ငါတို့ စမ်းကြည့် ရအောင်။
Vol. 100 Ch. 1394
အမွှေးတိုင် တစ်ဝက် ကုန်လွန် သွားသည် အထိ၊ တိုက်ပွဲ ရလဒ်မှာ မထွက် သေးချေ။ သူတို့ ကြား တိုက်ပွဲသည် ပြင်းထန် လှပေ၏။
ယင်းကြောင့် လူတိုင်း တိမ်လွှာ ဓားဂိုဏ်း အကြောင်း၊ စတင် မေးမြန်း လာကြသည်။
“ သူတို့မှာ ကျင့်ကြံမှု ကွာခြားချက် ရှိတာတောင်၊ ကျန်းရှန်က ပြိုင်ဘက်ကို အနိုင် မယူနိုင် သေးပါလား။ ”
“ တိမ်လွှာ ဓားဂိုဏ်းရဲ့ တပည့် တစ်ယောက်က ကျန်းရှန်ထက် အရည် အချင်း ရှိတယ် လို့တော့ မပြောနဲ့။ ”
“ ဒီလိုလည်း မဟုတ်သေး ပါဘူး၊ ကျန်းရှန်က သူ့ရဲ့ ခွန်အားကို အပြည့် အ၀ အသုံးချ ထားမှ မဟုတ်တာ။ ”
ပတ်ဝန်းကျင်မှ ဝေဖန်သံ အမျိုးမျိုး များကြောင့်၊ ကျန်းမိသားစုမှာ အလိုမကျ ဖြစ်လာ သည်။
“ ကျန်းရှန် ... ၊ မင်း ငါတို့ကို အရှက်ခွဲ နေတာလား။ ”
ကျန်းရွှင်းမှ စိတ် မရှည်နိုင် တော့ချေ။ သူ့ အရည် အချင်းသည် ကျန်းရှန်ထက် သာလွန် သောကြောင့် မာန ကြီး၏။
“ အစ်ကိုကြီး ရွှင်း ... ၊ မင်း မနောက် ပါနဲ့၊ ဒီလို လူရိုင်းကို ငါ့ ကျင့်ကြံမှုနဲ့၊ အခွင့်ကောင်း မယူချင် လို့ပါ၊ တော်ကြာ သူတို့ကို အနိုင် ကျင့်တယ် လို့၊ ...
... တခြား လူတွေကို ... ၊ လျှောက်ပြော နေခဲ့ရင် ခက်ရ လိမ့်မယ်၊ ဒါပေမယ့် ... မင်းပြော နေမှတော့၊ ငါ အဆုံးသတ် ပေးမယ်။ ”
သူ့ လုပ်ရပ် တိုင်းသည် ဖုန်ကျန်းအား နာမည်ကြီး စေရန်၊ ဖန်တီး နေသကဲ့သို့ ဖြစ်နေ မှန်း သိလာ ရသည်။
“ ဒါကို ... အဆုံးသတ် လိုက်မယ် တဲ့လား၊ ဟား ... ဟား ... ဟား ... ၊ လျှပ်စီး တိမ်လွှာ ဓား ဂိုဏ်းဆိုတာ မင်းတို့ အနိုင်ကျင့် ချင်တိုင်း ကျင့်ခွင့် ရှိတဲ့၊ ဂိုဏ်း မဟုတ်ဘူး။ ”
အဆုံးတွင် ကုန်းစွန်းယန် တစ်ယောက်၊ စိတ်ရှည် သည်းခံ နိုင်မှု ပျောက်ဆုံး သွားကာ ကောင်းကင်ပေါ် ခုန်တက်လျက်၊ ရယ်မော လိုက်တော့သည်။
တောက်ပသော ဓားရောင်ခြည်များ ဖြာထွက်လာပြီး၊ လျူချင်းယန်နှင့် တိုက်ခိုက် နေသော ကျန်းမိသားစု ဝင်များထံ၊ လက်ဖဝါး တစ်ချက် ရိုက်ထုတ် ပစ်၏။
ထိုလက်ဖဝါးက လျူချင်းယန် အနားတွင် ရှိသော ကျန်း မိသားစု ဝင်များကို၊ ချက်ချင်း လွင့်စဉ် ကုန်စေသည်။
“ အိုး ... ဟား ဟား ဟား သူတော်စင် ကျန်းမိသားစု တဲ့လား၊ အထင်ကြီး စရာလည်း ဘာမှ မရှိ ပါလား။ ”
ကုန်းစွန်ယန်က လှောင်ပြောင် ရယ်မောလျက်၊ နောက်ထပ် သုံးယောက်ထံ ခုန်ဆင်း တိုက်ခိုက် လိုက်ပြန်သည်။
“ တိမ်ဖုံး နေသော နေမင်းကြီး။ ”
“ ဘုန်းနေမင်းရဲ့ ရောင်ခြည်တော်။ ”
“ မဟာ နေနတ်ဘုရား ဓား။ ”
လက်ကို ဓားအသွင် အသုံး ပြုကာ၊ ဓားရောင်ခြည်များ ဆက်တိုက် ထုတ်လွှတ် လိုက်သည်။ ကျန်းမိသားစုဝင် သုံးဦးမှ၊ ကမျော သောပါး တားဆီးလိုက် ရသည်။
သို့သော် ကုန်းစွန်ယန်၏ ဓားရောင်ခြည် များမှာ၊ သူတို့၏ ကြယ်စွမ်းအင် များကို ခွဲလျက်၊ ရင်ဘတ်ပေါ် ကျရောက် လာ၏။
“ ဝေါ့ ... ။ ”
ဤတစ်ကြိမ်၌ သုံးယောက်လုံး သွေး အန်သွားပြီး၊ လှေကား ထစ်များမှ လိမ့်ဆင်း သွားတော့သည်။
“ ကုန်း စွန်း ယန် ... ။ ”
“ ဒီလူက ... သာမန် ပါရမီရှင် တစ်ယောက်ပါ၊ ပင်မ နတ်ဘုရား ဖြစ်လာမှ ဘာလို့ ... ဒီလောက် သန်မာ နေရ တာလဲ။ ”
“ ဒါနဲ့ ... ဘယ်တုန်းက သူ တိမ်လွှာဓား ဂိုဏ်းနဲ့၊ ပေါင်းစည်း သွားတာလဲ။ ”
ကုန်းစွန်းယန် ခွန်အားမှာ လူတိုင်းကို မျက်လုံးပြူး သွားစေသည်။ အင်ပါ ရီယန် နယ်ပယ်၌ အထင်ကြီး စရာ သိပ်မရှိ ခဲ့ချေ။
“ အခု သူတို့က ကျန်း မိသားစုဝင် သုံးယောက်ကို ထပ်ပြီး၊ ဖယ်ထုတ် လိုက်ပြန်ပြီ၊ ဒီကိစ္စ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြေရှင်း နိုင်မယ်လို့ ငါတော့ မထင် တော့ဘူး။ ”
တိမ်လွှာဓား ဂိုဏ်းသည် အနည်းငယ် မာနကြီး လွန်းပေ၏။ ရပ်ကြည့် နေသည့် အခြား သူတော်စင် မိသားစု ဝင်များပင်၊ မျက်မှောင် ကြုတ် လာသည်။
တစ်ဖက်တွင် ကုန်းစွန်းယန် စရိုက်ကို သိထားသော လင်းယွန်မှာ အံ့သြ လာမိ၏။ ထို သူသည် မည်သည့် ဆက်နွယ်မှု မျိုး ကိုမျှ၊ စိတ်မ၀င် စားသော လူစားမျိုး ဖြစ်သည်။
ကြင်နာ တတ်ပြီး၊ အခွင့် အရေး ရပါက၊ လက်လွတ် မခံဘဲ၊ အခြေ အနေ မကောင်းသော်၊ ချက်ချင်း ဒူးထောက် ပေမည်။
ထို့ကြောင့် ကျန်း မိသားစု ကို ဆန့်ကျင်ရန် သတ္တိများ၊ မည်သည့် အရပ်မှ ရရှိလာ သည်ကို သိချင် သွား၏။
“ သွေ့ရော် ကျွန်းမှာ၊ ထူးခြားတဲ့ အခွင့် အရေး တစ်ရပ်ကို၊ သူနဲ့ ငါ ရခဲ့တယ်၊ ဒါကြောင့် သူ့မှာ ယုံကြည်ချက် ရှိလာပြီး၊ သူတော်စင် တွေ အာရုံကို ဆွဲဆောင် နေတာ ပဲ။ ”
ကျောက်ယန်မှ သူ့အတွေးကို ကြားဟန်ဖြင့်၊ ရှင်းပြ ပေးလာသည်။
“ မင်း ... ၊ ဘယ်လိုများ သတ္တိ ရှိလာ တာလဲ။ ”
ကုန်းစွန်းယန်ကို မှတ်မိ နေသော ကျန်းရွှင်းက ဒေါသဖြင့် အော်ငေါက် ပစ်လိုက် သည်။
ဤမျှ အထိ ကြီးထွား လာလိမ့် မည်ဟု မထင် ထားသော ကျန်းရှန်ပင်၊ မျက်မှောင်ကျုံ့ လာမိသည်။
“ အစ်ကို ရှန်နဲ့၊ အစ်ကို ရွှင်း သူ့ကို ငါတာဝန်ယူ ပါရစေ၊ အရင် တုန်းက ... ဒီကောင် ငါ့လက်မှာ ရှုံးနိမ့် ဖူးတယ်။ ”
ကျန်းမိသားစု မျိုးဆက်သစ် များတွင်၊ အဆင့်ခြောက် နေရာ၌ ရှိသော ကျန်းရန်မှ ဝင်ပြော လာသည်။
“ ဟိတ် ... ။ ”
လက်ဖဝါးတွင် ကြယ်စွမ်းအင် များကို စုဝေးလျက်၊ ကုန်းစွန်းယန် ဆီသို့ ခုန်ဝင်ကာ ရိုက်ချ ပစ်လိုက်သည်။
“ ဝူး ... ။ ”
နဂါးနက် တစ်ကောင် ပြေးထွက် လာပြီး၊ ကုန်းစွန်းယန်ကို ချက်ချင်း မျိုချပစ် တော့သည်။ ဤမြင်ကွင်းက ကြောက်စရာ ကောင်း၏။
“ ဟား ... ၊ ဟား ... ၊ ဟား ... ၊ သနားစရာ ကောင်းတဲ့၊ အကွက် လေးတွေ။ ”
ရုတ်တရက် ရယ်မော သံနှင့် အတူ၊ နဂါးနက်တွင် အက်ကြောင်းများ ပေါ် လာ၏။ ပြီး ... ၊ ဓားရောင်ခြည်များ ဖြာထွက် လာတော့သည်။
ဤအရာက ကျန်းရန်အား မျက်နှာ ပြောင်းလဲ သွားစေသည်။
“ ကုန်းစွန်းယန် ... ၊ ဒါက မင်းနဲ့ မဆိုင် ပါဘူး၊ မင်းက ကျန်း မိသားစု တစ်ခု လုံးကို ရင်ဆိုင်ချင် လို့လား။ ”
“ မင်းတို့ကိုယ် မင်းတို့ ... သူတော်စင် မိသားစု ဆိုပြီး၊ ဘဝင်မြင့် မနေနဲ့၊ တိမ်လွှာဓား ဂိုဏ်းက လူတွေကို၊ လူရိုင်း တွေလို ဆက်ဆံ နေတာ ငါ သည်းမခံ နိုင်တော့ဘူး၊ ဒီနေ့ ...
... ဓားဂိုဏ်းက တပည့်တွေ စုဆောင်း နေတာမို့၊ လူတိုင်းမှာ အခွင့် အရေး ရှိတယ်၊ တခြား လူတွေက မင်းရဲ့ ကျန်း မိသားစုကို ကြောက်ကြ ပေမယ့်၊ ငါ မပါဘူး။ ”
ကုန်းစွန်းယန်မှ ပြောပြီး၊ ပြေးဝင် တိုက်ခိုက်သည်။ ယင်းက ကျန်းရန်ကို ခြေလှမ်း များစွာ၊ နောက်ပြန် ဆုတ်သွား စေခဲ့၏။
ပင်မ နတ်ဘုရား နယ်ပယ် ရောက်ချိန်၌၊ တစ်ဖက်လူ အပေါ်၊ အသာစီး မရတော့ သဖြင့် ကျန်းရန်မှာ အံ့သြ သွားသည်။
တစ်ဖက်တွင် ဖုန်ကျန်းနှင့် တိုက်ခိုက် နေသော ကျန်းရှန်မှာ၊ သူ၏ ကျင့်ကြံမှုကို အသုံး ပြုလိုက် သဖြင့်၊ တိုက်ပွဲ အပေါ် ချက်ချင်း အသာစီး ရသွားသည်။
“ ဟိတ် ... ။ ”
ဆယ်ကြိမ် ပြည့်ပြီးနောက်၊ ဖုန်ကျန်းမှာ တောင့်မခံ နိုင်တော့ချေ။ ပခုံးကို လက်ဓားဖြင့် အထိုးခံ ရကာ၊ နောက်သို့ ခြေလှမ်း များစွာ ဆုတ်ပေး လိုက် ရသည်။
(လက်ဓား= ဓားရည်ရွယ်ချက် ပါသော လက်ချောင်းများ။ )
သူ့အား ကာကွယ် ထားသော ရွှေနဂါး အကာ အကွယ်ကြောင့်၊ ဒဏ်ရာ အနည်းငယ် မျှသာ၊ ရရှိ ခဲ့သည်။
ထို့စဉ် နောက်ထပ် ကျန်း မိသားစုဝင် ဆယ်ဦး ပျံသန်း လာပြီး၊ ဖုန်ကျန်း၊ လျူချင်းယန် နှင့် ကုန်းစွန်းယန်အား ဝိုင်းလာ တော့သည်။
ဤမြင်ကွင်းကို မြင်သော အခါ အေးစက်သော အငွေ့ အသက်များ ယဲ့ဇီလင် ထံမှ ထွက်လာ၏။
တိမ်လွှာ ဓားဂိုဏ်း အပေါ် အနိုင် ကျင့်လိုသော ကျန်း မိသားစု မည်မျှ သန်မာ မည်ကို၊ ကြည့်ရ ပေတော့မည်။
“ ဝှစ် ... ။ ”
နဂါးသွေး ဓားသုတ္တန်ကို လှည့်ပတ်လျက်၊ (၁၀)ပေ အရွယ် လျှပ်စီး ဓား အလင်း များနှင့်၊ ပစ်လွှတ် လိုက် လေသည်။
နဂါး ဟောက်သံက ပဲ့တင် ထပ်လာပြီး၊ ကျန်း မိသားစု ဝင်များ လွင့်စဉ် ကုန်တော့၏။ ဤဖြစ်စဉ် များကို ကြည့်ပြီး၊ ကျောက်ယန်က သက်ပြင်းချ လိုက်သည်။
“ ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရ တော့တဲ့ ပုံပဲ။ ”
လင်းယွန်မှ တုန့်ပြန်ခြင်း မရှိချေ။ ပထမ အဆင့်၌ ကျန်းမိသားစု ကဲ့သို့သော အင်အားစု များနှင့်၊ ပြဿနာ မဖြစ် လိုသည်မှာ အမှန် ပေပင်။
ကျန်းထောင် လွန်ခဲ့သည်။ ယဲ့ဇီလင် မလွန်ချေ။ သူမ လွန်ခဲ့ လျှင်ပင်၊ ၎င်းဘက်မှ ရပ်တည် ရပေမည်။ သူတို့ အားလုံးမှာ တိမ်လွှာဓား ဂိုဏ်းမှ ဖြစ်၏။
“ ဝှစ် ... ။ ”
ထိုစဉ် ကျောက်ယန်မှ သူ့ဘေးမှ လျစ်ခနဲ၊ ပျောက်သွားသည်။ ဓားရောင်ဝါကို ထုတ်လွှတ် လိုက်ပြီး၊ လူစုခွဲ ပေးလိုက်သည်။
သူ့အကြည့် များက ပျင်းရိ နေသော် ငြားလည်း၊ ထုတ်လွှတ် လိုက်သည့် ဓားရောင်ဝါ မှာ၊ ကြောက်စရာ ကောင်း လောက်အောင် ထက်ရှ နေ၏။
ဓားရောင်ဝါက တိုက်ခိုက် နေသော လူတိုင်းကို၊ လျင်မြန်စွာ နောက်သို့ တွန်းထုတ် ပစ်လိုက်သည်။
“ ငါတို့ အားလုံး၊ ဒီကိစ္စကို အေးအေး ဆေးဆေး ဖြေရှင်းလို့ မရတော့ ဖူးလား။ ”
စိတ်ပျက် ဟန်ဖြင့် ဖျန်ဖြေ စကားပြော လာသည့် ကျောက်ယန်ထံ ကြည့်ကာ၊ ကျန်းရန် တစ်ယောက် အံ့သြ သွားသည်။
ဤလူသည် သူတော်စင် မိသားစုမှ ဖြစ်ပြီး၊ ‘ဓားရူး’ အဖြစ် နာမည် ကြီး၏။ ထက်မြက်ကာ ဓားတာအို၌ ခရီးရောက် နေသူလည်း ဖြစ်သည်။
“ ကျောက်ယန် ... ၊ ငါတို့က ဒီဖားလေး တွေကို၊ ရေတွင်း ထဲမှာပဲ ရှိနေတယ် ဆိုတာ ...၊ သင်ပေး နေတာ၊ မင်း ဝင်စွက်ဖက် မို့လား။ ”
“ ငါတို့ ရေတွင်း ထဲက ဖားတွေ မဟုတ်ဘူး။ ”
ဖုန်ကျန်းမှ ဒေါသကြောင့် မျက်လုံးများ နီရဲလာ လေသည်။ သည်လူများမှာ သူတော်စင် မိသားစုမှ ဖြစ်ရုံဖြင့်၊ သူတို့ကိုယ် သူတို့ အခြား သူများထက်၊ သာလွန် သည်ဟု ထင်နေ၏။
“ မဟုတ် လို့လား၊ တိမ်လွှာဓား ဂိုဏ်း လေးက၊ ကျန်း မိသားစုနဲ့ ယှဉ်ချင် နေတာ၊ ဖားတွေ မဟုတ်လို့ ဘာတွေလဲ။ ”
ကျန်း မိသားစုသည် သူတို့နှင့် ညှိနှိုင်းရန် ရည်ရွယ်ချက် မရှိကြောင်း၊ သိလိုက်ရ သော ကြောင့်၊ ကျောက်ယန်မှ စိတ်ပျက် သွား၏။
၎င်းတို့ ကဲ့သို့ သူတော်စင် မိသားစု တစ်စုသည်၊ ကျေးလက် ဒေသမှ ဂိုဏ်းငယ် တစ်ဂိုဏ်းကို တိုက်ခိုက် ခြင်းမှာ၊ ရှက်စရာ ဖြစ်သည်။ သို့သော် ယင်းသို့၊ မြင်ပုံ မရဘဲ၊ ရန်ငြိုး ထားနေ၏။
“ တိမ်လွှာဓား ဂိုဏ်းက ... ၊ ဘာလို့ ဒီလောက် ရဲရင့် နေတာလဲ ဆိုတာ အံ့သြ စရာ မဟုတ် တော့ဘူး၊ မင်းက သူတို့ နောက်မှာ ရပ်တည် ပေးနေ တာကိုး၊ ...
... ဒါပေမယ့် မင်းလောက် နဲ့တော့ ငြိမ်းချမ်းရေးကို ညှိနှိုင်းဖို့၊ အဆင့် မမီ သေးဖူး ကျောက်ယန်၊ ငါရဲ့ ကျန်း မိသားစု ဆိုတာ လူတိုင်း စော်ကား နိုင်တဲ့ အဆင့်မှာ၊ ...
... မဟုတ်ဘူး၊ ငါတို့သာ ဒီအရိုင်း အစိုင်း တွေကို၊ အရေး မယူရင်၊ ငါတို့ ဘိုးဘေး တွေရဲ့ မျက်နှာကို ဘယ်သွား ထားရ မလဲ၊ သင်ခန်းစာ တစ်ခုမှ မပေး ရရင်၊ ငါ ကျန်းတျန် မဟုတ် တော့ဘူး။ ”
မောက်မာ လွန်းသော လေသံဖြင့်၊ အခင်းဖြစ်ပွား နေရာ အရပ်သို့၊ ကျန်းတျန်က တစ်လှမ်းခြင်း ပြန်ဆင်း လာသည်။
“ ဒါဆို ... ဒီနေ့ ဘယ်သူက သင်ခန်းစာ ပိုသင်ပေး နိုင်မလဲ ဆိုတာ ... ၊ ငါတို့ စမ်းကြည့် ရအောင်။ ”
လင်းယွန်က လှေကား ထစ် များကို ဖြည်းညှင်းစွာ တက်လာပြီး၊ ကျန်းတျန် စကား အား၊ ချက်ချင်း တုန့်ပြန် လိုက်တော့ သည်။
“ ညီ လေး ... ။ ”
ဖုန်ကျန်း၊ လျူချင်းယန်၊ ယဲ့ဇီလင်၊ ကုန်းစွန်းယန်နှင့်၊ ကျောက်ယန် အပါ အဝင် လူတိုင်းက၊ သူ့ထံ ပြန်လှည့် ကြည့်မိသည်။
***