နတ်မိစ္ဆာ ရောင်ဝါ။
Vol. 99 Ch. 1377
ကျန့်ကျန်းရှန်မှာ တိမ်များကို အရှိန် ပြင်းပြင်နှင့်၊ ထိုးခွဲ နေ၏။ ၎င်းက မြန်လွန်း သဖြင့်၊ အမီ လိုက်ရန် ခက်ခဲ လာသည်။
ရွှေနဂါး အရိုး စွပ်ပြုတ် အာနိသင်ကြောင့် သူတော်စင် နဂါး ခန္ဓာမှာ၊ အချိန် တိုတို အတွင်း အထွတ် အထိပ်သို့ ရောက်ရှိ သွားသည်။
ခရမ်း-ရွှေရောင် နဂါး ရူရ်ပေါင်း (၃၀၀၀) မှသည် (၃၈၀၀) ရှစ်ရာ အထိ တိုးပွား လာ၏။ ရူရ် တစ်လုံး စီက သိပ်သည်းသော ရောင်ဝါ နှင့်အတူ၊ ပို၍ အားကောင်း နေသည်။
ထိုစဉ်က ဖုန်းကျွယ်မှာ လောက နိယာမ နယ်ပယ်ကို အားပြုပြီး၊ စွပ်ပြုတ် အိုး၏၊ သုံးပုံ တစ်ပုံနှင့် ညီမျှသော၊ ပန်းကန် သုံးလုံးခန့် သောက်သုံး ခဲ့သည်။
၎င်းက ကျန်းလိချန်နှင့် ကျန်လူ များကို သွေးအန်လု နီးနီး ဖြစ်စေ သော်လည်း၊ မည်သို့ မျှ လုပ်ဆောင် နိုင်ခြင်း မရှိချေ။ တတ်နိုင် ပါက သူတို့လည်း ဤသို့ သောက် နိုင်၏။
လင်းယွန်က ပန်းကန် (၁၀) လုံးခန့် သောက်ပြီးနောက် ရပ်တန့် လိုက်သည်။ ဆက် သောက် သော်လည်း၊ မည်သို့မျှ မထူးခြား တော့မှန်း၊ သိလိုက် ရသည်။
ကျန်းလိချန်၊ ဖုန်ကျန်းနှင့် လျူချင်းယန် တို့မှာ သာမာန် ကိုယ်လုံး ကိုယ်ပေါက်များ ဖြစ် သဖြင့်၊ အကျိုး အမြတ် အများဆုံး ဖြစ်၏။
သို့သော် ဤစွပ်ပြုတ် ရည်ကြောင့့် အနာဂတ်တွင် သူတော်စင် ခန္ဓာ ကိုယ်ကို ဖန်တီး နိုင်မည် ဖြစ်သည်။
“ ဒီတစ်ခါတော့ ... ငါ မင်းကို ကြောက်မိတယ်။ ”
ကျန့်ကျန်းရှန်က ပြုံးကာ စကား စလိုက်သည်။ အမှန်အတိုင်း ဆိုရ ပါမူ၊ အသက် (၂၀)အရွယ် ကျန့်ကျန်းရှန်ကို ကြည့်ရ သည်မှာ၊ လင်းယွန် အတွက် အဆင် မပြေ သေးချေ။
“ မင်း ... အများကြီး သောက်သင့်တယ် မဟုတ်လား။ ”
လင်းယွန်က ကျန့်ကျန်းရှန်ကို ပြန်မေး မိသည်။ လောက နိယာမ နယ်ပယ် အတွက် စွပ်ပြုတ်မှာ၊ ပို၍ အသုံးဝင် သင့်ချေပြီ။ သို့သော် ကျန့်ကျန်းရှန်မှ ပန်းကန် သုံးလုံး အပြီးတွင်၊ ရပ်ခဲ့၏။
“ အမှန်တော့ ... ၊ အရသာ ကောင်းလို့ ဒီလောက် သောက်တာပါ၊ မဟုတ်ရင် ပန်းကန် တစ်လုံး စာက၊ ငါ့ အတွက် လုံလောက် ပါတယ်၊ အနာဂတ်မှာ ဒီစွပ်ပြုတ်ကို ...
... သောက်ခဲ့တဲ့ လူတိုင်း၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ကျင့်ကြံဖို့၊ အခွင့် အရေး ရလိမ့် မယ်။ ”
ကျန့်ကျန်းရှန်မှ ပြုံးကာ ပြန်ပြော လာသည်။
“ ဒါဆို ... အစ်ကို ဖုန်း ကရော။ ”
“ သူက လောဘကြီး နေတာ၊ ဒါ ... သူ့ အကျင့်ဆိုး တစ်ခုပဲ၊ တစ်ချိန် တုန်း ကလည်း အရိယာ ကောင်းကင် တောင်ထိပ် တပည့် ဆိုတဲ့ ...
... အဆင့် အတန်းကို သုံးပြီး၊ တခြား တောင်ထိပ်တွေ အပေါ်၊ အခွင့်ရေး ယူခဲ့တယ်၊ ရလဒ် အနေနဲ့၊ မကြာ ခဏ ဆိုသလို ရိုက်နှက် ခံရ တတ်တာပဲ။ ”
ဖုန်းကျွယ် အပေါ် ကျန့်ကျန်းရှန်မှ ကြင်နာခြင်း မရှိဟု မြင်မိ သော်လည်း၊ ဂိုဏ်း၌ အတော်ပင် ပေါင်းသင်း ဆက်ဆံရေး ကောင်း ခဲ့ကြောင်း၊ သက်သေပြ နေသည်။
“ ငါတို့ ရောက်ပြီ ... ။ ”
ကျန့်ကျန်းရှန်က တိမ်တွေ ကြားထဲ ထိုးတက် နေသော တောင်ထိပ် ကြီးထံ ညွန်ပြ လျက် ပြော၏။
သူ့လက်ကို ဝှေ့ယမ်း လိုက်သော အခါ၊ တိမ်ပင်လယ် ပြန့်ကျဲ သွားပြီး၊ တောင်ထိပ်အား ရှင်းလင်းစွာ မြင်လာ ရသည်။
“ ဂိုဏ်း ချုပ် ... ။ ”
တောင်ထိပ်ကို စောင့်ကြပ် နေသော အကြီးအကဲများ၊ ချက်ချင်း ပျံတက် လာပြီး နှုတ်ဆက် ကြသည်။
“ ပြန် သွား ... ။ ”
ကျန့်ကျန်းရှန်းက လူတိုင်းကို ပြန်လည် ထွက်ခွာ စေ လိုက်၏။
“ စီနီယာ အစ်ကို၊ မင်း ငါနဲ့ အတူ လိုက် မလား။ ”
“ ဟမ် ... ဘာလို့လဲ။ ”
“ စီနီယာ အစ်ကို၊ မင်း ငါ့ကို ဂျူနီယာ ညီလေးလို့ ခေါ်တာ ကြားလိုက်တယ်၊ ဒါကြောင့် ဂိုဏ်းချုပ်လို့၊ ငါဆက် မခေါ်နိုင် တော့ဘူး၊ ...
... ပြီးတော့ မင်းက အရမ်း နုပျို နေတဲ့ အတွက်၊ ဂိုဏ်းချုပ် အဖိုးကြီး တွေလို ငါ ခံစား ကြည့်လို့ မရဘူး။ ”
“ မင်း ကြိုက်သလို ခေါ်လို့ ရတယ်၊ ဆက်လုပ်ပါ၊ အဆင့် (၁၃) ဆင့်ကို ဘယ်သူမှ မအောင်မြင် ဖူးသေးဘူး၊ ဒါကြောင့် အခွင့် အလမ်းက မင်း အတွက်ပဲ။ ”
တစ်ချိန်က အဖိုးကြီးဟု ခေါ်ခဲ့ သည်ကို ပြန်သတိ ရလာကာ၊ လင်းယွန်မှ စိတ်မကောင်း ဖြစ်သွားသည်။
“ အမှန်တိုင်း ပြောရရင် ... ၊ အစ်ကိုကြီး ငါ တစ်ယောက်ထဲ မသွား ဝံ့ဖူး ဆိုတာ၊ မင်းသိလား ... ။ ”
ကျန့်ကျန်းရှန်အား ကိုယ်ရံတော် အဖြစ် လိုက်ပါစေ လိုသည်။ သို့သော် ကျန့်ကျန်းရှန်မှ ပြုံးပြီး ၊ ခေါင်းရမ်း လိုက်၏။
“ ငါ သိတယ်၊ ဒါပေမယ့် ဘာမှ လုပ်မပေး နိုင်ဖူး၊ ဒီတောင် ကြီးရဲ့ လျှို့ဝှက်ချက်ကို အဖြေ ရှာဖို့၊ ငါ ကြိုးစားကြည့် ဖူးသေးတယ်၊ ...
... တောင်ထိပ်ကို သုံးကြိမ် တိုင်တိုင် ရောက်ခဲ့ ပေမယ့်၊ ကျောက်ပြားကို ရှာမတွေ့ ခဲ့ဘူး၊ ဒါကြောင့် ငါ မလိုက် နိုင်ဘူး၊ ကဲ ငါဖွင့် တော့မယ်၊ အသင့် ပြင်ထား။ ”
သည်မတိုင်မီ နဂါး သွေးလွှတ်ကြော နယ်ပယ်တွင် ဖြစ်ရာ၊ ဓားသူတော်စင် တောင်ရှိ တံဆိပ်ကို ဖွင့်ရန်၊ ကျန့်ကျန်းရှန် အတွက် အနည်းငယ် အခက် အခဲ ရှိခဲ့သည်။
ယခုမူ လောက နိယာမ နယ်ပယ်တွင် ရှိနေပြီ ဖြစ်သောကြောင့်၊ လွယ်ကူ သွားပြီ ဖြစ် သည်။
ကောင်းကင် ဘုရင် တစ်ပါး၏ ရောင်ဝါကို ဓားသူတော်စင် တောင်တန်းကြီး တစ်ခုလုံးပေါ်၊ ဖုံးအုပ် လိုက်၏။
တစ်ချိန်တည်း မှာပင်၊ ဓားသူတော်စင် တောင်မှ၊ ထက်ရှသော ဓား ရည်ရွယ်ချက်များ ကောင်းကင်ပေါ် ပျံတက် လာရာ၊ လျင်မြန်စွာ တားဆီး လိုက်ရသည်။
“ သွား ... ။ ”
အဆုံးတွင် လင်းယွန်မှာ၊ အသက် ပြင်းပြင်းရှူပြီး၊ တောင်ပေါ်သို့ ဆင်းသက် လိုက် တော့၏။
“ ဝှစ် ... ။ ”
ဤတစ်ကြိမ်တွင် စမ်းသပ်မှုများ ဖြတ်ကျော်ရန် မလိုချေ။ ကောင်းကင်မှ တိုက်ရိုက် ဆင်းနိုင်သည် ။
တောင်ထိပ် တစ်ခုလုံး ဆိတ်သုဉ်းလျက်၊ ၎င်းက တစ်စုံ တစ်ဦးကို စောင့်ဆိုင်း နေသကဲ့သို့ အထီးကျန် နေသည်။
တောင်ထိပ် တစ်နေရာတွင်၊ တိမ်လွှာ ဓားသုတ္တန် ရေးထားသည့် ကျောက်ပြားနှင့်၊ ၎င်းတွင် မှတ်တမ်းတင် ထားသော နောက်ဆုံး ဓားကွက် ရှိသည်။
ကျောက်ပြားအား သူငယ်ချင်း ဟောင်း တစ်ဦး ကဲ့သို့ ပွတ်သပ် လိုက်ရာ၊ ကျောက်ပြားမှ အလင်းများ တောက်ပလျက်၊ သူ့အား တုံ့ပြန် လာ၏။
“ ဧကရီ ... ၊ သူ ငါ့ကို မှတ်မိ နေတယ်။ ”
လင်းယွန်က ရွှင်မြူးစွာ ပြောသည်။ ဓားသေတ္တာ ထဲမှ ခရမ်းငယ် ပြေးထွက် လာပြီး၊ ကျောက်ပြားထံ သတိထား ကြည့်၏။
“ သူ့မှာ ဝိညာဉ် ရှိတယ်။ ”
“ ဒါဆို အုပ်စိုးရှင် နတ် ရူရ်က ဘယ်မှာလဲ၊ သူ့ဆီ မှာလား။ ”
“ မဟုတ်ဘူး ... ၊ အဲဒါက ဓားသူတော်စင် တောင်တန်း ထဲမှာ။ ”
ပြီးနောက် ခရမ်းငယ်က ကျောက်ပြားထံ ထပ်မံ စိုက်ကြည့်ကာ၊
“ ငါတို့ ဝင်ချင်ရင် ဒီကျောက်ပြားကို အားကိုး ရမယ်၊ ဒါကြောင့် သူနဲ့ ဆက်သွယ်လို့ ရနိုင် မလား ဆိုတာ ကြည့် ရအောင်။ ”
သို့သော် မည်သို့ ဆက်သွယ် ရမည်မှန်း လင်းယွန် မသိချေ။ ရုတ်တရက် အကြံရ လာပြီး၊ ပန်းသင်္ချိုင်း ဓားကို ထုတ်ကာ၊ တိမ်လွှာဓား (၁၃)ကွက်အား၊ ကစား မိ၏။
“ ကျီး ... ။ ”
ငှက်ပြာ လေးများ တစ်ကောင်ပြီး တစ်ကောင်၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာသည်။ (၁၃) ကောင် ပြည့် သည်နှင့် အပြာရောင် ဓားရှည်ကြီး အဖြစ် ပေါင်းစပ် သွား၏။
ထို့နောက် လက်ဖဝါးကို ကျောက်ပြားပေါ် ဖိကပ်မိသည်။ ကျောက်ပြားမှ နောက် တစ်ကြိမ် လင်းလက် လာသဖြင့်၊ အပျော်များ ပြည့်နှက် လာ၏။
တိမ်လွှာ ဓားသုတ္တန်၏ အချက် အလက်များ စီးဝင် လာတော့သည်။ သည့်မတိုင်မီ ကိုယ်တိုင် သာ ကျင့်ကြံ နိုင်ပြီး၊ လက်ဆင့်ကမ်း ပေးရန်၊ မလွယ် ခဲ့ချေ။
သို့သော် ဤဓားသုတ္တန်သည် သူ ကျင့်ကြံ ထားသော ဓားသုတ္တန်နှင့်၊ ကွဲပြား နေသည်ကို သတိ ထားမိ သည်။
“ ကျွီ ... ။ ”
ပြီးနောက် ကျောက်ပြားက မြေကြီးထဲ နစ်ဝင် သွား၏။ လင်းယွန်က ခရမ်းငယ်ကို ဖမ်းယူ လိုက်စဉ်၊ မြေပြင်မှာ အောက်သို့ နိမ့်ဆင်း သွားတော့သည်။
တောင်အတွင်း ပိုင်းသည် ကမ္ဘာသစ် တစ်ခု ဖြစ်ပြီး၊ အနည်းငယ် ကျယ်ပြောကြောင်း တွေ့ရှိ လာခဲ့၏။
ပတ်ဝန်းကျင် လေထုမှ ရင်းနှီး နေသည့် ကြောက်စရာ ကောင်းသော အရိပ် အယောင် အချို့ကို၊ ခံစား လိုက် ရသည်။
၎င်းက အဆိုးမြင် ခံစားချက်များ ဖြစ်ပြီး၊ အနက်ရောင် မြူများ အသွင် ပေါင်းစည်း နေ ချေသည်။
“ သတိထား ... အဲဒါက မိစ္ဆာ ရောင်ဝါ နယ်မြေပဲ၊ နင့် ခန္ဓာ ကိုယ်ထဲ ဝင်ခွင့် ရရင်၊ နင့် ဝိညာဉ် ကိုပါ၊ ချေမွှ ပစ်လိမ့်မယ်။
“ ဒါဆို ... ၊ ငါ ဘာလုပ် ရမှာလဲ။ ”
ရွှေကျီးကန်း တောင်ပံ များကို ချက်ချင်း ဆင့်ခေါ်ကာ၊ လေထဲတွင် ပျံဝဲလျက် မိစ္ဆာ မြူ နယ်မြေနှင့် လွတ်ရာသို့၊ နောက်ဆုတ် ရေှာင်တိမ်း လိုက်သည်။
မိစ္ဆာ ရောင်ဝါ များကို၊ လျှို့ဝှက် နယ်မြေ များ၌ ကြုံထား ဖူး၏။ ကြောက်စရာ ကောင်း လျှင်ပင်၊ ပါးလွှာ သောကြောင့်၊ သူ့အား ခြိမ်းခြောက်မှု မပေး နိုင်ချေ။
သို့သော် ဤနေရာရှိ အငွေ့ အသက်မှာ အလွန် ထူထပ်နေ သဖြင့်၊ ဓား ရည်ရွယ်ချက်ကို တိုက်စား သွားနိုင်သည်။
“ ငါ ... လုပ်ပါ ရစေ ... ။ ”
ခရမ်းငယ် နဖူး ပေါ်ရှိ၊ နတ်ရူရ် နှစ်လုံးမှ ရွှေမီးလျှံများ တောက်ပ လာပြီး၊ အနက်ရောင် မြူများကို၊ လောင်ကျွမ်း ပစ် လိုက်သည်။
“ မြန်မြန် ... ၊ ငါ့မီးတောက်က အရှိန် သိပ်ပြင်း သေးတာ မဟုတ်ဘူး၊ မြူတွေက အရမ်း များနေတယ်။ ”
သူမ စကားကြောင့်၊ မြှားတစ်စင်း ကဲ့သို့၊ မီးလောင် နေသော ထိုလမ်းကြောင်း အတိုင်း ပြေးဝင် လိုက်သည်။
သို့တိုင် ရွှေတောင်ပံများ ဆင့်ခေါ်လျက်၊ သူတို့ နှစ်ဦးကို သိုင်းထုပ်ကာ ကာကွယ် ထား ခဲ့ရသည်။
တစ်နာရီ ကြာပြီးနောက်၊ မိစ္ဆာ ရောင်ဝါ နယ်မြေမှ လွတ်မြောက် သွား၏။ တောင်ပံများ ပြန်ဖွင့် လိုက်စဉ်၊ ခရမ်းငယ်က အသက်ကို အမော တကော၊ ရှူရှိုက် တော့သည်။
မိစ္ဆာမြူ များ၏ တိုက်စား နိုင်စွမ်းက၊ ရွှေတောင်ပံကို အပေါက် များစွာ ရရှိလာ စေ၏။ ခရမ်းငယ်က နတ် မီးတောက်ကို မှုတ်ထုတ် ပေးလိုက်မှ သာလျှင်၊ တောင်ပံတွင် ကပ်ပါ လာသော၊ မြူများ ရှင်းလင်း သွားသည်။
“ အဆင် ပြေလား။ ”
ခရမ်းငယ်မှ မော့ကြည့်ပြီး မေးလာ သဖြင့်၊ လင်းယွန်က ခေါင်းညိတ် ပြသည်။ သူတို့ နှစ်ဦး နှင့် မဝေးသော အရပ်တွင်၊ ယဇ်ပလ္လင် တစ်လုံး ရှိနေသည်။
“ သွား ကြည့် ရအောင်၊ အုပ်စိုးရှင် နတ်ရူရ်က၊ အဲ့ဒီ နားမှာ ရှိမယ်လို့ ခံစား မိတယ်။ ”
ခရမ်းငယ်က စိတ်လှုပ်ရှား စွာဖြင့်၊ ဦးစွာ လှမ်းထွက် သွားတော့သည်။
***