သူရဲကောင်း ဟူသည်။
Vol. 99 Ch. 1383
ထိုစကားကို ကြားသော အခါ၊ အဆင် မပြေသော အသွင်ဖြင့်၊ လင်းယွန်က ပြုံးပြ လိုက်သည်။
လွင့်မျော နေသော ရေခွက် ဟူသည့်၊ ဘွဲ့အား မခံ ယူမီ၊ မရေတွက် နိုင်သော အသက် များစွာကို၊ သတ်ဖြတ် ခဲ့ဖူး၏။
ဆုစီယာနှင့် တွေ့ ပြီးနောက်၊ မိစ္ဆာ ကျင့်ကြံသူ တစ်ယောက် မဖြစ်မှ၊ ဘုန်းကြီး ဝတ်ခဲ့ခြင်း ဖြစ်သည်။
သူမ အပေါ်၊ သဘာဝ အတိုင်း ခံစား ချက်များ ရှိသော်လည်း၊ ၎င်းတွင် အခွင့် အရေး မရှိ တော့မှန်း၊ နားလည် ထားပုံ ရသည်။
ထို့ကြောင့် လ်ငးယွန်က အိုး တစ်လုံးကို ထုတ်ယူပြီး၊ လွင့်မျော နေသော ရေခွက်အား ကမ်းပေး လိုက်သည်။
လွင့်မျော နေသော ရေခွက်မှာ၊ ဝိုင်မှန် သမျှအား နှစ်သက်ပြီး၊ လင်းယွန်မှ ဆင်းသက် လာသော ကြောင့်၊ ကောင်းမွန်မည် ဖြစ်ကြောင်း နားလည် ထား၏။
“ ဒါက ဘာလဲ။ ”
“ မို မျိုးနွယ်စုရဲ့ ထောင်စုနှစ် မီးလျှံ၊ မင်းအတွက် ချန်ထား ပေးတာ၊ ကျန်တာ ငါ အကုန် သောက်ပြီး ပြီ၊ ဒါ နောက်ဆုံးပဲ။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေ လိုက်သည်။ ဤလွင့်မျော နေသော ရေခွက်သည်၊ မဟာချင် အင်ပါယာ၌ သူ့ကို စောင့်ရှောက် ပေးခဲ့သဖြင့်၊ အစ်ကို ကြီးဟု ယူဆ နိုင်သည်။
ထို့ကြောင့် ဤမျှ ကောင်းသော ဝိုင်ကို တွေ့သော အခါ သူ့ကို မေ့ထားမည် မဟုတ်ပေ။
“ ထောင်စုနှစ် မီးလျှံလား ... ။ ”
လွင့်မျော နေသော ရေခွက်က ခပ်ဖွဖွ ရေရွတ်လျက် ပြုံးသည်။
“ ဒါ မျိုးက အရမ်း ရှားတယ်၊ မင်း ဘယ်က ရခဲ့ တာလဲ။ ”
“ ကောင်းကင် လမ်းက ရလာတာ၊ အဲဒီမှာ မိုမိသားစု အခွဲ ငယ်တွေ ရှိနေ ပုံပဲ၊ ထောင်စုနှစ် မီးလျှံ အပြင်၊ နဂါး ဝိုင်လည်း ရခဲ့ သေးတယ်။ ”
“ ဒါဆို ရင်တော့ ... ၊ ကောင်းကောင်း သိမ်းထား ရမယ်၊ ဒီလောက် ကောင်းတဲ့ ဝိုင်ကို သောက်ဖို့၊ အလျင် လိုစရာ မလို ပါဘူး။ ”
လွင့်မျော နေသော ရေခွက်မှာ၊ ပြုံးရွှင် သွားသည်။
“ ဒါဆို ငါတို့ အဆင်ပြေ သွားပြီ မဟုတ်လား။ ”
လင်းယွန်မှ ပြုံးပြီး ပြောလိုက်သည်။ တစ်ဖက် လူ၏ တုံ့ပြန်မှု အရ၊ သူ့အပေါ် စိတ် မဆိုး တော့မှန်း ပြောနိုင်၏။
“ ဟုတ်တယ်၊ ငါ ဆုစီယာကို လာခေါ်တာ၊ သူ ထွက်သွားတာ ကြာပြီး၊ ဧကရာဇ် နန်းတော် က မကြာခင် လူ လွှတ်လာ တော့မယ်၊ ...
... သူ အရင် ရောက်လာလို့။ မင်းနဲ့ သူရဲ့ ပတ်သတ် မှုကို သိ သွားရင်၊ ရုန်းရင်း ဆန်ခတ် တွေ ဖြစ်ကုန် လိမ့်မယ်။ ”
“ တော်ဝင် ဧကရာဇ် နန်းတော်မှာ သူမ အတွက် ဖိအားတွေ ရှိလား။ ”
လင်းယွန်မှ မေးသည်။
“ တော်ဝင် ဧကရာဇ် နန်းတော် ဆိုတာ၊ နတ်နဂါး အင်ပါယာ အတွက်၊ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်၊ နန်းတော်ရဲ့ ဧကရီက နတ်နဂါး အင်ပါယာ၊ ...
... ဧကရာဇ် ကိုးပါး ထဲက တစ်ပါး ပါပဲ၊ လက်ရှိ နတ်နဂါး အင်ပါယာရဲ့ အာဏာက၊ သူ့ လက်ထဲမှာ ရှိတယ်၊ ...
... ဆုစီယာ ဆိုတာက၊ အရွေး ချယ်ခံ တစ်ယောက်ပဲ၊ တစ်ချက် မှားရုံနဲ့၊ ချောက်ထဲ ရောက်သွား နိုင်တယ်၊ ဒါကြောင့် သူမရဲ့ ဖိအားကို၊ မင်းဘာသာ ...
... စိတ်ကူး ကြည့်တော့၊ ဆက်ခံသူ အားလုံးကို ငါးနှစ် နေရင် ... ၊ စမ်းသပ်မှု တစ်ခု လုပ်ပြီး၊ အမွေခံ ဧကရီကို ရွေးချယ် လိမ့်မယ်၊ အဲ့ဒီ အချိန်မှာ ကြီးမားသော အပြောင်း အလဲ တစ်ရပ် ဖြစ်လာ လိမ့်မယ်။ ”
လွင်းမျော နေသော ရေခွက် စကားကြောင့်၊ လင်းယွန်မှာ အံ့အားသင့် သွားသည်။
“ ဘာတွေ ပြောနေ ကြ တာလဲ။ ”
လင်းယွန်မှ သိလိုသည် များကို၊ ထပ်မေး တော့မည့် အချိန်တွင်၊ ဆုစီယာက ရုတ်တရက် တံခါးမှ လှမ်းထွက် လာတော့သည်။
“ ဘာမှ မပြော ပါဘူး။ ”
လွင့်မျော နေသော ရေခွက်က ဆုစီယာကို ကြောက်နေပုံ ရပြီး၊ စကား စကို ချက်ချင်း ဖြတ် လိုက်သည်။
“ ဒါဆို ... သွား ရအောင်။ ”
ဆုစီယာက ခြံဝထံ ဦးတည် လျှောက်သွား နေရာမှ လင်းယွန်ထံ လှည့်ကြည့်ပြီး၊
“ လိုက် မပို့နဲ့၊ ကတိ အတိုင်း ငါ့ကို လာရှာပါ၊ ငါ စောင့်နေမယ်။ ”
-ဟု ပြတ်ပြတ် သားသား ပြောလာ လေသည်။
ဤနေ့ ရောက်လာ လိမ့်မည်ဟု မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ ခံစားနေ ရဆဲ ဖြစ်၏။ သူမ အတွက် ငှဲ့ပေး ထားသော ဝိုင်ခွက် ကိုပင် လှည့် မကြည့် သွား ခဲ့ချေ။
ထို့ကြောင့် ဝိုင်ခွက်ကို ကောက်ယူကာ၊ ဆုစီယာ ပျောက်ကွယ် သွားသည် အထိ၊ ငေး ကြည့်နေ မိသည်။
အချိန် အတော်ကြာ တစ်ယောက်တည်း ထိုင်နေမိစဉ်၊ ခြေသံ တစ်စုံ ကြားလိုက် ရသည်။ ခြံဝန်း အတွင်း ထိုင်နေသော လင်းယွန်ကို၊ မြင်ချိန်၌ ယဲ့ဇီလင်မှာ၊ အံ့ဩ သွားသည်။
“ နင် ဒီမှာ ဘာလုပ် နေတာလဲ။ ”
ယဲ့ဇီလင်မှာ သွယ်လျသော ခြေတံ များကို ထင်ရှား ပေါ်လွင် စေသော ခရမ်းရောင် ဝတ်စုံ ရှည်ကို ဝတ်ဆင် ထား၏။
ခါးတွင် ကျောက်စိမ်းရောင် ပုဝါ တစ်ထည်အား၊ ခါးပတ် ကြိုး ကဲ့သို့ ချည်နှောင် ထားလေသည်။
နတ်နဂါး ဓားခန္ဓာနှင့်၊ မျှော်လင့်ခြင်း နှင်း သူတော်စင် သွေး တို့ကို ပေါင်းစပ် ပြီးနောက်၊ သူမ အသား အရေမှာ၊ ပိုမို တောက်ပ လာ၏။
“ ဆုစီယာဆီ လာတာလား။ ”
လင်းယွန်က သူမ မေးခွန်းကို မဖြေဘဲ ပြန်မေးသည်။
“ ဟုတ်တယ် ... လွန်ခဲ့တဲ့ ဆယ်ရက် လောက်ထဲက၊ ငါဒီကို မကြာ- မကြာ လာတယ်၊ အစ်မ ဆုက ဖော်ရွေပြီး၊ ငါ့ကို ...
... နဂါးသွေး ဓားသုတ္တန် သင် ပေးတယ်၊ ဒီနည်းစနစ်က၊ ငါနဲ့ အရမ်း လိုက်ဖက် တယ်၊ ဒါနဲ့ အစ်မဆု ဘယ်မှာလဲ။ ”
“ သူ ... သွား ပြီ။ ”
“ ဟမ် ... ၊ သူ ငါတို့နဲ့ ဓားဂိုဏ်းကို မလိုက် ဖူးလား။ ”
ယဲ့ဇီလင်က စိတ်ပျက် သွားသည်။ ပြီးနောက်။
“ ဒါက ... အဓိပ္ပာယ် ရှိပါတယ်၊ အစ်မ ဆုလို လူ တစ်ယောက်က ကိုယ်ပိုင် လမ်းစဉ်ရှိ မှာပေါ့၊ သူ့ကို ငါ အထင် လွဲခဲ့ မိတဲ့၊ အချိန်တွေ အတွက် စိတ်မကောင်း လိုက်တာ။ ”
“ စိတ်မကောင်း မဖြစ် ပါနဲ့၊ သူ အဆင်ပြေ ပါတယ်။ ”
လင်းယွန်မှ နှစ်သိမ့် လိုက်သည်။ ယဲ့ဇီလင်က ခေါင်းညိတ် လိုက်ပြီး၊
“ ဆယ်ရက် နေရင် ... ၊ ငါတို့တွေ ရှေးဟောင်း ပျက်သုဉ်း မြေကို သွားမယ်၊ တိမ်လွှာဓား ဂိုဏ်းကို အရှက် မရ စေနဲ့၊ ကောင်းကောင်း စွမ်းဆောင်ပါ၊ ...
... နင်က ချင်းကန်ကို အနိုင်ယူ ခဲ့တဲ့ လူဖြစ်လို့၊ လူတိုင်းက နင့်ကို ပစ်မှတ် ထားလာ လိမ့်မယ်၊ ဒါကြောင့် စမ်းသပ်မှုမှာ ပထမ ရအောင် လုပ်ပါ။ ”
“ ဒီလို လုပ်ခိုင်း တာက ... ၊ ငါ့ အတွက် ဖိအား ဖြစ်စေတယ်။ ”
“ ဟမ့် ... ၊ နင် ... ဒီလို ပေါ့လျော့ နေလို့ မရဘူး၊ အစ်မဆု မရှိတဲ့ အတွက်၊ ငါပဲ နင့်ကို ကြပ်မတ် မှပါ။ ”
အချိန်တို အတွင်း ဤမျှ နက်ရှိုင်းသော ဆက်ဆံ ရေးမျိုး ဆုစီယာမှ တည်ဆောက် သွား နိုင်လိမ့် မည်ဟု၊ လင်းယွန် မထင်ထား မိချေ။
“ နေဦး ... မင်းလည်း ဓားဂိုဏ်းကို သွားမယ်လို့ ပြောနေ တာလား အစ်မယဲ့ ... ။ ”
နှင်းသူတော်စင် သွေး နိုးထ လာသဖြင့်၊ ယဲ့ဇီလင်မှာ ကံကြမ္မာ အကျော် အမော် တစ်ပါး ဖြစ်လာ ခဲ့သည်။
ထိုကြောင့် ရှေးဟောင်း ပျက်သုဉ်းမြေ အပြင်ဘက်ရှိ၊ မျှော်လင့်ခြင်း နှင်း သူတော်စင် မိသားစုထံ ပြန်ပါက၊ အခွင့် အရေးများ ပို၍ ရရှိနိုင်မည် ဖြစ်သည်။
“ ဓားဂိုဏ်းက ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ဓားသမား တိုင်း အတွက် အိမ်မက်ပဲ၊ အရှေ့ဘက် ပျက်စီးခြင်း နယ်မြေ မှာတောင်၊ အသန်မာဆုံး ဓားသမားတွေ စုဝေးရာ အရပ် ဖြစ်တယ်၊ ...
... သူတော်စင် မိသားစု တွေက သားသမီး တွေက ဓားဂိုဏ်းကို ဝင်ဖို့ ဘယ်လောက် အထိ အိမ်မက် မက်ခဲ့ ရလဲ ဆိုတာ၊ နင် မသိဘူး၊ ...
... ဓားဂိုဏ်းရဲ့ သတ်မှတ် ချက်က မြင့်မားတယ်၊ လူတိုင်း အသက် (၂၅)နှစ် မကျော် နိုင်ခင်၊ ပင်မ နတ်ဘုရား ...
... ဖြစ်နေ ရမယ်၊ ဒါ့ကြောင့် ဓားဂိုဏ်းရဲ့ တပည့် တေွက၊ အထက် တန်းစား တေွထဲက၊ အထက် တန်းစား တေွပဲ၊ ...
... ပြီးတော့ ဒီတစ်ကြိမ် သက်တံဓား သူတော်စင်က၊ တပည့် လက်ခံ မယ်လို့၊ သတင်း ကြီးနေတယ်၊ ဒါက ကောလ ဟာလ ဆိုပေမယ့် လည်း၊ စိတ်ဝင် စားစရာပဲ မဟုတ်လား၊ ...
... ဒါ့အပြင် အခြား တောင်ထွတ် ခြောက်လုံးက၊ သူတော်စင် တေွ ကလည်း တပည့် ရွေးဖိုး လာကြ လိမ့်မယ်။ ”
အဆုံးတွင် ကောင်းကင်ယံ ဂိုဏ်း၏ ဖိအားကို ခံခဲ့ရ သဖြင့်၊ ဓားဂိုဏ်းမှ မျိုးဆက်သစ် စုဆောင်းရန်၊ အာရုံစိုက် လာပုံ ရသည်။
သူတော်စင် များသည် မြင့်မြတ် သူများ ဖြစ်၏။ ၎င်းတို့မှ တပည့် ကောက်ယူကာ၊ အချိန် မဖြုန်း သင့်ချေ။
ဆိုလို သည်မှာ၊ သေခြင်းမှ လွန်မြောက်ခဲ့ သဖြင့်၊ သူတော်စင် လမ်းကိုသာ ဆက်လျှောက် နေသင့်သည်။
“ ငါ့ အဖေက လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း အပေါ် အာရုံ စိုက်လာပြီ၊ ဒီအပြာရောင် စံအိမ် နယ်မြေမှာ၊ ဓားဂိုဏ်းရဲ့ သြဇာ ချဲ့ထွင်ဖို့၊ ဆုံးဖြတ် ထားတယ်။ ”
ကျန့်ကျန်းရှန် အကြောင်း ပြောသော အခါတွင်၊ ယဲ့ဇီလင် မျက်နှာ ပေါ်၌ ဂုဏ်ယူ ရိပ်များ၊ ထင်ဟပ် လာတော့သည်။ သည်အဖေ နှင့် သည်သမီး၊ ရင်ကြားစေ့ သွားပုံရ၏။
“ ကောင်းပြီ ... ၊ ငါ အစွမ်းကုန် ကြိုးစား ပေးမယ်။ ”
လင်းယွန်က ပြုံးကာ ကတိ ပေးသည်။
“ နေဦး ... ငါ နင်နဲ့ ဖြေရှင်း စရာ ရှိသေးတယ်။ ”
ယဲ့ဇီလင်က လင်းယွန် အနား တိုးကပ် လာကာ၊
“ နင့်ကို ကြိုက်သလို၊ ပန်းသင်္ချိုင်း ကိုလည်း ကြိုက်တယ်၊ ဒါပေမယ့် လင်းယွန်က လင်းယွန်၊ ပန်းသင်္ချိုင်းက ပန်းသင်္ချိုင်းပဲ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်က ဆံပင် များကို ဖွဖွလေး သပ်တင်ပေး လာသည်။
အဘယ်ကြောင့် ဆုစီယာနှင့် သူမ အကြား ဆက်ဆံရေး ကောင်း ရှိလာ သည်ကို၊ လင်းယွန် မှ ရုတ်တရက် နားလည် သွား၏။
နတ်နဂါး ခေတ်၏ အမျိုးကောင်း သမီး များသည် အမျိုးသား များထက် မနိမ့် ကျသော ကြီးမြတ်သည့်၊ စရိုက် လက္ခဏာများ ရှိချေပြီ။
သို့ဖြင့် မျက်စိ တစ်မှိတ် အတွင်း (၁၀) ကုန်လွန် သွားသည်။ ဤနေ့သည် ဓားဂိုဏ်းသို့ ခရီးထွက် မည့်နေ့ ဖြစ်သဖြင့်၊ တိမ်လွှာဓား ဂိုဏ်းရှိ လေထုမှာ၊ တက်ကြွ နေပေ၏။
“ ကျီး ... ။ ”
လင်းယွန်၊ ဝမ်ယုဝါ၊ ယဲ့ဇီလင်၊ ဖုန်ကျန်း၊ လျူချင်းယန်နှင့် ဖုန်းကျွယ် တို့က ရင်ပြင်တွင်၊ စုဝေး နေသည်။ သူတို့ အထက် ကောင်းကင် ယံ၌၊ မိုးပြာငှက် တစ်ကောင် ပျံဝဲ နေ၏။
၎င်းသည် စတုတ္ထ ကောင်းကင် အတွင်း သွားလာ နိုင်သော၊ အလွန် ရှားပါးသည့် ကြယ် ငှက် မျိုးစိတ် ဖြစ်သည်။
၎င်းမှာ လောက နိယာမ နယ်ပယ်တွင် ရှိနေပြီး၊ ဓားဂိုဏ်းမှ ဖုန်းကျွယ် အတွက် ပေး ခဲ့ခြင်း ဖြစ်သည်။
ဤအဆင့် သားရဲအား၊ အလွယ် တကူ ပျိုးထောင် နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဓား ဂိုဏ်း၏၊ အရေး ပါသော လူများက၊ လောက နိယာမ နယ်ပယ်သို့၊ တက်ရောက် နိုင်မှသာ၊ အသုံး ပြုခွင့် ရမည် ဖြစ်သည်။
“ ဖရူး ... ။ ”
လူတိုင်းအား နှုတ်ဆက် ပြီးနောက်၊ လင်းယွန်နှင့် အဖွဲ့မှာ၊ မိုးပြာ ငှက်ပေါ် တက်ကာ ကောင်ကင်ပေါ် ပျံတက် လိုက်ကြသည်။
ကျန့်ကျန်းရှန် ဘေးတွင် ရပ်နေသော ကျန်းလိချန်မှာ၊ ပါးပြင်၌ မျက်ရည်များ စီးကျ လာပြီး၊ အံကြိတ် ထား၏။
“ ညီလေး လင်း ... ၊ မင်း ငါ့ကို စောင့်ကြည့်ပါ၊ တစ်နေ့ တိမ်လွှာ ဓားဂိုဏ်းကို၊ အရှေ့ဘက် ပျက်စီး မြေမှာ ရေးထိုး ပြမယ်၊ ...
... အနှစ် တစ်ရာနဲ့ ... ၊ မလုံ လောက်ရင် အနှစ် သုံးရာ၊ အနှစ် သုံးရာနဲ့ ... မလုံလောက် သေးရင်၊ အနှစ် ရှစ်ရာ အထိ၊ အချိန် ယူမယ်။ ”
လင်းယွန်က ကျန်းလိချန်ထံ ပြန်ငုံ့ ကြည့် မိသည်။ ထိုစဉ်က ပေါ့ပေါ့ ပါးပါး ပြောခဲ့ ဖူးသော သူ့စကား များကို၊ ကျန်းလိချန် တစ်ယောက် မှတ်မိနေ လိမ့်မည်ဟု၊ မထင် ထားချေ။
“ ငါ ပြန်လာမယ် အစ်ကိုကျန်း။ ”
လင်းယွန်မှ ပြန်၍ ကတိပေး လိုက်သည်။
“ ဆရာ ... ၊ ဘာလို့ သူတို့က ထွက်သွား ရတာလဲ၊ လူတိုင်း ဒီမှာ ဆက်နေရင် ပိုမကောင်း ဖူးလား။ ”
ကျန်းလိချန်မှ မျက်ရည်များ စီးကျ လျက်ဖြင့်၊ ကလေး တစ်ယောက်လို ပြောသည်။ တိမ်လွှာ ဓားဂိုဏ်း အပေါ်၊ ခံစား ချက်များ သူ့တွင် ရှိ၏။
သူ သည်လည်း ၎င်းတို့နှင့် အတူ၊ လိုက်သွားချင် မိသည်။ သို့သော် တပည့်ကြီး ဖြစ် သဖြင့်၊ မဖြစ် မနေ လုပ်ရမည့် အရာများ ရှိနေ၏။
လျှပ်စီး တိမ်လွှာ ဓား ဂိုဏ်းသည်၊ အိမ် တစ်လုံး ဆိုပါက၊ ထိုအိမ်ကို ထိမ်းသိမ်း ပေးရန် တစ်စုံ တစ်ယောက် လိုပေသည်။
“ ဆရာ၊ ကျွန်တော်လည်း သူတို့နဲ့ လိုက်သွား ချင်တယ် ... ။ ”
ကျန်းလိချန်က ကျန့်ကျန်းရှန်ဘက် လှည့်ကာ ပွေ့ဖက် လိုက်ပြီး တရှုပ်ရှုပ် ငိုနေ တော့သည်။
“ လူမိုက်လေး ... မငိုနဲ့။ ”
ကျန့်ကျန်းရှန်မှ နှစ်သိမ့် ပေးမိသည်။ လင်းယုန် များသည် တစ်နေ့ သူတို့ အတောင်ပံ များကို၊ ဖြန့်မည့် အချိန် ရောက်လာ မည်မှာ၊ ဧကန် ဖြစ်သည်။
စစ်မှန်သော သူရဲကောင်း ဟူသည် ဖြစ်ရပ် တိုင်း၏ နောက်ကွယ်၌ ရှိနေရ မည်မှာ၊ သဘာဝ ပေပင်။
***