စမ်းသပ်မှု စတင်ခြင်း။
Vol. 100 Ch. 1393
ကျန်းတျန်သည် ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်တွင်၊ အဆင့် နှစ်သောင်း အတွင်း ဝင်ချေ၏။
အထင်ကြီး လောက်စရာ မဟုတ် သော်လည်း၊ ထိုအဆင့် သတ်မှတ် ချက်တွင်၊ အသက် အရွယ် ကန့်သတ်ချက် မရှိ သော ကြောင့်၊ မဆိုး လှဟု ပြောနိုင်သည်။
အသက် တစ်ရာ အောက်ရှိ သူများ ကိုသာ ကန့်သတ် လိုက် ပါက၊ အဆင့် တစ်သောင်းသို့ တက်ရောက် နိုင်၏။
အသက် (၃၀)အောက် အထိ၊ ကန့်သတ် လိုက်မူ၊ (၃၀၀၀) အတွင်း ဝင်ရောက် လာပေ မည်။
ဤသည်မှာ ကြောက်စရာ ကောင်းသော အဆင့် ဖြစ်သည်။ ချင်းကန်မှာ ပင်မ နတ်ဘုရား အဆင့် အတွင်း ဝင်ရန် စိန်ခေါ် စဉ်က၊ အမြဲ ရှုံးခဲ့သည်။
ထို့ကြောင့် အဆင့် (၃၀၀၀) အတွင်း ဝင်သော ကျန်းတျန်အား အရည် အချင်း ရှိ သည်ဟု ပြောနိုင်၏။
အားလုံးက ယဲ့ဇီလင် အကြောင်းကို သိချင်သွား လေသည်။ ကျန်း မိသားစုထက် ပို၍ သန်မာသော နောက်ခံ ရှိနေ မည်လော။
ဖုံးလွှမ်း နေသော ခရမ်းရောင် လျှပ်စီးများ၊ နဂါးနှင့် နှင်းပန်းများထံ သတိထား စစ်ဆေးလာ ကြလေသည်။
“ သူက ဘယ်သူလဲ၊ ကျန်းမိသားစု ကိုတောင် မျက်စိထဲ ထားပုံ မရဘူး။ ”
“ သူက တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် တစ်ဦးပဲ၊ အပြာရောင် စံအိမ် နယ်မြေရဲ့၊ အရိုင်း အစိုင်း တစ်ယောက်ပါ။ ”
“ အပြာရောင် စံအိမ် နယ်မြေ ကလား ... ၊ အရှေ့ဘက် ပျက်စီးခြင်း မြေကြီးရဲ့ ... ၊ နယ်စပ် ဒေသပဲ၊ အရမ်း ဝေးတယ်။ ”
“ ဒါဆို သူတို့က ကျေးတောသား တွေပေါ့၊ ဒါကြောင့် ကျန်းမိသားစုကို မသိတာ အံ့သြ စရာ မရှိ ပါဘူး။ ”
ပတ်ဝန်းကျင်မှ ဝေဖန်သံ များကြောင့်၊ ကျန်းတျန် မျက်နှာ ပြောင်းလဲ သွားလေသည်။
“ ကျန်း မိသားစုကို ... ၊ ဘယ်သူမှ စော်ကားလို့ မရဘူး၊ မိန်းမ တစ်ယောက် ဖြစ်နေ ရင်တောင်၊ အကျိုးဆက် ခံစား ရမယ်၊ ရိုက်ခဲ့တဲ့ သူ့လက်ကို ချိုးလိုက် ... ။ ”
ကျန်းတျန်သည် ကြင်နာ တတ်သူ တစ်ဦး မဟုတ်ချေ။ ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ခံရ သူများမှာ၊ အသက် (၁၀၀)ကျော် ရှိသည်။
အချို့မှာ (၂၀၀) ပင် ကျော်နေသည်။ သူတို့တွင် အတွေ့ အကြုံ ကောင်းများ ရှိပြီး၊ ရက်စက် ကြမ်းကြုတ် သူများ ဖြစ်သည်။
ထို့ကြောင့် တစ်စုံ တစ်ဦးသည် ရဲရင့်ခြင်း မရှိသော်၊ ပင်မ နတ်ဘုရား အဆင့်သို့ ခြေချရန် မဖြစ် နိုင်ချေ။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
ကျန်း မိသားစုမှ ထူးချွန်သူ အများ အပြားက၊ ယဲ့ဇီလင် ထံသို့ ပြေးဝင်လာ ကြလေ သည်။
“ အစ်မ ယဲ့ ... ၊ ငါတို့ ကူညီမယ်။ ”
ဖုန်ကျန်းနှင့် လျူချင်းယန်မှ ပြေးတက် လာကြသည်။ သူတို့ နှစ်ဦးမှာ ယဲ့ဇီလင် အား၊ လေးစား ကြ သဖြင့်၊ ရပ်ကြည့် မနေ နိုင်ချေ။
“ ..... ။ ”
ထို့ကြောင့် နှစ်ဦး နှစ်ဖက် ထိပ်တိုက် တွေ့ကုန် တော့သည်။ ယင်းက လူအုပ်ကြီးကို မျက်လုံးပြူး လာစေ၏။
အထူး သဖြင့် ဖုန်ကျန်းမှ လူများစွာကို ထိန်းထား နိုင်သဖြင့်၊ အံ့အားသင့် လာကြသည်။ ဓားသူတော်စင် တောင် ခွဲတမ်းတွင်၊ လင်းယွန် ကို ရှုံးပြီးနောက်၊ ဖုန်ကျန်း အသစ် ဖြစ်သွား ခဲ့သည်။
ရွှေနဂါး အရိုး စွပ်ပြုတ်သည်၊ သူ့အား သာလွန် ပင်မ နတ်ဘုရား နယ်ပယ် သို့တိုင်၊ နီးစပ် လာစေသည်။
“ မင်းတို့ အရမ်း အားနည်းတယ်။ ”
ဖုန်ကျန်းမှ ပြိုင်ဘက် များကို အနိုင်ယူ ပြီးနောက်၊ လျူချင်းယန်အား ကူညီ ပေးရန် လှည့်ကြည့် လိုက် သည်။
တစ်ချိန်တည်း မှာပင်၊ သူ့ ခန္ဓာကိုယ် မျက်နှာပြင် ပေါ်၌၊ ရွှေရောင် အမြှေးပါး တစ်ခု ပေါ်လာကာ၊ နဂါးကြီး ကဲ့သို့ တောက်ပ လာ တော့သည်။
ရွှေနဂါး သွေးနှင့်၊ ရွှေနဂါး ခြင်ဆီကို အသက်သွင်း ခဲ့ခြင်း ဖြစ်၏။ သူ့လက်ဖဝါးကို တွန်းထုတ် လိုက်သော အခါ၊ ရွှေနဂါး ဟောက်သံများ ညံလာသည်။
လျူချင်းယန်အား ဝိုင်းရံ ထားသော ကျန်းမိသာစု ဝင်များ၊ ချက်ချင်း လွင့်စင်သွား တော့၏။
“ တိမ်နှင့် လေ ... ။ ”
“ မြသားရောင် ကြယ်တွေ ... ၊ ”
“ တိမ် နဂါးများ ... ။ ”
ဖုန်ကျန်းမှ တိမ်လွှာဓား (၁၃)ကွက်အား ဆက်တိုက် ထုတ်ဖော် လိုက်သည်။ နောက်ဆုံး ပုံစံ အပြီးတွင်၊ ကျန်း မိသားစုဝင် တစ်ဦး၏ ရင်ဘတ်ကို ခွဲထုတ် ပစ်လိုက်သည်။
ယင်းက အဆုံး မဟုတ်ချေ။ ရွှေရောင် တိမ်ပင်လယ် အတွင်း၊ ရွှေနဂါး လက်သည်း တစ်ဖက်၊ ထွက်ပေါ် လာသည်။
သည်မြင်ကွင်းက လူအုပ်ကို ထိတ်လန့် သွားစေ၏။
“ သူတို့က တကယ့် ဘီလူး တွေပဲ၊ ကျန်းမိသားစု ကိုတောင် ... ရင်ဆိုင် ဝံ့တယ်၊ ကြောက်စရာ ကောင်း လိုက်တာ။ ”
“ သူ့ခန္ဓာကိုယ် ထဲမှာ မြည်နေတာ၊ နဂါး ဟောက်သံ မဟုတ်လား၊ ဒီလူတွေ ... နတ်နဂါး သွေးကို၊ သန့်စင် ထားတာ ဖြစ်မယ်။ ”
“ မဖြစ်နိုင်တာ အပြာရောင် စံအိမ် နယ်မြေမှာ၊ ဘယ်လိုလုပ် နတ်နဂါး သွေး ပေါ်လာ နိုင်မှာလဲ ... ။ ”
“ နဂါး သွေးတင် မကဘူး၊ သူ့ ခန္ဓာကိုယ် မျက်နှာပြင် ပေါ်က ... အမြှေး ပါးကို ကြည့်စမ်း၊ အဲဒါ ရွှေနဂါး ခြင်ဆီပဲ။ ”
ပြသ ထားသော ခွန်အားသည် လူရိုင်း တစ်ဦးနှင့် မတူချေ။ သို့သော် ပရိသတ် များက၊ သက်ပြင်းချ ကုန်ကြသည်။
“ ဘာပဲ ဖြစ်ဖြစ် ... ကျန်း မိသားစုကို၊ ဆန့်ကျင် တာက၊ ထင်ရာ စိုင်းရာ၊ ကျလွန်း ပါတယ်။ ”
ကျန်း မိသားစုသည်၊ ရှေးဟောင်း သူတော်စင် မိသားစု ဖြစ်သည်။ ရှေးဟောင်း ပျက်စီးခြင်း မြေ၌၊ ထိပ်တန်း (၁၀) နေရာ ဝင်သည်။
ထို့ကြောင့် ၎င်းတို့တွင် နက်ရှိုင်းသော အခြေခံ အုတ်မြစ် ရှိလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀၀) ကတည်း ကပင်၊ တန်ခိုးရှင် များကို မွေးထုတ် ပေးနိုင် ခဲ့သည်။
သူတို့၏ မျိုးဆက် တိုင်းမှာ၊ ကျော်ကြား လှပြီး၊ အထွတ် အထိပ် သူတော်စင် နေရာကို သိမ်းပိုက် ထားနိုင်သည်။
ထိပ်ဆုံးသို့ မရောက်သေး သည့်တိုင်၊ ရှေးဟောင်း ပျက်စီး မြေ၌၊ ဧရာမများ အဖြစ် ရှိနေ သေး၏။
သူတို့တွင် ပါရမီရှင် မရှားချေ။ လက်ရှိ ဖုန်ကျန်း တို့နှင့်၊ တိုက်ခိုက် နေသော လူငယ် များမှာ၊ ထက်မြက် သော်လည်း၊ ထိပ်ဆုံး (၁၀) ဦး အဆင့်တွင်၊ မရှိကြောင်း မြင်နိုင်၏။
“ ဒီမှာ မကြောက် တတ်တဲ့ လူတွေ အများကြီ ရှိပုံ ရတယ်၊ ကျန်းရှန် ... မင်း သူ့ကို သွားဖြေ ရှင်းလိုက်။ ”
ကျန်းတျန်မှ အေးစက်စွာ ပြောသည်။ ပြီးသည်နှင့် လူရိပ် တစ်ရိပ် ကောင်းကင်ပေါ်၊ ခုန်တက် လာ၏။
“ ဝှစ် ... ။ ”
ထိုသူသည် စင်ကြယ်သော ဝိညာဉ်တော် ဖြစ်သည့်၊ မြေကမ္ဘာ လက်ဖဝါးအား အသုံးပြု ခဲ့သည်။
မြေကမ္ဘာ လက်ဖဝါးကို အထွတ် အထိပ် ကျွမ်းကျင်မှု ရယူ ထားနိုင် သဖြင့်၊ ကျန်းမိသားစု တွင်ပင်၊ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်၏။
လက်ဖဝါး ဆင်းသက် လာသည်နှင့်၊ အကန့်အသတ် မရှိသော ကြယ်ရောင် များက၊ တောက်လောင် လာသည်။
သူ့ ကျင့်ကြံမှုသည် သာလွန် ပင်မ နတ်ဘုရား အဆင့်၌ ရှိသဖြင့်၊ ဖုန်ကျန်းထက် အဆင့် တစ်ခု မြင့်မား၏။
ထို့ကြောင့် ဖုန်ကျန်းကို ခက်ခဲသော အခြေ အနေသို့၊ ကျရောက် သွားစေရာ၊ ယဲ့ဇီလင်မှ ဝင် ရောက်ရန် ပြင်မိသည်။
“ စီနီယာ အစ်မ ယဲ့ ... ၊ မင်းက ငါတို့ရှေ့ အမြဲ ရပ်ပေး ခဲ့တယ်၊ ဒီတစ်ခါတော့ နောက်မှာ နေပါ၊ တိမ်လွှာ ဓားဂိုဏ်းရဲ့ တပည့် တွေက၊ လူရိုင်းတွေ မဟုတ်ဖူး ဆိုတာ၊ ငါ သက်သေ ပြလိုက်မယ်။ ”
ဖုန်ကျန်းမှ ယုံကြည်ချက် ရှိရှိ ပြန်ပြော လာသည်။ သူ့စကားကြောင့် ယဲ့ဇီလင် ခမျာ အံ့သြသွား သော်လည်း၊ ၎င်းတို့ ကြီးပြင်း လာ ကြသည့် အပေါ်၊ ဝမ်းသာ သွားသည်။
“ ဟား ဟား ဟား ... ၊ ဖား တွေက သူတို့ကိုယ် သူတို့၊ ရေတွင်း ထဲမှာ ရှိနေတယ် ဆိုတာ၊ ဘယ်လိုလုပ် သိမှာလဲ၊ ကောင်းကင်ကြီး ဘယ်လောက် မြင့်တယ် ဆိုတာ၊ ငါ ပြမယ်။ ”
ကျန်းရှန် လက်ဖဝါး တဝိုက်တွင်၊ ကြယ်ရောင် များက မြစ်တစ်စင်း အလား၊ စီးဆင်း လှည့်ပတ် လာစဉ်၊ ပြော၏။
“ ဝှစ် ... ။ ”
သို့သော် ဖုန်ကျန်းသည် အေးစက်သော အမူအရာဖြင့်၊ လက်နှစ်ဖက်ကို ဆန့်ထုတ်ပစ် လိုက်သည်။
“ ဝုန်း ... ။ ”
ကြယ်စွမ်းအင် များက နေမင်းကြီး တစ်စင်း ကဲ့သို့၊ ပြေးထွက် သွားလေသည်။ မြစ်နှင့် နေတို့ တိုက်မိသော အခါတွင်၊ နှစ်ဦး စလုံး နောက်ပြန် ဆုတ်လိုက် ရသည်။
“ ချင်းကန်ကို ကြည့်ပြီး ... ၊ ဒါကို သူ နားလည် လာတာလား။ ”
ဖုန်ကျန်း၏ တိုက်ခိုက်မှုသည် ချင်းကန် အသုံးပြု ခဲ့သော ‘ရွှေနဂါး ကောင်းကင် သန့်စင် ခြင်း ပညာ ရပ်’၏၊ ရွှေနဂါး ပျံသန်းခြင်းနှင့်၊ ဆင်တူမှန်း၊ လင်းယွန် သိလိုက်သည်။
သို့သော် ကိုယ်ပိုင် နားလည်မှုနှင့်၊ တိမ်လွှာဓား များကိုပါ၊ ပေါင်းထည့် ထား သောကြောင့်၊ ဆန်းသစ် နေ၏။
ဖုန်ကျန်း တစ်ယောက် ဤမျှ လုံးလ ရှိနေလိမ့် မည်ဟု၊ မထင်ချေ။ သဘောကျ စရာ ပေပင်။
“ မဆိုးဘူး ... ၊ ဒါပေမယ့် ငါ သွေးမပူ သေးဘူး။ ”
လုံးလုံး လျားလျား ဖိနှိမ် နိုင်ခြင်း မရှိခဲ့ သဖြင့်၊ ကျန်းရှန်မှ ရှက်ဒေါသ ဝင်လာ တော့ သည်။
“ ရွှန်း ... ။ ”
ချက်ချင်း ဓားဆွဲ ထုတ်လိုက် သောကြောင့်၊ ကြယ်မြစ်က နဂါး တစ်ကောင်လို ဖုန်ကျန်းထံ လွှမ်းခြုံ သွားသည်။
“ ကျန်းရှန်က ကျန်းမိသားစု လူငယ် မျိုးဆက်မှာ၊ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်တယ်၊ ဂိုဏ်းကြီး တွေက ...
... တပည့်ကြီး တွေထက် သန်မာတယ်၊ မြေကမ္ဘာ ဓားရေး ကလည်း၊ အလှည့် အပြောင်း များတယ်။ ”
မြေကမ္ဘာ လက်ဖဝါးသည်၊ မြေကမ္ဘာ ပညာရပ်မှ ဆင်းသက် လာသည်။ ၎င်းတွင်၊ လက်ဖဝါး နည်းစနစ်၊ ဓား နည်းစနစ်နဲ့၊ ကျင့်ကြံမှု၊ နည်းစနစ်တို့ ပါဝင်သည်။
သူ့ဓားကို ဆွဲထုတ် သည်နှင့်၊ ရောင်ဝါ ပြောင်းလဲ သွားသောကြောင့်၊ လူတိုင်း စိတ် လှုပ်ရှား လာကြသည်။
“ ကြည့်ရတာ ... ၊ မင်းရဲ့ စီနီယာ အစ်ကိုက နည်းနည်း အားနည်း နေပုံပဲ။ ”
ကုန်းစွန်းယန်မှ စိတ်လှုပ်ရှား စွာဖြင့်၊ လင်းယွန်ဘေး လာရပ်သည်။ သူ့ နာမည်ကို လူတိုင်း သိစေရန်၊ ဤအခွင့် အရေးအား၊ အသုံးချ လို၏။
သူတော်စင် ကျန်း မျိုးရိုးလား။ ခြေနင်းတုံး အဖြစ်၊ သူ့အား လည်စင်း ပေးနေ သည်ဟု ထင် မိသည်။
“ ငါ့ ... စီနီယာ အစ်ကိုက၊ ကြီးပြင်းတာ အရမ်း နောက်ကျတယ်၊ ဒါကြောင့် သူ့မှာ အခွင့် အရေး ရခဲ့ ရင်တောင်၊ ...
... အခြေခံ အုတ်မြစ်က အားနည်း နေသေးတယ်၊ သူ့ရဲ့ ကျင့်ကြံမှု အရ၊ ဒီလောက် အထိ၊ ခံနိုင်တယ် ဆိုတာ၊ အထင်ကြီး စရာပါ။ ”
လင်းယွန်မှ ပြန်ပြောသည်။
“ ငါ့ အကူအညီ လိုလား၊ မင်းက ငါ့ကို ကူညီပေးခဲ့ ဖူးတဲ့ အတွက်၊ သူတော်စင် မိသားစု ဖြစ်နေ ရင်တောင်၊ ငါ မကြောက် ပါဘူး။ ”
“ ခဏလောက် စောင့်ကြည့် ရအောင်။ ”
ကျောက်ယန်မှ ကုန်းစွန်းယန်အား ဟန့်တား လိုက်သည်။
“ ဒီလူမိုက် စကား နား မထောင်နဲ့၊ ဆက်ကြည့် နေရင်၊ ကျန်း မိသားစုက မင်းရဲ့ စီနီယာ အစ်မ လက်ကို၊ တကယ် ယူသွား နိုင်တယ်။ ”
“ မိန်းကလေး ယဲ့ရဲ့ ... ၊ နောက်ခံကို ငါတောင် အကြမ်းဖျင်း ခန့်မှန်း နိုင်တယ်၊ ဒါကို ကျန်းတျန် မသိ ဖူးလို့၊ မင်း ထင်လား။ ”
ကျောက်ယန်က ခေါင်းယမ်းလျက် ကုန်းစွန်းယန်အား တည်ငြိမ်စွာ မေးခွန်းထုတ် လိုက်တော့သည်။
***