောက်ဆုံးတော့ ... ၊ ငါက သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်လာပြီ။ ”

လင်းယွန်က ထရပ်ကာ၊ သူ့ နေအိမ်မှ ထွက်ပြီး၊ တောင်ထိပ် တစ်ခုပေါ် ပျံသန်းသွား တော့သည်။

“ ဝှစ် ... ။ ”

ထောင်ထိပ်သို့ ခြေချ မိသည်နှင့်၊ မျက်လုံးများ မှိတ်လျက်၊ စိတ်ဝိညာဉ်အား ဖြန့်ကျက် လိုက်သည်။

မိုင် တစ်ရာ ပတ်လည်ရှိ အရာ အားလုံး အပေါ်၊ မျက်လုံးဖြင့် မြင်လာရ သကဲ့သို့၊ စိတ်ထဲ ပေါ်လာ၏။

သည့်နောက် မိုင်ငါးရာ အထိ တိုးမြင် လာ တော့သည်။ ဓား ရည်ရွယ် ချက်ကို သုံးလျှင်ပင်၊ ဤမျှ လောက် ရှင်းလင်းခြင်း မရှိချေ။ ထို့ကြောင့် ဝမ်းသာ သွား၏။

“ သူတော်စင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါးရဲ့၊ စိတ်ဝိညာဉ် စွမ်းအင် ထိန်းချုပ် နိုင်မှုက၊ အံ့သြ စရာ ပါပဲ။ ”

ရန်သူ များနှင့် တိုက်ခိုက် ရာတွင်၊ အခွင့် အရေးများ ရရှိမည် ဖြစ်ပြီး၊ အန္တရာယ် များစွာ ကိုလည်း၊ ကြိုတင် သိမြင် ရှောင်ရှားနိုင် ပေမည်။

သို့သော် သူတော်စင် ရူရ် တစ်လုံး တည်းကိုသာ ရေးထွင်း ထားသဖြင့်၊ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဖြစ်၊ ခေါ်ဆိုရန် အားနည်း နေသေးသည်။

မေးစေ့ကို ပွတ်လျက်၊ စဉ်းစားခန်း ဝင်မိသည်။ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် များကို၊ (၉) ဆင့် ခွဲထားပြီး၊ ၎င်းအထက် တွင် ကောင်းကင် အဆင့် ရှိ၏။

တိုက်ပွဲဝင် စွမ်းရည် အရ၊ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ၊ ဆရာ သခင် များသည် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူ များနှင့် ယှဉ်နိုင်သည်။

ထက်မြက်သော ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် များမူ၊ သူတော်စင် များကိုပင်၊ ရင်ပေါင်တန်း နိုင်၏။

၎င်းတို့သည် သူတော်စင် ရူရ် တစ်ထောင် လက်နက်များ သွန်းလုပ်ခြင်း၊ အစီရင် ခင်းကျင်း တပ်ဆင်ခြင်း၊ ဆေးလုံး သန့်စင်ခြင်းနှင့် ရုပ်သေးများ ထိန်းချုပ်ခြင်း စသည့် နည်းလမ်းများ ပိုင်ဆိုင် ပေသည်။

“ အခု ... ၊ သူတော်စင် ရူရ် တစ်လုံး ကိုပဲ ဆုပ်ကိုင်ထား နိုင်တာ ဆိုတော့၊ ဒါတွေ ငါမလုပ် နိုင်ဘူး၊ ဒါပေမယ့် ... နှင်းဆီ ပန်းချီ ကားကို မြင်နိုင် သရွေ့၊ အဆင်ပြေ ပါတယ်။ ”

လင်းယွန်က စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့်၊ နှင်းဆီ ပန်းချီကားကို၊ ပြုံးလျက် ထုတ်ယူ လိုက် တော့သည်။

***

All Chapters