ထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံး။
Vol. 99 Ch. 1386
လင်းယွန်က ကျန်းထောင်ကို တစ်ချက် ကြည့်ကာ အခြား သူများထံ ဝေ့ကြည့်လျက် ဓားရည်ရွယ် ချက်ကို ဖြန့်ထုတ် လိုက်သည်။
တည်းခိုခန်းကို စောင့်ကြပ် နေသော နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များကို သတိ ထားမိသည်။
၎င်းတို့ နောက်တွင် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင် ရှိနေ၏။ သို့သော် သူတို့က လှုပ်ရှားမည့် အရိပ် အယောင် မပြချေ။ လူငယ် များကြား အငြင်း ပွားမှုကို ဝင်စွက် ဖက်ရန် ဆန္ဒ မရှိဟု အဓိပ္ပါယ် ရ၏။
“ အားလုံးက ... ဒီကို စမ်းသပ် ခံဖို့၊ လာ ကြတာပဲ၊ ဒါကြောင့် ငါတို့က မိတ်ဖွဲ့ သင့်တာ တော့ အမှန်ပါ၊ ဒါပေမယ့် ညည့်နက် နေပြီ၊ကေျးဇူး ပြုပြီး နောက်နေ့မှ လာကြပါ။ ”
-ဟု ပါးနပ်စွာ ငြင်းဆန်ပြီး၊ စမ်းသပ်မှု သည်သာ၊ အရေး ကြီးကြောင်း၊ လင်းယွန်မှ အရိပ် အမြွက် ပြ လိုက်သည်။
သို့သော် ကျန်းထောင်က သူ့ စကားကို အရေး မစိုက်ချေ။ ယဲ့ဇီလင် ကိုသာ ဆက်ကြည့် နေသည်။
သူမက တစ်ချက် မျှပင်၊ ပြန်ကြည့် မလာ သဖြင့်၊ လင်းယွန် စကား အပေါ်၊ သဘောတူ ကြောင်း နားလည် လိုက်သည်။
“ ကျန်းထောင် အတွက်၊ တံခါး ဖွင့်တာ မဟုတ် ဖူးလား။ ”
“ ဟား ဟား ဟား ... ၊ ဒါက သူ ပြောတာ ပဲလေ၊ ဒါပေမယ့် အခု သဘောထား အမှန်ကို မင်း မကြား လိုက်ဖူးလား။ ”
“ ငါ ကြားတာတော့ ကျန်းထောင် ကို မောင်းထုတ် နေတာပဲ။ ”
လင်းယွန် စကား ကြောင့်၊ လူတိုင်း အံ့အားသင့် သွားကြသည်။ အပြာရောင် စံအိမ်မှ ဂိုဏ်း တစ်ဂိုဏ်းသည် ကျန်းထောင်ကို လျစ်လျူ ရှုဝံ့ သည်မှာ ယုံနိုင် စရာ ပေပင်။
တိမ်ပျံ ဂိုဏ်းမှ တပည့် များက မျက်နှာ ပျက်ယွင်း သွားကြပြီး၊
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ငါတို့ရဲ့ စီနီယာ အစ်ကို ကျန်းက၊ မိန်းကလေး ယဲ့ ဆီကို လာလည်တာ မင်း မမြင် ဖူးလား။ ”
“ ဟုတ်တယ် ... ၊ မင်း ဖယ်စမ်း ... ၊ ဒီတံခါးက ငါတို့ အစ်ကိုကြီး အတွက်၊ ဖွင့်ထား တယ်ဆိုတာ လူတိုင်း သိတယ်။ ”
မကျေ မနပ်ဖြင့် လင်းယွန်အား အော်ငေါက် လာကြသည်။ သူတို့ စကားကြောင့် ယဲ့ဇီလင်မှာ ပေါက်ကွဲ သွား၏။
သို့သော် သူမ လှုပ်ရှား တော့မည့် အချိန်တွင်၊ လင်းယွန်က ပြုံးလျက်၊ ဟန့်တား လာသည်။
“ ငါက သဘောထား ကြီးတယ်၊ ဒါကြောင့် ဒီကိစ္စကို ငါပဲ ဖြေရှင်း ပါရစေ။ ”
သူ သဘော ကောင်းကြောင်း၊ ထုတ်ပြော လာသဖြင့်၊ ဖုန်ကျန်းနှင့် လျူချင်းယန်မှ မျက်ခုံး ပင့်လျက်၊ လင်းယွန်အား ပြန်ကြည့် လာသည်။
သူတို့၏ ညီလေး လင်း၊ မည်မျှ သဘော ထားကြီး သည်ကို၊ သူတို့သာ သိသောကြောင့် ဖြစ်လေသည်။
“ ဘာလို့လဲ ... ၊ ငါက တကယ် သဘောထား ကြီး ပါတယ်။ ”
လင်းယွန်က ခိုကိုးရာ မဲ့သော အပြုံးဖြင့် ဖုန့်ကျန်းတို့ နှစ်ဦးကို ထပ်ပြော လေသည်။
“ ဒါဆို ... ငါက သဘောထား သေးသိမ် တယ်လို့၊ ဆိုလိုချင် တာလား။ ”
ယဲ့ဇီလင်က မကျေ မနပ် စိုက်ကြည့်ကာ၊ မေးခွန်း ထုတ်သည်။ လင်းယွန်မှ ဝန် မခံ ဝံ့ချေ။ ယဲ့ဇီလင် တစ်ယောက်၊ ဤလူအား အရေခွံ ခွာချင် နေသည်ကို သူ သိ၏။
အနည်းဆုံး တစ်နှစ် တိတိ၊ အိပ်ယာထဲ လှဲနေရ ပေလိမ့်မည်။ ထို့ပြင် ဤ တည်းခိုခန်း သည်၊ ဓားဂိုဏ်းနှင့် သက်ဆိုင် သောကြောင့်၊ မျက်နှာသာ ပေးရ မည်မှာ သဘာဝ ပေပင်။
လင်းယွန်နှင့် ယဲ့ဇီလင် တို့ အချင်းချင်း၊ ဤသို့ စကားရည် လုနေသော မြင်ကွင်း မျိုးက၊ ကျန်းထောင်ကို ဒေါသ ထွက်လာ စေသည်။
သူ ဟူသည် သူတော်စင် မိသားစုမှ ဆင်းသက် လာသူ တစ်ဦး ဖြစ်သည်။ တောသား များ၏၊ ဤသို့ လျစ်လျူရှု ခံရ မှုကို၊ သည်းမခံ နိုင်ချေ။
ထို့ပြင် ယဲ့ဇီလင်အား ကျောက်စိမ်း အရိုင်းတုံး အဖြစ် ယူဆလျက်၊ သူ့အား တံခါးဖွင့် ပေးသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
ဤမျှ မောက်မာ ပြလိမ့် မည်ဟု မထင် မိချေ။ သို့သော် ဒေါသကို မျိုသိပ်ကာ ပြုံးလျက် လင်းယွန်အား နှုတ်ဆက် လိုက်သည်။
“ ညီ အစ်ကို ... ၊ မင်း ... ကြည့်ရတာ တကယ် သဘော ကောင်းမဲ့ ပုံပဲ ... ၊ ငါ မင်းကို ဘယ်လို ခေါ်ရ မလဲ။ ”
“ ပန်းသင်္ချိုင်း လင်းယွန်။ ”
“ ဘယ်လို ... လင်းယွန် ဟုတ်လား၊ ဒီနာမည်မျိုး ဘယ်သူ ကြားဖူးလဲ၊ မင်း ကြားဖူး လား၊ မင်းရော ... ၊ မင်းရော ... ။ ”
“ ဟား ဟား ဟား၊ မင်း ဘာတွေ လာ မေးနေ တာလဲ၊ ကျေးတောသား တစ်ယောက် ကို၊ ငါတို့က ဘယ်လိုလုပ် သိမှာ လဲ။ ”
“ ဟုတ်တယ် ... ၊ အလွန်ဆုံး ရှိလှ အင်ပါ ရီယန် အဆင့်မှာ၊ (၃၀၀၀) အတွင်း ဝင်နိုင်ရုံပေါ့၊ ဒါကို ဘယ်သူက သူ့ နာမည် သိမှာလဲ။ ”
လင်းယွန် အမည်ကို ပြောလိုက် သည်နှင့် လူတိုင်းက ရယ်မော လှောင်ပြောင် တော့သည်။ သွေရော် ကျွန်းရှိ အဖြစ် အပျက် များသည် နှစ်လ မျှသာ ရှိပေ သေးသည်။
ထို့ကြောင့် ကောင်းကင်ယံ ဂိုဏ်း အပါ အဝင်၊ ဂိုဏ်းကြီး များကို၊ အစုလိုက် အပြုံ လိုက် သတ်ဖြတ် ခဲ့သော လင်းယွန်အား၊ လူတိုင်း သိရန် မလုံလောက် သေးချေ။
သည့်အပြင် အင်ပါရီယန် အဆင့်နှင့် ပင်မ နတ်ဘုရား အဆင့်တွင်၊ သူ့ အမည်ကို မထားခဲ့ သောကြောင့်၊ ချင်းကန် နေရာ၌ အစား မထိုး ရသေး ခြင်းလည်း ဖြစ်သည်။
သို့သော် ထိုအဖြစ် အပျက် များမှာ၊ သူတော်စင် မိသားစု များကြား၊ ပျံနှံ့ နေပြီး ဖြစ်သည်။
ယင်းကြောင့် မိသားစုထံ ပြန် မရောက် ဖြစ်သော ကျန်းထောင်နှင့်၊ တိမ်ပျံ ဂိုဏ်း မသိ သည်မှာ၊ သဘာဝ ပေပင်။
“ ညီအစ်ကို လင်း ... ၊ မင်းက မင်းကိုယ်မင်း ဘွဲ့တစ်ခု ပေးဖို့ သတ္တိ ရှိနေ မှတော့၊ ဓားရေးမှာ ကျွမ်းကျင် အဆင့် ဖြစ်မယ်လို့၊ ငါ ယုံတယ် ဟုတ်တယ် မဟုတ်လား။ ”
ကျန်းထောင်က ကောက်ကျစ်စွာ ပြုံး ရယ်လျက်၊ လင်းယွန်ကို ချီးမွမ်း လိုက်သည်။ ဤနည်း ပရိယာယ်ကို လူအချို့အား မရိုက်မီ၊ မကြာ ခဏ ဆိုသလို အသုံးပြု ခဲ့ဖူး၏။
“ အင်း ... ၊ မဆိုးဖူး ထင်ရ တာပဲ။ ”
လင်းယွန်မှ မတင်မကျ ပြန်ဖြေ၏။
“ ဒါဆို ... ညီအစ်ကို လင်းက ... ၊ ငါနဲ့ ကစားဖို့ စိတ်ဝင်စား လား၊ မှောင်နေပြီ ဆိုတော့ လည်ပတ်တာက မသင့် တော်တာ အမှန်ပါ၊ ဒါ့ကြောင့် ဓား တွေနဲ့ မိတ်ဖွဲ့တာက အကောင်း ဆုံးပဲ၊ မဟုတ်လား။ ”
“ ငါ ကတော့ ဒါကို အကြံကောင်း မဟုတ် ဖူးလို့ ထင်တယ်။ ”
ကျန်းထောင်ကို အနိုင်ကျင့် လိုစိတ် မရှိ သောကြောင့်၊ လင်းယွန်မှ ငြင်းဆန် လိုက်သည်။
“ ဟား ... ဟား ... ဟား ... ၊ ကောင်းပြီ ကောင်းပြီ၊ ညီအစ်ကို လင်း ငါမင်းကို အခွင့်ရေး မယူပါဘူး၊ ...
... စိတ်ချပါ ... ၊ ငါရဲ့ ကျင့်ကြံမှုကို လုံးဝ အသုံး မချဘူး၊ ငါတို့ရဲ့ ဓားရေး ကိုသာ ဖလှယ် မှာပါ။ ”
ကျန်းထောင်က ပို၍ပင် ဖော်ရွေသော အပြုံးကို ပြုံးပြ လာသည်။
“ ဒါက ပိုဆိုး လိမ့်မယ် ထင်တယ်။ ”
တစ်ဖက် လူသာ သူ၏ ကျင့်ကြံမှု အားသာချက်ကို အသုံးပြု လိုခြင်း မရှိ ပါက၊ ကြာရှည် ခံနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အဆင် မပြေကြောင်း၊ သတိ ပေးလိုက် ရခြင်း ဖြစ်သည်။
ငြင်းဆန် နေဆဲ ဖြစ်သဖြင့်၊ ကျန်းထောင်က သူ့အိတ် ထဲမှ သေတ္တာ တစ်လုံးကို ထုတ်ယူကာ၊ ဖွင့်ပြ လိုက်သည်။
မြင့်မြတ်သော အလင်း ကိုးသွယ် ဖြာထွက်နေသည့်၊ ဆေးလုံး တစ်လုံးအား မြင်လိုက် ရသည်။
၎င်းမျက်နှာ ပြင်ကို ရူရ်များ ရေးထိုး ထားသော ခဲပြားဖြင့် ဖုံးအုပ်လျက်၊ ဝိညာဉ် စွမ်းအင်များ ယိုစိမ့် ခြင်း မရှိ စေရန်၊ တားဆီးပေး ထားသည်။
“ ထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံး။ ”
“ လခွမ်း တိမ်ပျံ ဂိုဏ်းက ကျန်းထောင် အတွက်၊ ဒီလို သူတော်စင် ဆေးလုံး တစ်လုံး တောင်၊ ပြင်ဆင် ပေး လိုက်တာလား။ ”
“ သူတော်စင် မျိုးရိုး ကနေ ဆင်းသက် တာကြောင့်၊ သူ့ကို ကောင်းကောင်း ဆက်ဆံ ထားပုံ ရတယ်။ ”
“ သူ့ ရည်ရွယ်ချက်က ဒီစမ်းသပ်မှုမှာ၊ သူတော်စင် တပည့် အဖြစ်၊ အရွေး ခံမို့ နေမယ်၊ ဓားဂိုဏ်းက သူတော်စင် တပါးရဲ့ တပည့် ဖြစ်ခဲ့ ရင်တော့၊ ဒီပေးဆပ်မှုက ထိုက်တန် ပါတယ်။ ”
လူတိုင်း မနာလို စိတ်ဖြင့်၊ ထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံးကို ကြည့်နေစဉ်၊ ဖုန်ကျန်းနှင့် လျူချင်းယန်က လင်းယွန်ထံ လှည့်ကြည့်သည်။
သူတို့၏ ညီလေး လင်းမှာ၊ ကံကောင်း လှပေ၏။ အိမ်တိုင် ရာရောက် ပေးကမ်းမည့် သူများ ရှိချေပြီ။
“ မင်း ... ငါ့ကို အနိုင်ယူဖို့ မလို ပါဘူး ... ၊ ငါ့လက် ကနေ ဆယ်ကြိမ် တိုင်တိုင်၊ ခုခံ နိုင်ရင်၊ ဒီထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံးက၊ မင်း အပိုင်၊ ...
... ဖြစ်လာ လိမ့်မယ်၊ စိတ် မပူနဲ့ ... ၊ ငါ ကျန်းထောင်က ပြောရင် ပြောတဲ့ အတိုင်း ကတိ တည်တဲ့ လူပါ။ ”
ကျန်းထောင်မှ ပြုံးကာ ပြောလိုက်သည်။ ဤကမ်းလှမ်း ချက်ကို၊ မည်သူမျှ ငြင်းဆန် နိုင် မည် မဟုတ်ကြောင်း သူ သိသည်။
“ ဒီလို ... လုပ်ဖို့ မလို ပါဘူး။ ”
ဆေးလုံးသည် ထူးထူး ခြားခြား ဖြစ်နေ သဖြင့်၊ လိမ်ညာ ယူရန် လင်းယွန်မှ မဝံ့ချေ။ မလိုလား အပ်သော ပြဿနာများ လိုက်ပါ လာမည်ကို စိုးရိမ် မိသည်။
“ ပန်းသင်္ချိုင်း မင်းက စိန်ခေါ်မှုကို ... ၊ လက်မခံ ရဲဖူးလား၊ ဒါဆို ... ငါတို့ အစ်ကို ကျန်း ရှေ့မှာ၊ မင်းကိုယ်မင်း ဘယ်လိုများ ဘွဲ့တစ်ခု ပေးဝံ့ တာလဲ။ ”
တိမ်ပျံ ဂိုဏ်း၏ တပည့် တစ်ဦးက၊ လင်းယွန်အား လှောင်ပြောင် လိုက်သည်။ တစ်ဖက် လူမှ ဒေါသ ထွက်ကာ၊ လက်ခံ စေလို၏။
“ ကောင်းပြီ ... ၊ ဒါဆို နည်းနည်းလောက် ကစား ရအောင်၊ ဒါက မိတ်ဖြစ် ဆွေဖြစ် ဖြစ်လို့၊ အရမ်းကြီး လက်မလွန် ပါစေနဲ့၊ ငါက သဘော ကောင်းပါတယ်။ ”
တစ်ဖက် လူတွင်၊ မည်သို့ အကြံ အစည် ရှိ သည်ကို မှန်းဆ နိုင်သဖြင့်၊ ပညာ ခပ်ပါးပါး ပြန် ပေးရန်၊ လင်းယွန်မှ ဆုံးဖြတ် လိုက်မိသည်။
***