ကံကောင်းလာ စေမဲ့ ကြယ်တစ်ပွင့်ပဲ။
Vol. 100 Ch. 1390
“ ဌာနမှူး အန်း ... ၊ မင်း ဖန်ရွမ်ဇီကို သိတယ်လား။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေကြီးရဲ့၊ ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်ကို မသိဘဲ ရှိပါ့ မလား၊ ...
... ဒါက သူတော်စင် တေွနဲ့ ယှဉ်နိုင်တဲ့ ဖြစ်တည်မှု မျိုးပါ၊ ဒါပေမယ့် ဒီအဆင့် ပညာရှင် တွေက သူတော်စင် တွေထက် ရှားတယ်၊ ...
.. အခု အချိန် ကောင်းပဲ ... ၊ မကြာမီ ဓားဂိုဏ်းရဲ့ စမ်းသပ်မှု စတင်တော့ မှာမို့၊ မြို့မှာ ဓားသမားတွေ ပြည့်နှက် လာပြီ၊ စျေးကောင်း ရမှာ သေချာ ပါတယ်၊ ...
... ကျန်တဲ့ ရတနာ တွေကတော့ ... ၊ အဖိုးတန် ပေမယ့် ... ၊ ရောင်းဖို့ နည်းနည်းတော့ အခက် အခဲ ရှိတယ်၊ ဒါနဲ့ ဒီဓား တွေကို ဘယ်က ရလာ တာလဲ။ ”
ဤဓားများ သည်သာ ဖန်မိသားစု၏ ပျောက်ဆုံး ပစ္စည်းများ ဖြစ်နေသော်၊ ပြဿနာ ရှိလာ နိုင်မည်။
“ ဖန်ရွှမ်ဇီက သူ့မြေးရဲ့ အသက်ကို ဓားဆယ်လက်နဲ့ ရွေးခဲ့တယ်၊ နှစ်လက် ကိုတော့ ငါ့ညီအစ်ကို တွေကို ပေးလိုက်ပြီ၊ ဒါကျန်တဲ့ ရှစ်လက်ပဲ၊ ...
... ပြဿနာ ဖြစ်မှာကို စိတ်မပူ ပါနဲ့၊ ဓားညီလာခံရဲ့ အတားအဆီး သုံးရပ် ကိုတောင် ငါ ဖြတ်ကျော် ခဲ့တာမို့၊ မင်း စုံစမ်းရ လွယ်ပါ လိမ့်မယ်။ ”
လင်းယွန် အဖြေကြောင့် အန်းလျူယွင်မှာ၊ တိတ်ဆိတ် သွားသည်။ နာမည်ကြီး ဓားခန်းမ၏ အစီရင် သုံးရပ်ကို၊ ဖြတ်ကျော်ထား သူမှ၊ သူမ အား ပါးရိုက် ခဲ့ခြင်း ဖြစ်ရာ၊ ဂုဏ်ရ မလို ဖြစ်လာ၏။
ဤသတင်းကို လုံးဝ မသိရှိ ခဲ့သော ကောင်းကင် ဆေးအိုး ခန်းမ၏၊ သတင်း ကွန်ယက်မှာ၊ အားနည်းချက်များ ရှိနေ သေးကြောင်း၊ သတိ ထားမိ သွားသည်။
သို့သော် ယင်းက အဓိပ္ပါယ် ရှိနေ ပြန်သည်။ ကြီးမား ကျယ်ပြန့်သော ထောက်လှမ်းရေး ကွန်ယက်ကို ချထား သဖြင့်၊ လွတ်မြောက် သွားသည့် အရာများ ရှိနိုင် ပေမည်။
သူမ သည်မြို့သို့ ရောက်နေ ရသည့် အကြောင်းရင်း သည်ပင်၊ လင်းယွန်ကြောင့် မဟုတ်ချေ။ လမ်းကြုံ တွေ့ဆုံ ခြင်းသာ ဖြစ်သည်။
ဖန်ရွှမ်ဇီမှ သူတော်စင် ဓား(၁၀)ဖြင့်၊ သူ့မြေးကို ရွေးယူခဲ့ ရသည် ဖြစ်ရာ၊ ထိုလူ အပေါ် ရန်စ ခြင်းသည်၊ ကိုယ့် သေတွင်း ကိုယ်တူးရာ ရောက် လေသည်။
“ ဒီကိစ္စကို သေသေ ချာချာ ကိုင်တွယ်မှ ရမယ်၊ ငါ ယုံကြည် ရင်တောင် ... ၊ အတည် ပြုဖို့ ဖန်ရွှမ်ဇီဆီ တစ်ယောက် ယောက် လွှတ်ရ လိမ့်မယ်၊ ... ”
“ ကောင်းပြီ ... ဆန္ဒ အတိုင်း ပါပဲ၊ အခု မင်းပေး နိုင်တဲ့ စျေးကို ပြောလို့ ရမလား။ ”
လင်းယွန်မှ စုံစမ်းမည့် ကိစ္စ အပေါ်၊ စိတ်မပူချေ။ အခြားသော ဂိုဏ်းကြီး များ၏ သူတော်စင် ပစ္စည်း များနှင့် ပတ်သက် ၍မူ၊ ပြဿနာ အချို့ ရှိနိုင်ကြောင်း၊ ဝန်ခံ ထား၏။
“ နတ်ကြယ် ပုလဲ (၄၅) သိန်း။ ”
ပမာဏ များပြား မည်ကို၊ သူ မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ ကမ်းလှမ်း လာသည့် စျေးမှာ၊ လင်းယွန်အား မျက်ခုံးပင့် စေသည်။
“ ဘာလို့လဲ နည်းလို့လား။ ”
အန်းလျူယွင်မှ အနည်းငယ် စဉ်းစားလိုက်ပြီးနောက်၊
“ စောင့်နိုင် ရင်တော့ ... ၊ ငါ သူတို့ကို တစ်ခုပြီး တစ်ခု၊ လေလံတင် ပေးနိုင် ပါတယ်၊ ဒါပေမယ့် ပိုရလည်း ငါးသိန်းပဲ၊ ...
... ငါက အကျိုးဆောင်ခ မယူ ပေမယ့်၊ ဆေးအိုး ခန်းမ ကတော့ (၄၀%) ယူလိမ့်မယ်၊ အရှုပ်အရှင်း ရှိနေတဲ့ ... ၊ ဒီရတနာ တွေကို တော့ (၈၀%) အထိ ယူနိုင်တယ်။ ”
“ မဟုတ် ပါဘူး၊ မင်း ပေးတဲ့ စျေးကို သဘောတူ ပါတယ်။ ”
“ ဒါဆို ... ငါတို့ မိတ်ဖွဲ့ ရအောင်၊ ဖြစ်ပျက်ခဲ့ သမျှကို၊ ငါ တောင်းပန်ပါတယ်။ ”
အန်းလျူယွင်က လက်ဆွဲ နှုတ်ဆက်ရန် ကမ်းပေး လာသည်။ လင်းယွန်မှ အနည်းငယ် စဉ်းစား ပြီးနောက်၊ ခေါင်းညိတ်ကာ ပြန်လည် လက်ဆွဲ နှုတ်ဆက် လိုက်၏။
“ မင်းက နတ်မိစ္ဆာ နယ်မြေက ကျင့်ကြံသူ မဟုတ်လား။ ”
ထိုနယ်မြေသည် မိစ္ဆာ ကျင့်ကြံသူများ စုဝေးရာ အရပ် ဖြစ်ပြီး၊ ၎င်းတို့အား နတ်မိစ္ဆာ ဧကရာဇ်မှ အုပ်ချုပ်သည်။
ခွန်လွန် အနှံ့ အပြားတွင် သူတို့ နယ်မြေ များကို တွေ့ရှိ နိုင်၏။ တန်ခိုး ကြီးသော မိစ္ဆာ ကျင့်ကြံသူ တိုင်းသည်၊ ခွန်လွန်၌ ခိုင်မာသော နေရာ တစ်ခုကို၊ ခြေကုပ် ယူထားသည်။
ထိုခြေကုပ် ယူထားသော အင်အားစု တစ်ခု သည်ပင်၊ အင်အား ကြီးမားသော ဂိုဏ်း များကို ယှဉ်နိုင်၏။
လင်းယွန်က ၎င်းတို့နှင့် မိတ်ဖွဲ့ရန်၊ ဆန္ဒ မရှိသော်လည်း၊ ရိုးသားစွာ ဝန်ချ တောင်းပန် လာသဖြင့်၊ အသိ အမှတ် ပြုမိသည်။
ထိုသို့ မဟုတ် ပါက အရောင်း အ၀ယ် ပြီးနောက် ပတ်သတ် မိတော့မည် မဟုတ်ချေ။ အန်းလျူယွင်မှ ပြုံးလိုက်ပြီး၊
“ အနာဂါတ်မှာ အခွင့် အရေး ရှိရင်၊ ငါ့အကြောင်း ထပ်ပြော ပြမယ်၊ အခုတော့ ငါတို့ စီးပွားရေး လုပ်ရအောင်။ ”
“ အဆင် ပြေတယ် ... ။ ”
နာရီဝက် အကြာတွင် ငွေလက်ကောက် တစ်ကွင်း ကိုင်ဆောင်လျက်၊ အစောင့် တစ်ဦး ဝင်ရောက် လာသည်။
အန်းလျူယွင်က ငွေ လက်ကောက်ကို ယူပြီး အစောင့်အား ပြန်ထွက် သွားစေ လိုက်၏။
“ သိုလှောင် အိတ်တွေ ... အခုထိ သုံးနေ သေး တာကို၊ ငါသတိ ထားမိတယ်၊ ဒါကြောင့် ဒီလက်ကောက်က လက်ဆောင်ပဲ၊ ဒီထဲမှာ နင် သဘောတူ ထားတဲ့၊ နတ်ကြယ် ပုလဲ အရေ အတွက် ပါတယ်။ ”
လင်းယွန်မှ လက်ကောက်ကို စစ်ဆေး ကြည့်သည်။ ယင်းက သိုလှောင်အိတ် များထက် နေရာလွတ်၊ များစွာ ပါရှိ၏။
ဤသို့သော လက်ကောက်မျိုး ယွဲ့ဝေဝေ ယခင်က အသုံးပြု ခဲ့ သည်ကို၊ သတိရ သွားမိ သည်။
“ သခင်လေး လင်း၊ ငါ့ကို နင် ယုံပြီလား။ ”
အန်းလျူယွင်မှ ပြုံးပြ လာသည်။ မိတ်ဆွေ ဖြစ်ပြီးနောက်၊ လင်းယွန်က အားနာ မနေ တော့ ဘဲ၊
“ ဒီနေရာမှာ ကျင့်ကြံဖို့ ... ၊ ရက် နည်းနည်း နေလို့ ရမလား။ ”
-ဟု မေးလိုက်သည်။
စမ်းသပ်မှု မစမီ နဂါး-ဖီးနစ် ဓားရောင်ဝါ ကြိုး တစ်ကြိုးကို ထပ်မံ သန့်စင်ထား လိုသည်။ ဤအခန်းသည် သူ တည်းခို နေသော အခန်းထက် များစွာ ပိုကောင်း၏။
“ ဒါပေါ့ ... ။ ”
လင်းယွန်မှ သူမ အပေါ် ယုံကြည် လာကြောင်း၊ အန်းလျူယွင်က နားလည် သွားသည်။
“ ဒါနဲ့ သခင်လေး လင်းက စမ်းသပ်မှု ဝင်ဖြေ မှာလား။ ”
ဤစမ်းသပ်မှုတွင် သူတော်စင် များက တပည့် များကို ခေါ်ယူမည် ဖြစ် သောကြောင့်၊ ငရဲ နတ်ဘုရား မိသားစုမှ လွဲ၍၊ ရှေးဟောင်း သူတော်စင် မိသားစု (၉)ခု၏ သားမြေးများ ရောက်ရှိ လာသည်။
ထို့အပြင် ရေှးဟောင်း ပျက်သုဉ်းမြေ ပြင်ပမှ၊ ကံကြမ္မာ အကျော် အမော် များစွာ သည်လည်း၊ ရောက်ရှိ နေသည်။
“ မှန်တယ် ... ၊ စမ်းသပ်မှု မတိုင်ခင် ... ၊ ပြန်ရ မှာမို့၊ ငါ ... မင်း အခန်းကို အကြာကြီး မသုံး ပါဘူး။ ”
သွေ့ရော် ကျွန်းတွင် ဖိနှိမ် ခံထား ရသဖြင့်၊ ပင်မ နတ်ဘုရား နယ်ပယ်သို့ ရောက်ပြီးနောက်၊ ပြိုင်ဘက် တိုင်းကို ပြန်လည် ရိုက်နှက် လိုသည်။
တစ်ဖက်တွင် တိမ်လွှာ ဓားဂိုဏ်းအား၊ လူတိုင်း သိအောင် လုပ်ရမည် ဖြစ်၏။ လက်ရှိ သူ့ခွန်အားမှာ၊ ကောင်းကင် အဆင့်ရှိ၊ ကံကြမ္မာ အကျော် အမော် များကို ရင်ဆိုင်ရန်၊ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
“ ဒါဆို ... မနှောင့်ယှက် တော့ဘူး၊ တစ်ခုခု လိုအပ်ရင် ... ၊ ငါ့ကို ဆက်သွယ်လို့ ရပါတယ်။ ”
အန်းလျူယွင်က ခေါင်းညိတ်လျက် ထွက်ခွာ သွား တော့သည်။
( ကျွတ် ... ကျွတ် ... ၊ ပထမဆုံး စတေွ့တဲ့ နေ့မှာတင်၊ သူ့ အခန်းကို သိမ်းပိုက် လိုက်တယ်၊ ဒီဧကရီတော့ နင့်ကို လျှော့တွက် နေမိ ပုံပဲ။ )
ခရမ်းငယ်မှ လှောင်ပြောင် တော့သည်။
( ရေကန် အောက်မှာ ... ၊ နဂါး သေွးရည်ကြည် တွေ ရှိတယ်၊ မင်း မလိုချင် ဖူးလား။ )
( အိုး ... ၊ ဒီအတွက် နဲ့တော့ ... ၊ နင့်ကိုယ်နင် စတေး ပစ်စရာ မလို ပါဘူး။ )
( မင်း ... ဘာတွေ ပြောနေ တာလဲ၊ သူ ငါနဲ့ မိတ်ဖွဲ့တယ် ဆိုတာ တစ်ချိန်၊ ငါ့ဆီ ကနေ၊ အကူ အညီ တောင်းခံ စရာ ရှိလို့ပဲ၊ ...
... ငါ ကလည်း သူ့ဆီ ကနေ ... ၊ အဲဒီ သူတော်စင် နဂါး သွေးရည်ကြည်ကို ရယူဖို့ မျှော်လင့်ချက် နဲ့ပဲ။ )
သူတို့ နှစ်ယောက် စကားများ နေစဉ် အန်းလျူယွင်မှ၊ လူလတ်ပိုင်း အရွယ် အမျိုး သားနှင့် တေွ့ဆုံ နေသည်။
ဤလူသည် ယခင်က လင်းယွန်ကို အော်ငေါက် ခဲ့သည့်၊ နဂါးသွေး လွှတ်ကြော နယ်ပယ် အစောင့် ခေါင်းဆောင် ဖြစ်သည်။
သူ့ မျက်ဝန်းများ အတွင်း၌၊ သတ်ဖြတ် လိုသော ဆန္ဒများ ပြင်းထန် နေဆဲ ဖြစ်သည်။ နဝမမြောက် သွေးလွှတ် ကြောကို ဖွဲ့စည်းထား ပြီး ဖြစ်သဖြင့်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ ကျွမ်းကျင်သူ အဖြစ်၊ သတ်မှတ် နိုင်သည်။
“ သူ ... သွား ပြီလား။ ”
လူလတ်ပိုင်း အရွယ်က အမျိုးသာက မေးသည်။ မိန်းကလေး အန်းကို ပါးရိုက် ဝံ့သည် ဖြစ်ရာ၊ သေရန် အသင့် ရှိနေရ ပေမည်။
သို့သော် အန်းလျူယွင်က သူ့အား စိုက်ကြည့်ကာ၊
“ ဒီအတွေး တေွကို မေ့ပစ် လိုက်ပါ၊ ဖုန်းကျွယ်က သွေ့ရော် ကျွန်းမှာ ... ၊ သူ့ကို ကာကွယ် ပေးခဲ့တယ်၊ အခုလို ဓားဂိုဏ်းနဲ့ ...
... အနီးဆုံး နေရာ မှာဆို ပိုသေချာတယ်၊ သူ့ကို တစ်စုံ တစ်ယောက်က ကာကွယ် ပေးနေ လိမ့်မယ်။ ”
“ ဒါပေမယ့် သူက ငါတို့ရဲ့ မိန်းကလေးကို ပါးရိုက် ခဲ့တယ်။ ”
“ ဒီတော့ရော ဘာဖြစ်လဲ ... ၊ အနည်း ဆုံးတော့ တဏှာ ရူးတေွလို၊ ငါ့ကို အိပ်ယာပေါ် ခေါ် မသွား ခဲ့ဖူး မဟုတ်လား၊ ဒါက ...
... ကြောင်သူတော် တွေထက်၊ ပိုကောင်း ပါတယ်၊ အခု သူနဲ့ ငါက သူငယ်ချင်းတွေ ဖြစ် နေပြီ၊ နင့်ရဲ့ စိတ်ကူးက ငါ့ကို အနှောက် အယှက် ဖြစ်တယ်၊ ...
... ပြီးတော့ သူက ... ၊ ငါ့ကို ကံကောင်းလာ စေမဲ့ ကြယ်တစ်ပွင့်ပဲ၊ ဗီဇ အသိအရ၊ သူ့ကြောင့် ငါ မြင့်မြတ်သော သမီးတော် ဖြစ်နိုင်ချေ ရှိတယ်။ ”
ထိုစကားကို ကြားသော အခါတွင်၊ လူလတ်ပိုင်း လူရွယ် အမျိုးသားမှာ၊ နားရှုပ် သွားသည်။
ကိုယ့်အား ပါးရိုက် သူနှင့်၊ မိတ်ဖွဲ့ရ လောက်အောင်၊ အပေါင်း အသင်း ရှားပါး နေသည် လောဟု၊ တွေးမိ လာသည်။
ထိုအချိန်တွင် လင်းယွန်မှာ ကျန်းထောင် ထံမှ ယူထားသော သူတော်စင် ဆေးလုံးကို သောက် လိုက်သည်။
မူလက ၎င်းကို သုံးရန် ဆန္ဒ မရှိချေ။ ယဲ့ဇီလင်မှ အသုံး မလို သဖြင့်၊ စိတ်ကူး ရခြင်း ဖြစ်သည်။
ခရမ်းရောင် နန်းတော်တွင်၊ ရွှေကျီးကန်း မူလ သူတော်စင် ရူရ် ရေးထွင်း ထားသည့် ပင်မ အမြုတေ ရှိသည်။
သူ့ အောက်တွင် နဂါး-ဖီးနစ် ဓားရောင်ဝါ ကြိုးမျှည်များ မျောနေသည်။ ယင်းက ရောင်ဝါ သမုဒ္ဒရာနှင့် ချိတ်ဆက် သွားသည်။
ထိုကြိုး အတွင်း နဂါးနှင့် ဖီးနစ် ပုံရိပ်ကို မှုန်ဝါးဝါး၊ မြင်နိုင်သည်။ မျက်စိ မှိတ်လျက် နဂါး - ဖီးနစ် ဓားသုတ္တန်၏ ပထမ အဆင့်အား၊ ဖြန့်ကျက် လိုက်သည်။
ချက်ချင်းပင် နတ် နဂါးနှင့် နတ် ဖီးနစ် နှစ်ကောင် ခရမ်းရောင် နန်းတော် အတွင်း၌ ပေါ်လာကာ၊ ထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံးကို သန့်စင် တော့သည်။
တရား ထိုင်ဖျာ၊ အခန်းတွင်း ဝိညာဉ် စွမ်းအင်နှင့် တရားထိုင် အမွှေး ရနံ့ များကြောင့်၊ လုပ်ငန်းစဉ်သည် သာမန်ထက် ဆယ်ဆ ပိုမြန် နေ၏။
ဆယ်ရက် ကုန်လွန် ပြီးနောက်၊ ရောင်ဝါ သမုဒ္ဒရာမှာ၊ ပေသုံးထောင် အထိ ကြီးထွားလာ ကာ၊ နဂါး-ဖီးနစ် ဓားကြိုးများ ခုနစ်မျှဉ် အထိ ရရှိ လာသည်။
၎င်းက နဂါး-ဖီးနစ် ဓားသုတ္တန်ကို ပထမ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ လာစေ တော့သည်။
နတ်နဂါးနှင့် နတ်ဖီးနစ် တို့ သည်လည်း၊ ခရမ်းရောင် နန်းတော် အတွင်း၌ တဖြည်းဖြည်း ရောနှော သွားကြသည်။
အချိန်သာ အလုံ အလောက် ရှိပါက၊ အဆင့် ချိုးဖြတ် နိုင်ပြီး၊ ဓားသုတ္တန်အား ဒုတိယ အဆင့် ထိ၊ ဆောင်ယူနိုင် ပေမည်။
သို့သော် ယနေ့သည် စမ်းသပ်မည့် ‘နေ့’ ဖြစ်သဖြင့်၊ အန်းလျူယွင်ကို နှုတ်ဆက်လျက်၊ ထွက်ခွာ လာမိသည်။
တည်းခိုခန်းတွင် ယဲ့ဇီလင်၊ ဖုန်ကျန်း၊ ဝမ်ယုဝါနှင့် လျူချင်းယန် တို့၊ စောင့်မျှော်နေ သည်။
ရွှေနဂါး အရိုး စွပ်ပြုတ် အစွမ်းကြောင့်၊ ဖုန်ကျန်းနှင့် လျူချင်းယန်မှာ များစွာ သန်မာ လာသည်။ ဂုဏ်သိက္ခာ ရှိသော မျိုးနွယ်စု များမှ ထူးချွန်သူ များနှင့်၊ ယှဉ်လာ နိုင်ပြီ ဖြစ်သည်။
သို့သော် ၎င်းတို့ အားလုံးက၊ သူ့အား မြင်ချိန်တွင် အံ့သြသွား ကြသည်။ စမ်းသပ်ကွင်း သို့ ပို့ဆောင်ရန်၊ တာဝန် ရှိသော အဖိုးကြီ လျူ သည်ပင်၊ ချွင်းချက် မရှိချေ။
“ မင်း ... ၊ သာလွန် ပင်မ နတ်ဘုရား ဖြစ်နေ ပြီလား။ ”
ဆယ်ရက် အတွင်း အောင်မြင်မှု တစ်ခုကို ရယူ လာသည့် အတွက်၊ အနည်းငယ် ထိတ်လန့် စရာ ပေပင်။ သို့သော် လင်းယွန်မှ ပြုံးပြီး ခေါင်းယမ်း လိုက်သည်။
“ မဖြစ် သေးပါဘူး၊ ဓားသုတ္တန်မှာ အောင်မြင်မှု ရလာ ရုံပါ၊ ဒါပေမယ့် သူတော်စင် ရောင်ဝါ တွေကို၊ ထပ်ပြီး သန့်စင်နိုင် ခဲ့တယ်။ ”
“ ဟူး ... ။ ”
သိုမှသာ လူတိုင်း သက်ပြင်းချ လိုက်ကြသည်။ မဟုတ်သော် လင်းယွန် အဟုန် ကြောင့် သူတို့ကိုယ် သူတို့ ကျင့်ကြံ သူများ အဖြစ်မှ၊ နှုတ်ထွက် ချင်မိ ပေမည်။
သို့သော် ဤတိုးတက်မှုသည် ပြောသလောက် မရိုး ရှင်းကြောင်း အဖိုးကြီး လျူက သိသည်။
“ သွား ရ အောင်၊ စာမေးပွဲကို လေးနှစ် တစ်ကြိမ်မှ ကျင်းပ တာမို့၊ မင်း တို့တေွ ဘယ် အထိ၊ ရောက်နိုင် မလဲ သိချင် လှပြီ။ ”
ဤလူငယ်များ အနက်၊ သည်လင်းယွန် အပေါ်၊ သူ မမြင်နိုင်ချေ။ တစ်ဖက်တွင် ယဲ့ဇီလင် သည်လည်း၊ စိတ်ဝင် စားစရာ ပေပင်။
***