← Chapters

စမ်းသပ်မှု ပထမ အဆင့်။

Vol. 100 Ch. 1391

စမ်းသပ်မှု ပထမ အဆင့်။

Vol. 100 Ch. 1391

လူတိုင်းက စိတ်လှုပ်ရှား စွာဖြင့်၊ အဖိုးကြီး လျူ နောက် လိုက်ပါလာ ကြသည်။ ဖုန်ကျန်းက လင်းယွန် အနား တိုးကပ် လာပြီး၊

“ ညီလေး လင်း ... ၊ ငါ့ရဲ့ ရောင်ဝါ သမုဒ္ဒရာက ပေနှစ်ထောင် လောက် ဖြစ်လာပြီ၊ အထွတ် အထိပ် ပင်မ နတ်ဘုရား နယ်ပယ်ပဲ၊ မင်းရဲ့ ရွှေနဂါး အရိုး စွပ်ပြုတ် အာနိသင်က၊ ...

... ထင်ထား တာထက်၊ ပို အစွမ်း ထက်နေတယ်၊ ငါ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက် တွေတောင် အသွင် ပြောင်းလဲ လာပြီ။ ”

-ဟု ပြောလာ တော့သည်။

လျူချင်းယန်က ခေါင်းညိတ်ကာ၊ သဘော တူကြောင်း ပြသသည်။ နောက်ဆုံးတွင် ရွှေနဂါး အရိုး စွပ်ပြုတ်၌ သွေး၊ အနှစ် သာရနှင့် ခြင်ဆီ များ ပါရှိ လေသည်။

သူတော်စင် မျိုးနွယ်စု များပင်၊ မသောက် နိုင်သော ဟင်းလျာ ဖြစ်၏။ သည့်အပြင် မဟာ သူတော်စင်၏၊ ဘဝ- မရဏ ရောင်ဝါ ရှစ်မျိုး ကိုလည်း ရရှိ ခဲ့သည်။

ယင်းကြောင့် လင်းယွန်ကို ကျေးဇူးတင် မိပေ၏။ လင်းယွန် သည်သာ သွေ့ရော် ကျွန်းသို့ မခေါ် ခဲ့သော်၊ ရတနာ (၇)ပါး စဉ့်သား ကေျာင်းတော်တွင်၊ ထိုအခွင့် အရေး မျိုး ရရှိ နိုင်မည် မဟုတ်ပေ။

လူတိုင်း ပျော်ရွှင်စွာ၊ စကား စမြည် ပြောနေ ကြသော်လည်း၊ ဝမ်ယုဝါ မပါ ဝင်ချေ။ သူမသည် ၎င်းတို့ နည်းတူ၊ ရွှေနဂါး အရိုး စွပ်ပြုတ်ကို သောက်ခဲ့သည်။

သို့သော် သေွ့ရော် ကျွန်းသို့ ဝင်ခွင့် မရခဲ့ သဖြင့်၊ အင်ပါ ရီယန် နယ်ပယ် ၌သာ ကျန်ရှိ နေသည်။

ထို့ကြောင့် ဓားဂိုဏ်းသို့ ဝင်ခွင့် မရချေ။ ယဲ့ဇီလင်၏ အိမ်ဖော် အဖြစ်သာ၊ လိုက်ပါသွား နိုင်မည် ဖြစ်သည်။

သို့သော် သူမ အသက် သည် (၁၇)သာ ရှိသေး သဖြင့်၊ နောင်တွင် အခွင့် အရေးများ ရနိုင် သေးသည်။

ယဲ့ဇီလင် မှလည်း၊ သူမအား ညီမ အရင်း တစ်ယောက်လို ခံယူထား သဖြင့်၊ ဓားဂိုဏ်း၏ တပည့်မ တစ်ဦး ဖြစ်လာ စေရန်၊ နည်းလမ်း ရှာကြံ ပေးမည်ဟု ဆိုထားသည်။

ထိုစဉ် ကျန်းထောင် ဦးဆောင်သော တိမ်ပျံဂိုဏ်း သားများနှင့် လမ်းတွင် ဆုံသည်။ ကျန်းထောင် ဒဏ်ရာ များမှာ (၁၀)ရက် အတွင်း ပေျာက်ကင်းသွား သောကြောင့်၊ လင်ယွန်မှ အံ့သြ လာမိသည်။

“ ကံကောင်းပြီး ... ၊ ကျန်း သူတော်စင် မိသားစုက စမ်းသပ်မှုကို လာဖြေတာနဲ့ သူ တိုး သွားတယ်၊ ဒါကြောင့် သူ့ရဲ့ ညီအစ်ကို တွေက သူတော်စင် ဆေးဝါးတွေ ပေးခဲ့တယ်၊ ...

... ဒဏ်ရာ ကနေ သက်သာ လာပြီး၊ ပိုတောင် သန်မာ နေပြီ၊ တိမ်ပျံ ဂိုဏ်း ကလည်း သူ့အပေါ် မျှော်လင့်ချက် ကြီးကြီး ထားတဲ့ အတွက်၊ အရင်း အမြစ်တွေ ပုံအော ပေးခဲ့တယ်။ ”

ဖုန်ကျန်းမှ တိုးတိုးလေး ရှင်းပြသည်။ ကျန်းမိသားစုသည် ရှေးဟောင်း သူတော်စင် မိသားစု (၁၀)ခု အနက် တစ်ခု ဖြစ်ဖြင့်၊ ဤကဲ့ အစွမ်း ထက်သော ဆေးဝါးများ ရှိသည်မှာ မဆန်းချေ။

ဆန်းသည်မှာ တိုက်ရိုက် မျိုးဆက် မဟုတ်သော ကျန်းထောင် အပေါ်၊ ယင်းသို့ တန်ဖိုး ရှိသော ဆေးဝါးများ အသုံးပြု ခဲ့ခြင်း ပေပင်။

“ လင်းယွန် ... ငါ့ရဲ့ ထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံး ဘယ်မှာလဲ။ ”

လင်းယွန်အား မြင်သည်နှင့် ကျန်းထောင်မှ ချက်ချင်း မေးမြန်း လာသည်။

“ ရေအိမ် ထဲမှာ၊ ဒီအတွက် ငါ မင်းကို ကျေးဇူး တင်ပါတယ်၊ မဟုတ်ရင် ဆယ်ရက် အတွင်း၊ ငါ့ရဲ့ ကျင့်ကြံမှု နည်းစနစ်ကို တိုး လာအောင်၊ လုပ်ဖို့ ဆိုတာ မလွယ်ဘူး။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေ သည်။ စွန့်ထုတ် ထားသော ရောင်ဝါသည် လွန်ခဲ့သည့် (၁၀)ရက် ကထက်၊ ပိုမို သိပ်သည်း နေသည်ကို ကျန်းထောင်မှ သတိ ထားမိ သွားသည်။

“ မင်း ... စောင့်ကြည့် နေပါ၊ ဟမ့် ... ငါ မင်းရဲ့ အကြောင်းကို အကုန် သိတယ်၊ မင်းက အားနည်း သလို ဟန်ဆောင် နေတာပဲ၊ ဘာပဲ ဖြစ်ဖြစ် ဂိုဏ်းက ရွေးချယ်ခဲ့ တာကို ငြင်းပြီး၊ ...

... စမ်းသပ်မှု ဖြေချင်တဲ့၊ မင်း အတွက် နောင်တ ဆိုတာ ဘာလဲ သင်ပေးမယ်၊ မင်းတို့ ကောင်တွေ ဘယ်သူမှ ဓားဂိုဏ်းထဲ ဝင်ခွင့် မရစေ ရဘူး။ ”

ကျန်းထောင်မှာ လူတိုင်း အပေါ်၊ ကြိမ်းဝါး လာသဖြင့် ဖုန်ကျန်းက ဒေါသ ထွက်သွားသည်။

“ မင်း ဘာပြော လိုက်တာလဲ။ ”

“ အဟက် ... မကြား ဖူးလား၊ မင်းတို့ တိမ်လွှာဓား ဂိုဏ်းက ဘယ်သူမှ စမ်းသပ်မှု မအောင် မြင်စေ ရဖူးလို့ ပြောနေတာ။ ”

ကျန်း မိသားစု ထံမှ လင်းယွန် အကြောင်း သူ ကြားပြီး ဖြစ်၏။ ချင်းကန်ကို အနိုင် ယူကာ အင်ပါ ရီယန် ချန်ပီယံ ဘွဲ့အား၊ သိမ်းယူ ထားသည်။

ထို့ပြင် နာမည်ကြီး နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ၊ မည်မျှ အားကောင်း မည်ကို၊ လူ အများက မြင်ချင် နေ ကြကြောင်း၊ သူ သိရှိ ထားသည်။

ဤစမ်းသပ်မှု အတွင်း ပါဝင် သူများတွင်၊ ပင်မ နတ်ဘုရား နယ်ပယ်သို့ လင်းယွန်ထက် စောလျင်စွာ၊ ရောက်ရှိ ထား သူများ ရှိသည်။

၎င်းတို့မှ လင်းယွန်ကို အလွတ် မပေးချင် ကြသည်မှာ သဘာဝ ပေပင်။ ခေါင်းမော့လျက် ထွက်ခွာ သွားသော၊ ကျန်းထောင်ကို ကြည့်ကာ၊ ဖုန်ကျန်းနှင့် လျူချင်းယန်က အံကြိတ် လိုက်မိသည်။

“ သူနဲ့ အချိန်ဖြုန်း မနေနဲ့ ... ၊ ဓားဂိုဏ်းကို အရင် သွားရအောင်။ ”

အဖိုးကြီး လျူက လူတိုင်းကို သတိပေး လိုက်သည်။ လမ်း တလျှောက် စည်းကမ်းချက် များကို၊ အချင်းချင်း.ဝေမျှ နေကြ၏။

စမ်းသပ်မှုတွင် စုစုပေါင်း အဆင့် သုံးဆင့် ရှိသည်။ ဒုတိယနှင့် တတိယ စမ်းသပ် ချက်မှာ မည်သည့် အရာများ ဖြစ်မည်ကို၊ မည်သူမျှ မသိကြချေ။

တစ်နာရီ အကြာတွင် ဓားဂိုဏ်းပိုင် တောင်ခြေထံ ရောက်ရှိ လာ၏။ တောင်ခြေ၌ ဓားကိုယ်စီ လွယ်ထားသော လူများ ပြည့်နှက် နေသည်။

ပထမ အဆင့် စမ်းသပ်မှုသည် တောင်ပေါ်သို့ တက်ခြင်း ဖြစ်၏။ ထိုလမ်းတွင် လှေခါးထစ်များ ရှိသည်။ ၎င်းက သာမန် လှေကား ထစ်များ မဟုတ်ချေ။

အားကောင်းသော ဓားရောင်ဝါကို ထုတ်လွှတ် ထားသည့်၊ ဓားတစ်လက်က လှေခါး ထစ် အဆုံး တံခါးဝတွင် ရှိနေသည်။ ထို့ကြောင့် ဓား၏ ဖိအားကို ရင်ဆိုင် ရမည် ဖြစ်၏။

“ သူတော်စင် ကျန်း မိသားစုက ဒီမှာ ဟေ့။ ”

“ အိုး သခင်လေး ကျန်းတျန်က ဦးဆောင် လာတာပဲ။ ”

ကျန်းမိသားစုသည် နှစ်ထောင် ဂဏန်းခန့် သမိုင်းကြောင်း ရှိသည်။ သူတို့ မျိုးဆက် များမှ၊ ဓားဂိုဏ်းသို့ ဝင်ရန် ဆန္ဒ ရှိနေ ပုံရသည်။

“ ဒါ ကျန်းတျန်လား တကယ့် ဘီလူးပဲ၊ အသက် နှစ်ဆယ့် ငါးနှစ်ပဲ ရှိသေးတယ်၊ ကောင်းကင် အဆင့်ကို ရောက်နေပြီ။ ”

“ ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်မှာ၊ နှစ်သောင်း အတွင်း ဝင်တယ်လို့ ငါ ကြားတယ်။ ”

ပတ်ဝန်းကျင် အသံ များက လင်းယွန်၏ စိတ်ဝင်စားမှုကို တိုးလာ စေသည်။ ခေါင်းလှည့် ကြည့် လိုက်ရာ၊ ခရမ်းရောင် ၀တ်ရုံကို သပ်ရပ် စွာ ၀တ်ဆင် ထားသည့်၊ လူငယ် တစ်ဦးအား ထင်ရှားစွာ တွေ့လိုက် ရသည်။

အသက် နှစ်ဆယ့် ငါးနှစ် အရွယ်ဖြင့် ကောင်းကင် အဆင့် ရောက်ရှိ နိုင်သည်မှာ အထင်ကြီး စရာ ပေပင်။

သို့သော် ကောင်းကင် အဆင့်သည် မရိုးရှင်းချေ။ ခန္ဓာကိုယ်ရှိ ကြယ်စွမ်းအင် များကို ကြယ်ကိုးလုံး အဖြစ် စုစည်း ရပေမည်။

ကျန်းတျန် အနားရှိ လူငယ် တိုင်းမှာ၊ ပင်မ မိသားစုမှ ပေါင်ဖွား လာသည့် ပါရမီရှင်များ ဖြစ်သည်။

တစ်ဦးချင်း စီ၏ ခွန်အားသည် များစွာ ကြောက်စရာ ကောင်းချေ၏။ လူတိုင်း သာလွန် ပင်မ နတ်ဘုရားများ ဖြစ်ကာ၊ ကျန်းထောင် ထက် သန်မာ ပေသည်။

ဤသည်မှာ ကျန်းမိသားစု၏ အုတ်မြစ်ကို ပြသရာ ရောက်သည်။ လူအုပ်ကြီးက ချက်ချင်း လမ်းဖယ်ပေး လိုက် ကြသည်။

“ ကျွတ် ... ဒါက နည်းနည်းတော့ လွန်လွန်းတယ် မဟုတ်လား။ ”

လျူချင်းယန်က ဝေဖန် သည်။

“ အဲဒါက ... ၊ ရှေဟောင်း သူတော်စင် မိသားစု ဆယ်ခုရဲ့ သြဇာပဲ၊ သူတို့က အခြား သူတော်စင် မျိုးနွယ်စု တေွထက်၊ အဆ များစွာ အားကောင်းတယ်၊ ...

... ရှေးဟောင်း ပျက်သုဉ်း မြေမှာ သူတော်စင် မိသားစု များစွာ ရှိပေမယ့်၊ သူတို့ကို ဘယ်မိသားစု ကမှ ယှဉ်မနိုင် သေးဘူး။ ”

အဖိုးကြီး လျူမှ ရှင်းပြ လိုက်သည်။ ကျန်း မိသားစုကြောင့် လူအုပ်မှာ၊ ရုတ်ရုတ် သဲသဲ ဖြစ် ကုန်သည်။ လျူချင်းယန် စကားကို အနားရှိ လူငယ် တစ်ဦးက ကြားသွားကာ၊

“ ဒါ ရှားဟိုယန် မလာ သေးလို့၊ သူ့ကို မြင်ရင် ဘယ်လောက် အထိ ... ၊ တုန်လှုပ် စရာ ကောင်းမှန်း၊ မင်း သိလာ လိမ့်မယ်။

“ အိုး ...ရှားဟိုယန်လား၊ ငါ သိတယ်၊ မွေးရာပါ သူတော်စင် ဓား ခန္ဓာ ကိုယ်နဲ့၊ ဓား နှလုံးသား ပါလာတဲ့ လူ မဟုတ်လား။ ”

လျူချင်းယန်မှ စိတ် လှုပ်ရှားစွာ ဆိုသည်။

“ သူက လွဲရင် ဘယ်သူများ ရှိဦး မှာလဲ၊ သက်တံဓား သူတော်စင်ရဲ့ တပည့်၊ ဖြစ်ချင်ခဲ့ ပေမယ့်၊ ငြင်းဆို ခံထား ရတယ်၊ ...

... အခု သက်တံဓား သူတော်စင် ထွက်လာနိုင် တယ်လို့၊ သတင်း ကြီးနေတော့ သူ ထွက်လာမှာ သေချာတယ်။

ရှားဟိုယန် အကြောင်း ပြောနေသော ထိုလူငယ်၏ မျက်ဝန်း များတွင် လေးစားမှု အပြည့် ထင်ဟပ် နေသည်။

“ ဒီလိုမျိုး ဖြစ်ခဲ့ တာလား။ ”

လင်းယွန်က ဝင် မေးသည်။

“ ဟုတ်တယ် ... ၊ သူ့ အပြင် အများကြီး ရှိသေးတယ်။ ”

အဖိုးကြီး လျူမှ ပြန်ဖြေ ပေးသည်။

“ အရှေ့ဘက် ပျက်စီး နယ်မြေ တစ်ခု လုံးမှာ၊ ဓားသူတော်စင် သုံးပါးပဲ ရှိတယ်၊ ငါတို့ စီနီယာ သက်တံဓား သူတော်စင်က၊ အဲဒီ သုံးပါး အနက်က တစ်ပါးပဲ၊ ဓားသမား အများ အပြားက၊ ...

... သူ့ တပည့် ဖြစ်ချင် ကြတယ်၊ ကျန့်ကျန်းရှန်ကို ဓားဂိုဏ်း ကနေ၊ နှင်ထုတ် ပြီး တဲ့နောက်၊ စီနီယာက ရှားဟိုယန် အပါ အဝင် ဘယ် သူ့ကိုမှ၊ တပည့် အဖြစ် လက်မခံ တော့ဘူး။ ”

ဤသို့ ဆိုက ဖုန်းကျွယ်သည် သူ့အား အဘယ့်ကြောင့်၊ ညီငယ် တစ်ယောက် ကဲ့သို့ ဆက်ဆံ ခဲ့ရ သည်နည်း။

ကျန့်ကျန်းရှန်မှ သူ့အား ဂျူနီယာ ညီ တစ်ယောက် အဖြစ်၊ သုံးနှုန်းစဉ် မှစကာ၊ မိုးနတ် မင်းကြီး မျက်စိ ကျနေ သည်ဟု ထင်ခဲ့သည်။ သောချာပေါက် သက်တံဓား သူတော်စင်မှ တပည့် အဖြစ်၊ ခေါ်ယူ မည်ဟု ယူဆ မိ၏။

ယခုမူ ရှားဟိုယန် ကဲ့သို့၊ လူငယ် ကိုပင် ငြင်းပယ်မှန်း သိလာ သဖြင့်၊ ထိုယူဆချက်အား သံသယဝင် လာတော့ သည်။

ဤတစ်ကြိမ် သက်တံဓား သူတော်စင် ထွက်ပေါ် လာနိုင်မည် ဟူသော သတင်းမှာ၊ ကောလ ဟာလ တစ်ခု မျှသာ ဖြစ်ကြောင်း၊ သေချာ သွားသည်။

***

All Chapters