အပူပင် ကင်းမဲ့သော ဓား(၉)ကွက်။
Vol. 99 Ch. 1375
သူ့အတွက် ကြောက်ရွံခြင်း ဟူသည်မှာ၊ ရှားရှား ပါးပါး ဖြစ်ချေ၏။ နှင်းဆီ ပန်းချီကား မည်မျှ အစွမ်းထက် ခဲ့သည်ကို၊ မှတ်မိ နေသေး သည်။
ထိုစဉ် အချိန်က ခရမ်းရောင် နန်းတော် နယ်ပယ် ကျွမ်းကျင် ပညာရှင် သုံးဦးကို အနိုင် ယူရန်၊ ၎င်းကို အသုံးပြု ခဲ့သည်။
ထို့ကြောင့် တိမ်လွှာဓား (၁၃) ကွက်ထက် များစွာ အားကောင်း လာမည်မှာ သေချာသည်။ ယင်းက ပန်းချီကား ထဲမှ ဓား ရောင်ခြည်သည် သူ့အား သတ်ပစ်နိုင် မည်ဟု အဓိပ္ပါယ် ရ၏။
တစ်ဖက်တွင် သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်၊ ဖြစ်လာ စေရန် ဖြတ်လမ်း နည်းကို သုံးခဲ့ ရသည်။
ထို့ကြောင့် စစ်မှန်သော ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး မဟုတ်ချေ။
“ အဆင် မပြေ ရင်တော့ ... ၊ ဓားဂိုဏ်း ဝင်ပြီးမှပဲ ... ၊ ဝိညာဉ် ရေးရာ ရူရ် တွေကို ထပ် လေ့လာ ရမှာပဲ။ ”
သူတော်စင် ရူရ် တစ်လုံး၏ အကျိုး ကျေးဇူးမှာ အံ့သြ စရာ ကောင်းလွန်းသည်။ လူတိုင်း အတွက် မနာလို စရာ ဖြစ်၏။
ပန်းချီကားကို ဖြန့်ထုတ် လိုက်သော အခါ၊ ရင်းနှီး နေသော ကျားဖြူ ပေါ်လာသည်။ ၎င်းက ပထမ အကြိမ် ကြည့်စဉ် ကထက်၊ များစွာ သန်မာ နေသည်။
ထိုဖိအားကို ခံနိုင်ရန်၊ အရိယာ ကောင်းကင် ဓားအား၊ ထုတ်လွှတ် လိုက်သည်။ နှင်းဆီပန်းကို ကိုင် ထားသော လက်တစ်စုံ ပေါ်လာ၏။
ကျားက မျက်စိ မှိတ်လျက်၊ နှင်းဆီ ရနံ့ကို ရှူရှိုက်နေသည်။ သင်းပျံ့သော ရနံ့ လင်းယွန်ပင် ရရှိ လာ၏။ ဆည်းဆာ အလင်း ဓားက နောက်တစ်ကြိမ် ပေါ်လာသည်။
ပြီးနောက် မြင်ကွင်းများ ပြိုကျ လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်မှု ရောင်ဝါများ ပြည့်နှက် နေသည့်၊ မြေပြင် အဖြစ် ပြောင်းလဲ သွား၏။
အဆုံးတွင် ထိုမြေပြင်၌ သူကိုယ်တိုင် ရှိ သကဲ့သို့ ဓား ရည်ရွယ်ချက်မှ အလွန် အန္တရာယ် များသော ရောင်ဝါကို အာရုံခံ မိလာသည်။
“ ကောင်း ကင် ... ။ ”
ရုတ်တရက် အသံတစ်သံ ကြားလိုက် ရသည်။ ယင်းကြောင့် ဓား ရည်ရွယ်ချက်မှာ၊ ပြိုကျ လာပြီး၊ ချက်ချင်း သွေးတစ်လုတ် အန်လိုက် ရ၏။
“ မြေ ကြီး ... ။ ”
ဤတစ်ကြိမ်၌ နောက်သို့ ခြေလှမ်း သုံးလှမ်း ဆုတ်ခွာလျက် သေွး ထပ်အန်သည်။
“ သမုဒ္ဒရာ၊ ပျက်စီးခြင်း၊ လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ။ ”
ထိုစကား သံများ ဆက်တိုက် ထွက်လာ သဖြင့်၊ ခြေလှမ်း တစ်ရာခန့် ဆုတ်ခွာ ရကာ၊ မြေပြင်ပေါ် ဒူးထောက် ကျသွားသည်။
အသား အရေ ဖြူပြာ သွားပြီး၊ ဦးခေါင်း တစ်ခုလုံး ကွဲအက်တော့မည် ကဲ့သို့၊ နာကျင်မှု များ ခံစား လာရ သည်။
ထိုစကား များက စိတ်ဝိညာဉ် အတွင်း၊ ဆက်လက် ပဲ့တင် ထပ်နေ၏။ ပြင်းထန် လွန်း သောကြောင့်၊ စိတ် ဝိညာဉ်ပင် မှိန်ဖျော့ သွားသည်။
ဝေဒနာကို မခံစား နိုင်တော့ သဖြင့်၊ စကားသံအား မောင်းထုတ် မိသည်။ ဤအခိုက် တွင် ရွှေကျီးကန်း မူလ သူတော်စင် ရူရ်က လင်းလက် သွား၏။
သူတော်စင် ရောင်ဝါများ ထွက်ပေါ် လာပြီးနောက်၊ အသံ လှိုင်းကို ချေဖြတ် လိုက် သဖြင့်၊ ခံစား နေရသော နာကျင်မှုများ၊ သက်သာ လာသည်။
တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာကာ၊ မှုန်ဝါး နေသော မြင်ကွင်း များသည် လည်း၊ ကြည်လင် လာတော့၏။
“ ငါ သိပြီ။ ”
လင်းယွန်က ချက်ချင်း ထရပ် သည်။ ကွဲအက် နေသော ရှုခင်း များက ပြန်လည် ကောင်းမွန် လာသည်။
“ အပူပင် ကင်းမဲ့သော ဓား (၉) ကွက်၊ ဒီဓားရေးမှာ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ ပျက်စီးခြင်း၊ လေ၊ မီး၊ လျှပ်စီးနဲ့ ရေခဲ ပုံစံ ဆိုပြီး၊ ပုံစံ ကိုးမျိုး ရှိတယ်။ ”
ပန်းချီကား ထဲမှ အသံ တစ်သံ ထွက်ပေါ် လာသည်။ ပုံစံ (၉) မျိုးဟု အခိုင်အမာ ဆိုသော် ငြားလည်း၊ (၈) မျိုးသာ ရွတ်ဆို ပြခဲ့၏။ နဝမ မြောက် ဓား ပါမလာ ခဲ့ချေ။
“ ကောင်းကင် ဓားပုံစံမှာ ဓားချက် သုံးဆယ့်ခြောက်ချက် ရှိတယ်။ ”
အပြာဝတ် ဓားသမားက သူ့ လက်ညှိုးဖြင့်၊ လေထဲ ရေးဆွဲ ပြသည်။
“ ပထမ ကောင်းကင် ... ။ ”
“ ဒုတိယ ကောင်းကင် ... ။ ”
“ တတိယ ကောင်းကင် ... ။ ”
“ စတုတ္ထ ကောင်းကင် ... ။ ”
“ ပဉ္စမြောက် ကောင်းကင် ... ။ ”
“ ..... ။ ”
စသည်ဖြင့် ပုံစံများ ရေးပြ လာသည်။ လေထုအလယ် အငွေ့ အသက် များက မှင်များ သဖွယ်၊ ဓားရေး တစ်ရပ်ကို ကစား ပြလာ၏။
“ ဆတိံသ မြောက် ... ကောင်းကင် ... ။ ”
( ဆတိံ = ၃၆ ကြိမ်မြောက်)
သုံးဆယ့်ခြောက် ကြိမ်မြောက် လွှဲပြီး သောအခါ၊ ဓားရောင်ခြည် (၃၆) စင်းက လေထဲ ဖြစ်တည် လာသည်။
ရုတ်တရက် ကောင်းကင်ကြီး မှောင်မိုက် လာပြီ၊ ရှေးဟောင်း အက္ခရာဖြင့် ရေးထားသော ‘ကောင်းကင်’ ဟူသည့်၊ စကားစု ပေါ်လာ၏။
လောကရှိ အရာ အားလုံး ထိုစကားစုထံ ဦးညွှတ်သွား သကဲ့သို့၊ ခံစားမှုမျိုး ပေးဆောင် လေသည်။ ဤသို့သော ဓားရေးမျိုး မတေွ့ဖူး သောကြောင့်၊ စိတ်လှုပ်ရှား လာသည်။
“ မြေ ကြီး ... ။ ”
အပြာဝတ် ဓားသမားက ပိုမို မြန်ဆန်စွာ ရွေ့လျား လာသောကြောင့်၊ ဓား ရည်ရွယ်ချက် ဖြင့်ပင်၊ မနည်း ကြည့်ယူ ရသည့် အဆင့်သို့ ရောက်ရှိ လာသည်။
အရာ အားလုံး ရှင်းရှင်း လင်းလင်း မမြင် နိုင်တော့ချေ။ စကားစု (၈)စု စုံသော အခါတွင်၊ ‘အပူပင် ကင်းမဲ့ခြင်း’ ဟူသော၊ စကားစု အဖြစ် ပေါင်းစည်း သွားသည်။
ထိုစကားစုမှာ အပြာဝတ် ဓားသမားကို တောင်ပိုင်း ဧကရာဇ် အဖြစ်၊ ကျော်ကြားသွား စေခြင်း ဖြစ်ကြောင်း နားလည် လိုက်၏။
စကားလုံး (၈)လုံး ဆုံချိန်၌၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ ကမောက် ကမ ဖြစ်ကာ၊ ကမ္ဘာကြီး ချာချာလည် သွားသည်။
စကားစု (၈) စုတွင် ‘အပူပင် ကင်းမဲ့ခြင်း’ ဟူသော ခံစားချက်များ ပါ၀င်ပြီး၊ လင်းယွန်ကို အပြည့် အဝ လွှမ်းမိုး လာတော့သည်။
“ နေဦး ဒါက ... ဓား ပုံစံ (၉)မျိုး မဟုတ်လား။ ”
ရုတ်တရက် နောက်ဆုံး ပုံစံ မပါ သေးကြောင်း၊ ပြန်သတိရ လာသည်။ ထို့စဉ် ဝမ်းနည်း ပူဆွေး နေသော အသံက၊ ဖြစ်စဉ် များကို၊ ပြိုကွဲ သွားစေ ခဲ့သည်။
“ ဒါပေမယ့် ... လောက ကြီးမှာ အပူပင် ကင်းကင်းနဲ့ ... ၊ နေနိုင် ဖို့က ခက်တယ်။ ”
အပြာဝတ် ဓားသမားက၊ နဝမမြောက် ဓားပုံစံကို မလွှတ်ဘဲ၊ လက်ကို ဝှေ့ယမ်း ပစ်ရာ၊ ပန်းချီကား ပိတ်သွားပြီး၊ သူ့ လက်ထဲ ပြန်ကျ လာ တော့သည်။
“ ဟူး ... ။ ”
တောင်ပိုင်း ဧကရာဇ် သည်သာ၊ ထိုနောက်ဆုံး ဓားကို ဆွဲလိုက်သော်၊ ပန်းချီကား အပြင်တွင် ရှိသော သူပင်၊ အသတ်ခံ ရမည်ဟု၊ ခံစားမိ သဖြင့်၊ စိတ် သက်သာရာ ရသွား၏။
စကားစု (၈) စု ပါသော ဓားချက်များ နောက်ရှိ၊ ‘အပူပင် ကင်းမဲ့ခြင်း’ ဟူသော ခံစား ချက်မျိုး၊ သူ ရရှိသည်။
သို့သော် နောက်ဆုံးတွင် အကန့် အသတ် မရှိသော ဝမ်းနည်းမှု၊ နာကျည်းမှုနှင့် ဒေါသများ ပြည့်နှက် လာ၏။
ထို့ကြောင့် ‘အပူပင် ကင်မဲ့ခြင်း’ ဟူသည့်၊ ထိုဝေါဟာရ၏ အဓိပ္ပါယ်ကို ပျက်စီး သွားစေ တော့သည်။
“ ဒါပေမယ့် ... လောက ကြီးမှာ အပူပင် ကင်းကင်းနဲ့ ... ၊ နေနိုင် ဖို့က ခက်တယ်။ ”
အကြိမ်ကြိမ် ရေရွတ်လျက်၊ အတွေး နက်သွားသည်။ တောင်ပိုင်း ဧကရာဇ်မှ (၉) ကွက်မြောက် ဓားပုံစံတွင်၊ တစ်စုံ တစ်ရာကို ရှာဖွေ တွေ့ရှိ သွားပုံ ရသည်။
တစ်ချိန်တည်း မှာပင် ပန်းချီကားကို ဖြည်ချိန်တိုင်း အဘယ်ကြောင့် အန္တရာယ် အငွေ့ အသက်၊ ရခဲ့ သည်ကို သိရှိ လာမိ၏။
ပန်းချီကားကို သိမ်းဆည်းပြီး မြေပြင်ပေါ် ထိုင်ချကာ၊ သူ ဖမ်းမိ သမျှကို စတင် ချေဖျက် သည်။
ကောင်းကင် ပုံစံရှိ၊ ဓားတစ်ချက် စီ၏ နောက်ကွယ်မှ စွမ်းအားသည် စိတ်ခံစားချက် အပေါ် မူတည်ကာ၊ ကွဲပြား သောကြောင့် ကြောက်မက်ဖွယ် ကောင်းချေသည်။
“ ကောင်းကင်နဲ့ အပူပင် ကင်းမဲ့ခြင်းက ဘာမှ မဆိုင်ဘူး၊ ဒါက ကောင်းကင် အောက်မှာ ပေါ့ပေါ့ ပါးပါး နေခိုင်း တာလား။ ”
သို့သော် စိတ် ဝိညာဉ်မှ လက်ခံ နိုင်သည့် အချက် အလက် များမှာ၊ ဤမျှသာ ဖြစ်သဖြင့်၊ အပူပင် ကင်းသော ဓား (၉)ကွက်က မပြည့်စုံ ခဲ့ခေျ။ နှမေျာ စရာ ပေပင်။
“ ကောင်းကင် ပုံစံ နဲ့ပဲ စလိုက် ရအောင်။ ”
ကြယ်စွမ်းအင် များကို ဖြန့်လျက် ဓားရေး အပေါ် ပြန်တွေး မိသည်။ အသစ် ရရှိ လာသော ဓားသုတ္တန် အတိုင်း၊ ကြယ်စွမ်းအင် များကို စီးဆင်း စေလိုက်၏။
ကောင်းကင် ပုံစံ တစ်ခုတည်း ကပင်၊ များပြား လှသော ရည်ရွယ်ချက်များ ရှိနေရာ၊ လေ့ကျင့် ရာ၌ ထင်သလောက် မလွယ် ခဲ့ချေ။
(၇) ရက်ကြာ ပြီးနောက်၊ ကောင်းကင် ဓားပုံစံ (၃၆) မျိုးရှိ၊ (၁၈) မျိုးကို နားလည် လာ လေသည်။
ထို့ကြောင့် ‘ကောင်းကင်’ ဟူသည့် ဝေါဟာရကို ဆင့်ခေါ် နိုင်ရန် အလှမ်း ဝေးနေ သေး၏။
အရိယာ ကောင်းကင် ဓားကို ရရှိ ချိန်မှ စကာ၊ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် များကို ကျွမ်းကျင်ရန်၊ ပြဿနာ မရှိခဲ့ချေ။
အနည်းငယ် ရှုပ်ထွေးသော အရာများ အတွက်ပင်၊ လက်ဖက်ရည် တစ်အိုး ပွက်ပွက် ဆူသည့် အချိန်မျှ လောက်သာ လိုအပ် လာသည်။
သို့သော် ဤ ‘အပူပင် ကင်းမဲ့သော ဓား(၉)ကွက်၊’ ကိုမူ အချိန် များစွာ ပေးအပ်နေ ရသည်။ လုံးဝ နားမလည် နိုင်သေး ချေ။
“ ဟီး ဟစ် ဟစ် ... ။ ”
ထိုနောက် နဂါးလေးကို မြင်း အသွင် ပြောင်းလဲ စေကာ၊ မရပ် မနား စီးနင်းလျက်၊ ကျန်ရှိ နေသော ဓားချက် များကို ဖမ်းယူ နေမိသည်။
(၇) ရက် ထပ်မံ ကုန်လွန် ပြီးနောက် သက်ပြင်း ချကာ ရပ်နား လိုက်စဉ်၊ ခရမ်းငယ် ရောက်ရှိ လာ၏။
ကောင်းကင် ပုံစံကို ဆင်ခေါ် နိုင်ပြီ ဖြစ်သည်။ ၎င်းကို နားလည်ရန် အချိန် (၁၅) ရက်ခန့်၊ ပေးလိုက်ရ လေသည်။
“ လင်းယွန် ... နင် အများကြီး လေ့ကျင့် ပြီးပြီ၊ ဒါက ... နင့်ကို ထုံထိုင်း သွားစေ လိမ့်မယ်၊ ဒီဧကရီကို ပေးထားတဲ့ ကတိ မေ့သွား ပြီလား၊ အုပ်စိုးရှင် နတ်ရူရ်ကို ယူရမဲ့ အချိန် ကျပြီ။ ”
ထိုစကားကြောင့် ပြုံးပြီး ပန်းသင်္ချိုင်း ဓားအား ပြန်သိမ်း လိုက်၏။ ကျန့်ကျန်းရှန်နှင့် စကား ပြောရန် အချိန် တန်ပြီ ဖြစ်သည်။
ကောင်းကင် ပုံစံကို အာရုံစိုက် လွန်းနေ သဖြင့်၊ ယနေ့ ဓားသူတော်စင် တောင်တန်းအား ဖွင့်ပေးရန်၊ ချိန်းဆိုထား သည်ကို၊ မေ့လျော့ သွား ခဲ့၏။
“ ငါ့မှာ မေးခွန်း နည်းနည်း ရှိတယ်။ ”
“ ဘာလဲ ... ။ ”
ခရမ်းငယ်မှ မေးဆက် ပြ၏။ အုပ်စိုးရှင် နတ်ရူရ်မှ လွဲ၍၊ မည်သည့် အရာကိုမျှ၊ သူမ စိတ် မဝင်စား နိုင်သေးချေ။
“ ဒီရွှေနဂါး အရိုးကို၊ ငါ ဘာလုပ် သင့်လဲ။ ”
နဂါး အရိုးကို ထုတ်ပြကာ မေးသည်။ ချင်းကန်သာ သိပါက ဒုက္ခပေး နိုင် သည်မို့၊ မည်သူ့ ကိုမျှ မပေး သင့်ချေ။
ထို့အပြင် ရွှေနဂါး အရိုး၌ ချင်းကန်၏ အငွေ့အသက် များ ရှိနေ သေးသည်။ ထိုဆန္ဒကို လုံးဝ ဖယ်ရှားရန် ခက်ခဲပြီး၊ သူ၏ သူတော်စင် နဂါး ခန္ဓာကိုယ် နှင့်လည်း၊ မလိုက် ဖက်ချေ။
“ နဂါး လေးကို ကျွေးလိုက်၊ ခစ် ခစ် ခစ် အလကား ပြောတာ စွပ်ပြုတ် လုပ်လိုက်၊ ဒီမှာ နင် ငါ့ကို ပေးထားတဲ့ သူတော်စင် အသီး အနှံ တွေ ရှိသေးတယ်၊ ငါ မသုံး ထားဖူး၊ ဒါနဲ့ဆို အရမ်း အရသာ ရှိလိမ့်မယ်။ ”
ပြောနေ လျက်ဖြင့် တံတွေး တစ်လုတ် မျိုချ လိုက်သော ခရမ်းငယ်ကို ကြည့်ကာ၊ လင်းယွန်မှ ကျောချမ်း သွားသည်။
သူမ သက်တမ်း တစ်လျှာက်၊ ဤသို့ မည်မျှ ချက်ပြုတ် စားသောက် နေခဲ့ မည်ကို မတွေးနိုင် တော့ချေ။
***