← Chapters

မင်းကို အရင်ဆုံး လာ သတ်မယ်။

Vol. 99 Ch. 1382

မင်းကို အရင်ဆုံး လာ သတ်မယ်။

Vol. 99 Ch. 1382

နဂါး ဖီးနစ် ကမ္ဘာဖျက် ဓား ကျမ်းနှင့်၊ အပူပင် ကင်းသော ဓား (၉) ကွက် စသည့် နှစ်ခု လုံးကို၊ လေ့ကျင့်ရန် သူ့၌ အချိန် မရှိချေ။ တစ်ခု ကိုသာ ရွေးချယ် နိုင်မည်။

ကျန့်ကျန်းရှန် စကားကြောင့်၊ အပူပင် ကင်းသော ဓား(၉) ကွက်ကို ဦးစွာ လေ့ကျင့်ရန် ဆုံးဖြတ် မိသည်။

လက်ရေး လှရေးခြင်းဖြင့်၊ ၎င်းအပြင် ဓားရည်ရွယ်ချက် သည်ပါ၊ လေ့ကျင့်ပြီး ဖြစ်ပေ မည်။ တပြိုင် နက်တည်း အရာ နှစ်ခု ပြီးမြောက် သည့်၊ နည်းလမ်း တစ်ရပ် ဖြစ်၏။

လက်ရေးလှ ရေးခြင်းဖြင့်၊ ဤသို့ အကျိုး ထူးမှန်း သိပါက၊ လူတိုင်း ဓားမကိုင်ဘဲ၊ စာရွက် နှင့်၊ စုတ်တံ သာ ကိုင်ကြ ပေတော့မည်။

“ တင်း ... တောင် ... ၊ တောင် ... ။ ”

တိမ်များ ဝိုင်းရံ နေသော တောင်ထိပ် တစ်နေရာတွင်၊ ကေျာက်သား ဇရပ် တစ်ဆောင် ရှိသည်။ ဆုစီယာက ဇရပ် အတွင်း အကျ အန ထိုင်ကာ၊ ဗျပ်စောင်း တီးခတ် နေ၏။

သူမ ထံမှ ဧကရီ တစ်ပါး ကဲ့သို့၊ ရောင်ဝါ တစ်မျိုး ယိုစိမ့် နေပြီး၊ မျက်နှာ ချင်းဆိုင် စားပွဲ ပေါ်တွင်၊ လင်းယွန်က လက်ရေးလှ လေ့ကျင့် နေချေသည်။

ဗျပ်စောင်းကို လက်စသပ် ပြီးနောက်၊ ဆုစီယာက အနား လျှောက်လှမ်း လာသည်။ လင်းယွန် အာရုံပျက် မည်ကို စိုးသဖြင့်၊ လှုပ်ရှားမှု တိုင်းမှာ ညင်သာ သည်။

စာရွက် ပေါ်ရှိ ကောင်းကင် ဟူသော ဝေါဟာရမှာ၊ ယခင် ကောင်းကင်ထက် ပို၍ မြူးကြွ နေပြီး၊ သေသပ် လာပေသည်။

ဆိုလို သည်မှာ ဓားရည်ရွယ် ချက်ကို ကောင်းစွာ ထိန်းချုပ် လာနိုင်ပြီ၊ ဟူသော အဓိပ္ပါယ် ပေပင်။

“ စီယာ ... မင်းရဲ့ သီချင်းက ဒီနေ့ နည်းနည်း ရှုပ်ထွေး နေတယ်၊ ဘာတွေများ စိတ် အနှောက် အယှက် ရှိနေ လို့လဲ။

စုတ်တံ ချလိုက်ကာ လင်းယွန်မှ ပြုံးလျက် ဆုစီယာ လက်ကို ကိုင်သည်။

“ တျန်ကျန့်ကို ရှာဖို့ ... လုပ်နေ တုန်းက ငါပြောခဲ့ တာကို မှတ်မိ သေးလား။ ”

“ အင်း မှတ်မိတယ်၊ ငါ့ကို အသက် ရှင်လျက် ပြန်လာ ခိုင်းခဲ့တာ။ ”

လင်းယွန်က သက်ပြင်း ခိုးချ လိုက်၏။ သူမတွင် ပြောစရာ တစ်ခုခု ရှိနေပုံ ရသည်။

“ ငါ ... ။ ”

ဆုစီယာမှာ စကား မဆို နိုင်တော့လဲ၊ တုံ့ဆိုင်း သွားသဖြင့်၊ လင်းယွန်မှ ပွေ့ဖက်ပစ် လိုက်သည်။

“ ငါ သိတယ်၊ ဒီမှာ ... ငါနဲ့ အခုလို အကြာကြီး လာနေ နိုင်ဖို့၊ သတ္တိတွေ အများကြီး စုဆောင်း ခဲ့ရ လိမ့်မယ် ဆိုတာ သိတယ်၊ မင်းက တော်ဝင် ဧကရာဇ် နန်းတော်က ဖြစ်လို့၊ ...

... ဓားဂိုဏ်းကို ငါနဲ့ အတူ မလိုက် နိုင်ဖူး ဆိုတာလည်း ငါ သိတယ်၊ ဒါဆို အဆင် ပြေပြီ မဟုတ်လား။ ”

ထို့ကြောင့် ဆုစီယာက သူမ စကားကို ဆက်မပြော တော့ဘဲ၊ စာရွက်တွင် ရေးသား ထားသော ‘ကောင်းကင်’ထံ၊ ကြည့် ၏။

“ဒီစာလုံး တစ်လုံး ကိုပဲ၊ ထပ်ခါ တလဲလဲ ရေးနေတာ ... ၊ ခုဆို လဝက် ရှိနေပြီ၊ ဒါပေမယ့် ... မင်း မကျေနပ် သေးဘူး၊ ဘာကြောင့်လဲ ...

... ငါ့ အမြင် မှာတော့ ဒီစာလုံး တွေက လုံလောက် နေပါပြီ၊ သူ့ရဲ့ အပူပင် ကင်းမဲ့ခြင်း ဆိုတဲ့ ရည်ရွယ်ချက် တွေက အားကောင်း နေပြီပဲ။ ”

-ဟု မေးလိုက်သည်။

“ ဒါက ... ၊ တမင် တကာ လုပ်ယူထား တယ်လို့ ခံစား ရတယ်၊ ဓားကို လှောင်အိမ်ထဲ လွှဲနေရ သလိုပဲ၊ မထွက် နိုင် သေးဘူး၊ ဂရုစိုက် ပြီး လုပ်လေလေ၊ ဒါက ရယ်စရာ ကောင်းလာ လေလေ ဖြစ်နေတယ်။ ”

လင်းယွန်က အား မရှိသော လေသံဖြင့် ပြန်ဖြေသည်။

“ ငါ သိပြီ ... ။ ”

ဆုစီယာမှ ဆက် မပြောခင် ခေတ္တမျှ စဉ်းစား လိုက်ပြီး၊

“ လောကမှာ ... ဘဝ တစ်ခု ဖြစ်တည် လာပြီးရင်၊ အပူ အပင် မရှိဘဲ၊ နေလို့ မရ ပါဘူး၊ အမှန်တော့ ... ငါတို့ အားလုံးက ...

... လှောင်အိမ် ထဲက ငှက်တွေပဲ၊ တချို့ လူတွေရဲ့ လှောင်အိမ်က ... ၊ နည်းနည်း ပိုကြီး နေတော့ ... ၊ ဒါကို မသိနိုင် ကြတာပါ။ ”

ထိုကဲ့သို့ တွေးတော ခဲ့ဖူးခြင်း မရှိ သောကြောင့်၊ ဆုစီယာ အမြင် များက လင်းယွန် ကို၊ တုန်လှုပ် သွားစေသည်။

“ လက်တွေ့ မှာတော့ ... ၊ လှောင်အိမ် ဆိုတာ တကယ် မရှိ ပါဘူး၊ မင်းရဲ့ စီနီယာ အစ်ကို ကျန့်ကျန်းရှန် လိုမျိုး၊ ...

... နှလုံးသား ပိတ်မိ နေတာကို လှောင်အိမ်လို့ ခေါ်တာပါ၊ သူက တိမ်လွှာဓား ဂိုဏ်းကနေ၊ ထွက်နိုင် ရင်တောင် လှောင်အိမ်က လွတ်မြောက် ဦးမှာ မဟုတ်ဘူး၊ ...

... ဒါပေမယ့် လည်း သူ့ ဓားကို နောက်ဆုံး အချိန်မှာ ဆွဲခဲ့ပြီး၊ တျန်ရွှမ်ဇီ အပေါ် ဒဏ်ရာပေး သွားနိုင်တယ် မဟုတ်လား၊ ဒါကို မင်း သဘော ပေါက်သင့်တယ်။ ”

“ အိုး ... စီယာ၊ မင်း အရမ်း တော်တာပဲ ... ငါ့အချစ် ။ ”

လင်းယွန် ဝမ်းသာ အားရဖြင့်၊ သူမ နှုတ်ခမ်းကို နမ်းရှိုက် လိုက်သည်။ ဆုစီယာက အံ့သြ သွားပြီး၊

“ မင်းက ငါ့ထက် ပိုတော် ပါတယ်၊ ဘယ်အချိန်မှာ ဘယ်လို အခွင့် အရေး ယူသင့်လဲ ဆိုတာ အမြဲ သိနေတယ်၊ နောက်ဆို မင်းနဲ့ စကားပြော ဆင်ခြင် ရမယ်။ ”

“ ဟား ဟား ဟား ... ။ ”

“ ဘာ ရယ်တာလဲ မရယ်နဲ့ ... ၊ မင်း အဲ့ဒီလို ရယ်နေရင်၊ လူယုတ်မာနဲ့ တူလာတယ်။ ”

ဆုစီယာက ကြောက်လန့် စွာဖြင့် ပြောသည်။ ထို့နောက် နွမ်းလျသော အသွင်နှင့်၊

“ ဘာပဲ ဖြစ်ဖြစ် ...၊ မနက်ဖြန် ငါ သွားရ တော့မယ်၊ အချိန်က အရမ်း မြန်တယ်၊ တစ်နှစ် ဆိုတာ ခဏလေး ကုန်လွန် သွားပြီ။ ”

-ဟု ပြောလာ တော့သည်။

လင်းယွန် အတွက် ပေးအပ် ထားသည့် သူမ၏ အားလပ် ချိန်များ ကုန်ဆုံး သွားပြီ ဖြစ် လေသည်။

“ လာ ... နောက်က လိုက်ခဲ့ ... ။ ”

ဆုစီယာက လှည့်ပြီး၊ တိမ် ပင်လယ်ထဲ ခုန်ဆင်း သွားသည်။ သတိ ဝင်လာ သည်နှင့် လင်းယွန်မှာ၊ အမြန် ပြေးလိုက် မိသည်။

“ ဝှစ် ... ။ ”

နှစ်ဦးသား တိမ်ပင်လယ်ကို ဖြတ်ကျော်လျက်၊ ခြံဝန်း တစ်ခု အတွင်း ဆင်းသက် လိုက်သည်။ ထို အချိန်တွင် ကောင်းကင်မှာ မှောင်လာပြီ ဖြစ်၏။

လွန်ခဲ့သည့် တစ်နှစ် လုံးလုံး ဆုစီယာ နေထိုင် ခဲ့သည့် အိမ်ကို၊ လင်းယွန်မှ လှည့်ပတ် ကြည့်ရှု မိသည်။

“ အပြာရောင် မိုးကောင်းကင် ဂိုဏ်းက မထွက် ခွာခင်၊ အဲဒီ ညကို မင်း မှတ်မိ သေးရဲ့ လား။ ”

ဆုစီယာမှ လှည့်ကာ မေး၏။

“ အင်း မှတ်မိတယ်။ ”

လင်းယွန်က ခေါင်းညိတ်လျက်၊ ပြန်ဖြေသည်။

“ မယုံဘူး၊ ငါ ... အခု စမ်းကြည့်မယ်။ ”

“ ချွမ် ... ။ ”

ဓားတစ်လက် ဆုစီယာ၏ သိုလှောင် လက်စွပ်မှ တိုးထွက် လာသည်။ သူမ ဓားကိုင် လိုက်သော အခါတွင်၊ လရောင်များ ခြုံလျက်၊ ပန်းချီကား သဖွယ် ပြီးပြည့်စုံ သွား၏။

“ ဟိတ် ... ။ ”

ဤသည်မှာ လေဝဲဓား၏ ပထမ ဆုံးသော ဓားဖြစ် သဖြင့်၊ အတိတ်မှ မြင်ကွင်းများ ပြန်၍ ထင်ဟပ် လာတော့သည်။ လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲပြီး ချက်ချင်း၊ ခုခံ လိုက်ရ၏။

“ ထန် ထန် ... ။ ”

ဓား-ဓားချင်း ထိပ်တိုက် တွေ့ချိန်တွင် လမင်း ကြီးမှာ ကောင်းကင်၌၊ တိမ်မြူ ကင်းစင် သွားပြီ ဖြစ်သည်။

မိုးပြာရောင် မိုးကောင်းကင် ဂိုဏ်း၌၊ ကြုံတွေ့ ခဲ့ရသော ဖြစ်စဉ်မျိုး အလားတူ ပေါ် လာ၏။ စက္ကန့်ပိုင်း အတွင်း လှုပ်ရှားမှု ပေါင်း (၁၀) ကြိမ်ခန့်၊ ဖလှယ်ပြီး ဖြစ်သည်။

“ ပုံရိပ်ယောင် ... ။ ”

“ ပုံရိပ်ယောင် ... ။

တူညီသော လှုပ်ရှားမှုကို ထုတ်ဖော် လိုက်သော အခါတွင်၊ ဓားများက လေပြင်း များအား၊ ဆင့်ခေါ် တော့သည်။

ဓားပညာရပ် အပေါ် ပို၍ နားလည် လာသဖြင့်၊ လေဝဲဓား ရောင်ဝါမှာ ထိတ်လန့် ဖွယ် ကောင်းသော အမြင့်သို့၊ ရောက်ရှိ သွားသည်။

“ ထန် ... ထန် ... ။ ”

ထိပ်တိုက် တွေ့ချိန်တိုင်း မီးပွားများ ပွင့်ထွက် နေ၏။

“ အရိပ်မဲ့ ... ။ ”

“ အရိပ်မဲ့ ... ။ ”

လေဝဲဓား၏ နောက်ဆုံး ပုံစံကို ပြိုင်တူ ထုတ်ဖော် လိုက်သော အခါ၊ ဓား ရောင်ခြည် များမှာ၊ လရောင်ထက် ပို၍ တောက်ပ သွား လေသည်။

“ မင်း ... ၊ မှတ်မိသေး တာပဲ။ ”

“ ငါ ဘယ်လိုလုပ် မေ့နိုင် မှာလဲ။ ”

လင်းယွန်က ပြန်ဖြေ၏။ ယင်းကို သူတို့၏ ‘ချစ်ခြင်း သင်္ကေတ၊’ အဖြစ် ယူဆ ထားသဖြင့်၊ မေ့နိုင် စရာ အကြောင်း မရှိချေ။

“ ဒါပေမယ့် ဒီဓားရေးကို ကစားတဲ့ အချိန်တိုင်း၊ ငါတို့ လမ်းခွဲ ရမဲ့ နေ့ ဖြစ်ဖြစ် လာတယ်။ ”

သို့သော် လွမ်းဆွတ် စွာဖြင့်၊ လင်းယွန်က ဆက်ပြော လိုက်သည်။

“ ဒါပေမယ့် နောက်ဆုံးတော့ ပြန်ဆုံကြ တာပဲ၊ နောက် တစ်ခါဆို မင်း ငါ့ဆီ လာမယ် မဟုတ်လား။ ”

ဤသည်မှာ ကတိ တစ်ခု တောင်းခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းယွန်က လေးနက် သော အမူ အရာဖြင့်၊

“ ငါ လာမှာပေါ့။ ”

-ဟု ပြောလိုက် တော့သည်။

ဆုစီယာက စကားဆက် မပြော တော့ဘဲ၊ သူမ အိမ်သို့ လှည့်ကာ လျှောက်လှမ်း သွား၏။ တံခါးဝ အနား ရောက်ခါ နီးတွင် ရပ်လိုက်ပြီး၊ ပြုံးလျက် လင်းယွန်ကို ပြန်ကြည့်သည်။

“ ငါ ခေါ်ဖို့ လိုသေးလား။ ”

-ဟု မေးလိုက်ရာ၊ လင်းယွန်မှ မူလ နေရာတွင်၊ ရိပ်ခနဲ ပျောက်သွားပြီး၊ သူမ တံခါးဝ ကြိုရောက် နေ သည်ကို၊ တွေ့လိုက် ရသည်။

“ စီယာ ... ငါ စောင့်နေရတာ ကြာပြီ။ ”

သည် တစ်ကြိမ်၌ ဆုစီယာမှာ၊ အမှန် တကယ် ပြုံးမိသည်။ လက်ရှိ အမြန် နှုန်းသည် ကျွားချင်းယန် လက်မှ ထွက်ပြေးသည့် အချိန် ကထက်၊ ပို၍ မြန်ဆန် နေ၏။

ယောက်ျား များသည် ဤနေရာ၌ များစွာ ကြောက်စရာ ကောင်းကြောင်း၊ နားလည် လိုက် ရသည်။

“ တိုက်ခိုက်တဲ့ အချိန် မှာသာ ... ၊ ဒီလို အရှိန်မျိုး သုံးနိုင်ရင် ... ၊ မင်းရဲ့ ဓားအောက်က ဘယ်သူမှ မလွတ် နိုင်ဘူး။ ”

ထို့နောက် လင်းယွန်အား ဖြတ်ကျော်ကာ၊ အိမ်ထဲ လှမ်းဝင် လိုက်တော့သည်။ လင်းယွန် ကမူ၊ ယုတ်မာသော အပြုံးဖြင့်၊ တံခါးကို ပြန်ပိတ် လိုက်၏။

“ ဝုန်း ... ။ ”

ညသည် ညတာ ရှည်သော ည တစ်ည ဖြစ်ခဲ့၏။ မိုးသောက်ချိန် ရောက်လာ သည့်တိုင်၊ လင်းယွန်မှာ မျက်လုံး မဖွင့်နိုင် သေးချေ။

“ ထ ... ၊ အဝတ် အစား ဝတ်တော့ ... ။ ”

ဆုစီယာက သူ့အား နှိုးလာသည်။

“ ဟင့်အင်း ... မင်း အရင်ဆုံး သွားဝတ်၊ ငါ မကြည့် ဖူးလို့၊ ကတိ ပေးတယ်။ ”

ပြုံးပြီး ပြန်ပြော မိသည်။

“ ခြံထဲမှာ ဧည့်သည် တစ်ယောက် ရောက်နေတယ်၊ ငါ့ကို အရင် ထစေ ချင်တာ သေချာလား။ ”

“ ဧည့်သည် ... ၊ ဘယ်က ဧည့်သည် ရောက်နေ တာလား၊ ဘယ်သူလဲ ဆိုတာ ငါ အရင် သွားကြည့် လိုက်မယ်။ ”

အိပ်ယာမှ ခုန်ထကာ၊ ကိုယ်လက် သန့်စင်ပြီးနောက်၊ အဝတ် အစား ဝတ်လျက်၊ အိမ်တံခါးအား တွန်းဖွင့် လိုက်သည်။

“ ကျွီ ... ။ ”

ခြံထဲတွင် ကျောခိုင်းလျက်၊ ရဟန်း တစ်ပါး ရပ်နေသည်။ ထိုရဟန်းက လက်ထဲရှိ ဝိုင်အိုးကို၊ မော့သောက် နေစဉ်၊ မြင့်မြတ်သော ရောင်ဝါ များ၊ ယိုစိမ့် လာသည်။

“ ငါတို့ ... မတွေ့တာ ကြာပြီနော်။ ”

လင်းယွန်က ပြုံးပြီး နှုတ်ဆက် မိသည်။ သူတို့ နောက်ဆုံး တွေ့ခဲ့ သည်မှာ၊ သုံးနှစ် နီးပါး ကြာခဲ့ပြီ ဖြစ်သည်။

သူ့ အသံကြောင့် နဝေ တိမ်တောင်ဖြင့်၊ လွင့်မျော နေသော ရေခွက်က လှည့်ကြည့်ကာ၊ ‘လင်းယွန်၊’ ဟု ရေရွတ် လိုက်သည်။

လင်းယွန်က နဂါးဝိုင်ကို ထုတ်ယူလျက်၊ အနားရှိ စားပွဲခုံတွင် ဝင်ထိုင် လိုက်သည်။ နဂါး ဝိုင်ကို တွေ့သော အခါ၊ လွင့်မျော နေသော ရေခွက်က၊ သူ့ထံ လျှောက်လှမ်း လာသည်။

လင်းယွန် ငှဲ့ပေးသော ဝိုင်ကို တစ်ငုံ မြည်းစမ်း ပြီးနောက်၊

“ ကောင်းလိုက်တဲ့ ဝိုင်။ ”

-ဟု ချီးကျူး လာတော့သည်။

“ စီယာ ဘယ်မှာလဲ။ ”

“ အဝတ် လဲ နေတယ်။ ”

“ ..... ။ ”

လွင့်မျော နေသော ရေခွက်၏ အပြုံးမှာ၊ ချက်ချင်း အေးခဲ သွားပြီး၊ ချိုမြိန်သော ဝိုင်ကိုပင် ထွေးထုတ် ချင်စိတ် ပေါက်လာ တော့၏။

“ ငါ သင်္ကန်း ချွတ် ပြီးရင် ... ၊ မင်းကို အရင်ဆုံး လာ သတ်မယ်။ ”

***

All Chapters