← Chapters

ဧည့်သည်။

Vol. 99 Ch. 1385

ဧည့်သည်။

Vol. 99 Ch. 1385

ယဲ့ဇီလင်ကို မြင် သူတိုင်းက၊ သူမသည် လှပကြောင်း ဝန်ခံ ရမည် ဖြစ်သည်။ သို့သော် ထိုထက် ပို၍ သူတို့အား စိတ်ဝင်စား စေမိ သည်မှာ၊ သူမ ပတ်ဝန်းကျင်ရှိ သူရဲကောင်း ရောင်ဝါ ဖြစ်သည်။

ထိုရောင်ဝါသည် မိန်းကလေး များတွင် မတွေ့ နိုင်ချေ။ ထို့ကြောင့် အံ့သြ မှင်တတ် သွား ကြခြင်း ဖြစ်၏။

“ စီနီယာ အစ်မယဲ့ ... ၊ မင်းက နာမည် ကြီးတော့မယ့် ပုံပဲ။ ”

“ ဒီနေရာက ... ဓားဂိုဏ်းပိုင် မြို့သာ မဟုတ်ရင်၊ ငါ သူတို့ မျက်လုံး တွေကို ဖောက်မိ လိမ့်မယ်။ ”

တိရိစ္ဆာန်ရုံ အတွင်းမှ၊ သတ္တဝါ တစ်ကောင် ကဲ့သို့၊ ကြည့်ရှု ခြင်းကို သူမ သဘော မကျမှန်း၊ လင်းယွန် သိသဖြင့်၊ ပြုံးမိသည်။

အသက် (၁၅)နှစ် မတိုင်မီ ပင်မ နတ်ဘုရား နယ်ပယ်၊ ရောက်ရှိ သူသည်၊ အပြာရောင် စံအိမ် နယ်မြေ၌ ပါရမီရှင် ဖြစ်၏။

ဤနေရာ ၌မူ အထင် ကြီးစရာ မဟုတ် တော့ခေျ။ လူတိုင်း ပင်မ နတ်ဘုရား နယ်ပယ် တွင်၊ ရှိနေ ကြသည်။

ထို့ကြောင့် လင်းယွန်က လူတိုင်းကို စိတ်မဝင် စားချေ။ သူတို့ အဖွဲ့ ခြံဝင်း တစ်ခုထဲ ဝင်ရောက် ပျောက်ကွယ် သွားသည်နှင့်၊ သူတို့ အကြောင်း စုံစမ်း သူများ ရှိလာသည်။

ခမ်းနားစွာ အလှဆင် ထားသော အခန်း တစ်ခု ထဲတွင်၊ လူငယ် တစ်ယောက် ဟန်ပါပါ ဖြင့်၊ ထိုင် နေ၏။

သူ့အနားတွင် အနည်းငယ် လေးစားသော အသွင့်နှင့်၊ လူအချို့ ရှိနေသည်။ အဝတ် အစား များကို ကြည့်ခြင်း အားဖြင့်၊ ၎င်းတို့မှာ ဂိုဏ်း တစ်ဂိုဏ်း ထဲမှ ဖြစ်မှန်း ပြောနိုင်သည်။

ဟန်ပါပါ ထိုင်နေသော ဤသူကို လင်းယွန်သာ မြင်က၊ သေချာပေါက် မျက်စိ ကျ နိုင်မည်။

၎င်းသည် သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိကာ၊ တိမ်ပျံ ဂိုဏ်းမှ ပါရမီရှင် တစ်ပါး ဖြစ်သည်။

တိမ်ပျံ ဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌၊ သာမာန် ဂိုဏ်းငယ် တစ်ဂိုဏ်း မျှသာ ဖြစ်သည်။

ထိုဂိုဏ်းတွင် သူတော်စင် တစ်ပါးသာ ရှိသဖြင့်၊ သာမန် သူတော်စင် မိသားစု အဆင့် တွင်သာ ရှိ၏။

၎င်းသည်ပင် တိမ်လွှာ ဓားဂိုဏ်းနှင့် ယှဉ်ပါက၊ သာလွန် ချေသည်။ ဆိုလို သည်မှာ၊ ဤလူ များသည် အားနည်း သူများ မဟုတ်ချေ။

“ အစ်ကိုကြီး၊ ငါ သူတို့ကို ရှာတွေ့ပြီ၊ သူတို့က တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် တွေပဲ၊ စမ်းသပ် ခံဖို့ ရောက်လာ ကြတာ၊ ခြေတံ လှတဲ့ မိန်းကလေးက ယဲ့ဇီလင်။ ”

တပည့်ငယ် တစ်ယောက်မှ၊ ပြန်လည် တင်ပြ လာသည်။ အစ်ကိုကြီး အခေါ် ခံရ သူ၏ အမည် မှာ၊ ကျန်းထောင် ဖြစ်သည်။

“ တိမ်လွှာ ဓားဂိုဏ်း ... ။ ”

ထိုအမည်ကို မကြားဖူး သောကြောင့် ရှေးဟောင်း ပျက်သုန်းမြေမှ မဖြစ် နိုင်ကြောင်း နားလည် လိုက်သည်။

“ စီနီယာ အစ်ကိုက ... ၊ မကြား ဖူးတာ သဘာဝ ပါပဲ၊ ဒါက ဖုန်ဆိုးမြေ တစ်ခု ဖြစ်တဲ့၊ အပြာရောင် စံအိမ် နယ်မြေက၊ ဂိုဏ်းလေး တစ်ဂိုဏ်း ပါ။ ”

“ ဟား ဟား ဟား ... ၊ ကျေးတောသား တွေက၊ ဓားဂိုဏ်းရဲ့ တပည့် ဖြစ်လို တာလား။ ”

“ ဒါက စိတ်ဝင် စားစရာ ကောင်းလာပြီ။ ”

“ ဒီလောက် လှတဲ့ အမျိုး သမီးက၊ ကျေးတောသူ တဲ့လား၊ စီနီယာ အစ်ကို၊ မင်း သူ့ကို အိပ်ရာထဲ ခေါ်ဖို့၊ အရမ်း ခက်သွားပြီ၊ ဟား ဟား ဟား ... ။ ”

“ စီနီယာ အစ်ကိုရဲ့ အဆင့် အတန်း သိတာနဲ့၊ တန်းလိုက် လာမှာ သေချာတယ်၊ ညှိနှိုင်း ဖို့တောင် လိုမယ် မထင်ဘူး။ ”

တပည့်ငယ် များက၊ ကျန်းထောင် အလိုကျ ရယ်မော ကြသည်။ သူတို့ စီနီယာ အစ်ကိုသည်၊ ကျန်မိသားစုမှ ဖြစ်ပြီး၊ ဂိုဏ်း၌ ထူးခြားသော ကိုယ်ရည် ကိုယ်သွေး ရှိ၏။

ကျန်း မိသားစုတွင် သူတော်စင် ရှိသည်။ ထို့ကြောင့် ၎င်းတို့သည်၊ သူတော်စင် မိသားစု (၁၀)စု၌၊ အရေး ပါသော နေရာ ရရှိိ ထား၏။

အမှန် အတိုင်း ဝန်ခံရ ပါမူ၊ ကျန်းထောင် ထက် ထူးချွန်သော ပါရမီရှင်များ ကျန်း မိသားစု တွင် ရှိနေသည်။

ကျန်းထောင်မှ မျိုးရိုးနှင့် အရည်အချင်း အရပါ၊ ၎င်းတို့အား မယှဉ်နိုင် ခဲ့သောကြောင့်၊ တိမ်ပျံ ဂိုဏ်းသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

တိမ်ပျံ ဂိုဏ်းသို့ ရောက် ပြီးနောက်၊ တပည့်ကြီး ဖြစ်လာကာ၊ အရင်း အမြစ်များ သုံးစွဲခွင့် ရလာ ခဲ့သည်။

ထို့ကြောင့် သူ့ကိုယ်သူ လူတိုင်းထက်၊ သာလွန်သူ တစ်ဦး ကဲ့သို့၊ အမြဲ ခံစား လာရ တော့၏။

“ တိတ်စမ်း ... မင်းက ငါ့ကို ဘာလုပ် ပါလို့၊ ပြောနိုင်တဲ့ အဆင့် မဟုတ် သေးဘူး ... ၊ မင်းက ဓား သမား တစ်ယောက်ကို၊ ဒီလို အရှက် ခွဲနိုင် မယ်လို့၊ ထင်နေ တာလား၊ ... ဟမ့်။ ”

ကျန်းထောင်မှ အေးစက်စွာ အော်ငေါက် လိုက်သည်။ သူ့စကားကြောင့် အံ့အားသင့် ကုန် ကြပြီး၊ စကား ဆက် မပြော ဝံ့ တော့ချေ။

“ ဒါပေမယ့် ... အလှ အပ ဆိုတာ၊ လူကြီး လူကောင်းတွေ အတွက်ပါ၊ ဒီည ငါတို့ အလည် သွား ရအောင်။ ”

ကျန်းထောင်က လေသံ ပြောင်းကာ ပြောလာ သဖြင့်၊ လူတိုင်း စိတ်သက်သာ ရာ ရကုန် ကြသည်။

“ ဟား ဟား ဟား ... ၊ အစ်ကိုကြီး အောင်မြင်မှာ သေချာတယ်။ ”

“ သူတို့က တောထဲက လူရိုင်း တွေပဲ။ စီနီယာ အစ်ကိုလို တစ်စုံ တစ်ယောက် ကိုသာ၊ ပတ်သတ်ခွင့် ရရင်၊ ကျေနပ် သွားကြမှာ။ ”

“ သူတော်စင် ကျန်း မိသားစုက ဆိုတာ ဘာကို ဆိုလိုလဲ၊ အဲဒီ အမျိုးသမီးက သေချာ သိပါ လိမ့်မယ်။ ”

ကျန်းထောင် မျက်နှာတွင်၊ ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိ သော်လည်း၊ ဤကဲ့ သို့သော အမျိုး သမီး၏ အလှသည် ရှားပါး လှ သဖြင့်၊ စိတ်လှုပ်ရှား နေခဲ့သည်။

အပြာရောင် စံအိမ် နယ်မြေမှ လာသည်ကို၊ မယုံနိုင် သေးချေ။ သူ ဟူသည် မာနကြီး သူ တစ်ဦး ဖြစ်သည်။

ထို့ကြောင့် သူ စိတ်ဝင် စားသည့် အမျိုး သမီးတိုင်း၊ ငြင်းပယ် သည်ဟု မရှိခဲ့ချေ။ မျက်စိ မှိတ်လျက်၊ ညစ်ညမ်းသော မြင်ကွင်းမျိုး မြင်ယောင် လာမိသည်။

ထိုအချိန်တွင် လင်းယွန်က အခန်း ထဲ၌ ကျင့်ကြံရန်၊ နတ်ကြယ် ပုလဲ များကို ထုတ်ယူ လိုက်၏။

ခရမ်းရောင် နန်းတော်ရှိ ရောင်ဝါ သမုဒ္ဒရာတွင်၊ စတုတ္ထမြောက် နဂါး-ဖီးနစ် ဓား ရောင်ဝါကြိုး၊ ဖြစ်တည် တော့မည် ဖြစ်သည်။

ထိုကြိုး (၄) ချောင်းကို၊ အသုံးပြု ပါက၊ ကြောက်မက်ဖွယ် စွမ်းအား တစ်ခုအား ရရှိလာ လိမ့်မည် ဖြစ်သည်။

သို့သော် မည်သူ နှင့်မျှ၊ မစမ်းကြည့် ဖူး သေးသောကြောင့်၊ မည်မျှ အစွမ်းထက် မည်ကို၊ သူ မသိချေ။

သာမန် သာလွန် အဆင့် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို ချက်ချင်း သတ်ပစ်နိုင်မည် ဟုသာ၊ သူ သိထားသည်။

ညရောက် ချိန်၌ လင်းယွန် မျက်လုံးများ ပွင့်လာ၏။ ပတ်ဝန်း ကျင်ရှိ ရာဂဏန်း မျှသော နတ်ကြယ် ပုလဲ များမှာ၊ ကုန်ဆုံး သွားရပြီ ဖြစ်သည်။

“ ကြည့်ရတာ ... ငါတော့ မွဲပြီ ထင်တယ်။ ”

လင်းယွန်မှ သက်ပြင်းချ မိသည်။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းမှာ၊ တွင်းနက် ကြီး နှင့် တူသည်။

နေ့တစ်ဝက် အတွင်း နတ်ကြယ် ပုလဲ (၁၀၀၀) ကုန်ဆုံး သွား၏။ ယင်းက သူ၌ ရှိသော နောက်ဆုံး အရင်း အမြစ်များ ပေပင်။

“ မဟာ သူတော်စင် မူလ ပုလဲမှာ ... ၊ တံဆိပ် ကိုးခု ရှိတယ် ... ၊ တံဆိပ် ပွင့်တိုင်း သူတော်စင် အသီး အနှံထက်၊ အဆပေါင်း များစွာ သာလွန်တဲ့၊ ...

... ဝိညာဉ် စွမ်းအင်တွေ ရလိမ့်မယ် ... ၊ ဒါပေမယ့် ဒုတိယ တံဆိပ်ကို ဘယ်အချိန် ကျမှ၊ ဖွင့်နိုင် မလဲ ဆိုတာ ငါလည်း သေချာ မသိဘူး။ ”

သွေ့ရော် ကျွန်းမှ ရရှိ ခဲ့သော အရင်း အမြစ်များမှာ၊ ဖုန်ကျန်းနှင့် အခြားလူများ အတွက်၊ ဆယ်နှစ်စာ လုံလောက်သည်။

“ လင်းယွန် ... ၊ သူတော်စင် နဂါး သွေးရည်ကြည် ... (၅၀၀) ကီလို ဂရမ်၊ ဘယ်တော့ ပေးမှာလဲ။ ”

ခရမ်းငယ် အသံက ဓားသေတ္တာ ထဲမှ ထွက်ပေါ် လာသည်။

“ တိတ်စမ်း ... ၊ ငါ အခု ခေါင်းကိုက် နေတယ်။ ”

ဓားဂိုဏ်းသို့ ဝင်ရောက် ပြီးနောက် မှသာ၊ လိုအပ်နေသော အရင်း အမြစ် များကို စုဆောင်း နိုင်မည်ဟု ထင်သည်။

နဂါးသွေး ရည်ကြည် အပြင်၊ နဂါး အရိုး ကိုလည်း၊ အရေး တကြီး လိုအပ် နေသည်။ နဂါး အရိုး မရှိသော်၊ သူ၏ သူတော်စင် နဂါး ခန္ဓာမှာ၊ အသုံးဝင် တော့မည် မဟုတ်ချေ။

“ အပြင် ထွက်ကြည့် ရအောင်။ ”

အဆုံးတွင် မြို့ထဲသို့ လိုက်လံ ကြည့်ရှုရန် ဆုံးဖြတ် မိသည်။ ဤနေရာသည် စည်ကားလှ သော မြို့ကြီး ဖြစ်၏။

ဓားဂိုဏ်းနှင့် နီးကပ် သောကြောင့် ဖွံ့ဖြိုးသော မြင်ကွင်း များက၊ နေရာ တိုင်းတွင် ရှိနေ မည်မှာ၊ သေချာသည်။

ဧည့်ခန်းသို့ ရောက်သော အခါတွင်၊ ဆူညံသံများ ကြားလိုက် ရသည်။ ယဲ့ဇီလင်မှာ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ စားပွဲ တစ်လုံးတွင် ထိုင်နေ၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

လင်းယွန်က ဝမ်ယုဝါကို တိုးတိုးလေး မေးမိသည်။ ဝမ်ယုဝါက မချိပြုံးဖြင့်၊ မေးဆက် ပြကာ၊

“ အစ်မယဲ့ ဆီကို ... ၊ လာလည်ချင် နေကြတာ၊ အစ်ကို ဖုန်းနဲ့ အစ်ကိုလျူ တို့က တားနေ ရတယ်၊ ဒါပေမယ့် လူတွေက ပိုပို များလာ ကြတယ်။ ”

“ ကြည့်ရတာ ... လူတိုင်းက၊ အပြာရောင် စံအိမ် နယ်မြေက လာတဲ့၊ ငါတို့ကို တောသား တွေလို့၊ ထင်နေ ကြပုံပဲ။ ”

လင်းယွန်မှ ဒေါသ ထွက်လာ၏။ ဂိုဏ်းကြီး များမှာ၊ အပြာရောင် စံအိမ်မှ ကျင့်ကြံ သူများကို ပုရွတ်ဆိတ် များလို၊ ရှုမြင် ကြချေ၏။

တန်ခိုးဆောင် အပြင် ဘက်ရှိ ဖုန်ကျန်းနှင့်၊ လျူချင်းယန်မှာ၊ လူအုပ် ကြီးကို ကြည့်ပြီး၊ စိတ် ရှုပ် လာသည်။

“ မင်း တို့ရဲ့ အစ်မကို အပြင် ထွက်လာ ခိုင်းပါ၊ ဒါက ဒီလောက်တောင် ခက်ခဲ နေလို့ လား။ ”

“ ဟုတ်ပါ့ကွာ၊ လူမှုရေး အသိ မရှိ လိုက်တာ၊ မင်းတို့က တောထဲက လူရိုင်း တွေပါ၊ ဒီလောက် အထိ မောက်မာ ပြနေ စရာ မလို ပါဘူး။ ”

“ အပြာရောင် စံအိမ် နယ်မြေက လူ တစ်စုက၊ ဓားဂိုဏ်းကို ဝင်ချင် နေတာလား၊ အိပ်မက် မက်နေ တာပဲ၊ ...

... ဒါပေမယ့် ... မင်း တို့သာ ငါတို့နဲ့၊ ဆက်ဆံရေး ကောင်းခဲ့ရင်၊ အခွင့် အရေး ရနိုင် ပါသေးတယ်။ ”

အပြာရောင် စံအိမ် နယ်မြေသည်၊ အများ အမြင်၌၊ ဤမျှ အထိ နိမ့်ကျ နေမည်ဟု မထင် ထားသဖြင့်၊ ဖုန်ကျန်းနှင့် လျူချင်းယန်မှာ အချင်းချင်း ပြန်ကြည့် လိုက်မိ၏။

“ ဘာဖြစ် နေတာလဲ။ ”

ရုတ်တရတ် ကျန်းထောင် ဦးဆောင်သော အဖွဲ့မှာ၊ လူစု လူဝေး အတွင်း တိုးဝင် လာသည်။ လူအုပ် ကြီးက ကျန်းထောင်ကို မြင်သည်နှင့်၊ ချက်ချင်း လမ်းဖယ် ပေး၏။

ကျန်းထောင်မှာ သူတော်စင် မိသားစုမှ၊ ဖြစ်ပြီး၊ အသက် နှစ်ဆယ့် ငါးနှစ်ဖြင့်၊ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်သို့၊ တတ်လှမ်းထား နိုင်သည်။

ဓားရည်ရွယ်ချက် တွင်လည်း၊ အလယ် အလတ် ကောင်းကင်ဓား အဆင့်ထိ၊ ကျွမ်းကျင် နေကာ၊ တိမ် ရည်ရွယ်ချက်နှင့်၊ ပေါင်းစပ် ထား၏။

ထို့ကြောင့် သူ့ကို အနည်းငယ် သတိထား ရမည် ဖြစ်သော ပါရမီရှင် အဖြစ်၊ သတ်မှတ်နိုင် ချေပြီ။

“ ကျွီ ... ။ ”

မတော် တဆမှု မရှိသော်၊ ဓားဂိုဏ်းထဲ သေချာပေါက် ဝင်ရောက် နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် တံခါး ပွင့်လာကာ၊ လင်းယွန်နှင့် ယဲ့ဇီလင် ထွက်လာ၏။

အားလုံးက ယဲ့ဇီလင် အပေါ်၊ ငေးမော သွားသည်။ လရောင် အောက်၌ သူမ ခန္ဓာကိုယ် ကောက်ကြောင်းမှာ၊ အသက်ရှူ မှားဖွယ် ပေပင်။

ကျန်းထောင် အတွက်မူ၊ သူ ရောက်ရှိ လာမှန်း သိသဖြင့်၊ ယဲ့ဇီလင်မှ တံခါးဖွင့် ပေး သည်ဟု၊ ယူဆ လိုက်သည်။

ထို့ကြောင့် ဆယ်မီတာ အကွာတွင် ရပ်လိုက်ပြီး ပြုံးလျက်၊ သူ့ကိုယ်သူ မိတ်ဆက် တော့သည်။

“ ငါ့ နာမည်က ကျန်းထောင်ပါ၊ ပြီးတော့ မိန်းကလေး ယဲ့က၊ အခုလို ... တံခါး ဖွင့်ပေးတဲ့ အတွက်၊ ကျေးဇူးတင် ပါတယ်။ ”

သည်နေရာ၌ သာလွန် ပင်မ နတ်ဘုရား ဟူ၍၊ ဤလူ တစ်ယောက်သာ ရှိ၏။ ထို့ကြောင့် လင်းယွန်မှ စိတ်ဝင်စား နေစဉ်၊ ၎င်းမှ မိတ်ဆက် လာသည့် စကား များကြောင့်၊ မျက်ခုံးပင့် လိုက်မိသည်။

သည်မျှ ရွံစရာ ကောင်းသော လူသား တစ်ဦးအား၊ ပထမဆုံး အကြိမ် မြင်ဖူး လာခြင်း ဖြစ်၏။ တစ်ကိုယ်လုံး တဏှာ စိတ်ဖြင့်၊ ပြည့်နှက် နေပုံ ရသည်။

***

All Chapters