← Chapters

နင့် အလုပ်လား။

Vol. 100 Ch. 1392

နင့် အလုပ်လား။

Vol. 100 Ch. 1392

ဖုန်းကျွယ်နှင့် ကျန့်ကျန်းရှန်မှာ အတည် ပြုချက် မပေးခဲ့ သောကြောင့်၊ သူ့အား တပည့် အဖြစ် ခေါ်ဆောင်ရန် ရည်ရွယ်ချက် မရှိမှန်း၊ သေချာ သွားသည်။

စမ်းသပ်မှု ဖြေဆိုရန် ရွေးချယ် ခြင်းသည်၊ သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ကြောင်း သူ့ကိုယ်သူ သက်သေ ပြရန် ဖြစ်၏။

ကောင်းကင်းလမ်း အထိ ဆင်းကာ၊ ဖုန်းကျွယ်မှ သူ့အား ခေါ်ဆောင်လာ ခဲ့သည် အတွက်၊ သက်တံဓား သူတော်စင်နှင့်၊ တစ်စုံ တစ်ရာ ပတ်သက်မှု ရှိမည်ဟု၊ လူတိုင်းမှ မြင်ထားသည်။

ယခုမူ အဖိုးကြီး လျူ စကားကြောင့်၊ ရှက်စရာ ကောင်းလာ ပေတော့မည်။ စိတ်ပျက် လက်ပျက်နှင့်၊ သက်ပြင်းချ မိ၏။

“ နင် ... ဘာတွေ တွေးနေ တာလဲ။ ”

သူတော်စင် မိသားစု၏ အုတ်မြစ် အကြောင်း လူတိုင်းမှ အော်ပြော နေကျ ချိန်တွင်၊ လင်းယွန် တစ်ယောက် ငေးငိုင် နေသဖြင့်၊ ယဲ့ဇီလင်မှ မေးမိသည်။

လင်းယွန် ဟူသည် အမြဲတစေ ခံစားချက်ကို ပြသ ခဲ၏။ တစ်စုံ တစ်ရာကို ဆုံးရှုံး လိုက်သော အမူ အရာ မျိုးမှာ၊ ပို၍ မတွေ့ ဖူးချေ။

“ ဘာမှ မဟုတ် ဘူး။ ”

လင်းယွန်မှ ပြုံးပြ လာသည်။ သူမအား ပြောပြရန် ဆန္ဒ မရှိ သည်ကို၊ နားလည် လိုက်ရ သဖြင့်၊ ဆက် မမေး တော့ချေ။

ထိုအချိန်တွင် မဝေးကွာ လှသော အရပ် ဆီမှ သူ့အပေါ် အာရုံစိုက် နေသည့်၊ မျက်ဝန်း နှစ်စုံကို လင်းယွန်က ခံစားမိ လာသည်။

ကျောက်ယန်၊ ကုန်းစွန်ယန်။ ၎င်းတို့ နှစ်ဦးအား မြင်ချိန်တွင်၊ လင်းယွန်မှာ အံ့ဩစွာ ပြုံးပြ မိသည်။

ကုန်းစွန်းယန်သည် ဓားဧကရာဇ် မိသားစုဝင် ဖြစ်သည်ဟု အမြဲ တစေ ဆိုခဲ့ဖူး သောကြောင့်၊ ဓားဂိုဏ်းသို့ လာလိမ့် မည်ဟု မမျှော်လင့် ထားချေ။

“ မတေွ့တာ ကြာပြီနော်။ ”

ကေျာက်ယန်မှ ပြုံးပြီး နှုတ်ဆက်သည်။ လင်းယွန်ကို တွေ့လိုက်ရ သဖြင့်၊ သူသည်လည်း ပျော်ရွှင် သွားသည်။ ၎င်း ကြောင့်သာ ဓားဂိုဏ်းကို ရွေးချယ် ခဲ့ခြင်း ဖြစ်၏။

“ နင်တို့ နှစ်ယောက်က ဘာလို့ ဒီကို လာရ တာလဲ။ ”

ယဲ့ဇီလင်ပင် မနေ နိုင်ချေ။

“ ဘာလို့လဲ ... ၊ ဒီတစ်ကြိမ် သူတော်စင် တွေက၊ တပည့် ရေွးကြမှာ မဟုတ်လား၊ ဒါမျိုး လက်လွှတ် မခံ နိုင်ဘူး၊ ကံကောင်းလို့ ...

... သက်တံဓား သူတော်စင် ပေါ်လာ ခဲ့ရင်၊ ငါ့ကို မရွေးဖူးလို့ ဘယ်သူ ပြောနိုင်လဲ၊ ဒါကြောင့် ဓားသမား ဖြစ်တဲ့ ငါတို့ ရောက်လာတာ သဘာဝ ပါပဲ၊ ဟား ဟား ဟား ... ။ ”

ကုန်းစွန်ယန်မှ ယခင် အတိုင်းပင် မြောက်ကြွကြွ အမူ အရာဖြင့် ပြန်ဖြေသည်။

“ ဒါဆို ငါတို့ အတူတူ သွားရအောင်၊ အားလုံးက ဓားဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာ ကြမှာပဲ။ ”

ယဲ့ဇီလင်မှ ဤနှစ်ယောက် အပေါ်၊ အကောင်း မြင်သည်။

“ ကောင်းပြီ ... ၊ ပန်းတိုင်က သူတော်စင် တပည့် ဖြစ်ဖို့ပဲ၊ မဟုတ်ရင် အလွန် ရှက်စရာ ကောင်းလိမ့်မယ်။ ”

ကုန်စွန်းယန်က ယဲ့ဇီလင်အား ခေါင်းညိတ် ပြလိုက်သည်။ ဓားဧကရာဇ် ထံမှ အခွင့် အရေး တစ်ခု ရရှိထား သဖြင့်၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။

များမကြာမီ ပထမ အဆင့် ဖြေဆို ရမည့် တောင်ခြေထံ ရောက်ရှိ လာ၏။ တောင်ပေါ်သို့ တက်ရာ လှေကား ထစ်ပေါင်း (၉၉၉) ထစ် ရှိသည်။

ထို(၉၉၉)ထစ် အဆုံးတွင်၊ ရှေးဟောင်း ရူရ်များဖြင့်၊ ဓားဂိုဏ်း၏ အမည်ကို ရေးထွင်း ထားသော ကျောက်တုံးကြီး တစ်တုံး ရှိသည်။

သူ့ ဘေးတွင် ရှေးဟောင်း ဓားရှည် တစ်လက်ကို စားပွဲပေါ် တင်ထားပြီး၊ နောက်ပါး ၌ တံခါးကြီး တစ်ပေါက် ရှိနေ၏။

ဓားဂိုဏ်း အမည် ရေးထားသော ရူရ် ထံမှ ခမ်းနားသော အကန့် အသတ် မရှိ၊ ရောင်ဝါများ ပေးဆောင် နေကာ၊ နေမင်းကြီး အလား အလင်းများ ဖြာထွက် နေသည်။

တစ်ချက် ကြည့်ရုံဖြင့်၊ လူတိုင်း၏ ဦးရေပြား များကို၊ ဓားပါးပါးနှင့် အမွှန်း ခံလိုက်ရ သကဲ့သို့၊ ကျိန်းတွ နာကျင် လာစေသည်။

လှေကားထစ် များကို၊ ပုံမှန် အချိုး အတိုင်း ခွဲဝေထား သော်လည်း၊ ဆိုင်းဘုတ် ပေါ်ရှိ ရူရ်နှင့် တံခါးဝတွင် တင်ထားသော ဓားတို့က၊ လူတိုင်း အပေါ်၊ ဖိအားပေး ပေလိမ့်မည်။

ဦးစွာ တက်ရောက် နေကြသော လူအုပ်သည်၊ အထစ်ပေါင်း ရာ ဂဏန်းခန့် အရောက်တွင်၊ ပြန်လန် ကျလာ ကုန်၏။

“ အား ... ။ ”

“ အိ... ။ ”

လှေကား ထစ်များ အပေါ်၊ ကျရောက် နေသည့် ဓားရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်း ပေ၏။

ထိုကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိကုန်ပြီး၊ ထပ်မံ တက်ရောက် နိုင်ခြင်း မရှိ တော့ချေ။ သို့သော် တစ်ဖက်တွင် အောင်မြင် သူများမှာ ရှိနေဆဲ ဖြစ်သည်။

(999) ထစ်သော လှေကားကို မနားတမ်း ဖြတ်ကျော် သက်သေပြ လိုသည့်၊ လူ များစွာ ကလည်း ရှိနေ သေးသည်။

“ ဒီဓားမှာ သမိုင်းကြောင်း ရှိလား။ ”

ကုန်းစွန်းယန်မှ တွေးဆဆဖြင့် မေးသည်။

“ သူတော်စင် မဖြစ်ခင်၊ သက်တံဓား သူတော်စင် ကိုင်ခဲ့တဲ့ ... ဓားလို့ ပြောတာပဲ။ ”

ကေျာက်ယန်မှ ပြန်ဖြေ၏။

“ အိုး ... ဟုတ်လား ... ၊ ငါသာ ဒီဓားကို ဆွဲထုတ် နိုင်ရင် ... ၊ ငါ့ နာမည် လူတိုင်း သိကုန် မှာ သေချာပြီ။ ”

“ မင်းတို့ ... ဒီမှာ ဘာ အတွက် ရပ်နေ တာလဲ၊ ကြောက်နေ ပြီလား။ ”

ကျန်းထောင် ဦးဆောင်သော လူအုပ် ရောက်ရှိ လာပြီး၊ လှေကားထစ် (၁၀၀) တက် ပြီးနောက်၊ အနား ယူနေသော လင်းယွန် တို့အား၊ လှောင်ပြောင် တော့သည်။

“ အိုး ... ၊ အဲဒါ ဘယ်သူလဲ၊ ကျန်းထောင် မဟုတ်လား။ ”

“ သူ ... အရမ်း သန်မာ လာပြီ၊ တိမ်ပျံ ဂိုဏ်းက၊ သူ့ကို ကောင်းကောင်း ဆက်ဆံ ထားတာ သိသာ တယ်။ ”

“ ကျန်း မိသားစုက လာမှတော့ ... ၊ ဒီလို အခွင့် အရေးတွေ ရတာ မဆန်း ပါဘူး။ ”

လူအုပ်က သူ့အား အသိ အမှတ် ပြုကာ၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန် သဖြင့်၊ ကျန်းထောင် ရင်တွင်း၌ ရွှင်မြူး သွားသည်။

လင်းယွန်ကို တစ်ချက် ကြည့်ပြီးနောက်၊ ဓားရောင်ဝါ ဖွင့်ကာ၊ လှေကား ထစ်များပေါ်၊ ဆက်တက် သွား၏။

“ မဆိုးဘူး။ ”

ကျန်းထောင်သည် သူ့အား ရှုံးနိမ့် သွား သော်လည်း၊ ခိုင်ခံ့သော အခြေခံ အုတ်မြစ် အရ၊ သူ့အစွယ်ကို ထုတ်ပြ နိုင်ဆဲ ဖြစ်သည်။

၎င်းက လှေကားထစ် သုံးရာသို့ ရောက်ရှိ သွားသည်နှင့်၊ ရပ်နား လိုက်ကာ၊ လင်းယွန်ထံ ပြန်ငုံ့ ကြည့်ပြီး၊

“ လင်းယွန် ငါ ပြောတာကို မှတ်ထားပါ၊ မင်းတို့ ဘယ်သူမှ စမ်းသပ်မှု မအောင်မြင် စေရ ဘူး ... ။ ”

-ဟု ပြောလာ တော့သည်။

“ ဒီကောင်က ... အရင် ထက်တောင် ပိုမောက်မာ နေသလိုပဲ။ ”

ဖုန်ကျန်းက အံကြိတ်ကာ ပြောသည်။ လင်းယွန်မှ သင်ခန်းစာ သင်ပေးပြီး နောက်တွင် ပင်၊ သူတို့အား လှောင်ပြောင် ရဲဆဲ ဖြစ်၏။

“ သေချင် နေပြီ ထင်တယ်။ ”

ယဲ့ဇီလင်မှ ချက်ချင်း လှုပ်ရှား လိုက်၏။ ဒေါသအား ဆက် ထိန်းထား နိုင်ခြင်း မရှှိ တော့ ချေ။

“ ဝှစ် ... ။ ”

မျက်လုံး ထဲတွင်၊ နှင်းပန်းများ ပွင့်လာ ပြီးနောက်၊ ခရမ်းရောင် အလင်းတန်း အသွင် ပြောင်းလဲ ပြေးတက် သွားသည်။

“ ဖျစ် ဖျစ် ... ။ ”

သူမ သွားရာ လမ်း တစ်လျှောက်၊ လျှပ်စီးများ တဖျပ်ဖျပ် လက်ကာ၊ ကျန်ရစ် ခဲ့၏။ မျက်စိ တစ်မှိတ် အတွင်း လေှကားထစ် နှစ်ရာ ကျော်ကို၊ ဖြတ်ကျော် သွားသည်။

“ ဒီစီနီယာ အစ်မက ... ၊ သည်းခံခြင်း ဆိုတဲ့ သတ်ပုံကို စာလုံး မပေါင်းတတ် ဖူးထင်တယ်၊ အမြဲ ဒေါသကြီး နေတော့ တာပဲ။ ”

လင်းယွန်မှ ကူကယ်ရာ မဲ့စွာ ပြောလာ သောကြောင့်၊ ဖုန်ကျန်းနှင့် လျူချင်းယန်မှ သူ့အား လှည့်ကြည့် လာသည်။

“ ဘာလို့ ငါ့ ပြန်ကြည့် ကြတာလဲ။ ”

သူတို့၏ အကြည့် များက လင်းယွန်ကို အနေခက် လာစေ၏။ နှာခေါင်းအား ပွတ်လျက် ချောင်းဟန့် လိုက်မိသည်။

ထိုအချိန်တွင် တဟုန်ထိုး ပြေးတက် လာသော ဓားရောင်ဝါကြောင့် ကျန်းထောင်မှ၊ ထိတ်လန့် သွားသည်။

သို့သော် ချက်ချင်း အမူ အရာကို ပြင်ယူကာ၊

“ သခင်မလေး၊ မင်းက ငါနဲ့ အတူတူ တက်ချင် လို့လား၊ ဒါဆို ငါ မင်းကို ကြိုဆိုမှာ သေချာ ပါတယ်၊ လင်းယွန်က မာနကြီး လွန်းတယ်၊ အနှေးနဲ့ အမြန် ...

... ဆိုသလို သေဆုံး ရလိမ့်မယ်၊ ပြီးတော့ ငါ့ဝမ်းကွဲ ကျန်းတျန်နဲ့၊ မင်းကို မိတ်ဆက် ပေး နိုင်တယ်၊ ဟိုး ... မှာကြည့် အဝေး ကနေ ... သူ မင်းကို စိတ်ဝင်စား ပုံရ နေတယ်။ ”

သို့သော် သူ့ စကား များက ယဲ့ဇီလင်အား ဒေါသ ပိုထွက် လာစေသည်။ ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံ ပဲ့တင် လာပြီး၊ လက် ဆန့်ကာ ကျန်းထောင်ကို လှမ်းဆွဲ ပစ်၏။

“ ဝှစ် ... ။ ”

လက်ဖဝါး၌ လျှပ်စီးနှင့် နှင်းပန်းများ ပွင့် လာကာ၊ နဂါး တစ်ကောင်က သူမကို လှည့်ပတ် လာတော့သည်။ ထိုစဉ် နဂါး လက်သည်းကြီး လေဟာနယ်ကို ဖြတ်သန်း သွား၏။

“ နင် ... ၊ နင် ဘာလုပ် တာလဲ။ ”

ကျန်းထောင် ခမျာ မျက်နှာ ပြောင်းလဲလျက်၊ ဘေးသို့ ချက်ချင်း ခုန်ဆင်း လိုက်ရသည်။

“ အရိပ်မဲ့ နဂါး။ ”

ယဲ့ဇီလင် မျက်လုံး များ၌၊ အေးစက်သော အလင်းများ တောက်ပ လာပြီး၊ လက်ချောင်း များကို ဓားအသွင် အသုံး ပြုကာ၊ ကျန်းထောင် နောက်သို့ လိုက်ပါ ထိုးသွင်း ပစ်သည်။

“ စွပ် ... ။ ”

ထိုလက်ချောင်း များက၊ ဖုံးအုပ် ကာကွယ် ထားသော ကြယ်စွမ်းအင် အလွှာကို ဖြတ်လျက် ပုခုံးပေါ်၊ ကျရောက် သွား တော့၏။

“ ထွက် သွား ... ။ ”

ဆုစီယာ သင်ပေး ခဲ့သော နဂါး သွေး ဓားသုတ္တန်ကို အသုံးပြု ထားသဖြင့်၊ ဖိအားမှာ ကြောက်မက်ဖွယ် ကောင်းပေသည်။

“ အ ... ။ ”

ကျန်းထောင် ခမျာ လှေကား ထစ်များ တစ်လျှောက် လှိမ့်ဆင်း သွားပြီး၊ လင်းယွန် ခြေရင်းတွင် ရပ်တန့် သွား၏။

“ ညီအစ်ကို၊ မင်းက နည်းနည်း အားနည်း လွန်းတယ်၊ စမ်းသပ်မှုက အခုမှ စတာတောင် ... ၊ မအောင်မြင်ဘူး။ ”

ကျန်းထောင်၏ သနား စရာ ကောင်းသော အခြေ အနေကို ငုံ့ကြည့် လိုက်ပြီး၊ ကုန်းစွန်းယန် မှ ပြောသည်။

ကျန်းထောင်မှ တစ်စုံ တစ်ရာ ပြန်ပြော ချင်သော်လည်း၊ ပြင်းထန်သော ဒဏ်ရာကြောင့်၊ အသံ မထွက်နိုင် တော့ချေ။ ဤ မြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့၏။

ဤသည်မှာ စမ်းသပ်မှု၏ ပထမ အဆင့် ဖြစ်ပြီး၊ တိုက်ပွဲ များကို တားမြစ် ထားခြင်း မရှိ ချေ။ နက္ခတ်ကို မခေါ် သ၍ စည်းမျဉ်းများ အတွင်း၊ အကျုံးဝင် လေသည်။

သို့သော် အမျိုး သမီး တစ်ဦးမှ၊ တိုက်ပွဲများအား ဦးစွာ စတင်လာ လိမ့်မည်ဟု၊ မထင် ထားချေ။

သည် ဖြစ်ရပ်သည် လှေကား ထစ်ကို တက်လာသော လူအုပ်ကို တုန်လှုပ် သွားစေ သည်။

လေှခါးထစ် (၃၀၀) အထိ ရောက်ရှိ သွားသော ကျန်းထောင်သည် အထစ် နှစ်ရာသို့ ပြန်လည်၊ ကိုင်ပေါက်ခြင်း ခံလိုက် ရတော့၏။

တစ်ဖက်တွင် ပင်မ မျိုးဆက် မဟုတ် သော်လည်း၊ မိသားစုဝင် တစ်ဦး ဖြစ် နေသော ကြောင့်၊ ယဲ့ဇီလင် လုပ်ရပ်ကို ကျန်းမိသားစုမှ ကျေနပ်ခြင်း မရှိ တော့ချေ။

သူမ၏ လုပ်ရပ်သည်၊ ကျန်း မိသားစု ဟူသော သူတို့အား မျက်လုံးထဲ ထည့်ထားခြင်း မရှိ သည်နှင့် အတူတူ ပေပင်။

“ မိန်းကလေး... ၊ ဒါက ... နည်းနည်းတော့ လွန်တယ်လို့၊ မင်း ... မထင် ဖူးလား။ ”

ကျန်းတျန်မှ စကားဝင် ပြောလာ တော့သည်။ သူ့ အသံကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွား၏။

“ နင့် ... ၊ အပူ ပါလား။ ”

သို့သော် ယဲ့ဇီလင်မှ ဂရု မစိုက် ဟန်နှင့်၊ ရင့်သီးစွာ ပြန်ပြော လာသဖြင့်၊ ကြား ရသည့် လူတိုင်း မျက်လုံးများ ပြူးကုန် တော့သည်။

***

All Chapters