လင်းယွန်၏ ဒေါသ။
Vol. 100 Ch. 1389
လင်းယွန် စကားဆုံး သည်နှင့်၊ အရိယာ ကောင်းကင်ဓား အသက် ဝင်ကာ၊ လှည့်စားမှု များကို ဖြိုခွဲ ပစ် လိုက်သည်။
ထို့နောက်တွင် ပန်းရောင် အလင်းများ မှန်တစ်ချပ် ကဲ့သို့ ကွဲအက် သွားကုန်ကာ၊ မူလ ရုပ်သွင် ပေါ်လွင် လာ၏။
အန်းလျူယွင် တစ်ယောက် အံ့သြ နေစဉ်၊ ရုတ်တရက် လည်ပင်းကို ဖမ်းဆုပ်ခြင်း ခံလိုက် ရလေသည်။
အသက်ရှူ ကြပ်လျက်၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များကို ရရှိ လာသဖြင့်၊ ထိတ်လန့် သွား တော့၏။
ဘ၀တွင် ယခု ကဲ့သို့၊ သေလု မျောပါး ဝေဒနာမျိုး၊ တစ်ကြိမ်မျှ မခံစား ဖူးကြောင်း သိ လိုက် ရသည်။ ဂရု မစိုက်ဘဲ လှုပ်ရှားသော် အသက် ဆုံးရှုံး ရနိုင်မည်။
သို့သော် ပြန်လည် ငြိမ်သက် သွားပြီး၊ အမှောင် ထဲမှ သူ့အား ကာကွယ်ရန်၊ တာဝန် ရှိသော အစောင့် များကို ရပ်တန့်ရန်၊ လက်ဖြင့် အမူအရာ လုပ်ပြ မိသည်။
“ သခင်လေး လင်း ... ၊ စိတ် အေးအေး ထားပါ၊ ငါက အဲဒါကို စိတ်ဝင်စားလို့ မဟုတ် ပါဘူး၊ ငါ့ မှတ်ညာဏ်ထဲ ကနေ ဖျက်ပေး နိုင် ပါတယ်။ ”
ပဋိပက္ခကို ဖြေလျှော့ရန် ကြိုးစား လိုက်သည်။ လင်းယွန်မှ လွတ်ပေးခြင်း မရှိသေး သဖြင့်၊
“ သခင်လေး လင်း၊ မင်းက ဓားဂိုဏ်းရဲ့ အကာ အကွယ် အောက်မှာ ရှိနေတဲ့ အတွက်၊ ဒီမြို့မှာ ဘယ်သူမှ အန္တရာယ် မပေးရဲ ဖူး ဆိုတာ ယုံပါ၊ ဒါကြောင့် စိတ်မပူ ပါနဲ့။ ”
သို့မှသာ လွတ်မြောက် လာ၏။ ကမ္ဘာ ပေါ်ရှိ ယောက်ျား တိုင်းကို အရုပ်တစ်ရုပ် ကဲ့သို့၊ ကစား ခဲ့ ဖူးသည်။
ကံကြမ္မာ အကျော် အမော်များ သည်ပင်၊ ခြွင်းချက် မရှိချေ။ သူမသာ ဆန္ဒ ရှိသော် မည်သူ့ အပေါ် တွင် မဆို၊ အောင်နိုင် မည်ဟု ယုံကြည်သည်။
ဤတစ်ကြိမ်မှာ ကြီးမား ဆုံးသော အရှက်ရဖွယ် ဖြစ်၏။ ထို့ကြောင့် အနာဂတ်တွင် လက်စား ချေရန် ကျိန်ဆို လိုက်သည်။
ထိုအတွေးကို ဖုံးကွယ်လျက်၊ မျက်နှာ ပေါ်တွင်၊ တဖြည်းဖြည်း အပြုံး တစ်ပွင့် ဖြစ်ပေါ် လာပြန်သည်။
“ ဖြန်း ... ။ ”
သို့သော် လင်းယွန်က သူမကို ပါးရိုက် လာသဖြင့်၊ အပြုံးမှာ အေးခဲ သွား တော့၏။ ပါးပြင် ရောင်ကိုင်း လာပြီး၊ သွေးများ အန် လိုက်ရသည်။
သူမ၏ ကျင့်ကြံ မှုသည် ကောင်းကင် ပင်မ နတ်ဘုရား နယ်ပယ်တွင် ရှိပြီး၊ လင်းယွန်ထက် အသက် သိပ် မကြီးချေ။
အရည် အချင်းမှာ၊ တစ်ဖက် လူကို ယှဉ်နိုင်သည်။ ခွန်လွန်တွင် မွေးဖွား လာသဖြင့်၊ အခြေခံ အုတ်မြစ် အရ၊ ၎င်းထက်ပင် ပို ခိုင်မာ ချေ၏။
ထို့ကြောင့် သူမ သည်သာ သတိထား မိသော်၊ ဤလက်ကို လွယ်လွယ်နှင့် ရှောင်နိုင် ပေမည်။
အမှောင် ထဲတွင်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ အစောင့် အကြပ် များစွာ ရှိနေ သဖြင့်၊ ၎င်းတို့ ရှေ့၌၊ ပါးရိုက်ရဲ လိမ့်မည်ဟု၊ မထင် ထား သောကြောင့်၊ အရိုက်ခံ လိုက်ရခြင်း ဖြစ်သည်။
မမျှော်လင့် ထားဘဲ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင်၊ သည်နေ့ ခန်းမသို့ ရောက်ရှိ နေသည်။
ဌာနမှူး တစ်ဦးအား ပါးရိုက် ခြင်းသည်၊ ကောင်းကင် ဆေးအိုး ခန်းမ အပေါ်၊ ရန်စခြင်း မည်၏။ ထို့ကြောင့် လင်းယွန် မလုပ် ဝံ့ဟု၊ ထင်မိခြင်း ဖြစ်သည်။
“ မင်း ... သတ္တိ ရှိတယ်လား။ ”
နဂါးသွေး လွှတ်ကြော နယ်ပယ် အစောင့်များ၊ ရုတ်တရက် ထွက်ပေါ် လာ လေသည်။
အစောင့် များကို ဦးဆောင်လာ သူမှာ၊ နဂါးသွေး လွှတ်ကြော နယ်ပယ် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။
“ ရပ် ... ။ ”
ပါးပြင်ကို ပြန်ကိုင်ကြည့် နေလျက်မှ၊ အန်းလျူယွင် ဟန့်တား လိုက်သည်။ ပြီးနောက် ရောင်ဝါကို ထုတ်ဖော်လျက်၊
“ သခင်လေး လင်း၊ ဒါက ... နည်းနည်း လွန်တယ်လို့ မထင် ဖူးလား၊ ဓားဂိုဏ်းရဲ့ အကာ အကွယ် အောက်မှာ ရှိနေတဲ့ လူက၊ ငါ့လို မိန်းမ တစ်ယောက်ကို၊ လက်ပါ ဝံ့ တယ်ပေါ့။ ”
-ဟု မေးခွန်း ထုတ်လိုက်သည်။
“ ငါတို့ အားလုံးက ... ၊ ထက်မြက်တဲ့ လူတွေပါ၊ တစ်ဖက် လူရဲ့ သည်းခံ နိုင်စွမ်းကို မကျော် ရဖူး ဆိုတာ မင်း သိသင့်တယ်။ ”
လင်းယွန်က အေးစက်သော လေသံဖြင့်၊ ပြန်လည် တုန့်ပြန်သည်။ မျက်နှာ ဖုံးကြောင့် မည်သူမျှ သူ့အမူ အရာကို မမြင် နိုင်ချေ။
“ နင် ဘာတွေ ပြောနေ တာလဲ ... ၊ ငါ နား မလည်ဘူး။ ”
“ မင်း နားမလည် ဖူးလား၊ ဒါဆို ငါ ပြောပြမယ်၊ မင်းက ငါ့ကို လှည့်ဖျားပြီး၊ ငါ့ဆီက အချက်အလက် တွေကို ရယူချင်တယ်၊ ...
... မအောင်မြင်တဲ့ အခါ၊ ညှို့ငင် လိုတဲ့ ရည်ရွယ်ချက် ထုတ်သုံးတယ်၊ ဒါ ထပ်ပြီး ကျရှုံး တာတောင်၊ လက်မလျှော့ သေးဘူး။ ”
မဟာ သူတော်စင် မူလ ပုလဲ၏ လျှို့ဝှက်ချက်ကို၊ တစ်ဖက် လူမှ စုံစမ်း လိုမှန်း၊ သူ နားလည် ချေသည်။
အဆုံးတွင် ထိုရတနာမှာ၊ တောင်ပိုင်း ဧကရာဇ်နှင့် ပတ်သက်ကြောင်း ကောလာ ဟလများ ရှိခဲ့သည်။
ထို့ကြောင့် သူ့အား အရူး ကဲ့သို့ ဆက်ဆံ လာသည့် အပေါ်၊ ယဉ်ကျေး မနေနိုင် တော့ဘဲ၊ သတိ ပေးလိုက်ခြင်း ဖြစ်သည်။
အန်းလျူယွင်မှ လက်ဝှေ့ယမ်း ပြလိုက်ပြီး၊
“ ငါတို့ကို ထားခဲ့ ... ။ ”
-ဟု အစောင့် များအား အမိန့် ပေး၏။
၎င်းတို့ ထွက်ခွာသွား သည်နှင့်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူမှ၊ ရောင်ဝါ ပါးပါး ထုတ်လွှတ်ကာ၊ လင်းယွန်ကို ဖုံးအုပ် လိုက်သည်။။
ဤသည်မှာ သတိ ပေးချက် တစ်ခု ဖြစ်သော်လည်း၊ လင်းယွန်မှ ဂရု မစိုက်ချေ။ အရောင်း အ၀ယ် ပြုလုပ်ရန် ဤနေရာသို့၊ ရောက်ရှိ လာခြင်းသာ ဖြစ်သည်။
အန်းလျူယွင်ကို ရိုက်နှက်ရန် လာခြင်း မဟုတ်ချေ။
“ နင်က ... ချင်းကန်ကို အနိုင်ယူ နိုင်တာ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ ငါ ရှုံးကြောင်း ဝန်ခံ ပါတယ်။ ”
အန်းလျူယွင်မှ ပြောသည်။ သူမ မျက်နှာရှိ ရည်ရွယ်ချက်များ အားလုံး ပျောက်ကွယ် ကုန်ပြီ ဖြစ်သည်။
“ ငါ့နောက် လိုက်ခဲ့ ... ။ ”
ပြီးနောက် အပို အလို စကားမျှ မဆို တော့ဘဲ၊ လှည့်ထွက် သွားတော့၏။ သူမနောက် မလိုက်မီ၊ လင်းယွန်က ရေကန်ထံ သံယောဇဉ် မကုန်စွာ ပြန်ကြည့် မိသည်။
ရာဝင်အိုးကြီး တစ်လုံး စာမျှ ရှိသော နဂါး သွေးရည်ကြည် များကို၊ နေရာ တိုင်း၌ တွေ့နိုင် မည် မဟုတ်ချေ။
အန်းလျူယွင်မှ မွှေးရနံ့များ ပြည့်နှက် နေသော အခန်း ထဲသို့၊ ခေါ်ဆောင် လာခဲ့သည်။ ဤနေရာရှိ အလှဆင် ထားသော ပရိဘောဂ များအရ၊ သူမ အခန်း ဖြစ်နိုင်၏။
သို့သော် ဧည့်ခန်း မရှိချေ။ သီးသန့် အခန်းငယ် တစ်ခုသာ ပါရှိသည်။ ထို့ကြောင့် သီးသန့်ခန်း အတွင်း၊ ဝင်လိုက် ကြ၏။
“ ဒီမှာ ခဏ စောင့်ပါ၊ ပြန်လာ ခဲ့မယ်။ ”
လင်းယွန်က ခေါင်းညိတ်ကာ၊ အခန်းအား လှည့်လည် စစ်ဆေး မိသည်။ ပရိဘောဂ တိုင်း၌ ဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေပြီး အမွှေးတိုင် များပင် ရှိနေ၏။
ထိုအမွေးတိုင်မှ လာသော ရနံ့သည် မရိုးရှင်းကြောင်း သတိပြု မိသည်။ ၎င်းကို ရှားပါး ပန်းပွင့် များဖြင့် ပြုလုပ် ထားကာ၊ အခြား ရတနာ များနှင့် ရောစပ် ထား၏။
ထို့ကြောင့် အန်းလျူယွင်မှာ၊ သုံးစွဲ ရာတွင် သူ့ကိုယ်သူ တွန့်တိုခြင်း မရှိကြောင်း၊ သိလိုက် မိသည်။
( လင်းယွန် ... ၊ နင် ... မိန်းမ တစ်ယောက်ကို ရိုက်ရက် တယ်လား။ )
ခရမ်းငယ် အသံတွင် အေးစက်မှုများ ကပ်ညိပါ နေသည်။ သို့သော် မကြာခင် မှာပင်၊ သူမ လေသံ ပြောင်းသွား၏။
( ဟီး ဟီး ... ၊ ဒါပေမယ့် ဒီဧကရီက သဘောကျတယ်။ )
( အမ် ... ။ )
( ဟီး ဟီး ... ၊ ဒီဧကရီကို ဘယ်သူလို့ ထင်နေလဲ၊ ရှေးဦးခေတ် ကတည်းက ... ဒီလို မျောက်မ တွေကို၊ ငါ တွေ့ဖူးတယ်၊ ...
... ဒီဧကရီရဲ့ ထွက်သက်နဲ့ သူ့လို မျောက်မတွေ ဘယ်နှစ်ယောက် သတ်ပစ် ခဲ့လဲ၊ နင် မသိ နိုင်ပါဘူး၊ ... ဒီလို မျောက်မ တွေက ရိုက်နှက် ပေးရတယ်၊ မဟုတ်လို့ ...
... ကောင်းကောင်း ဆက်ဆံ မိရင်၊ နင့် အပေါ် နှိမ့်ချ မြင်လိမ့်မယ်၊ တစ်ချိန်က ဒီဧကရီ ဆီမှာ၊ သူ့လို လူတွေက အိမ်ဖော် အဆင့်ပဲ ရှိတယ်။ ”
ခရမ်းငယ်မှ ဂုဏ်ယူစွာဖြင့်၊ ပြောသည်။ သို့သော် အန်းလျူယွင်မှာ၊ ထိုမျှ အထိ နိမ့်ကျသူ တစ်ဦး မဟုတ်ကြောင်း၊ သူ သိသည်။
သူမ၏ အလှကို ညှို့ငင် နိုင်စွမ်းသော ရည်ရွယ်ချက်ဖြင့် ပေါင်းစပ်ကာ၊ ဆုစီယာအား မြင်အောင် ကြည့်နိုင် ခဲ့သည်။
ထို့ကြောင့် သူမသည် မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံသော လူတစ်ဦး ဖြစ်မည်ဟု ထင်သည်။ အသက် ငယ်ငယ်ဖြင့်၊ ဌာနမှူး ရာထူး ရရှိထား လေရာ၊ နောက်ခံ ကောင်းကောင်း ရှိနိုင် ပေမည်။
ကောင်းကင် ဆေးအိုး ခန်းမ၏ နောက်ခံမှာ၊ မိစ္ဆာ ကျင့်ကြံသူများ ဖြစ်သဖြင့်၊ ၎င်းမှာ မဆန်း လှချေ။
ရှေးဟောင်း ပျက်သုဉ်း မြေတွင်၊ အင်အားကြီး ဂိုဏ်းများ များပြား လွန်းသဖြင့် မိစ္ဆာ ကျင့်ကြံသူ များမှာ၊ ပုန်းကွယ် နေထိုင် ရသည်။
သို့သော် စီးပွားရေး အပေါ်၊ အဓိက ထားသော အဖွဲ့ အစည်း ဖြစ်သဖြင့်၊ သူတို့ကိုယ် သူတို့ ဟန်ဆောင် နိုင်သည်။
မည်သည့် အရာမျှ၊ လုပ်စရာ မရှိ သောကြောင့်၊ ကြွားဝါ နေသော စကား များကို အပျင်းပြေ နားထောင် နေမိသည်။
အချိန် အတော်ကြာ သည့်တိုင် အန်းလျူယွင်မှာ ပြန်ရောက် လာခြင်း မရှိချေ။ ထို့ကြောင့် ခရမ်းငယ်မှာ ဒေါသထွက် လာ၏။
“ ဘာလို့ ... ၊ သူက ဒီလောက် အထိ၊ ကြာနေ ရတာလဲ၊ တစ်ခု ခုများ ကြံစည် နေတာလား။ ”
“ မဟုတ်ဘူး၊ သူ့ မျက်နှာကို မိတ်ကပ်တွေ ပြန်ဖုံး နေတာ ဖြစ်မယ်၊ ဒါကြောင့် ... လေးနာရီ မပြည့် မချင်း၊ သူ လာဦးမှာ မဟုတ်ဘူး။ ”
လင်းယွန်မှ စိုးရိမ်ခြင်း မရှိဘဲ၊ ခပ်အေးအေး ပြန်ပြော လိုက်သည်။
“ ဟွန်း ... ၊ နင်က တကယ်ပဲ မိန်းမ ကျမ်းကျေ တယ်နော်။ ”
ခရမ်းငယ်မှ ချက်ချင်း လှောင်ပြောင် လေသည်။ ခြောက်နာရီ ကုန်လွန် ပြီးနောက် မှသာ၊ အန်းလျူယွင် ပြန်ရောက် လာသည်။
သူမ ပါးပြင်သည် မယောင် တော့ဘဲ မိတ်ကပ်ဖြင့်၊ အဆင်ပြေ နေသည်။ ရင့်ကျက် သော အသွင်ကို ပေါ်လွင် စေသည့်၊ အနီရောင် ဝတ်စုံအား ပြောင်းလဲ ထား၏။
“ နင့်ကို စောင့်ခိုင်း ရတဲ့ အတွက်၊ တောင်းပန် ပါတယ်။ ”
အန်းလျူယွင်မှ ချစ်စဖွယ် ပြုံးပြသည်။ သူမ အရှုံး မပေး သေးသော်လည်း၊ ရည်ရွယ်ချက် ရှိှရှိ လုပ်ဆောင်ခြင်း မဟုတ် သဖြင့်၊ ပြဿနာ မရှိချေ။
စကား မဆို တော့ဘဲ၊ လင်းယွန်မှ သူတော်စင် လက်နက်များ အားလုံးကို၊ အိတ် အတွင်းမှ ထုတ်ယူ လိုက်သည်။
“ ချွင် ... ကလန် ... ။ ”
မိုးကြိုး ဂိုဏ်း၊ ဖီးနစ် မီးလျှံ ဂိုဏ်း၊ အနန္တ သားရဲ တံခါး ဂိုဏ်းနှင့် မီးနဂါး ဂိုဏ်း တို့၏၊ သူတော်စင် ပစ္စည်းများ ဖြစ် သောကြောင့်၊ အန်းလျူယွင်က စိတ်မဝင်စားချေ။
ဤသည်မှာ အင်အားကြီး ဂိုဏ်းများ၏၊ ရတနာများ ဖြစ်၏။ ၎င်းတို့တွင် ကြောက်မက် ဖွယ် အခြေခံ အုတ်မြစ်မျိုး ရှိသည်။
အထူးသဖြင့် ရေနဂါး သွေးတစ်စက် ပါရှိသော ကျောက်ပြားကြီး ပေပင်။ ယင်းက အလတ် တန်းစား သူတော်စင် ရူရ် (၁၀၀) လက်ရာ ဖြစ်၏။
ကောလ ဟာလ များသည်၊ အတု မဟုတ်ကြောင်း သူမ သိလိုက်သည်။ လင်းယွန် သည် သွေ့ရော် ကျွန်းတွင်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ ချေ၏။
“ ဒါတွေ အားလုံးက ... ရတနာတွေ ဆိုပေမယ့်၊ အဲဒီ ဂိုဏ်းကြီး တွေက လိုက်လာ နိုင် တာကြောင့်၊ သာမန် လူတွေက စိတ်ကူး ရဲမှာ မဟုတ်ဘူး။ ”
အန်းလျူယွင်မှ သုံးသပ် လိုက်သည်။ လင်းယွန်မှ စကား မဆိုဘဲ၊ သူတော်စင် ဓား (၈) လက်ကို၊ ထပ်မံ ထုတ်ယူ လိုက်၏။
သို့မှသာ အန်းလျူယွင် အမူ အရာ ချက်ချင်း ပြောင်းလဲ သွားပြီး၊ ဓားတစ်လက်အား ကောက် ကိုင် လာသည်။
“ ဖန်ရွှမ်ဇီ ... ။ ”
စိတ် လှုပ်ရှား စွာဖြင့်၊ ကျန်ရှိ နေသော သူတော်စင် ဓား (၇)လက်ကို၊ ထပ်မံ ကောက်ယူ ကြည့်ကာ၊ မျက်လုံးပြူး သွားလေသည်။
***