← Chapters

ငါ လုပ်နိုင် မယ်လို့ ယုံကြည်တယ်။

Vol. 99 Ch. 1378

ငါ လုပ်နိုင် မယ်လို့ ယုံကြည်တယ်။

Vol. 99 Ch. 1378

လင်းယွန်နှင့် ခရမ်းငယ်မှာ၊ ယဇ်ပလ္လင်ပေါ် ခုန်တက် လိုက်သော အခါတွင်၊ အေး စက်စက် လေထုမှ လွဲ၍၊ ဘာမှ မရှိချေ။

မိစ္ဆာ ရောင်ဝါ အချို့ သည်သာ၊ ယဇ်ပလ္လင် အနား ဝဲပျံ နေသည်။ ဤသည်မှာ ရှားပါးသော ခရမ်းရောင် ယဇ်ပလ္လင် ဖြစ်၏။

မြင်ခဲ့ ဖူးသော ယဇ်ပလ္လင် တိုင်းသည်၊ အနက်ရောင် သို့မဟုတ် မီးခိုးရောင်များ ဖြစ် လေသည်။

ယဇ်ပလ္လင် ပေါ်တွင် ကျောက်တိုင်များ ရေးထွင်းထားပြီး၊ တိုင်တိုင်း၏ ထိပ်၌၊ အစီရင် တစ်ခုကို ချိတ်ဆက် ခင်းကျင်း ထားသည်။

ထိုအစီရင် အတွင်း၊ ရှေးဟောင်း ဓား တစ်လက် မျောနေ သောကြောင့်၊ ဤပလ္လင်ကို အခမ်း အနား အတွက်၊ ဖန်တီး ထားမှန်း နားလည် လိုက်သည်။

ထို့စဉ် ယဇ်ပလ္လင် ဗဟိုမှ၊ အပြောင်း အလဲအချို့အား သတိထား မိလာရာ လင်းယွန် က လှည့်ကြည့် လိုက်မိသည်။

“ အုပ်စိုးရှင် ရူရ် ... ။ ”

အတက် အကျ လှိုင်းများ အရ၊ ၎င်းသည် အုပ်စိုးရှင် ရူရ် တစ်လုံး ဖြစ်ကြောင်း၊ ပြောနိုင် ချေ၏။

“ သွား ကြည့် ရအောင် ... ။ ”

ခရမ်းငယ်မှ အကြိမ် အနည်းငယ် ခုန်ပေါက်ကာ၊ ယဇ်ပလ္လင် အလယ်သို့ ဦးစွာ ရောက်ရှိ သွားသည်။

“ ချွင် ... ။ ”

သူမ အနားရောက် သည်နှင့်၊ အစီရင်တွင် မျောနေသော ဓားရှည် ကြီးက၊ ကြမ်းပြင်ပေါ် ပြုတ်ကျ လာသည်။

၎င်းသည် ကျောက်သားဖြင့် ပြုလုပ် ထားသော ဓားတစ်လက် ဖြစ်ကာ၊ ဓားဖျား၌ သေးငယ်သော သံကြိုးများ ပါရှိ၏။

ထိုသံကြိုး များက၊ ကျောက်တိုင် များနှင့် ချိတ်ဆက် နေသည်။ အဆိုပါ ကျောက်ဓားသည် အခင်း အကျင်း၏၊ ဗဟိုချက် ဖြစ်သည်။

“ ဒါက ... ဘာ အစီရင်လဲ၊ ခရမ်းငယ် မင်း သိလား။ ”

ဤနေရာရှိ အခင်း အကျင်းသည် အလွန် ကြောက်စရာ ကောင်းကြောင်း ခံစား နိုင်သည်။ အုပ်စိုးရှင် ရူရ်ကို ယူလိုက် ပါက၊ အစီရင် ကွဲကာ၊ အန္တရာယ် ရှိသော တစ်စုံ တစ်ရာ ပေးနိုင်၏။

“ ငါလည်း သေချာ မသိဘူး။ ”

ခရမ်းငယ်မှာ ဝိညာဉ် ရေးရာ ပညာရပ်၌၊ သူ့ကိုယ်သူ အမြဲ ဝင့်ကြွား ဂုဏ်ယူ နေတတ် သူ တစ်ဦး ဖြစ်သည်။

ယခု တစ်ကြိမ် တွင်မူ၊ မျက်မှောင် ကြုတ် ထားချေ၏။

“ ဒါက ရှေးဦးခေတ် နောက်ပိုင်း၊ အမှောင်ခေတ်မှာ ပေါ်လာတဲ့ အစီရင် ဖြစ်နိုင် တယ်၊ ကြည့်ရတာ ...

... ဒီဓားသူတော်စင် တောင်က မိစ္ဆာ သခင်ကို ပိတ်လှောင် ထားတဲ့ နေရာများ ဖြစ်နေ မလား။ ”

ခရမ်းငယ်က သံသယ ဝင် လာသည်။ မကြောက်တတ် သော်လည်း၊ ပို၍ သတိထား လာမိ တော့၏။

“ ဒီကိစ္စကို အစ်ကိုကြီးနဲ့ ... ၊ အရင် သွား ဆွေးနွေး ကြည့်ရင် ကောင်းမယ်။ ”

လင်းယွန်က အကြံပြုသည်။ ကျန့်ကျန်းရှန် မှာ သူ့ထက် မြင့်မားသော ကျင့်ကြံမှုနှင့် အတွေ့ အကြုံများ ရှိသဖြင့်၊ တစ်ခု ခုကို သိနိုင်၏။

အရေး ကြီးသည်မှာ၊ ကျန့်ကျန်းရှန်ကို ခေါ်ဆောင် ခြင်းဖြင့်၊ လုံခြုံသော ပတ်ဝန်းကျင် တစ်ခုအား ရရှိ နိုင်မည်။

“ ကောင်းပြီ။ ”

ခရမ်းငယ်မှာ တုံ့ဆိုင်း နေဆဲ ဖြစ်သည်။ ဤအရာဖြင့် သူမ၏ ခွန်အားကို ပြန်လည် ရယူ နိုင်မည် ဖြစ်သည်။ လက်လွှတ် ရပါက နှမျော စရာ ပပင်။

လင်းယွန်က သက်ပြင်း ချကာ၊ သူမကို နှစ်သိမ့် ပေးရန် ပြင်သည်။ ထို့စဉ် စိတ် ဝိညာဉ် နန်းတော်ရှိ၊ ရွှေကျီးကန်း သူတော်စင် ရူရ်က၊ ရုတ်တရက် တုန်ခါ သွား၏။

တစ်ချိန်တည်း မှာပင် ကျောက်ဓားမှ၊ တုန့်ပြန်မှု အတက် အကျ လှိုင်း တစ်ခု ပြန်၍၊ ထုတ်ပေး လာသည်။

“ ထူး ဆန်း တယ် ... ။ ”

ထိတ်လန့် စွာဖြင့် ခြေလှမ်း များစွာ နောက်ပြန် ဆုတ်လိုက် မိသည်။ ကျောက်ဓား အတွင်းရှိ၊ အုပ်စိုးရှင် နတ်ရူရ်က မသွားရန် တားနေ သည်ဟု ခံစား မိ၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

ခရမ်းငယ်က လင်းယွန်ကို နား မလည် နိုင်စွာပြန် ကြည့်သည်။ လင်းယွန်က ပြန်ဖြေ တော့မည့် အချိန်တွင်၊ ထူးဆန်းသော အချင်း အရာများ ဖြစ်ပွား လာသည်။

“ ဟမ့် ... ၊ ငါ အိပ်နေ တာကို ဘယ်သူ အနှောက် အယှက် ပေးတာလဲ၊ အိုး ... လူငယ် လေး၊ အခု အမှောင်ခေတ်ရဲ့ ဘယ်နှစ်ခုနှစ် ရောက်ပြီလဲ ဆိုတာ ပြောပြ နိုင်မလား။ ”

ရုတ်တရက် အဘိုးကြီး တစ်ဦး၏ ပုံရိပ်က ကျောက်ဓား ထံမှ တိုးထွက် လာကာ၊ မေးခွန်း ထုတ်တော့သည်။

“ ဒါက နဂါးခေတ်ရဲ့၊ (၃၃၀၁) ခုနှစ် ရောက်နေပြီ၊ အမှောင်ခေတ် ကုန်သွားပြီ။ ”

လင်းယွန်မှ ရိုးရိုး သားသား ပြန်လည် ဖြေကြား ခဲ့သည်။

“ အမှောင်ခေတ် ကုန်သွား ပြီလား၊ ဟမ့် ... ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ၊ သူတို့ အားလုံးက အရမ်း သန်မာ ကြတယ်၊ ဘယ်သူလဲ ...

... ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ၊ ဘိုးဘေး အသက် ပြန်ရှင် လာတာလား၊ အနန္တ ဗုဒ္ဓ တာအို ဂိုဏ်းက ပါရမီရှင် များလား၊ ဒါမှ မဟုတ် ...

... ရှေးဦးခေတ်က မျိုးနွယ်စု (၈) စုများ၊ ပြန်လည် ထမြောက် လာတာလား၊ အိုး ... နေဦး အဲဒီ သခင် ပြန်ရောက် လာ ပြီလား။ ”

အဖိုးအိုက အံ့ဩ တကြီး မေးလာသည်။

“ မဟုတ်ဘူး ... ၊ စီနီယာ ပြောတဲ့လူ တစ်ယောက်မှ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀)က၊ ဧကရာဇ် (၉) ပါး ပေါ်ထွန်း လာပြီး၊ အမှောင်ခေတ်ကို အဆုံးသတ် လိုက်တယ်။ ”

ဧကရာဇ် (၉) ပါး အကြောင်းကို၊ လင်းယွန် သိပ် မသိချေ။ သတင်း အချက် အလတ် များမှာ၊ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်အောင် ပုံကြီး ချဲ့လွန်း၏။

ထို့ကြောင့် ရှေးဟောင်း သူတော်စင်မျိုး နွယ်စုများနှင့်၊ မြင့်မြတ်မြေ များမှသာ ၎င်းတို့ အကြောင်း၊ အတိ အကျ သိနိုင် ပေမည်။

“ ဧကရာဇ် ကိုးပါးက ဘယ်သူ တွေလဲ။ ”

အဘိုးအိုက မျက်မှောင် ကြုတ်လိုက်သည်။ ၎င်းတို့သည် သူကွယ်လွန် ပြီးနောက်၊ ရှင်သန်ထ မြောက် ခဲ့သော ပါရမီရှင်များ ပင်လော။

“ ဧကရာဇ် ကိုးပါး ဆိုတာက အမှောင် ခေတ်ကို နှိမ်နင်းပြီး၊ နတ်နဂါး အင်ပါယာကို ထူထောင် ထားတဲ့ ပုဂ္ဂိုလ် တွေပါ။ ”

“ ကောင်းကင်လမ်း ပျက်စီး သွားတဲ့ အတွက်၊ အမှောင်ခတ်က မပြီး သေးပါဘူး၊ အနာဂါတ်မှာ သူတို့ ပြန်လာ လိမ့်မယ်။ ”

အဘိုးအိုက သက်ပြင်းချကာ ပြောသည်။

“ သူတို့က ဘယ်သူ တွေလဲ။ ”

“ သူတို့ ဆိုတာ ... ၊ နတ်နဂါးခေတ် မတိုင်ခင်က မျိုးနွယ်စု တစ်ခုပါ၊ ခွန်လွန် ဘုံမှာ ဘယ်လိုမှ၊ အတူ ယှဉ်တွဲ နေလို့ မရ နိုင်တဲ့၊ ...

... ငရဲက မိစ္ဆာ တွေပဲ၊ သူတို့ကို ... သတ်နိုင်ရင် သတ် ... ၊ မသတ် နိုင်ရင် ငါတို့ကို မျိုးတုန်းအောင် သတ်ဖြတ် လိမ့်မယ်။ ”

အဘိုးအိုမှ လေးနက်သော အမူ အရာဖြင့် ပြောပြ လာသည်။ ဝမ်းနည်းခြင်းနှင့် သတ်ဖြတ် လိုခြင်း ဆန္ဒများ၊ ပြည့်နှက် လာ၏။

“ ဟမ့် ... ။ ”

ရုတ်တရက် အဘိုးအို၏ အကြည့်သည် ခရမ်းငယ်နှင့်၊ လင်းယွန် ကျောပိုး ထားသော ဓား သေတ္တာထံ၊ တစ်လှည့်စီ ကြည့်သည်။

“ ကြည့်ရတာ မင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိပုံပဲ၊ မင်း ကျောက ဓား သေတ္တာကို ငါ မမြင် နိုင်ဘူး၊ ရင်းနှီးတဲ့ အငွေ့ အသက်မျိုး ရပေမယ့်၊ ဘာလဲ ငါ မမှတ်မိ တော့ဘူး။ ”

အဖိုးအိုက အံ့ဩစွာ ဆိုသည်။

“ ထားပါ ... မင်း ဒီမှာ၊ ရှိနေတဲ့ အတွက်၊ အဆင့် (၁၃) ဆင့် လုံးကို ပြီးသွား ပြီပေါ့၊ ဒါဆို အုပ်စိုးရှင် ရူရ် အကြောင်း သိပြီ ထင်တယ်၊ ...

... ဒါပေမယ့် လက်ရှိ မင်းရဲ့ ကျင့်ကြံမှုက အရမ်း အားနည်းတယ်၊ အုပ်စိုးရှင် ရူရ် ဆိုတာ ခွန်လွန် နယ်မြေ တစ်ခု လုံးရဲ့၊ ...

... လုံခြုံ ရေးပဲ၊ ဒီတာဝန် တွေကို မင်း ထမ်းနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဆယ်နှစ် နေပြီးရင် ပြန်လာ ခဲ့ပါ။ ”

လင်းယွန်မှာ အသက်ရှူ ရပ်သွားသည်။ (၁၀)နှစ် ဟူသော အချိန် ကာလကြောင့် မဟုတ် ဘဲ၊ ခွန်လွန်ကို ကာကွယ်ရန် ဟူသော စကား ကြောင့် ဖြစ်သည်။

ယုချင်းဖန် ထံမှ အရှက်မရှိ တောင်းဆို ဝံ့ သော်လည်း၊ ဤစကားက အဖိုးအို တွင်မူ၊ ထပ်မံ တောင်းဆိုခြင်း၊ မပြုဝံ့ တော့ချေ။

“ ဒါပေမယ့် ... ၊ အုပ်စိုးရှင် ရူရ်ကို ပေးရင်၊ ခွန်လွန်ဘုံကို ကာကွယ် ပေးဖို့၊ ငါ ကတိ ပေးနိုင် ပါတယ်။ ”

သို့သော် မျက်နှာပြောင် တိုက်လျက်၊ အားတင်းကာ တောင်းဆို လိုက်မိ၏။ အုပ်စိုးရှင် နတ်ရူရ် တစ်လုံးကို၊ မည်သူ မဆို လက်လွှတ် ခံချင်မည် မဟုတ်ချေ။

***

All Chapters