← Chapters

အနန္တ လျှပ်စီး နတ်ရူရ်။

Vol. 99 Ch. 1380

အနန္တ လျှပ်စီး နတ်ရူရ်။

Vol. 99 Ch. 1380

“ ဘာမှား လို့လဲ၊ မင်းက ဘာလို့ စိတ် မချမ်းမသာ ဖြစ်နေ ရတာလဲ၊ ဒါက ... မင်းရဲ့ ကံကြမ္မာ ပဲလေ၊ မင်း ဘာလို့ ဒီလောက် ...

... ကံကောင်း နေရတာ လဲလို့၊ ငါတောင် တွေးနေ မိတယ်၊ နောက်ကွယ်မှာ အကြောင်း ပြချက် တစ်ခု ခုတော့ ရှိရမယ်။ ”

“ အင်း ... ဟုတ်မယ်။ ”

လင်းယွန် ကပါ သူ့ မေးစေ့ကို ကိုင်ပြီး ကျန့်ကျန်းရှန် နည်းတူ၊ အလေး အနက်ထား တွေးနေ မိ၏။ သူ့ ကံကြမ္မာသည်၊ ခရမ်းငယ် နှင့်ပတ်သတ် နိုင်ပေမည်။

“ လောလော ဆယ်တော့ အဲဒီ အကြောင်းထား လိုက် ရအောင်၊ တိမ်လွှာဓား (၁၃)ကွက်ရဲ့၊ ဓားသုတ္တန် ရခဲ့လား။ ”

ကျန့်ကျန်းရှန်မှ မေးသည်။ ကောင်းကင် ဘုရင် ဖြစ်လာ သဖြင့့််၊ သူ စိတ်ကောင်း ဝင်ကာ၊ တိမ်လွှာ ဓားဂိုဏ်း အတွက် တွေးလာ မိသည်။

“ အခုပဲ ... မူပွား လုပ်ပေးမယ်။ ”

လင်းယွန်က ခေါင်းညိတ် ပြပြီး၊ သူတို့ အနားရှိ တောင်ကုန်း တစ်ခုပေါ်၊ ပျံသန်း သွား လိုက် ကြသည်။

ကျန့်ကျန်းရှန်က စုတ်တံ တစ်ချောင်းနှင့် စာရွက် အချို့ ထုတ်ပေး လာ၏။ ဤနေရာသည် ဆုစီယာနှင့် အရက် သောက်နေကျ ဇရပ် ဖြစ်သည်။

ဓားသုတ္တန်ကို ချရေးပေး နေ လျက်မှ တိမ်လွှာဓား (၁၃) ကွက်တွင်၊ ပင်မ နတ်ဘုရား ပုံစံနှင့်၊ နဂါးသွေး လွှတ်ကြော ပုံစံ ရှိကြောင်း၊ သတိထား မိလာသည်။

အကယ်၍ တိမ်လွှာဓား သုတ္တန်ကို ဆက်လက် လေ့ကျင့် ပါက၊ ထိုနယ်ပယ် (၂)ရပ် လုံးတွင်၊ ကြောက်မက်ဖွယ် ကောင်းလာ နိုင်ပေမည်။

တိမ်လွှာဓား သုတ္တန်သည် လျှပ်စီး ရည်ရွယ်ချက်နှင့် ချိတ်ဆက် နေသဖြင့်၊ မိုးပြာ နဂါး ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားသော သူ့အတွက် သင့်လျော် ချေ၏။

သို့သော် ယခုမူ ‘အပူပင် ကင်းသော ဓား (၉)ကွက်ကို လေ့ကျင့် ထားပြီး ဖြစ်ရာ၊ အခြား ဓားရေး တစ်ရပ်ကို လေ့ကျင့်ရန်၊ အချိန် မရှိ တော့ချေ။

ကျန့်ကျန်းရှန်က စကား တစ်ခွန်းမှ မပြောဘဲ ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသည်။ သို့သော် တစ်ခါ တစ်ရံတွင် ခေါင်းညိတ် နေပြီး၊ ထိတ်လန့် ရိပ်များ ပြသ လာသည်။

တိမ်လွှာ ဓားသုတ္တန်သည် သူ ထင်ထား သည်ထက်၊ များစွာ အားကောင်း နေပေ၏။ လင်းယွန်က စာရွက်များ သူ့ထံ လွှဲပေး လာ သဖြင့်၊ အနည်းငယ် ဖတ်ကြည့် ပြီးနောက်၊

“ တိမ်လွှာ ဓား (၁၃)ကွက်ရဲ့ ... ၊ စင်ကြယ်သော ဝိညာဉ်တော်ကို ဓားသုတ္တန် ကျင့်ကြံ မှသာ ခေါ်ဆောင် နိုင်မယ်၊ သူ့ရဲ့ ပင်မ နတ်ဘုရား ပုံစံက၊ တစ္ဆေ ဝိဉာဉ် သိုင်းပညာ တွေနဲ့ ယှဉ်နိုင်တယ်။ ”

-ဟု သုံးသပ် လိုက်တော့သည်။

စင်ကြယ်သော ဝိညာဉ်တော် အဆင့် အထက်တွင် တစ္ဆေ ဝိညာဉ်၊ နဂါး ဝိညာဉ်နှင့် နတ် ဝိညာဉ် ဟူသည့်၊ အဆင်များ ရှိသည်။

၎င်းတို့ကို အဆင့် (၃) ဆင့်ဖြင့် ထပ်မံ ခွဲခြား ထားသည်။ တစ္ဆေ ဝိညာဉ် ပညာရပ် များ ကိုပင်၊ ဂိုဏ်းကြီးများ တွင်သာ တွေ့ရှိ နိုင်၏။

ထို့ကြောင့် ကျန့်ကျန်းရှန်၏ အကဲ ဖြတ်မှုသည် မြင့်မား နေပြီ ဖြစ်သည်။

“ ဟမ့် ... ၊ မင်းရဲ့ လက်ရေးက အရမ်း လှတယ်၊ ဓားရေး တစ်ရပ် ကစားတာ ကြည့်နေ ရသလိုပဲ၊ ငါ မထင် မိဘူး၊ လှရုံ အပြင်၊ ရှင်းလင်း ပြတ်သား နေတယ်။ ”

သူ့ လက်ရေးနှင့် ပတ်သက်ပြီး၊ အထူး တလည် လေ့ကျင့် ထားခြင်း မရှိ သောကြောင့်၊ လင်းယွန်မှ အံ့သြ သွား၏။

ထို့စဉ် တစ်စုံ တစ်ရာကို ချက်ချင်း သတိရ လာကာ၊ စာရွက် အလွတ် တစ်ရွက်ကို ယူလျက်၊ စာ အချို့ ချရေး ပြလိုက်သည်။

“ အစ်ကိုကြီး၊ ဒီစာလုံးကို မင်းသိလား။ ”

ကျန့်ကျန်းရှန်က စိတ်မဝင် စားဟန်ဖြင့် လင်းယွန် ရေးပြသော စာရွက်ထံသို့ လှမ်းကြည့် သည်။ သို့သော် စာလုံးကို မြင်ချိန်၌၊ မျက်နှာ ပြောင်းလဲ သွားပြီး၊

“ ဒါ ... ၊ ရှေးဟောင်း အက္ခရာ တွေနဲ့ ရေးထား တာပဲ၊ ကောင်းကင်လို့ အဓိပ္ပါယ် ရ တယ် ... ။ ”

‘အပူပင် ကင်းသော ဓား (၉)ကွက်၊’ ၏ ကောင်းကင် ဟူသည့်၊ စကားစုကို ရေးသား ထားခြင်း ဖြစ်သည်။

ထိုစကားစုရှိ အက္ခရာ များမှာ၊ ရှေးကျ လွန်သဖြင့်၊ ခေတ် အဆက်ဆက် ဖြတ်သန်းလာ ပြီးနောက်၊ ရွေ့လျား တိမ်ကော ကုန်ကာ၊ ရည်ရွယ်ချက် မပြည့်စုံ တော့ချေ။

တောင်ပိုင်း ဧကရာဇ်သည် ကဗျာ ကိုသာ ရွတ်ဆို ခဲ့ခြင်း ဖြစ်သည်။ ဤအက္ခရာ များအား ချရေး ပြခဲ့ခြင်း မဟုတ်ချေ။

အပူပင် ကင်းသော ဓား (၉)ကွက်ကို လေ့ကျင့် ပြီးနောက်၊ လင်းယွန်မှ သူ့ အလိုလို နားလည် လာခြင်း ဖြစ်သည်။ ယင်းကို သတိ မထား မိချေ။

သို့သော် ကျန့်ကျန်းရှန်မှ သူ၏ လက်ရေးအား ချီးကျူး လာသော အခါ၊ သူ့ကိုယ် သူပင် မယုံကြည်နိုင် ဖြစ်သွားသည်။

ဤသို့ လက်ရေး ပြောင်းလဲ ခြင်းသည် အပူပင် ကင်းသော ဓား(၉) ကွက်နှင့်၊ ဆက်စပ် နိုင်မည်ဟု ထင်သည်။

ယင်းသို့ ဆိုပါက၊ အနာဂတ်တွင် လက်ရေးလှ ရေးခြင်းဖြင့်၊ ဓားရေး တစ်ရပ်ကို လေ့ကျင့်နိုင် ပေမည်။ ယင်းက အသုံး ဝင်သော နယ်ပယ် တစ်ရပ် ဖြစ်လာ နိုင်၏။

“ ဒီစာလုံး တွေရဲ့ ... ၊ နောက်ကွယ်က ခံစားချက်က၊ ရေးနေတုန်း ကနဲ့ ... ၊ ပြီးသွားတဲ့ အချိန်မှာ မတူ တော့ဘူး၊ တစ်စ တစ်စ ပို အားကောင်း လာတယ်။ ”

သုံသပ်ချက် ဆုံးသည်နှင့် ကျန့်ကျန်းရှန်မှာ၊ ပြုံးလာ မိသည်။

“ မင်း ... ဘာလို့၊ တိမ်လွှာ ဓားသုတ္တန်ကို ပေးနိုင် တာလဲ ဆိုတာ ... ၊ အံ့သြ စရာ မရှိတော့ ပါဘူး၊ မင်းမှာ ပိုကောင်းတဲ့ အရာ တစ်ခု ရှိနေ တာပဲ။ ”

“ အစ်ကိုကြီး ... ၊ မင်း အထင်လွဲ နေပြီ၊ ဖြစ်နိုင်ရင် ... ဒီဓားရေး ကိုလည်း ငါ ထားခဲ့ပေး ချင်ပါတယ်၊ ဒါပေမယ့် ဒီဓားရေးကို သင်ယူဖို့ ဆိုရင်၊ ...

... ဓားပန်းချီ တစ်ချပ် လိုတယ်၊ ငါပေးခဲ့ ရင်တောင်၊ တခြား လူတွေက ငါ့လို နားလည် ကြမှာ မဟုတ်ဘူး ... ၊ ဒါပေမယ့် အနာဂါတ်မှာ နည်းလမ်း ရှာပြီး၊ တမ်လွှာဓား ဂိုဏ်းဆီ ပို့ပေး လိုက်ပါ့မယ်။ ”

တိမ်လွှာ ဓားဂိုဏ်း အပေါ် ခံစားချက် ရှိသဖြင့်၊ အပြာရောင် စံအိမ် နယ်မြေ၌ သန်မာ စေလို သည်မှာ၊ အမှန် ပေပင်။

“ ဒီလို နှလုံးသား ရှိနေ သရွေ့တော့ အဆင်ပြေ ပါတယ်၊ ဒါပေမယ့် ... မင်း အဲဒါကို အလျင်စလို လုပ်ဖို့ မလို ပါဘူး၊ မင်း လောက နိယာမ နယ်ပယ်ကို ရောက်တဲ့ အထိ၊ ငါ စောင့်နိုင် ပါတယ်။ ”

လင်းယွန်မှ အလေး အနက် ထားနေ သည်ကို မြင်လိုက် ရသောကြောင့်၊ ခေါင်းညိတ် ကာ ကျန့်ကျန်းရှန်က ပြောကြား လိုက်သည်။

ထိုအချိန်တွင် ဓားသူတော်စင် တောင်မှ၊ ဓားရောင်ခြည် တစ်စင်း၊ တဟုန်ထိုး ပျံထွက် လာ လေသည်။

ကျန့်ကျန်းရှန်မှ ကန့်သတ် ထားသော အလွှာပေါင်း များစွာကို ဖြတ်ကျော် သွားနေ ခဲ့၏။

ထို့ကြောင့် ၎င်းအား ဖိနှိပ်ရန်၊ ကျန့်ကျန်းရှန်မှ သူ့ဓား ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။ သို့သော် ကျန့်ကျန်းရှန် ခမျာ၊ ချက်ချင်း မျက်နှာ ပြောင်းလဲ သွား၏။

ထိုဓားရောင်ခြည် ထဲတွင်၊ ဓားသေတ္တာ တစ်လုံး ပျံသန်းလာ သည်ကို တွေ့ရှိ လိုက်ရ သဖြင့်၊ အုပ်စိုးရှင် နတ်ရူရ် လွှဲပြောင်းမှု၊ ပြီးဆုံး သွားပြီမှန်း၊ လင်းယွန် သိလိုက်သည်။

“ ဖွင့် ... ။ ”

ကောင်းကင် သော့ခတ်ခြင်း တံဆိပ်ကို ဖွဲ့စည်း လိုက်ရာ၊ ဓားသေတ္တာရှိ ကန့်သတ်ချက် ပွင့်လာပြီး၊ လင်းယွန်အား အလင်းတန်း အသွင် စုပ်ယူ သွားသည်။

ခရမ်းရောင် လျှို့ဝှက် နယ်မြေ အတွင်း၊ ဝင်ရောက် လိုက်သည်နှင့်၊ လျှပ်စီးများ လက်နေ သော ကမ္ဘာ ကြီးကို မြင်လိုက် ရ၏။

နယ်မြေ ဗဟိုတွင်၊ ပင်ပျို အရွယ် အစား မျှသာ ရှိသော၊ ဖီးနစ် သစ်ပင် တစ်ပင် ရှိသည်။ ထိုသစ်ပင် ရှေ့၌ ခရမ်းငယ် ရပ်နေ၏။

ခရမ်းငယ်က ပြုံးရွှင် စွာဖြင့်၊ လင်းယွန်ထံ လှည့်ကြည့် လာကာ၊

“ လင်းယွန်၊ ဖီးနစ် သစ်ပင် အသက် ပြန်ရှင် လာပြီ။ ”

-ဟု အော်ဟစ် ခုန်တက် တော့သည်။

“ ဝှစ် ... ။ ”

ဖမ်းယူ လိုက်သော လင်းယွန် ခမျာ၊ သူမ အဟုန်ကြောင့် အနည်းငယ် ယိမ်းထိုး သွားခဲ့ သည်။

“ ငါ့ ဖီးနစ် သစ်ပင် အသက် ပြန်ရှင် လာပြီ။ ”

“ ငါ့ ဖီးနစ် သစ်ပင် အသက် ပြန်ရှင် လာပြီ။ ”

ခရမ်းငယ်က လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ၊ လင်းယွန် လည်ပင်းကို သိုင်းဖက်လျက်၊ တတွတ်တွတ် အော်နေ တော့၏။

“ မင်းက ဖီးနစ် တစ်ကောင်ပါ၊ ဘာလို့ ကလေး တစ်ယောက်လို၊ ပြုမူ နေရ တာလဲ။ ”

“ ခစ် ခစ် ခစ် ... ၊ ငါ ... အရမ်း ပျော်နေ လို့ပေါ့၊ နောက်ဆုံးတော့ ... အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံး ထဲက၊ တစ်လုံးကို ငါ ပြန်ရပြီ။ ”

“ ဒါက အနန္တ လျှပ်စီး နတ်ရူရ်လား။ ”

“ ဟုတ်တယ် ... ၊ အနန္တ လျှပ်စီး နတ် ရူရ်ကြောင့်၊ ဒီနယ်မြေက တဖြည်းဖြည်း ပြန် ကောင်းလာပြီ၊ ဒါပေမယ့် ... သစ်ပင်က ဒီလျှို့ဝှက် နယ်မြေ တစ်ခု လုံးရဲ့၊ ...

... ဗဟိုချက် ဖြစ်လို့၊ သူ့ကို ပျိုးထောင်ဖို့ အတွက်၊ အရင်း အမြစ်တွေ အများကြီး လိုအပ် နေသေးတယ်။ ”

ခရမ်းငယ်မှ ပြန်လည် ဖြေကြား လာခဲ့သည်။

“ အခု ဘယ်မှာလဲ၊ အနန္တ လျှပ်စီး နတ်ရူရ်က။ ”

“ ဘယ်မှာ ရှိရ မှာလဲ၊ အနန္တ လျှပ်စီး ... ရေကန် ထဲမှာပါ့။ ”

ခရမ်းငယ်က မီးတောင် တစ်လုံးထံ လက်ညှိုး ညွှန်ပြသည်။ ထိုအရပ်တွင် မိုးကြိုး တိမ်တိုက် များ၊ ကောင်းကင်၌ စုဖွဲ့ နေ၏။

“ ဖရူး ... ။ ”

ရွှေကျီးကန်း တောင်ပံကို ဆင့်ခေါ်လျက်၊ ထိုအရပ်သို့ ပျံသန်း မိသည်။ နာရီဝက် အကြာ၌ လင်းယွန် တစ်ယောက်၊ အနန္တ လျှပ်စီး ရေကန် အနား ဆင်းသက် လိုက်၏။

ဤနေရာသည် တစ်ချိန်က မီတောင် တစ်လုံး၏ တွင်းဝ ဖြစ်သည်။ လက်ရှိ အချိန်၌ မီးတောင် အတွင်း၊ လျှပ်စီး များဖြင့် ပြည့်နှက် နေ၏။

ခရမ်းငယ်က လည်ပင်းကို ဖက်တွယ်ထား ရာမှ၊ လျောဆင်း သွားသည်။

“ အနန္တ လျှပ်စီး ရေကန်က အပြည့် အဝ မကောင်းမွန် သေးဘူး၊ ဒါက အစပဲ ရှိသေးတယ် ပြန်လည် ကောင်းမွန် လာရင်၊ သက်တံရောင် လျှပ်စီးကို မွေးဖွား ပေးလိမ့်မယ်၊ ...

... အဲဒီ ချိန်ဆို၊ နင့် ... ခန္ဓာကို သန့်စင် နိုင်ပြီ၊ ဒါက တခြား လူတွေထက်၊ အနည်းဆုံး ဆယ်ဆ မဟုတ် သေးဖူး၊ အဆ တစ်ရာ အထိ သန်မာ လာလိမ့်မယ်။ ”

“ ဒါဆို ... သက်တံရောင် လျှပ်စီး မွေးဖွား လာအောင် ဘာလုပ် ရမလဲ။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ မေးသည်။ ချင်းကန်နှင့် မတွေ့ခင် အချိန်၌၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်မှာ၊ သူ၏ ဝှက်ဖဲ ဖြစ်ခဲ့၏။

၎င်းနှင့် ရင်ဆိုင် ပြီးနောက် မလုံလောက် တော့ကြောင်း၊ နားလည် လာသည်။

“ အုပ်စိုးရှင် နတ် ရူရ်က၊ ဖီးနစ် သစ်ပင်နဲ့ ပေါင်းစပ် သွားတယ်၊ နတ်ရူရ်တွေ ပေါင်းစပ်လာ တာနဲ့ အမျှ၊ သစ်ပင် ကြီးထွား လာမယ်၊ ဖီးနစ် သစ်ပင် ပိုကြီးလေ၊ နတ်ရူရ် တွေက စွမ်းအင် တွေကို များများ စုပ်ယူနိုင် လေလေပဲ။ ”

“ ဒါဆို မင်း ပြောနေ တာက အုပ်စိုးရှင် နတ်ရူရ် ထပ် မတွေ့ခင်၊ ဒီသစ်ပင် ကြီးထွား လာအောင်၊ နည်းလမ်း ရှာရ မှာပေါ့။ ”

“ မှန်တယ် ... ၊ နင်က တကယ် တော်တဲ့ ဧကရီရဲ့ ကျွန်ပဲ။ ”

လင်းယွန်မှ စိုက်ကြည့် လာသဖြင့်၊ ခရမ်းငယ် ခများ လျှာထုတ်ကာ အရူး ကွက် နင်း လိုက်သည်။ ထို့နောက် နှစ်ဦးသား ဖီးနစ် သစ်ပင် ထံသို့၊ ပြန်လာ ခဲ့၏။

ဖီးနစ် သစ်ပင်သည် ခရမ်းငယ် အရပ် ထက်ပင်၊ နိမ့်နေ သေးသည်။ ထို့ကြောင့် ၎င်းကို ကြည့်ရန်၊ ခါးကိုင်း ရသည်။

“ သူက ကြီးထွားမှု နှေးတယ်၊ ပြင်ပ အကူ အညီ မပါရင်၊ နှစ်တစ်ရာ နေမှ တစ် မီတာပဲ မြင့် လာလိမ့်မယ်။ ”

ခရမ်းငယ်မှ ပြောပြ လာသည်။

“ ဒါဆို ... ဘာတွေ လိုလဲ။ ”

“ နဂါး သွေးရည်ကြည်၊ စစ်မှန်သော သူတော်စင် နဂါး သွေးရည်ကြည်ပဲ၊ ပုံး တစ်ပုံး ရရင်၊ ဆယ်နှစ်လောက်စာ ကြီးထွား လာမယ်။ ”

“ များ လိုက် တာ။ ”

နဂါး သွေးရည်ကြည် ဟူသည်၊ ရေကန် အတွင်းမှ အလွယ် တကူ ခပ်၍ ရသော ရေမျိုး မဟုတ်ချေ။

တိမ်လွှာဓား ဂိုဏ်းသည်ပင်၊ သူ့အား ပေးကမ်း ရာ၌၊ (၆) အတွင်း အရည် အစက် ဖြင့်သာ၊ ရေတွက် ပေး နိုင်ခဲ့သည်။

ထိုပမာဏ သည်ပင်၊ ဆပ် မကုန်သော ကျေးဇူးများ အကြွေး တင်ထား ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ပုံး တစ်ပုံး စာတွင်၊ မည်မျှ ရှိမည်ကို မတွက်နိုင် တော့ချေ။

“ ဒါက ... ဒီလောက်လည်း မများသေး ပါဘူး။ ”

ခရမ်းငယ်မှ တိုးတိုးလေး ပြောသည်။ အုပ်စိုးရှင် နတ်ရူရ်များ တိုးလာ သည်နှင့် အမျှ၊ လိုအပ်သော ပမာဏ သည်လည်း၊ တိုးလာ မည်ကို၊ ဆက်ပြီး ပြောမပြ ဝံ့တော့ချေ။

“ ပုံး တစ်ပုံးက၊ (၅၀၀) ကီလို ဂရမ် လောက်ပဲ ရှိပါတယ်။ ”

သို့သော် မျှော်လင့်ချက် ကြီးစွာဖြင့်၊ တွက်ချက် ပြမိ သေးသည်။ လက်ရှိ အချိန်၌ ၎င်းပမာဏကို မတတ်နိုင် သေးသောကြောင့်၊ လင်းယွန်က ပါးစပ် ပိတ်ထား မိသည်။

ဖီးနစ် ပင်ပျို အနီးရှိ ဝိညာဉ်ရေး စွမ်းအင် များသည်၊ တိမ်လွှာဓား ဂိုဏ်းရှိ အကောင်း ဆုံး ဆိုသော နေရာ များထက် သာလွန်၏။

ထို့ကြောင့် ၎င်းလိုအပ် ချက်ကို ဖြည့်ဆည်းပေး ခြင်းဖြင့်၊ မည်မျှ ပို၍ သိပ်သည်း လာမည်အား၊ သိချင် သွားသည်။

“ ငါတို့ ရှေးဟောင်း ပျက်သုဉ်း မြေကို၊ ရောက်တဲ့ အခါ၊ ထပ်ပြော ကြမယ်။ ”

အပြာရောင် စံအိမ် နယ်မြေတွင်၊ သည်မျှသော အရင်း အမြစ် များကို၊ စုဆောင်း နိုင်မည့် နည်းလမ်း၊ သူ့တွင် မရှိ တော့ချေ။

***

All Chapters