← Chapters

လျှပ်စီး နတ်ရူရ် ကိုင်တွယ်ရန် နည်းစနစ်။

Vol. 99 Ch. 1381

လျှပ်စီး နတ်ရူရ် ကိုင်တွယ်ရန် နည်းစနစ်။

Vol. 99 Ch. 1381

သူ့ ယူဆချက် တွေ အရ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်မှသာ ဖြစ်နိုင် မည်ဟု ထင်သည်။

ထို့ကြောင့် ၎င်းကို လောလောဆယ် ဘေးဖယ် ထားပြီး၊ အချိန် အချို့ စောင့်ကြည့် ရန်သာ ရှိ၏။

လက်ရှိ သူ့ အမြင် အာရုံမှာ အလွန် နိမ့်ကျ နေသေး သောကြောင့်၊ အရာ များစွာကို ရှင်းရှင်း လင်းလင်း မဆုံးဖြတ် နိုင်သေးချေ။

“ ဒါနဲ့ ... မင်း ခွန်အား ဘယ်လောက် ပြန်ရ လာပြီလဲ။ ”

“ ဒီနယ်မြေ အပြင် မှာဆို ... ၊ ငါက နင့် ကျင့်ကြံ မှုရဲ့ (၇၀%) လောက်ပဲ သန်မာ မယ်၊ ဒါပေမယ့် ကြိုတင် ပြင်ဆင်မှု အချို့ လုပ်ခွင့် ရရင်တော့၊ ...

... နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို၊ ပိတ်လှောင် ထား နိုင်တယ်။ ”

ထိုစကားကြောင့် လင်းယွန်က ခေါင်းညိတ် လိုက်သည်။ သူမ၏ ခွန်အား ပြန်ရယူ နိုင်နှုန်းမှာ အနည်းငယ် နှေးကွေး သော်လည်း၊ အဆိုးကြီး မဟုတ်ချေ။

သူ့ ကျင့်ကြံ မှုနှင့် လိုက်လျော ညီထွေ ဖြစ်အောင်၊ ခရမ်းငယ်၏ အစွမ်း သတ္တိအား၊ ကန့်သတ် ထားမှန်း နားလည် လိုက်သည်။

“ ဒီနယ်မြေ ထဲမှာ ဆိုရင်ရော ... ။ ”

“ အဲဒါက ... လုံးဝကို ကွဲပြားတဲ့ ဇာတ်လမ်းပဲ၊ အနန္တ လျှပ်စီး နတ်ဘုရား ရူရ်ရဲ့၊ စွမ်းအား အပြည့်ကို ထုတ်နိုင်တယ်၊ ဒါကြောင့် နဂါး သွေးလွှတ်ကြော နယ်ပယ်၊ အထွတ် အထိပ်က လူ တစ်ယောက်တောင်၊ ငါ သတ်နိုင်တယ်။ ”

ခရမ်းငယ်မှ ပြန်ဖြေသည်။ ထုံးစံ အတိုင်း လင်းယွန်က မယုံချေ။ အဆင့် တစ်ဆင့် လျှော့ချ လိုက်ရသည်။

အထွတ် အထိပ် နဂါး သွေးလွှတ်ကြော အောက်ရှိ၊ မည်သူ့ကို မဆို သတ်နိုင် ပေမည်။ ထို့ကြောင့် ရန်သူ များအား ဤနယ်မြေ အတွင်း ဆွဲသွင်း နိုင်ပါက၊ အဆင်ပြေ နိုင်မည်။

“ အနန္တ လျှပ်စီး နတ်ရူရ် ကိုရော၊ ငါ ထိန်းချုပ်လို့ ရနိုင် မလား။ ”

“ ရတယ်၊ ယုတ္တိ ဗေဒ အရ ဆိုရင် ဓားသေတ္တာက နင့် ပစ္စည်း ဖြစ်ပြီး၊ ငါက လွဲပြီး အကုန် နင် ပိုင်တယ်။ ”

“ မင်းက ဘာလို့ ချွင်းချက် ဖြစ်နေ ရတာလဲ။ ”

လင်းယွန်က ပြုံးလျက် မျက်စိ မှိတ်ပြ လိုက်သည်။

“ ထွက်သွား စမ်း ... ၊ လူယုတ်မာ။ ”

ခရမ်းငယ်မှ လင်းယွန်အား နီမြန်းသော မျက်နှာဖြင့်၊ ပြန်လည် အော်ဟစ် လာတော့ သည်။

လင်းယွန်က ဆက်ပြီး နောက်ပြောင် မနေ တော့ဘဲ၊ အနန္တ လျှပ်စီး နတ်ရူရ်ကို ထိန်းချုပ်ရန် နည်းလမ်းအား မေးလိုက်သည်။

ယင်းက ခရမ်းရောင် သူတော်စင် တံဆိပ် ဖြစ်သည်။ ၎င်းတွင် မတူညီသော ပုံစံ များစွာ ရှိ သည်။ အလွယ် ဆုံးမှာ ဓားသေတ္တာ ဖွင့်သည့်၊ တံဆိပ် ဖြစ်၏။

ခရမ်းငယ် ရှင်းလင်းချက်ကို ကြားလိုက် ရသည်နှင့် လင်းယွန်မှာ၊ ခေါင်းညိတ် မိသည်။ ဤဓား သေတ္တာသည် နတ်ဘုရား လက်ရာ တစ်ခု ဖြစ်နိုင် ပေမည်။

လျှို့ဝှက် နယ်မြေ အတွင်းမှ ပြန်ထွက် လာသည်နှင့်၊ ဓားသေတ္တာကို ထမ်းပိုး လိုက်ပြီး၊ ကျန့်ကျန်းရှန်ထံ ပျံသန်း လိုက်သည်။

“ အောင်မြင် ခဲ့လား။ ”

လင်းယွန်မှ ခေါင်းညိတ်ပြ လိုက်သော အခါတွင်၊ ကျန့်ကျန်းရှန်မှာ သူ ရရှိလာ သကဲ့သို့ ပျော်ရွှင် သွားသည်။

“ ဒါပေမယ့် ... စီနီယာ အစ်ကို၊ ငါ မင်းကို တစ်ခု ပြောစရာ ရှိသေးတယ်။ ”

“ ပြော ပါ။ ”

“ ဓား သူတော်စင် တောင်တန်းမှာ၊ မျိုးနွယ်ခြား မိစ္ဆာ တွေကို နှိမ်နင်း ထားတဲ့ ယဇ် ပလ္လင် တစ်လုံး ရှိတယ်၊ ...

... အဲဒီ စီနီယာ ဝိညာဉ်က၊ ရာစုနှစ် အနည်းငယ် ကြာတဲ့ အထိ၊ ဆက်ပြီး ဖိနှိပ် ပေး ထားလိမ့်မယ်၊ ဒါပေမယ့် ... ကြာလာ ရင်တော့ ပြဿနာ ဖြစ်လာ နိုင်မယ်။ ”

“ စိတ်မပူ နဲ့၊ ငါ ဒီမှာ ရှိတယ်။ ”

ကျန့်ကျန်းရှန်မှာ အံ့အားသင့် သွားရာမှ၊ ပြုံးလျက် ပြန်ဖြေ လာ၏။ ထိုအချိန်၌ သူသည် သူတော်စင် တစ်ပါး ဖြစ်နေပြီ ဖြစ်သည်။

အဆုံးတွင် စီနီယာ ဖူယွင်ဇီ နီးနီး သန်မာ နေမည်မှာ သေချာသည်။ ထိုစကားများ အပေါ်၊ လင်းယွန်က သံသယ မရှိချေ။

“ မင်းမှာ ... အချိန် သိပ်မကျန် တော့ဘူး၊ သွား ကျင့်ကြံပါ၊ ရာစုနှစ် အနည်းငယ် လိုသေး တဲ့၊ ဒီမျိုးနွယ်ခြား မိစ္ဆာ တွေနဲ့ ယှဉ်ရင် ...

... ရှေးဟောင်း ပျက်သုဉ်း မြေမှာ ရှင်သန် ရတာက ပိုခက်ခဲတယ်၊ မဟာ သူတော်စင် မူလ ပုလဲ တစ်ခု တည်းနဲ့တင်၊ မင်းက လမ်းလျှောက် နေတဲ့၊ ရတနာသိုက် ဖြစ်နေပြီ။ ”

ကျန့်ကျန်းရှန်မှ သတိ ပေးလာသည်။

“ စီနီယာ အစ်ကို၊ မင်း ငါ့ကို ဓားဂိုဏ်းမှာ လာတွေ့ မှာလား။ ”

သူ့ မေးခွန်းကြောင့် ကျန့်ကျန်းရှန်၏ အပြုံးများ၊ ပျောက်ကွယ် သွားခဲ့သည်။ အချိန် အကြာကြီး၊ ငြိမ်သက် သွားပြီး၊

“ အဲဒီ တုန်းက ဓားဂိုဏ်းကို ... ၊ အဆင် မပြေတဲ့ အနေ အထားမှာ၊ ကျန်ရစ် စေခဲ့ မိတဲ့၊ အမှားမျိုး ကျူးလွန် မိတယ်၊ တျန်ရွှမ်ဇီ ဆီမှာ ဓားကို တိုင်တည်ပြီး၊ ကတိ သစ္စာ ပြုခဲ့တယ်၊ ဓားဂိုဏ်းကို ဘယ်တော့မှ ခြေမချ ဖူးလို့၊ ... ”

“ မ ဟုတ် တာ ... ။ ”

ထိုနေရာ အရောက်တွင် လင်းယွန်မှာ ထိတ်လန့် သွားသည်။

“ ဒါဆို ... ဒီသစ္စာကို ပျက်ပြယ်အောင် လုပ်ဖို့ နည်းလမ်း ရှိလား။ ”

“ တျန် ရွှမ် ဇီ ... ၊ မရှိမှဘဲ ရမယ်။ ”

ကျန့်ကျန်းရှန်မှ အံကြိတ်လျက်၊ အမုန်း တရားများ ပြည့်နှက်သော မျက်ဝန်း များဖြင့်၊ အတိတ်ကို ပြန်သတိ ရလာသည်။

“ တစ်နေ့တော့ ... ၊ သူ့ အသက်ကို ငါ ကိုယ်တိုင် ယူမယ်။ ”

လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားသည်။ ကျန့်ကျန်းရှန်ကို အကောင်း မြင်လှ သော်လည်း၊ တျန်ရွှမ်ဇီ ဟူ သည်လည်း၊ ခပ်ညံ့ညံ့ မဟုတ်ချေ။

အနှစ် တစ်ထောင် အတွင်း၊ သက်တံဓား သူတော်စင်နှင့်၊ ယှဉ်နိုင်သော ရှားပါး ပါရမီရှင် တစ်ပါး ဖြစ်သည်။

ထို့ကြောင့် စကား မဆို တော့ဘဲ၊ ထွက်ခွာ လာမိသည်။ ကျန့်ကျန်းရှန်က ဓား သူတော်စင် တောင်ကို ပြန်ပိတ်ကာ၊ လင်းယွန် ထားခဲ့သော စာရွတ်ထံ ကြည့်၏။

ယင်းက ကျမ်းစာ တစ်ပိုဒ် ကဲ့သို့၊ ခန့်ငြားကာ၊ ၎င်းတွင် ဓား ရည်ရွယ်ချက်အား (၃၆) ကြိမ် တိတိ၊ အသုံးပြု ထားသည်။

ဓားတစ်ချက် ချင်းစီသည် မတူ ညီသော ရည်ရွယ်ချက်များ ပေးစွမ်း နေပြီး၊ အားလုံးစုံ ချိန်၌၊ အပူပင် ကင်းမဲ့ခြင်း ဟူသော ခံစားချက် ရရှိ စေသည်။

“ ကောင်းကင် ဓား (၃၆) ချက်လား ... ”

စာရွက်ကို ကိုင်ထားစဉ်၊ သူ့ခန္ဓာ ကိုယ်မှ ကျန့်ကျန်းရှန် တစ်ယောက် တိုးထွက် လာပြီး၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ ဓားရေးအား ကစားကြည့် နေတော့သည်။

အသက် တစ်ရှိုက်စာ အတွင်း၊ ဓားရိပ် (၃၆)ရိပ် ဖြစ်ပေါ်လာ ပြီးနောက်၊ ‘ကောင်းကင်’ ဟူသော စကားလုံး ပေါ်လာ၏။

“ စိတ်ဝင်စား စရာပဲ၊ ငါ ကတော့ တစ္ဆေ ဝိညာဉ် အဆင့်၊ ဓားပညာ တစ်ရပ် သင်ပေးမို့၊ စဉ်းစား နေတာ၊ အခု ... မလိုအပ် တော့ ပုံရတယ်၊ ...

... ဒါကို ငါလည်း ကောင်းကောင်း နားလည်အောင် လုပ်ရမယ်၊ ငါ့ ညီမှာ လျှို့ဝှက် ချက်တွေ အများကြီး ရှိပုံ ရတယ်။ ”

စာရွက်ကို ကိုင်လျက် ကျန့်ကျန်းရှန်မှ ပြုံးမိသည်။ ရှေးဟောင်း ပျက်သုဉ်း မြေကြီးတွင် လင်းယွန် တစ်ယောက် အောင်မြင်မှုများ၊ မည်မျှ ရယူနိုင် မည်ကို၊ မစောင့်နိုင် တော့ချေ။

***

All Chapters