ရွှေနဂါး အရိုး စွပ်ပြုတ်။
Vol. 99 Ch. 1376
“ နင်ရော ... ဘယ်လို ထင်လဲ၊ တစ်ခုခု ပြောပါဦး။ ”
လင်းယွန်ကို စိုက်ကြည့်ပြီး ခရမ်းငယ်က မေးသည်။ သူမက ချင်းကန် အပေါ် မကျေလည် နိုင်သေးကြောင်း၊ သိသာ နေ၏။
“ ခရမ်းငယ် ငါတို့ အခု၊ အုပ်စိုးရှင် နတ်ရူရ်ကို အရင် ယူကြရင် ကောင်းမလား။ ”
“ ဟမ့် ... ၊ အုပ်စိုးရှင် နတ်ရူရ်ကို ... ထုတ်ယူ တာက၊ အန္တရာယ် များတယ်၊ ဒါကြောင့် ဘာဖြစ် လာမလဲ ဆိုတာ၊ ငါတို့ မသိနိုင် သလို၊ အဲဒီ မှာလည်း သေသွား နိုင်တယ်။ ”
“ နားလည်ပြီ ... ၊ ငါက ရွှေနဂါး အရိုးကို စွပ်ပြုတ် လုပ်ပြီး ... ၊ မသေခင် ဗိုက်ဖြည့် ထားဖို့ လိုတယ်၊ လိုတာ လေးတွေ သွားယူ ရ အောင်။ ”
ရွှေနဂါး အရိုးကို စွပ်ပြုတ် ပြုလုပ်ရန် လွယ်ကူမည် မဟုတ်ချေ။ သာမန် အိုးခွက်က အလုပ် မဖြစ်ကြောင်း သူ သိသည်။
ထို့ကြောင့် တိမ်လွှာ ဓားဂိုဏ်း ထံမှ၊ အိုးတစ်လုံး ငှားယူ လိုက်သည်။ သို့သော် နဂါး အရိုး ချည်းပဲ ဆိုက ဟင်းချိုမှာ၊ နည်းနည်း လိုအပ်ချက် ရှိနေ သေးသည်။
ဖုန်ကျန်းနှင့် လျူချင်းယန် တို့အား၊ ပင်လယ်ပြင်မှ နှင်းနဂါး ငါးကြင်း (၈) ကောင် ခန့် ဖမ်းယူရန် တာဝန် ပေး လိုက်၏။
ငါးကြင်းများ ရရှိလာ ချိန်တွင်၊ ယဲ့ဇီလင်၊ ဝမ်ယုဝါနှင့် ဆုစီယာအား ခေါ်သည်။ လူစုံ ချိန်၌ ပါဝင် ပစ္စည်း များကို အိုးထဲ ထည့်ကာ စတင် တော့၏။
“ ညီလေး မင်း ဘာလုပ် နေတာလဲ။ ”
“ မင်း ... ဟင်းချက် မို့လား။ ”
အားလုံးက ပြုံးရယ်လျက် လင်းယွန်ကို ကြည့်လိုက် ကြသည်။ နှင်းနဂါး ငါးကြင်းမှာ၊ ဖမ်းရ ခက်ပေ၏။
ထို့ကြောင့် အရသာ ရှိသော စားဖွယ်ကို မိတ်ဆွေ များနှင့် အတူတူ မြည်းစမ်းရ သည်မှာ၊ ပျော်စရာ ကောင်းနိုင် ပေမည်။
လင်းယွန်က သူတို့ မေးခွန်း များကို ပြန် မဖြေဘဲ၊ ခရမ်းငယ် ကမ်းပေးသော သူတော်စင် အသီး အနှံ၊ အမြောက် အမြားကို အိုးထဲ ထည့် လိုက်သည်။
“ သူတော်စင် အသီး အနှံ။ ”
ကျန်းလိချန်နှင့် ကျန်လူ များက တံတွေး တစ်လုတ် မျိုချ လိုက်သည်။ သူတော်စင် အသီး အနှံ များသည်၊ အလွယ် တကူ ရနိုင်သော အရာ မဟုတ်ချေ။
တိုက်ရိုက် စားသုံးခြင်း၊ ဆေးလုံး အဖြစ် ဖန်တီးခြင်း၊ စသည် တို့တွင် အသုံးပြု ကြသော် ငြားလည်း၊ ဟင်းချက် စား၍ ရသည်ဟု မကြား ထားဖူး သည်မှာ၊ အမှန် ပေပင်။
ထို့စဉ် ရွှေနဂါး အရိုးကို ထုတ်ယူပြီး၊ မျက်နှာပြင်အား ဓားဖြင့် မွှန်းကာ အက်ကြောင်း ပေးလျက်၊ အိုးထဲ ထပ်ထည့် ပြန်၏။
“ လခွမ်း ... ၊ အဲဒါ ရွှေနဂါး အရိုး မဟုတ်လား။ ”
“ အိုး ... ၊ ရွှေနဂါး အရိုး စွပ်ပြုတ်။ ”
“ ဒါ ... ဒါက ... ၊ ကမ္ဘာ ပေါ်မှာ အရသာ အရှိဆုံး၊ စွပ်ပြုတ် ဖြစ်လာ လိမ့်မယ်။ ”
ကျန်းလိချန်မှာ လင်းယွန်၏ ဖြုန်းတီး မှုကြောင့် ရူးသွပ်လု နီးပါး၊ မျက်လုံးများ နီရဲ လာသည်။ လင်းယွန် မလို ချင်သော်၊ သူ့ကို ပေးနိုင်၏။
“ စိတ်ကူး မနေနဲ့၊ ငါ ပေးရင်တောင် မင်းအတွက် အသုံးဝင်မှာ မဟုတ်ဘူး အစ်ကို ကျန်း၊ မင်းဆီမှာ ရွှေနဂါး အရိုး ရှိမှန်း သိရင်၊ ချင်းကန်က ချက်ချင်း လာလိမ့်မယ်။ ”
လင်းယွန်က ကျန်းလိချန် တစ်ယောက် မည်သည့် အရာများ တွေးနေ သည်ကို ကြား ဟန်ဖြင့်၊ ပြုံးကာ ရှင်းပြ လိုက်သည်။
“ မှန်တယ် ... ၊ ရွှေနဂါး အရိုးက အစွမ်း ထက်တယ်၊ ဒါပေမယ့် အားနည်းတဲ့ သူတွေ လက်ထဲ မှာဆို၊ ကပ်ဘေးပဲ။ ”
ယဲ့ဇီလင်မှ ထောက်ခံ၏။
“ ဒါက ... နတ်နဂါး အရိုး အစစ် ဖြစ်လို့၊ နတ်နဂါးရဲ့ သွေး အနှစ်သာရ ပါတယ်၊ သွေးက၊ ရုပ်ခန္ဓာကို အားကောင်း စေပြီး၊ အနှစ် သာရ ကတော့၊ ...
... စိတ် ဝိညာဉ်ကို ... ၊ သက်ရောက်မှု ရှိစေတယ်၊ ရွှေရောင် ခြင်ဆီက ခန္ဓာ ကိုယ်ကို ... အသွင် ပြောင်း ပေးတယ်၊ ဒါကြောင့် စွပ်ပြုတ် လုပ်တာက အကောင်းဆုံး နည်းလမ်းပဲ။ ”
ဆုဇီယာက ရှင်းပြသည်။ သူမ၏ စကားကြောင့်၊ လူတိုင်း မျက်လုံးများ တောက်ပ လာသည်။
နဂါးအရိုး စွပ်ပြုတ် လုပ်ခြင်းသည် အချိန်များစွာ ကြာညောင်း ချေ၏။ ထို့ကြောင့် စောင့်ဆိုင်း နေစဉ်၊ ကာလ အတွင်း နဂါး ဝိုင်ကို ထုတ်ကာ၊ လင်းယွန်မှ ဧည့်ခံသည်။
ဝိုင် နည်းနည်း မူးလာ သည်နှင့်၊ နတ်ကျောက်စိမ်း ဝါးပလွေ ကိုပင် ထုတ်ယူပြီး၊ တီးမှုတ် တော့၏။
ပလွေ သံကြောင့်၊ လူတိုင်း နစ်မျော သွား စေသည့်၊ မြင့်မြတ်သော အလင်းရောင် တစ်မျိုး ဖုံးအုပ် လာသည်။
“ ညီမလေး ဆု၊ နင် ဘာလို့ မတီး ရတာလဲ။ ”
ယဲ့ဇီလင်က သတိရ သွားကာ၊ ဆုစီယာထံ ရုတ်တရက် လှည့်ကြည့်လျက် ပြောလိုက်သည်။
“ ဟုတ်တယ် ... မိန်းကလေး လော၊ မင်းလည်း တီးပါ။ ”
အခြား သူများ ကပါ၊ ဝိုင်းဝန်း တိုက်တွန်း လာကြသည်။ ဆုစီယာက ခေတ္တမျှ တုံ့ဆိုင်း ပြီး၊ ဗျပ်စောင်းကို ထုတ်ယူ လိုက်၏။
“ တင်း ... ၊ တင် ... ။ ”
သည့်နောက် ခေါင်းညိတ်လျက် လိုက်ဖက်သော ဂီတနုတ် များဖြင့်၊ ပံ့ပိုးပေး တော့သည်။
“ ဝိုး ... ၊ ဒါက အရမ်း မိုက်တယ်။ ”
ဝမ်ယုဝါက အော်ဟစ် လိုက်သည်။ အချိန် ကြာလာ သည်နှင့် အမျှ၊ ရွှေနဂါး အရိုးမှ အနှစ် သာရများ စိမ့်ထွက် လာ၏။
လင်းယွန်တွင် မြင့်မြတ်သော ခရမ်းရောင် မီးတောက် ရှိနေ၍ သာလျှင်။ သို့ မဟုတ်သော် အက်ကြောင်း တချို့၊ ဖန်တီးထား သော်မှ လွယ်ကူမည် မဟုတ်ချေ။
သည့်နောက် နဂါးသွေး ထွက်လာ၏။
“ နဂါးသွေး တကယ် ရှိနေ တာပဲ။ ”
ကျန်းလိချန်နှင့် အဖွဲ့မှာ၊ နဂါး သွေးကို မြင်သော အခါ မျက်လုံးများ ပြူသွား ကြသည်။ ဤသည်မှာ နတ်ရွှေနဂါး သွေး ဖြစ်၏။
သာမာန် နဂါးသွေး မဟုတ်ချေ။ ရွှေနဂါး သွေးမှ မြင့်မြတ်သော ရောင်ဝါများ ထုတ်လွှတ် လျက်၊ မွှေးရနံ့များ ပျံ့နှံ့ လာသည်။
“ ခြင်ဆီလည်း ထွက် လာပြီ ... ။ ”
ခဏ အကြာတွင် နဂါး အရိုး တစ်ခုလုံး အရည်ပျော် သွားပြီး၊ ပျစ်တွဲ စေးပိုင် နေသော အစိုင် အခဲ အဖြစ်၊ ပြောင်းလဲ လာ၏။
“ ရ တော့ မယ်။ ”
လင်းယွန်က ပလွေကို ပြန်သိမ်းကာ၊ ရောင်ဝါကို ယောက်ချိုဇွန်း အသွင် ဖန်တီးလျက် မွှေပေး လိုက်သည်။
အဆုံးတွင် ရွှေနဂါး အရိုးမှာ၊ ပေါင်းစပ် ပျော်ဝင် သွားတော့၏။ နောက်ဆုံး အနေဖြင့်၊ နှင်းနဂါး ငါးကြင်းအား၊ ဓား ရည်ရွယ်ချက်နှင့်၊ ထုပ်ပိုးကာ အိုးထဲ ထည့်သည်။
“ မလုံလောက် သေးဘူး။ ”
အရိယာ ကောင်းကင် ဓားကို ထုတ်လျက်၊ ကောင်းကင် စတုတ္ထ အလွှာအား ချက်ချင်း ခွဲချ ပစ် လိုက်သည်။ ကြယ်ရောင်များ ရေတံခွန် အလား၊ စွပ်ပြုတ် အိုးထံ ကျဆင်း လာ၏။
“ ဝိုး ချစ်စရာ ကောင်းလိုက်တာ ... ။ ”
“ ဒါက စွပ်ပြုတ် တစ်အိုး အတွက်၊ နည်းနည်းတော့ ပုံကြီး ချဲ့ရာ၊ ရောက် မနေ ဖူးလား။ ”
ကျန်းလိချန် သာမက၊ ဖုန်ကျန်းနှင့် လျူချင်းယန် သည်ပါ၊ လင်းယွန် လုပ်ရပ် အပေါ်၊ ထိတ်လန့် လာသည်။
ကြယ်ရောင်များ ကွယ်ပျောက် ကုန်ပြီး ကောင်းကင်က ဖြည်းဖြည်းချင်း ပြန်ပိတ်သွား တော့၏။
စွပ်ပြုတ်အိုး ကျပြီ ဖြစ်သဖြင့်၊ လူတိုင်းက ဟင်းအိုး အနား ခုန်ပျံ ငုံ့ကြည့် လိုက်ကြသည်။ စေးကပ် နေသော ဟင်းရည်မှာ ကြည်လင်ပြီး၊ ကြယ်ရောင်များ တဖျပ်ဖျပ် ခတ်နေ၏။
၎င်းကို ကြည့်ရ ခြင်းသည်၊ ကြည်လင် နေသော ရေကန် အတွင်း၊ နှင်းနဂါး ငါးကြင်း (၈)ကောင်၊ ကူးခတ် နေသည်နှင့် တူ၏။
ဓား ရည်ရွယ်ချက်မှ ကာကွယ် သဖြင့်၊ နှင်းနဂါး ငါးကြင်း များမှာ အကောင်း ပကတိ အတိုင်း၊ ပုံစံ မပျက် ခဲ့ချေ။
နဂါး အရိုးနှင့် သူတော်စင် သစ်သီး တို့မှာ၊ အရည်အတွင်း လုံးလုံး လျားလျား ပျော်ဝင်နေ သည်ကို ကြည့်ပြီး၊ လူတိုင်း တံတွေး မျိုချ မိသည်။
“ ဒါကမှ ... တကယ့် ရွှေနဂါး အရိုး စွပ်ပြုတ်ပဲ။ ”
လင်းယွန်၏ အချက် အပြုတ် ကျွမ်းကျင်မှု စွမ်ရည် အပေါ်၊ မယုံကြည် နိုင်စွာ နှုတ်ခမ်းသပ် လိုက်မိသည်။
“ မင်း ... ကောင်းကောင်း ဝှက်ထား တာပဲ၊ ဒီလောက် ကောင်းတဲ့ အချက် အပြုတ် စွမ်းရည် ရှိနေတာ၊ ငါ မသိရ ပါလား။ ”
ဆုစီယာမှ ပြောသည်။
“ ကောင်းပြီ ... ၊ မင်း ကြိုက်ရင် ငါ နေ့တိုင်း ချက်ကျွေး မယ်။ ”
လင်းယွန်က တုန့်ပြန်၏။
“ ရွှေနဂါး အရိုး တွေကို၊ နေရာ တိုင်းမှာ၊ တွေ့နိုင်တဲ့ မြက်ပင် လို့များ ထင်နေ တာလား။ ”
ဆုစီယာမှ ပြုံးကာ ပြောလာသည်။
သူတို့ နှစ်ယောက်တည်း၊ တစ်ကမ္ဘာ ဖြစ်တည်နေ သကဲ့သို့၊ ပြုမူ ပြောဆို နေကြသည့် အတွက်၊ ကျန်သူ များမှာ အဆင် မပြေ ဖြစ် ကုန်သည်။
ယဲ့ဇီလင်က ချောင်းဟန့်ကာ၊
“ အဟမ်း ... ၊ လင်းယွန် ... ငါတို့ကို ဒီမှာ ရပ်ပြီး ပွဲကြည့် စေချင် တာလား။ ”
-ဟု အရွှန်းဖောက် လိုက်၏။
“ ယုဝါ ... စွပ်ပြုတ် သောက်ချင်တယ်၊ ယုဝါ ... စွပ်ပြုတ် သောက်ချင်တယ်။ ”
ဝမ်ယုဝါမှ ဦးစွာ ထအော်သည်။
“ အဟင် ... အဟင့် ... ၊ ထွက်သွား ဒါတွေ အကုန်လုံး ဒီဧကရီ ပိုင်တယ်၊ လင်းယွန် နင်က လူယုတ်မာ။ ”
လူအုပ်ကို ကြည့်ပြီး ခရမ်းငယ်က စိုးရိမ် လာကာ၊ ငိုတော့မည့် အရိပ် အယောင် ပြသ လာသည်။
စွပ်ပြုတ် လုပ်ရန်၊ သူမမှ အကြံပြု ခဲ့သူ ဖြစ်သော်လည်း၊ ယခု အချိန်တွင် သူမ အတွက် နေရာ မရှိ တော့ချေ။
“ ဟား ဟား ဟား ... ၊ ဟုတ်ပါပြီ ... ဟုတ်ပါပြီ၊ ခရမ်းငယ်ကို အရင် ပေးရအောင်။ ”
ပန်းကန် အပြည့် ခပ်ပေးပြီး၊ နှင်းနဂါး ငါးကြင်း တစ်ကောင် ထည့်ပေး လိုက်၏။
“ နဂါးလေး ... ၊ နဂါးလေး ... ။ ”
ခရမ်းငယ်မှ ထပ်အော်သည်။
“ ငါ သိတယ် ... ၊ ငါ သိတယ် ... ။ ”
ခရမ်းငယ် ကျေနပ် စေရန်၊ နောက်ထပ် ပန်းကန်လုံး တစ်လုံးကို မြန်မြန် ခပ်ထည့် ပေး လိုက်ရသည်။
လူတိုင်း ရွှေနဂါး အရိုး စွပ်ပြုတ် ပန်းကန် တစ်လုံးဆီ၊ ရရှိ သွားသည်။ စွပ်ပြုတ်ရည် ပါးစပ် ထဲသို့ ရောက်သည်နှင့်၊ တိမ်များကြား လွင့်မျော နေ သကဲ့သို့၊ ကျေနပ်သည့် အမူ အရာများ ဖြစ်ပေါ် လာကြသည်။
တစ်ချိန်တည်း မှာပင်၊ သူတို့ ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက် လာတော့၏။ သွေးများ တဟုန်ထိုး စောင့်တိုး လာကာ၊ အထူး သဖြင့် ကျန်းလိချန် နှာခေါင်းမှ၊ သွေးများ စီးကျ လာသည်။
ထို့ကြောင့် ကျင့်ကြံမှု နည်းစနစ်ကို ဖြန့်ကျက်ကာ၊ တစ်ပန်းကန် လုံး မော့သောက် ပစ်ကာ၊
“ မရ တော့ဖူး၊ ငါ တရားထိုင် တော့မယ်။ ”
-ဟု ဦးစွာ ထိုင်ချ လိုက်၏။
“ ဝှစ် ... ၊ ဝှစ် ... ။ ”
ရွှေနဂါး စွပ်ပြုတ် တစ်ပန်းကန်၏ အကျိုး ကျေးဇူးမှာ စိတ်ကူး မယဉ် နိုင်ချေ။ ထိုအချိန်၌ ကျန့်ကျန်းရှန်နှင့် ဖုန်းကျွယ်မှာ၊ ဓားရောင်ခြည် နှစ်စင်း သဖွယ်၊ ရောက်ရှိ လာသည်။
ရွှေနဂါး အရိုး စွပ်ပြုတ် အိုးကို ကြည့်ပြီး၊ နှစ်ယောက်သား အံ့သြ သွား၏။ မဆိုင်း မတွဘဲ ဖုန်းကျွယ်က ချက်ချင်း လှည့်ထွက် သွားသည်။
“ ဟား ဟား ဟား ... ”
သည်နောက် ရယ်မောလျက်၊ တခြား သူများထက် ပိုကြီးသော ပန်းကန်လုံး တစ်လုံး နှင့်အတူ၊ ရယ်မောလျက် ပြန်ရောက် လာ တော့သည်။
“ အစ်ကိုကြီး၊ ဒါက ... ရေတွင်း မဟုတ် ဖူးနော်။ ”
ထိုပန်းကန်ကို ကြည့်ကာ၊ လင်းယွန် နှုတ်ခမ်းများ တုန်ယင် သွား လေသည်။
“ တိတ် စမ်း ... ၊ ဒါက ... ပန်းကန်လုံး တစ်လုံးပဲ၊ ရွှေနဂါး အရိုး စွပ်ပြုတ် နည်းနည်း လောက်၊ ပိုပေး ရမှာကို၊ တွန့်တို နေတာလား။ ”
ဖုန်းကျွယ်က သူ့ပန်းကန် အတွင်း၊ သူကိုယ်တိုင် ဟင်းရည် အပြည့် ဖြည့်လိုက်ပြီး ကျေနပ်စွာ ရယ် တော့သည်။
“ ဟား ဟား ဟား ... ၊ ရွှေနဂါး အရိုး စွပ်ပြုတ် ... ၊ ဒါမျိုး ... ရှေးဦးခေတ်က ပါရမီရှင် တွေတောင်၊ ဘယ်သူမှ သောက်ဖူး မယ်လို့၊ ငါ မထင်ဘူး။ ”
“ အဟွတ် အဟွတ် ... ၊ နည်းနည်းလောက် ရမလား။ ”
ကျန့်ကျန်းရှန် သည်လည်း ချောင်းဟန့် သံပေးကာ တောင်းဆို လာ၏။
“ ရ တာ ပေါ့။ ”
လင်းယွန်မှ ပြုံးကာ ဖြေလိုက်၏။ လူတိုင်း ရွှေနဂါး စွပ်ပြုတ်ကို အရသာခံ သောက်လျက်၊ ကျေနပ် သွားကြသည်။
ဖုန်းကျွယ်နှင့် ကျန့်ကျန်းရှန် တို့သည်၊ လောက နိယာမ နယ်ပယ်တွင် ရှိနေကြ သဖြင့်၊ အခြားသူ များထက်၊ ပိုသောက်၏။
ရွှေနဂါး အရိုး စွပ်ပြုတ် ကုန်သွား ချိန်၌၊ ကျန့်ကျန်းရှန်က ဟင်းရည်အိုးကို တစ်ချက် ပြန် ကြည့်ကာ၊
“ မဖြုန်းတီးနဲ့ အကြွင်း အကျန် တွေကို၊ ဟင်းချို ချက်ပြီး၊ တိမ်လွှာဓား ဂိုဏ်းက လူတိုင်း တိုက်လိုက် ... ။ ”
“ ဂိုဏ်းချုပ် ဒါက ... သင့်တော် ပါ့ မလား။ ”
လင်းယွန်မှ ပြန်မေး မိသည်။ သူတို့၏ အကြွင်းအကျန် များကို၊ အခြား သူများ အတွက် မပေး လိုချေ။
“ အဆင် ပြေတယ်၊ သူတို့ရဲ့ ကျင့်ကြံမှုက စွပ်ပြုတ်ကို သောက်ဖို့၊ အရည် အချင်း မပြည့်မီ သေးဘူး၊ ဒီအကြွင်း အကျန် တွေနဲ့တောင် သူတို့ကို၊ ပြောင်းလဲစေ နိုင်တယ်၊ ...
... အနာဂတ်မှာ တိမ်လွှာ ဓားဂိုဏ်းက၊ ကံကြမ္မာ အကျော် အမော် များစွာကို မွေးဖွား ပေးနိုင်လာ လိမ့်မယ်။ ”
လေးနာရီ ကုန်လွန် ပြီး နောက်တွင်၊ လူတိုင်းက လင်းယွန် နေအိမ်ရှိ ရွှေနဂါး အရိုး ဟင်းချိုကို သောက်နေ ကြသည်။
“ ရှလွတ် ... ။ ”
၎င်းတို့ ရရှိသော အကျိုး ကျေးဇူးမှာ၊ မယုံနိုင်စရာ ပေပင်။
“ သူတို့ကို ထားခဲ့လိုက် ... ငါတို့ သွားရ အောင်၊ ငါ မင်းကို ဓား သူတော်စင် တောင်ပေါ်၊ ခေါ်သွား ပေးမယ်။ ”
ကျန့်ကျန်းရှန်က မတ်တပ် ထရပ်ပြီး၊ လင်းယွန်နှင့် အတူ ကောင်းကင်ပေါ် ခုန်တက် သွားလေသည်။
“ ဒီဧကရီ လည်း ... လိုက်မယ်။ ”
ခရမ်းငယ်က အော်ဟစ်လျက်၊ ဓားသေတ္တာ အတွင်းသို့၊ အလျင် အမြန် ပြေးဝင် လိုက်တော့ သည်။
***