← Chapters

မင်း မျက်နှာကို ရောင်းမို့လား။

Vol. 100 Ch. 1388

မင်း မျက်နှာကို ရောင်းမို့လား။

Vol. 100 Ch. 1388

“ စီနီယာ အစ်မ ယဲ့ ... ၊ ဒီထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံးကို၊ ဘာလုပ် သင့်တယ် ထင်လဲ။ ”

“ ဘာလုပ် ရမှာလဲ ... ၊ တိမ်ပျံ ဂိုဏ်းကို ပြန်ပေးဖို့ စိတ်ကူး ... ၊ နင့်မှာ ရှိနေ တာတော့ မဟုတ်ဖူး မဟုတ်လား။ ”

ယဲ့ဇီလင်မှာ ဒေါသများ ထွက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူ့ လေသံက မယဉ်ကျေး ချေ။ ချက်ချင်း လှည့်ပြီး အဆောက် အဦးထဲ လှမ်းဝင် သွားသည်။

သာမန် အမျိုးသမီး တစ်ဦး ဖြစ်သော်၊ ကျော်ကြားသော သူမ အလှ အပေါ်၊ ဂုဏ်ယူ နိုင် မည်။ ယခုမူ အရှက်ရဖွယ် အဖြစ် ခံယူ မိ၏။

ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လာသော သူမ စကားကြောင့်၊ ဖုန်ကျန်းနှင့် လျူချင်းယန်က တစ်ဖက် လှည့်ကာ၊ ပြုံးသည်။

“ ညီလေး၊ မင်းက ဘာလို့ ငါ့ကို မပေး ရတာလဲ။ ”

လျူချင်းယန်မှ တောင်းလိုက်သည်။

“ ရွှေနဂါး အရိုး စွပ်ပြုတ် ကိုပဲ၊ သန့်စင်ဖို့ အရင် အာရုံ စိုက်ပါ၊ မင်းတို့ နှစ်ယောက် စလုံး ဒါကို မလိုသေး ပါဘူး ။ ”

ယဲ့ဇီလင်ကို ပေးကမ်းရန်၊ စိတ်ကူအား လက်လျော့လျက်၊ လင်းယွန်မှ သိမ်းဆည်း လိုက်မိသည်။

ဤအရာသည် ကျန်းထောင် အတွက်၊ ရတနာ တစ်ပါး ဖြစ်သော်လည်း၊ သူ့ အတွက် အသုံး မဝင်ချေ။

“ ညီလေး ... စမ်းသပ်မှု မစခင် ... ၊ ပြန်လာဖို့ သတိ ရပါ။ ”

လမ်းမပေါ် ဦးတည် နေသော လင်းယွန်ကို ဖုန်ကျန်းမှ သတိ ပေးသည်။

“ စိတ်မပူနဲ့ ... ၊ နောက် မကျစေ ရဘူး။ ”

လက်ဝှေ့ယမ်း ပြပြီး၊ လင်းယွန်က ထွက်ခွာသွား လေသည်။ ယင်းအား အဖိုးကြီး လျူက တည်းခိုခန်း အမြင့်ဆုံး အထပ် မှနေ၍၊ ရပ်ပြီး၊ ကြည့်နေ ခဲ့သည်။

ဤလင်းယွန်သည် ပြဿနာ ရှာတတ်သူ ဖြစ်ကြောင်း၊ လက်ခံ လိုက်ရ၏။ ဖုန်းကျွယ်မှ သူ့အား အကြိမ်ကြိမ် သတိ ပေးခဲ့သည်။

သို့တိုင် ကနဦး ပင်မ နတ်ဘုရား အဆင့် ၌သာ ရှိသဖြင့်၊ ၎င်းအား အလေး အနက် မထား မိချေ။ ဤမြို့၌ အများကြီး လုပ်နိုင် စရာ မရှိဟု ယုံကြည် ခဲ့သည်။

ဤမြို့သည် နဂါး သေွးလွှတ်ကြော နယ်ပယ်ရှိ ကျွမ်းကျင်သူ များပင်၊ ပြဿနာ မပေး ဝံ့သော မြို့ကြီး၊ (၁၀) မြို့ အနက်မှ တစ်မြို့ ဖြစ်သည်။

လင်းယွန်သည် သဘော ကောင်း သည်ဟု အခိုင် အမာ ဆိုနေ သော်လည်း၊ ကြမ်းကြုတ်စွာ ပြုမူ ခဲ့သည်။

ကျန်းထောင်တွင် သူတော်စင် ဆေးလုံး မရှိပါက၊ ဆယ်ရက် အတွင်း ဒဏ်ရာမှ ပြန်လည် ကောင်းမွန် လာရန် မဖြစ် နိုင်ပေ။ ထို့ကြောင့် စမ်းသပ်မှုအား လက်လွှတ် ရနိုင်သည်။

“ သူ့နောက်ကို လိုက်သွား၊ သူ့ကို ဘာမှ မဖြစ် စေနဲ့ ... ။ ”

အဖိုးကြီး လျူက၊ သူ တစ်ဦးတည်း စကား ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် အမှောင်ရိပ် အတွင်းမှ၊ လူနှစ်ယောက် ခုန်ထွက် လာ၏။

“ အိုး နေဦး ... ၊ မေ့လိုက် ရအောင်၊ ဒီကောင်လေးရဲ့ ဓားရည်ရွယ်ချက်က ထူးဆန်း နေတယ်၊ မင်းတို့ သူ့ဆီက ပုန်းနိုင်မှာ မဟုတ်ဘူး၊ ဒီမြို့မှာ သူ လုံခြုံ မှာပါ။ ”

***

ထိုအချိန်တွင် လင်းယွန်မှာ မြို့ထဲ လမ်းပတ်လျောက် နေသည်။ လမ်းမ ပေါ်၌ လူများ ပြည့်နှက် နေပြီး၊ ပျော်စရာ ကောင်း ပေ၏။

မြို့၏ အထက် ကောင်းကင် ယံကို ကြယ်ရောင် အလင်း အကာကြီး တစ်ခုဖြင့်၊ ဖုံးအုပ် ထားသည်။

ယင်းမှာ အစီရင် တစ်ခု ဖြစ်ပြီး၊ ပြင်ပ၌ ကင်းစောင့် လေသင်္ဘော တစ်စင်း လွင့်မျော နေ၏။

အစောင့် များက၊ ကုန်းပတ် ပေါ်တွင် ရပ်လျက်၊ မြို့အပေါ် စီးမိုး ကြည့်သည်။ သူတို့ အားလုံးသည် သူတော်စင် ချပ်ဝတ် များကို ၀တ်ဆင် ထား၏။

သင်္ဘော ဦးပိုင်းတွင်၊ ဓားဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ဦး လိုက်ပါ လာသည်။ ထိုလူ ထံမှ ဓားရည်ရွယ် ချက်အား လူတိုင်း မမြင် နိုင်ချေ။

“ အနှစ် တစ်သိန်း ကြာပြီးတဲ့ ... နောက်တော့ လူသား တွေဟာ တိုးတက် လာပုံပဲ။ ”

ခရမ်းငယ်မှ သက်ပြင်းချ လိုက်သည်။

“ ဘာတွေများ တိုးတက် လာ လို့လဲ ... ။ ”

လင်းယွန်က ပြန်မေး၏။

“ ဘာရယ် မဟုတ် ပါဘူး၊ ဒီလိုပဲ ပြောလိုက် မိတာပါ၊ သူတော်စင် မြို့တွေနဲ့၊ ယှဉ်ရင် ဒီမြို့က ဘာမှ မဟုတ် ပါဘူး။ ”

ခရမ်းငယ်မှ ပြန်၍ ဖြေကြား လာသည်။ ထို့ကြောင့် လင်းယွန်မှ ဆက် မမေး တော့ချေ။ တစ်နာရီ အကြာတွင်၊ ကောင်းကင် ဆေးအိုး ခန်းမ ဟူသော၊ အဆောက် အအုံ တစ်ခု ရှေ့၊ ရောက်ရှိ လာသည်။

ကောင်းကင် ဆေးအိုး ခန်းမသည်၊ သူတော်စင် ရှေးဟောင်း ပစ္စည်း များကို ရောင်းဝယ် ဖောက်ကားသည့်၊ ကုန်သွယ်ရေး ခန်းမ ဖြစ်၏။

လေလံ ပွဲများ ကိုလည်း ကျင်းပလေ့ ရှိကြသည်။ ထို့ကြောင့် ငွေလမင်း မျက်နှာဖုံး တပ်လျက်၊ လင်းယွန်မှ လှမ်းဝင် လိုက်သည်။

နဂါး - ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ကျင့်ကြံရန်၊ အရင်း အမြစ် အလုံ အလောက် မရှိ သဖြင့်၊ လာရောက် ရှာဖွေခြင်း ဖြစ်၏။

ခန်းမထဲ ဝင်လိုက် သည်နှင့်၊ ခမ်းနား ထည်ဝါသော ဆေးအိုးကြီး တစ်လုံးကို၊ ဦးစွာ မြင်လိုက် ရသည်။

ဤသည်မှာ လူတိုင်းကို ခြိမ်းခြောက်ရန် အတွက်၊ ထားရှိခြင်း ဖြစ်သည်။ သူတော်စင် ရူရ် တစ်ထောင် လက်ရာ ဖြစ်၏။

ပင်မ ခန်းမ ထဲတွင်၊ လူများစွာ ရောက်ရှိ နေသည်။ များလွန်း သဖြင့်၊ အစေခံ များပင်၊ မအားလပ် တော့ချေ။

ပင်မ ခန်းမကို ဖြတ်သန်း ပြီးနောက်၊ ကွဲပြား ခြားနားသော မြင်ကွင်း တစ်ရပ်က စောင့်ကြိုနေ သည်။

ခန်းမကို နတ်ကြယ် ပုလဲ အချို့ ပေးကာ၊ ဖြတ်သန်း လိုက်စဉ်၊ ဟင်းလင်းပြင် အတွင်းရှိ ရေကန်ကြီး တစ်ကန်ကို မြင်လိုက် ရ၏။

ရေကန် ပတ်ပတ် လည်၌၊ အိမ်ငယ်များ ရှိနေသည်။ ထိုအိမ်ငယ် များထံ သွားလာရန်၊ ကျောက်သားလမ်း ခင်းပေး ထား၏။

အိမ်ငယ်များ အလယ်၌ စင်မြင့် တစ်ခု ရှိသည်။ အိမ်ငယ်များ အတွင်း စားသောက်ပြီး၊ ထိုစင်မြင့်ရှိ လေလံ ပစ္စည်း များကို ကြည့်ရန်၊ နတ်ကြယ် ပုလဲ (၅၀၀) ပေးအပ် ခဲ့ရသည်။

အိမ်များ အတွင်း၊ မြင့်မြတ်သော အဆင့် အတန်း အသီးသီး ပိုင်ဆိုင် ထားသည့်၊ လူငယ် များ ရှိနေသည်။

လင်းယွန် ရောက်ရှိ ချိန်၌၊ လှပသော အမျိုးသမီး စေခံတိုင်း၊ အလုပ် ရှုပ်နေ ကြသည်။ အချိန် အနည်းငယ် ကြာမှ သာလျှင်၊ အမျိုး သမီး တစ်ဦး၊ သူ့အား လာကြို၏။

“ ကျမ နာမည်က ချင်လင်းပါ၊ ဒီက သခင်လေးကို နှုတ်ဆက် ပါတယ်၊ နာမည် ဘယ်လို ခေါ်ရမလဲ။ ”

သူမ မျက်လုံး များက၊ ငွေလမင်း စွပ်ထားသော လင်းယွန် အသွင်ကို စိတ်ဝင် စားပုံ မပြချေ။

လင်းယွန် ကဲ့သို့၊ လျှို့ဝှက် လွန်းသော မျက်နှာဖုံးရှင် များစွာကို၊ သူမ ကြုံတွေ့ ထားဖူး ခဲ့သည်။

“ ငါ့ နာမည် လင်းယွန် ... ၊ သူတော်စင် လက်ရာတွေ ရောင်းဖို့၊ ဒီကို လာတာ၊ အနည်း ဆုံး နတ်ကြယ် ပုလဲ၊ သန်း ဂဏန်း အထိ၊ တန်ကြေး ရှိတယ်။ ”

ထိုပမာဏက အစေခံ မိန်းကလေး ချင်လင်းအား မျက်လုံးပြူး သွားစေ၏။ သာမာန် သူတော်စင် လက်ရာ များသည်၊ ရာဂဏန်း မျှသာ တန်ကြေး ရှိသည်။

အလွန်ဆုံး ရှိလှ သိန်းဂဏန်း မျှသာ တန်ပေ၏။ သန်းဂဏန်း လက်ရာမျိုး ရှားပါး လှချေပြီ။

နတ်ကြယ် ပုလဲ သန်းဂဏန်း ဟူသော ပမာဏသည်၊ ရှေးဟောင်း ပျက်သုဉ်းမြေ ၌ပင်၊ များစွာသော ပမာဏ ဖြစ်သည်။

နဂါးသွေး လွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ များ အနေဖြင့်၊ ၎င်းပမာဏကို သုံးစွဲရန် အခက် အခဲ ရှိသည်။

ထို့ကြောင့် အတည် ပြု နိုင်ရန်၊ သူတော်စင် ပစ္စည်း အချို့အား ထုတ်ပြ ခိုင်းမိသည်။ ယင်းက လင်းယွန်ကို မျက်ခုံး ပင့်မိ စေ၏။

သို့သော် သူမ၏ ကျင့်ကြံမှုသည်၊ အမည်ခံ ပင်မ နတ်ဘုရား အဆင့်၌ ရှိနေ သဖြင့်၊ အထက် တန်းစား တစ်ဦး ဖြစ်ကာ၊ ယင်းသို့ စစ်ဆေးရန် အခွင့် အာဏာ ရှိနိုင် မည်ကို၊ နားလည် လာ သည်။

“ မင်း ... ငါ့ မျက်နှာဖုံးကို ကြည့်ပြီး ဘယ် အဆင့်လဲ ပြောနိုင်လား။ ”

သို့သော် လင်းယွန်မှ မဖြေဘဲ၊ ပြန်မေး လိုက်သည်။

“ ဒီလောက်တော့ လွယ်ပါတယ်။ ”

ချင်လင်းက မျက်နှာဖုံးကို စစ်ဆေးရန်၊ ပြုံးလျက် ပြန်ကြည့် လာသည်။ မျက်နှာ ဖုံးမှာ၊ မျက်နှာ တစ်ဝက်အား ဖုံးအုပ် ထားပြီး၊ ငွေရောင်များ ယိုစိမ့် နေ၏။

တစ်ချက်ကြည့် လိုက်ရုံဖြင့်၊ သာမန် မဟုတ်ကြောင်း သူမ ပြောနိုင်သည်။ သို့သော် သူတော်စင် ရူရ်ကို မမြင် ရချေ။

ပို၍ အရေး ကြီးမှာ၊ တစ်ဖက် လူ၏ အငွေ့ အသက်များ၊ လုံးဝ ပျောက်ကွယ် နေခြင်း ဖြစ် သည်။

“ ဒါ ... ။ ”

ချက်ချင်း မျက်နှာ ပျက်ယွင်း သွား၏။ ကောင်းကင် ဆေးအိုး ခန်းမ၏ အကြီး အကဲ များက၊ ရတနာ များကို အကဲ ဖြတ်ရန်၊ နေ့စဉ် သင်တန်းများ ပေးခဲ့သည်။

ထို့ကြောင့် သူမကိုယ် သူမ နဂါးသွေး လွှတ်ကြော ကျွမ်းကျင်သူ များထက်ပင်၊ အတွေ့ အကြုံ ပိုရှိ သည်ဟု ယုံကြည် ထား၏။

၎င်းသော်မှ ဤငွေလမင်း မျက်နှာဖုံးအား အကဲ မဖြတ် နိုင်ချေ။

“ ဘယ်လိုလဲ ... ။ ”

လင်းယွန်က မေးသည်။

“ ဟား ... ဟား ... ဟား ... ၊ မို မိသားစုရဲ့ လက်ရာကို၊ လူတိုင်း မြင်ဖူးနိုင် တာမှ မဟုတ် တာ၊ သခင်လေး လင်း၊ သူ့ အတွက် ခက်ခဲတဲ့ အရာတွေ လုပ်တာကို၊ ရပ်လိုက် ရအောင်။ ”

ရုတ်တရက် သာယာ ချိုမြသော အသံ နှင့်အတူ၊ အမျိုးသမီး တစ်ဦး ရေကန် တစ်ဖက် မှနေ၍၊ တိုင်ကို မှီကာ လှမ်းပြောသည်။

“ ဌာနမှူး အန် ... ။ ”

ချင်လင်းက လှည့်ပြီး ဦးညွှတ် လိုက်၏။ ဌာနမှူး အန်သည် အလွန် တင်းကြပ် လှသော ဝတ်ရုံဖြင့်၊ လက်ကို တင်းတင်း ပိုက်လျက်၊ ရင်နှစ်မွှာအား ညှစ်ထုတ် ထားသည်။

မျက်လုံး များမှ ညှို့အား ပြင်းသော အရည်များ လဲ့နေကာ၊ မိန်းမော စေသော ရည်ရွယ်ချက် ဖြာထွက် နေ၏။

“ သခင်လေး လင်း၊ ဒါက ငါတို့ရဲ့ ဌာနမှူး အန်လျှိုယန်းပါ၊ ဌာနမှူး အန် ... ၊ ရှိနေ မှတော့ သခင် လေးကို၊ စစ်ဆေး မနေတော့ ပါဘူး။ ”

“ ဝှစ် ... ။ ”

ချင်လင်း စကားဆုံး သည်နှင့်၊ လင်းယွန်က မြေပြင်ပေါ် ခြေဖျားဖြင့် ပုတ်လျက်၊ ရေကန်ကို ဖြတ်ကျော် ပျံသန်း လိုက်သည်။

ပျံသန်း နေစဉ်၊ ဤရေကန်အား အစီရင် များဖြင့်၊ ကာကွယ် ထားသည်ကို၊ သတိထား မိလာသည်။

ကျူးကျော်ဝင် ရောက်သူ မည်သူ မဆို ဆိုးရွားသော သေခြင်း တရားနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

“ ဝှစ် ... ။ ”

အန်လျှိုယန်း အနား ဆင်းသက် ပြီး သည့်တိုင်၊ လင်းယွန်မှာ ရေကန်ထံ လည်ပြန် ကြည့် မိသည်။

ရေကန် အောက်ခြေ၌ ရာဝင် အိုးကြီး တစ်လုံး၏ အသွင် သဏ္ဍန်ကို မြင်လိုက် ရသော ကြောင့်၊ ဖြစ်သည်။

ထိုအိုး ထဲတွင် သူတော်စင် နဂါး သွေးရည်ကြည်များ အပြည့် ရှိနေ၏။ အနည်း ဆုံး (၅၀၀) ကီလို ဂရမ်ခန့် ရှိနိုင်သည်။

ချက်ချင်း သွားရောက် အတည်ပြု လိုသော်လည်း၊ ဝိညာဉ် ရေးရာ အစီရင် များနှင့်၊ ရေကန် မည်မျှ အန္တရာယ် ပေးနိုင် မည်ကို၊ မသိ သဖြင့်၊ စိတ်ထိန်း လိုက်ရသည်။

“ နောက်ဆုံးတော့ မင်း ငါ့ကို ကြည့်ဖို့ သတိရ လာပြီ။ ”

အန်လျှိုယန်းက ပစ်ပယ် ခံထား ရသော ကလေးငယ် တစ်ဦး ကဲ့သို့၊ သနားစရာ ကောင်း သည့်၊ လေသံဖြင့် ပြောလာ၏။

အထူး သဖြင့် သူမကိုယ် သူမ အကာ အကွယ် ရစေရန် တစ်ဖက်လူ အပေါ်၊ ညှို့ငင် နိုင်သော အကြည့်ကို၊ လေ့ကျင့် ထားသည်။

သို့သော် ဤဓားသမားပေါ် ထိရောက်ခြင်း ရှိပုံ မရချေ။ အကြောင်းမှာ လင်းယွန် နှလုံးသား အတွင်း၊ ပိုင်ရှင်ရှိ နေ သောကြောင့် ဖြစ်၏။

အန်လျှိုယန်းက ကျက်သရေ ရှိသော အပြုံးသို့ ပြင်ယူကာ၊ လင်းယွန် မည်မျှ ခံနိုင်ဦး မည်ကို စမ်းသပ်ရန်၊ စိတ်ကူး ရလာသည်။

“ သခင်လေး လင်း ... ၊ မင်း သူတော်စင် ပစ္စည်းတွေ ရောင်းဖို့၊ ဒီကိုလာတာ မဟုတ်လား၊ ကြည့်ရတာ မင်းရဲ့ မဟာ သူတော်စင် မူလ ပုလဲကို၊ ရောင်းမို့တော့ မဟုတ်ပါ ဖူးနော်။ ”

သူမ မေးခွန်းကြောင့်၊ လင်းယွန် ခမျာ ငြိမ်သက် သွားခဲ့သည်။ သာမာန် လူများက သူ မည်သူ ဖြစ်သ်ညကို မသိ နိုင်ချေ။

အင်အား ကြီးမားသော၊ အဖွဲ့ အစည်းများ သာလျှင်၊ သိနိုင် ပေမည်။ တစ်ဖက်တွင် သူသည် လည်း၊ ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိချေ။

အသက် အန္တရာယ် လုံခြုံ ရေးကို အာမခံ ရန်သာ၊ ငွေလမင်း မျက်နှာ ဖုံးအား တပ်ဆင် ထားခြင်း ဖြစ်သည်။

သည့်စဉ် အန်လျှိုယန်း မျက်နှာမှာ၊ ရုတ်တရက် ချစ်စရာ ကောင်းလာပြီး၊ ဆုစီယာ နှင့် တူလာ၏။

“ မင်း ... ၊ မျက်နှာကို ရောင်းမို့လား။ ”

ယင်းက သူ့ကို ဒေါသထွက် လာစေ တော့သည်။ ထို့ကြောင့် တင်းမာသော လေသံ နှင့်၊ မေးခွန်း ထုတ် လိုက်၏။

***

All Chapters