ရှေးဟောင်း ပျက်သုဉ်း မြေမှ ဓားဂိုဏ်း။
Vol. 99 Ch. 1384
“ ..... ။ ”
မိုးပြာငှက် အရှိန်သည် ကောင်းကင် စတုတ္ထ အလွှာသို့ ရောက်ပြီးနောက်၊ ပို၍ မြန်ဆန် လာခဲ့ သည်။
နေ့ဝက် အတွင်း အပြာရောင် စံအိမ် နယ်မြေကို ချန်ထား နိုင်ခဲ့၏။ ပတ်ဝန်းကျင်၌ မိုးကြိုး တိမ်တိုက်များ ပြည့်နှက် လာသည်။
တစ်ချိန်တည်း မှာပင် ဤနေရာကို မင်းမူ နေသော အန္တရာယ် ပေးနိုင်သည့်၊ သားရဲ များစွာ ကိုလည်း မြင်တွေ့ လာရသည်။
သို့သော် မိုးပြာ ငှက်မှာ လောက နိယာမ နယ်ပယ် သားရဲ ဖြစ်သဖြင့်၊ လူတိုင်းကို အလင်း အလွှာဖြင့်၊ ကာကွယ် ပေး ထားသည်။
အရှေ့ဘက် ပျက်စီးခြင်း နယ်မြေသို့၊ ဝင်လာ သည်နှင့်၊ ဝမ်းနည်း ပူဆွေးမှုများ ပျောက်ကွယ် ကုန်ပြီး၊ မျှော်လင့်ချက်များ ဝင်လာသည်။
ယဲ့ဇီလင်မှာ အဆိုးဆုံး ဖြစ်၏။ အပြာရောင် စံအိမ် အပြင် ဘက်သို့၊ တစ်ကြိမ်မျှ ခရီး မထွက် ခဲ့ ဖူးချေ။
မိုးပြာ သားရဲ ပေါ်တွင်၊ ဖုန်းကျွယ်က အရှေ့ဘက် ပျက်စီးခြင်း နယ်မြေ မြေ၏ သိသင့် သိထိုက်သည် များကို၊ ရှင်းပြ သည်။
ဂိုဏ်းဂဏ များ၊ မျိုးနွယ်စုများ နယ်မြေ ဖွဲ့စည်းပုံနှင့်၊ အလုပ် လုပ်ပုံ အားလုံး ပါဝင် ချေ သည်။
“ နတ်နဂါး အင်ပါယာရဲ့၊ အရှေ့ဘက် ပျက်စီးခြင်း နယ်မြေ အကြောင်း သိပေမယ့်၊ ခွန်လွန်က ဒီလောက် ကျယ်မယ်လို့ တစ်ခါမှ မထင်ခဲ့ မိဘူး။ ”
အပြာရောင် စံအိမ် နယ်မြေသည် ရေခဲတောင်၏ အစွန် အဖျား မျှသာ ဖြစ်ပြီး၊ ဖုန်ဆိုးမြေနှင့် မခြားချေ။
ကျွားချင်းယန် လက်၌၊ ဆုံးရှုံးမှု ကြီးကြီး မားမား ကြုံတွေ့ ခဲ့ရသော ဖုန်းကျွယ်မှာ၊ သူ၏ မောက်မာမှုကို ရုတ်သိမ်း ထားခဲ့သည်။
တည်ငြိမ်သော အသွင်ဖြင့်၊ သူတို့အား ရှင်းပြ ပေးလာသည်။
“ ခွန်လွန်မှာ ရှေးဟောင်း နယ်မြေ ကိုးခု ရှိတယ်၊ ရှေးဟောင်း ကောင်းကင် နယ်မြေ၊ ရှေးဟောင်း မြေကြီး နယ်မြေ၊ ရှေးဟောင်း သမုဒ္ဒရာ နယ်မြေ၊ ...
... ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၊ ရှေးဟောင်း လျှပ်စီး နယ်မြေ၊ ရှေးဟောင်း မီး နယ်မြေ၊ ရှေးဟောင်း ရေခဲ နယ်မြေ၊ ...
... ရှေးဟောင်း လေ နယ်မြေနဲ့ ... ၊ ရှေးဟောင်း သူတော်စင် နယ်မြေ တို့ပဲ၊ အဲဒီ ရှေးဟောင်း နယ်မြေ ကိုးခု အနက်၊ ငါးခုကို နတ်နဂါး အင်ပါယာက သိမ်းပိုက် ထားတယ်၊ ...
... နဂါး အင်ပါယာက ဒီလောက် အထိ အစွမ်းထက် လိမ့်မယ်လို့ ဘယ်သူမှ မထင်ထား ခဲ့တာ အမှန်။ ”
ယဲ့ဇီလင်က ဖုန်းကျွယ် ပေးခဲ့သော ခွန်လွန် ဘုံ၏ ပထဝီ မြေမျက်နှာပြင် မြေပုံကို ဖြန့်ချပစ် လိုက်သည်။
“ နတ်နဂါး အင်ပါယာက၊ ရှေးဟောင်း သူတော်စင် နယ်မြေမှာ၊ နန်းစိုက် ထားပြီး၊ လေ နယ်မြေ၊ မီး နယ်မြေ၊ လျှပ်စီး နယ်မြေနဲ့ ရေခဲ နယ်မြေကို၊ တိုက်ရိုက် အုပ်ချုပ်တယ်၊ ...
... နတ်နဂါး အင်ပါယာ ... အရှေ့ ဘက်မှာ၊ အခု ငါတို့ နေတဲ့၊ ပျက်စီးခြင်း နယ်မြေ ရှိတယ်၊ အနောက် ဘက်မှာ၊ သဲကန္တာရ၊ တောင်ဘက်မှာ နယ်စပ် ဒေသနဲ့၊ မြောက်ဘက်မှာ လွင်ပြင် ကြီးတွေ ရှိကြတယ်၊ ...
... အရှေ့ဘက် ပျက်သုဉ်း နယ်မြေနဲ့၊ အနောက်ပိုင်း သဲကန္တာရ ဒေသ တွေက၊ မယုံ နိုင်လောက်အောင် ကျယ်ပြောတယ်၊ ...
... သူတော်စင် တွေတောင် ဖြတ်ကျော် သွားလာဖို့ ခက်ခဲတယ်၊ ဒါက အကွာ အဝေး ကြောင့် မဟုတ်ဘူး၊ အဲဒီ ဒေသ နှစ်ခုရဲ့၊ ပထဝီ အနေ အထား ကြောင့်ပဲ၊ ...
... ရှေးဟောင်း နယ်မြေ ကိုးခု ထဲက၊ ပျက်သုဉ်း မြေက၊ အင်ပါယာရဲ့ အရှေ့ဘက်မှာ ရှိတယ်၊ တိတိ ကျကျ ပြောရရင်၊ အရှေ့ဘက် ပျက်စီး နယ်မြေ မှာပဲ၊ ...
... ကောင်းကင် နယ်မြေက၊ အနောက်ဘက် သဲကန္တာရ ထဲမှာ ရှိပြီး၊ သမုဒ္ဒရာများ နယ်မြေက တောင်ပိုင်း နယ်စပ် ဒေသမှာ ရှိတယ်၊ ...
... မြေကြီး နယ်မြေက၊ မြောက်ပိုင်း လွင်ပြင် ဒေသမှာ ရှိတယ်၊ ဒါကို ကြည့်ရင်၊ အင်ပါယာက သူ့ရဲ့ အရှေ့ ဘက်မှာ ရှိတဲ့ ပျက်စီး နယ်မြေ၊ အနောက် ဘက်မှာ ရှိတဲ့၊ သဲ ကန္တာရ၊ တောင်ပိုင်း နယ်စပ် ဒေသနဲ့၊ ...
... မြောက်ပိုင်း မြေပြန့် လွင်ပြင် ဒေသကို အာဏာစက် ဖြန့်ကျက်ဖို့၊ ရှေးဟောင်း နယ်မြေ ငါးခုကို၊ ခြေကုပ် ယူထားတာ သိသာတယ်၊ ...
... ဒါပေမယ့် အသေ အချာ သတိထား ကြည့်တော့၊ ကျန်ရှိ နေတဲ့ ရှေးဟောင်း နယ်မြေ လေးခုကို သူတို့က သိမ်း မယူကြ ပြန်ဘူး၊ ဘာလို့လဲ ... ။ ”
ကမ္ဘာ ကြီးသည် ငြိမ်းချမ်း နေပုံရ သော်လည်း၊ အချိန် မရွေး ပေါက်ကွဲ နိုင်သည့်၊ မီးတောင်ကြီး တစ်လုံးနှင့် တူနေသည်။
လင်းယွန်က အတွေးနက် နေမိသည်။ ခွန်လွန် ဘုံ၏ ရှေးဟောင်း နယ်မြေ (၉) ခုသည်၊ တောင်ပိုင်း ဧကရာဇ် ပိုင်ဆိုင်သည့်၊ ‘အပူပင် ကင်းသော ဓား(၉)ကွက်၊’ အမည်နှင့် တူ၏။
ထို့ကြောင့် နဝမမြောက် ဓား ပုံစံသည် ရှေးဟောင်း သူတော်စင် နယ်မြေနှင့် ပတ်သတ် ကောင်း ပတ်သတ် နေနိုင်မည်။
ထိုအချိန်တွင် ဖုန်းကျွယ်၏ အသံ ထွက်လာ ပြန်သည်။
“ နတ်နဂါး အင်ပါယာက၊ ရှေးဟောင်း ပျက်သုဉ်းမြေ အပေါ်၊ သြဇာ လွှမ်းမိုးမှု မရှိဘူး၊ ဒါကြောင့် ဒီနယ်မြေမှာ ဂိုဏ်း ပေါင်းစုံနဲ့၊ မျိုးနွယ်စု တွေက လွတ်လပ်စွာ ရှင်သန် ကြတယ်၊ ...
... သူတော်စင် တွေက ဒီနယ်မြေရဲ့ ဂုဏ် သရေရှိ ပုဂိ္ဂိုလ် တွေပဲ၊ အင်ပါယာရဲ့ အာဏာ သက်ရောက်မှု မရှိလို့၊ ကျင့်ကြံ သူတိုင်း အတွက်၊ ...
... သန့်ရှင်းသော ... မြေ ဖြစ်တယ်၊ အဲဒီမှာ ရှိတဲ့ ဓားဂိုဏ်း ကလည်း ... ၊ ဓားသမားတွေ အတွက် သန့်ရှင်းသော မြေပဲ။ ”
ဖုန်းကျွယ်က လူတိုင်း သူ့ စကားကို စိတ်ဝင်စားမှု ရှိ-မရှိ၊ တစ်ချက် ပြန်ကြည့်ကာ၊
“ ဓားဂိုဏ်းရဲ့၊ တောင်ထိပ် အသီး သီးက သူတော်စင်တွေ၊ ဒီတစ်ကြိမ် စမ်းသပ်မှု အပြီးမှာ တပည့် ရွေးကြ လိမ့်မယ်၊ ရှားရှား ပါးပါး အခွင့် အရေးမို့၊ သူတော်စင် မိသားစု တွေက ...
... ပါရမီရှင် တွေတောင် ပါလာမယ်၊ ဒါကြောင့် ... ဒီနှစ် လူရွေး ပွဲက၊ ယခင် နှစ်ထက် ပြိုင်ဆိုင်မှု ပိုပြင်းထန် တယ်။ ”
ဖုန်းကျွယ်က လင်းယွန်ထံ ကြည့်ကာ၊ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်လေသည်။ ဤ လူငယ်အား ကောင်းကင် လမ်းမှ ခေါ်ထားပြီး၊ သွေ့ရော် ကျွန်း ရလာဒ်ကြောင့်၊ ဓားဂိုဏ်း ထဲ တိုက်ရိုက် ဝင်နိုင် သည်ဟု၊ မှာကြား ခဲ့သည်။
အသက်မှာ (၂၀) မျှသာ ရှိ သဖြင့်၊ အရည် အချင်း အရ၊ စမ်းသပ်မှုကို ဖြေဆိုကာ သက်သေ ပြရန် မလိုချေ။
စမ်းသပ်မှု ကန့်သတ်ချက်မှာ၊ အသက် (၂၅)အောက် ဖြစ်သဖြင့်၊ ကံကြမ္မာ အကျော် အမော်များ အတွက်၊ အခွင့် အရေး ပေပင်။
ထို့ကြောင့် ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား များပင်၊ မလွဲ မသွေ ပါရှိ လာနိုင်၏။ သူတော်စင် မိသားစု များ၏ အခြေခံ အုတ်မြစ် အရ၊ ၎င်းတို့၏ သားမြေး များကို၊ ဤအဆင့် ရောက်ရန်၊ အခက် အခဲ မရှိ နိုင်ချေ။
လင်းယွန်သည် သန်မာ သော်လည်း၊ ထိုသူတော်စင် မိသားစု၏ သားမြေး များအား၊ အလွယ် တကူ အနိုင်ယူ နိုင်မည် မဟုတ်မှန်း ပြောနိုင်သည်။
အချို့သော သူတော်စင် မိသားစု များမှာ၊ ၎င်းတို့၏ မျိုးဆက် များကို တစ္ဆေ ဝိညာဉ် ပညာ ရပ်များပါ၊ သင်ကြား ပေးထားသည်။
ထို့ကြောင့် သက်တံဓား သူတော်စင်မှ တပည့် အဖြစ် တိုက်ရိုက် ခေါ်ဆောင် လာရန်၊ တိတ်တဆိတ် အမိန့်ပေး ခဲ့သည်။
ယင်းကို မသိသော လင်းယွန်က၊ တိမ်လွှာဓား ဂိုဏ်း၏ တပည့် တစ်ဦး အဖြစ်၊ စမ်းသပ်မှု ဝင်ဖြေရန်၊ ရွေးချယ် ထားသည်။
အပိုလုပ် နေသည်ဟု အများက မြင်စရာ ရှိသည်။ လင်းယွန် အတွက်မူ၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းသည်၊ အလေးထား စရာ ဖြစ်သည်။
ထို့ပြင် သူ့ ခွန်အားကို ယုံကြည်မှု ရှိ သောကြောင့်၊ စမ်းသပ်မှု အပေါ်၊ စိုးရိမ်ခြင်း မရှိချေ။
“ အဲ့ဒီ လောက်တောင် ခက်လား။ ”
ဖုန်ကျန်းနှင့် လျူချင်းယန် တို့က၊ ဖုန်းကျွယ်၏ စကားကြောင့် ထိတ်လန့် သွား လေသည်။ သူတို့ နှစ်ယောက်ထံ ဖုန်းကျွယ်မှ ပြန်ကြည့် လိုက်ပြီး၊
“ မင်းတို့က ... ၊ ရွှေနဂါး အရိုး စွပ်ပြုတ် သောက်တယ် မဟုတ်လား၊ ဒါက နဂါး သွေး၊ နဂါး အဆီ အနှစ်နဲ့၊ နဂါး ခြင်ဆီကို သန့်စင် ထား တာနဲ့ အတူတူပဲ၊ ...
... သူတော်စင် မိသားစုက ပါရမီရှင် တွေတောင်၊ မင်းတို့ နှစ်ယောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သေချာပေါက် ဓားဂိုဏ်းထဲ ဝင်နိုင် ပါလိမ့်မယ်။ ”
-ဟု နှစ်သိမ့် လာတော့သည်။
ထိုသုံးသပ်ချက်က သူတို့အား စိတ် သက်သာရာ ရစေ၏။ သို့သော် စမ်းသပ် မှုမှာ ရိုးရှင်းမည် မဟုတ် သောကြောင့်၊ မပေါ့ဆ ရဲချေ။
အရှေ့ဘက် ပျက်စီးခြင်း နယ်မြေသည် ကျယ်ပြော လှသဖြင့်၊ စတုတ္ထ ကောင်းကင်တွင်၊ ပျံသန်းနေ သော်မှ၊ အချိန် (၁၀) ရက်ခန့် ပေး ရသည်။
သို့သော်မှ နယ်နိ မိတ်ထဲ ဝင်ရောက် နိုင်ရုံသာ ရှိသည်။ ရှေးဟောင်း ပျက်သုန်း မြေရှိ ဓားဂိုဏ်းထံ ရောက်ရန်၊ အကွာ အဝေး တစ်ခု လိုနေ သေး၏။
ရှေးဟောင်း ပျက်သုဉ်း မြေသည်၊ အရှေ့ဘက် ပျက်စီးခြင်း ဒေသ၏ (၃၀%) နီးပါးခန့် သိမ်းပိုက် ထားသည်။
အတိုင်း အတာ ပမာဏသည် သေးငယ် သည်ဟု ထင်မိ သော်လည်း၊ ရှေးကျပြီး ဝိညာဉ် စွမ်းအင်များ သိပ်သည်းရာ အရပ် ဖြစ်သည်။
နတ်နဂါး အင်ပါယာမှာ၊ ခွန်လွန်ကို အုပ်ချုပ်ထား သော်လည်း၊ ဤရှေးဟောင်း မြေထံ၊ အာဏာစက် မရောက်ချေ။
ထို့ကြောင့် ဤရှေးဟောင်း ပျက်သုဉ်း မြေတွင်၊ ဂိုဏ်းပေါင်းစုံ အတွက် ခြေချရာ အရပ် ဖြစ်လာပြီး၊ အမွေ အနှစ် များစွာကို ထိုနယ်မြေ၌ တွေ့ရှိ နိုင်သည်။
လူတိုင်းက ဓားဂိုဏ်း မရောက်မီ ရွှေနဂါး အရိုး စွပ်ပြုတ်၏ အာနိသင် များကို ဆက်ပြီး၊ ချေဖြတ် နေကြသည်။
လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လေ့ကျင့် နေကာ၊ ယဲ့ဇီလင်သည် သွေးနဂါး ဓားသုတ္တန်ကို ကျင့်ကြံ နေ၏။
လွန်ခဲ့သည့် ဆယ်ရက် အတွင်း နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ပထမ အဆင့် အထွတ် အထိပ်၊ ရောက်ရှိ စေခဲ့သည်။
ရောင်ဝါ သမုဒ္ဒရာ မျက်နှာပြင် ပေါ်တွင်၊ ရွှေရောင် မြူများ ဖုံးလွှမ်းလျက်၊ အလင်း (၃)ဖြာ တောက်ပ နေသည်။
ရွှေမှုန် များမှာ ကြယ်စွမ်းအင်ကို ပြန်၍ သန့်စင် ထားသော နဂါး ဖီးနစ် ရောင်ဝါ ဖြစ်ပြီး၊ လူတိုင်းက မွေးရာပါ သူတော်စင် ရောင်ဝါဟု ခေါ်သည်။
ကြယ်စွမ်းအင် များကို အသွင်ပြောင်း ထားသော၊ အရည် အသွေးမြင့် စွမ်းအင် အမျိုး အစား ဖြစ်၏။
လက်ရှိ အချိန်၌ စွမ်းအင် ကြိုးမျှဉ် (၃) ချောင်းကိုသာ၊ အသွင်ပြောင်း နိုင် သော်လည်း၊ ချင်းကန်ထက် ကြောက်စရာ ကောင်းသည်။
ထိုစဉ် လေထု အတွင်း၊ တုန်ခါမှု လှိုင်း အနည်းငယ်ကို၊ ခံစား လိုက်ရ သဖြင့်၊ လူတိုင်း မျက်လုံးများ ဖွင့်ကြည့် မိကြသည်။
“ ငါတို့ ရှေးဟောင်း ပျက်သုဉ်း မြေထဲ ရောက်လာပြီ၊ ကောင်းကင် (၃၆)လွှာ အတွင်း ပျံသန်း ခြင်းကို၊ တားမြစ် ထားလို့၊ ငါတို့က ကောင်းကင် အောက် မှာသာ ပျံ နိုင်တယ်။ ”
ကောင်းကင် အလွှာ အသီးသီးတွင်၊ တားမြစ်ဇုန် များစွာ ဖန်တီး ထားသဖြင့်၊ ကိုသြ ဒီနိတ် အတိုင်း၊ ပျံသန်း နိုင်ရန် ခက်ခဲ သည်။
မဟုတ် ပါက လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးမှ၊ ရှေးဟောင်း ပျက်သုဉ်း မြေ အတွင်း၊ ခိုးဝင် လာသော်၊ ခက်ချေ၏။
မြင့်မား လှသော တောင်တန်းကြီးများ နှင့်အတူ သမုဒ္ဒရာကြီး တစ်စင်း သူတို့ ရှေ့တွင် ပေါ်လာသည်။
ဤသည်မှာ ရှေးဟောင်း ပျက်သုဉ်းမြေ ပိုင်နက် ဖြစ်ချေပြီ။ ထိုနေရာသည် မျိုးနွယ်စုများ ၊ ဂိုဏ်းကြီးများ ရှင်သန်ရာ အရပ် ဖြစ်၏။
နေ့စဉ်နှင့် အမျှ ဂိုဏ်း အသစ် တစ်ဂိုဏ်း မွေးဖွား လာတတ်ကာ၊ ထိုဂိုဏ်းကို နောက်နေ့၌ ဖျက်ဆီးခြင်း ခံရပြီး၊ ဂိုဏ်း အသစ် တစ်ဂိုဏ်းမှ၊ ၎င်းနေရာ အစား ထိုးမည် ဖြစ်သည်။
ကျယ်ပြော လှသော နယ်မြေတွင်၊ သတ်ဖြတ် ခြင်းမှာ၊ ပုံမှန် လုပ်ငန်းစဉ် တစ်ရပ် မျှသာ ဖြစ်ပြီး၊ သူတော်စင် လမ်းကြောင်းပေါ်၊ မတက်နိုင် သရွေ့၊ ပုရွက်ဆိတ်များ ဖြစ်၏။
( သူတော်စင် လမ်းကြောင်း = သေမျိုး အထက် အဆင့်၊ သို့မဟုတ်၊ ပင်မ နတ်ဘုရား နယ်ပယ် အောက်။ )
နတ်နဂါး အင်ပါယာ၏ အာဏာစက် အောက်တွင် မရှိသဖြင့်၊ သူတော်စင် တစ်ပါးမျှ မထွန်း ကားသော မျိုးနွယ်စု တစ်စု၊ သို့မဟုတ် ဂိုဏ်း တစ်ဂိုဏ်းသည်၊ အချိန် မရွေး ပျက်စီး သွားနိုင်သည်။
ဤဒေသကို တန်ခိုးကြီး ဂိုဏ်း (၈)ဂိုဏ်းမှ အုပ်စိုးထားသည်။ ၎င်းတို့မှာ ဓားဂိုဏ်း၊ နက်ရှိုင်း တောင်ကြား၊ ကောင်းကင် မှတ်စု ဂိုဏ်း၊ မိုးကြိုး ကျောင်းတိုက်၊ မိုးကြိုး ဂိုဏ်း၊ ဓားမော့ ခန်းမ၊ မြ ကျောက်စိမ်း စံအိမ်နှင့် ကောင်းကင်ယံ ဂိုဏ်း တို့ ဖြစ်သည်။
ဂိုဏ်း ရှစ်ဂိုဏ်းတွင် နှစ်ပေါင်း ထောင် ဂဏန်းမျှ၊ ရှည်လျားသော သမိုင်းကြောင်း ရှိသည်။
အပြာရောင် မိုးကြိုး ဂိုဏ်း၊ အနန္တ သားရဲ တံခါးနှင့်၊ ဖီးနစ် မီးလျှံဂိုဏ်း စသည့် ဂိုဏ်းများ မှလည်း၊ ထိုတန်ခိုးကြီး ဂိုဏ်းများ အပေါ်၊ မကြာ မကြာ အားစမ်း တတ်ကြ သည်။
၎င်းအပြင် သူတော်စင် မျိုးနွယ်စုများ မှလည်း၊ အလယ် အလတ် အင်အားစု အချို့ကို စုစည်းကာ၊ နေရာ လုရန် ကြိုးစား လာသည်။
ရှေးဟောင်း ပျက်သုဉ်း မြေ၏ အရှေ့ မြောက်ဘက်တွင်၊ မိုင်ပေါင်း ရာ ဂဏန်းကျော် ရှည်လျားသော တောင်တန်း များ ရှိပြီး၊ တောင် တိုင်းမှ ဓား ရောင်ခြည်များ ပွင့်ထွက် နေ၏။
၎င်းတောင် တန်းများ ကြားတွင်၊ တောင်တန်းကြီး ခုနစ် ခုသည် တိမ်ယံများ ထဲသို့၊ တိုးဝင် နေသော ဓား (၇)လက် အလား၊ ထင်ရှား နေသည်။
ထိုနေရာသည် ဓားဂိုဏ်း တည်ရာ အရပ် ဖြစ်၏။ ဓားဂိုဏ်းပိုင် တောင်တန်းများ အပြင်၌၊ ဧရာမ မြို့ကြီး တစ်မြို့ ရှိသည်။
လင်းယွန် မြင်ခဲ့ ဖူးသော အပြာရောင် ကျောက်တုံး မြို့ထက်၊ များစွာ ခမ်းနားလှ ချေ၏။
ဓားဂိုဏ်း၏ စမ်းသပ်မှုကို ဖြေဆိုရန် လာရောက်ကြ သူတိုင်း၊ ဤမြို့၌ တည်းခို ရ ပေမည်။ ထို့ကြောင့် မြို့အတွင်း လေထုမှာ လတ်ဆတ် နေ၏။
လေးနှစ် တစ်ကြိမ် ကျင်းပသော တပည့် လက်ခံပွဲ ဖြစ်သဖြင့်၊ ဓားသမား အများ အပြား ပြေးလွှား လာခဲ့ ကြသည်။
ဖုန်းကျွယ်က အဘိုးအို တစ်ဦးနှင့် တွေ့ဆုံကာ၊ လူတိုင်းကို မိတ်ပေး၏။
“ ဒါက အဖိုကြီး လျူပါ၊ အခုက စပြီး ဆယ်ရက် လောက် နေရင်၊ စမ်းသပ်မှု ဖြေဖို့၊ သူ မင်းတို့ကို၊ ခေါ်သွား ပေး လိမ့်မယ်။ ”
“ ဂိုဏ်းတူ ဦးလေး၊ မင်းက ငါတို့နဲ့ အတူ မလိုက် ဖူးလား။ ”
ဖုန်ကျန်းမှ အံ့သြ တကြီး မေးသည်။ အဖိုးကြီး လျူသည် နဂါးသွေး လွှတ်ကြော နယ်ပယ် တွင်သာ ရှိပြီး၊ အဆင့် အတန်းနှင့် ခွန်အားမှာ၊ ဖုန်းကျွယ်အား မမီချေ။
“ အင်း ... ၊ ဒီစမ်းသပ်မှုမှာ မင်းတို့ကို ငါ ကူညီဖို့ နည်းလမ်း မရှိဘူး၊ ဒီမြို့က ဓားဂိုဏ်းရဲ့ အကာ အကွယ် အောက်မှာမို့၊ မင်းတို့ လုံခြုံ ပါတယ်။ ”
ဖုန်းကျွယ်မှ ပြန်ဖြေသည်။ ပေါ့ပေါ့ ပါးပါး အသွင်ယူ ထားသော် ငြားလည်း၊ သက်တံဓား သူတော်စင်မှ သူ့အား နှင်ထုတ် ထားသည်မှာ အမှန် ပေပင်။
သို့သော် ဤသည်မှာ ဟန်ပြသာ ဖြစ်ပြီး၊ ဖုန်းကျွယ်သာ ဆန္ဒရှိသော်၊ ခိုးဝင် သွားလာ နိုင် မည်ကို၊ လူတိုင်း သိသည်။
“ လူကြီး မင်းတို့ လိုက်ခဲ့ပါ၊ မြို့ထဲမှာ လူတွေနဲ့ ပြည့်နေပြီ၊ တည်းခိုခန်း အလွတ်ကို ရှာရ ခက်လိမ့်မယ်၊ ငါက နောက်ထပ် လက်ခံ စရာ လူတွေ ကျန်သေး တာမို့၊ ကျေးဇူး ပြုပြီး မြန်မြန် လာပါ။ ”
များမကြာခင် လူအုပ် အတွင်း ဖြတ်ကျော်ကာ၊ အဆောက် အဦး တစ်လုံး၌၊ နေရာ ချပေး ခဲ့သည်။
“ နောက်ထပ် လူတွေ လာဦး မှာလား။ ”
“ ဒါက လူအရမ်း များနေပြီ မဟုတ်လား။ ”
အဆောက် အဦး များမှ နေ၍ လူတိုင်း လမ်းမပေါ် ငေးမော စကား စမြည် ပြောဆို နေကြသည်။
ထို့ကြောင့် ယဲ့ဇီလင်နှင့် အဖွဲ့ကို မြင်သော အခါ၊ စိတ်ဝင်စား လာ၏။ အဖွဲ့ ဆိုသည် ထက်၊ ယဲ့ဇီလင် ဆိုက ပိုမှန် ပေမည်။
ခရမ်းရောင် ဝတ်ရုံ ကြားမှ လှစ်ခနဲ ပေါ်ပေါ်လာ တတ်သော ခြေတံ တစ်စုံက၊ သူတို့ နှလုံးသားကို ညှို့ယူ နေတော့၏။
***