← Chapters

မင်း ငါ့ကို ငုံ့ကြည့် နေတာလား။

Vol. 100 Ch. 1395

မင်း ငါ့ကို ငုံ့ကြည့် နေတာလား။

Vol. 100 Ch. 1395

လူတိုင်းက လင်းယွန်ကို သူတို့၏ ခေါင်းဆောင် အဖြစ် သဘော ထားသည်ကို မြင်သာ စေသည်။

ဖုန်ကျန်းမှ ကျန် မိသားစု၏ လူငယ် ပါရမီရှင်နှင့် ရင်ဆိုင်ပြီး၊ ခွန်အားကို သက်သေ ပြပြီး ဖြစ်သည်။ ထို့နောက် ယဲ့ဇီလင်၊ ကုန်းစွန်းယန်၊ ကျောက်ယန်တို့ ပါဝင် လာသည်။

အဆုံးတွင် ၎င်းတို့ အားလုံးထက် ပို၍ မောက်မာသော လူငယ် တစ်ယောက် လှမ်း တက် လာတော့၏။

“ အဲဒီ လူက ဘယ်သူလဲ၊ ကနဦး ပင်မ နတ်ဘုရား နယ်ပယ်နဲ့ ... ၊ ကျန်းတျန်ကို ဒီလို ပြောရဲလား။ ”

စပ်စု နေသော ပတ်ဝန်းကျင်ရှိ လူအုပ် ကြီးက လင်းယွန်ကို ကြည့်ကာ၊ စိတ်ဝင်စား လာကြသည်။

“ လွန်ခဲ့တဲ့ သုံးလက ချင်းကန်ကို မင်း အနိုင်ယူ ခဲ့တာ ငါ ကြားပါတယ်။ ”

ကျန်းတျန်က လင်းယွန်ထံ ကြည့်ကာ ပြောသည်။ သူ့လေ သံတွင် ရန်လိုသော အငွေ့ အသက်များ ပါဝင် နေသည်။

“ မင်း ... ငါ့ အကြောင်းကို စုံစမ်းထား ပုံပဲ။ ”

“ မဟာ သူတော်စင် မူလ ပုလဲ ဘယ်သူ ရခဲ့လဲ ဆိုတာ လူတိုင်း သိပါတယ်၊ စုံစမ်း စရာ မလိုပါဘူး၊ ဒါပေမယ့် ဒါက အစစ်လား၊ အတုလား ငါ သိချင်တယ်။ ”

ကျန်းတျန်မှ ပြုံးကာ တုန့်ပြန် လိုက်သည်။ တစ်ဖက်လူ သတင်းကို သူတို့ မိသားစုမှ ရထား သော်လည်း၊ သွေ့ရော် သူတော်စင် အမွေနှင့် ပတ်သတ် ၍မူ အတည် မပြုနိုင် ခဲ့ချေ။

ဤအရာသည် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များသာ သန့်စင် နိုင်သည့် အရာ ဖြစ်သည်။ ကနဦး အဆင့်ဖြင့် သန့်စင် ခြင်းသည် သေခြင်း မည်၏။

“ ဆိုတော့ ... ၊ ဒါက ကျန်း မိသားစုရဲ့ ရည်ရွယ်ချက် ပေါ့ ... ။ ”

ကျန်းထောင်ကို စမ်းသပ်မှု၌ မြင်စဉ် ကတည်း ကပင်၊ တစ်စုံ တစ်ရာ မှားယွင်း နေပြီ ဖြစ်ကြောင်း မှန်းဆ ထားမိသည်။ ထို့ကြောင့် ကျန်းတျန်အား စိတ်မဝင် စားဘဲ၊ ယဲ့ဇီလင်ကို မတိုက်ခိုက် ပါက၊ ဝင်ပါ မိမည် မဟုတ်ချေ။

“ တကယ် မာနကြီး တာပဲ ... ၊ ငါ မင်းကို အမှန်အတိုင်း ပြောစရာ ရှိတယ်၊ ချင်းကန်က ငါ ကောင်းကင် အဆင့် မရောက်ခင်၊ ဆယ်ကြိမ် တိတိ စိန်ခေါ် ခဲ့ပြီး၊ ဆယ်ကြိမ်လုံး ရှုံးခဲ့တယ်။ ”

“ သာလွန် ပင်မ နတ်ဘုရား တစ်ပါးက အမည်ခံ ပင်မ နတ်ဘုရား တစ်ပါးကို အနိုင်ယူ နိုင်တာ၊ အထင်ကြီး စရာ ရှိလို့လား။ ”

လင်းယွန်မှ ပြန်လည် လှောင်ပြောင် လိုက်သည်။ လချင်းကန်မှ ၎င်းကို ထုတ်ပြောခဲ့ ဖူးသည်။ သို့သော် ချင်းကန် သည်ပင် ထိုအရှုံးကို အထင် မကြီး သည့်နောက်၊ သူ သည်လည်း စိတ်ဝင်စား နေစရာ မရှိချေ။

“ ကြည့်ရတာ နားမလည် သေးဖူးပဲ၊ ချင်းကန်တောင် ငါ့ ရှေ့မှာ ဘာကောင်မှ မဟုတ် သေးဖူး ဆိုတာ ပြောချင်တာ၊ ဒါကြောင့် မင်းရဲ့ တိမ်လွှာ ဓားဂိုဏ်းကို မျက်နှာသာ ပေးဖို့၊ အရည် အချင်း မမီ သေးဘူး။ ”

“ မင်းလို လူ တစ်ယောက်က ဘာလို့ ဒီလောက် အထိ၊ စိတ်ဓာတ်တွေ နိမ့်ကျ နေရလဲ ဆိုတာ၊ ငါ စဉ်းစား နေတာ၊ ရန်ငြိုး ရှိရင်တောင်၊ စမ်းသပ်မှု ပြီးတဲ့ အခါ၊ ငါတို့ ဖြေရှင်းလို့ ရပါ သေးတယ်။ ”

ရေှာင်လွှဲခွင့် ရှိပါက ရန်မဖြစ် လိုချေ။ ဖုန်ကျန်း တို့၏၊ ဓားဂိုဏ်း ဝင်ရန် အခွင့် အရေး၊ ဆုံးရှုံး သွားမည်ကို စိုးရိမ်သည်။

“ မင်း ... နားမလည် သေးပါလား၊ ဒီမှာ မင်းက ငါ့ကို တိုက်ခိုက်ဖို့ မပြောနဲ့၊ စကားပြော ဖို့တောင် အရည်အချင်း မရှိဘူး၊ ဒီကိစ္စ ခွင့်လွှတ် စေချင်ရင်၊ မဟာ သူတော်စင် မူလ ပုလဲ ရခဲ့ကြောင်း ဝန်ခံပါ။ ”

“ မင်းနဲ့ မဆိုင် ပါဘူး။ ”

“ ကောင်းပြီ ... ၊ ငါနဲ့ ဆိုင်လား မဆိုင်လား၊ မင်း သိလာ မှာပါ။ ”

ကျန်းတျန်က ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ ဓားရောင်ဝါအား ဖွင့်ထုတ် လိုက်သည်။ အရေပြားများ ခရမ်းရောင် သမ်းလာကာ၊ သတ္တု ရုပ် ကဲ့သို့ ချက်ချင်း ပြောင်းလဲလျက်၊ လင်းယွန် ကို လက်သီးဖြင့် ထိုးချ ပစ်၏။

မြေကမ္ဘာ စက်ဝန်း သုတ္တန်နှင့် သူ့ခန္ဓာ ကိုယ်ကို သန့်စင်ထား ခဲ့သည်။ ၎င်းအား မြင့်မား သော အဆင့်သို့ ရောက်သွားသော်၊ သူတော်စင် လက်နက် ပင်၊ တိုးမပေါက် တော့ချေ။

“ ဝှစ် ... ။ ”

လင်းယွန်က ဘေးသို့ စောင်းကာ ပြိုက်ဘက်၏ လက်ကို ရှောင်သည်။ အကယ်၍ လွန်ခဲ့သော နှစ်လ ကသာ ဆိုပါလျှင်၊ ဆယ်ကြိမ် အတွင်း ရှုံးနိမ့်ရ ပေမည်။

ကျန်းတျန်၏ ဓားတာအို ထိုးထွင်း နားလည်မှုသည် ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ နေခဲ့ပြီး၊ ကျင့်ကြံ မှုမှာ ကောင်းကင် ပင်မ နတ်ဘုရား၌ ဖြစ်၏။

“ မြေကမ္ဘာ စက်ဝန်း- အနန္တ မြစ်။ ”

ကျန်းတျန်က လက်များကို ဖွင့်ကာ၊ ဓားစွမ်းအင်များကို လောင်းထည့် လိုက်သည်။ ဤသည်မှာ ဓားရေး တစ်ရပ် ဖြစ်သော်လည်း၊ လက်ချောင်း များဖြင့်၊ အသုံး ပြုခြင်း ဖြစ်၏။

လေဟာနယ် အတွင်း၊ ညင်သာစွာ ဝှေ့ယမ်းရာ၊ ကြယ်စွမ်းအင် များက မြစ်ကဲ့သို့ လိုက်ပါ လာသည်။

“ နေ-လ လက်သီး၊ - ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”

နှစ်ဖက် စလုံး ထိပ်တိုက် တွေ့ကြသော အခါတွင်၊ တုန်လှုပ် ချောက်ချား ဖွယ်ရာ လှိုင်း တစ်ခု၊ ဖြစ်ပေါ် လာသည်။

တိုက်ပွဲ အတွင်း ကြားညှပ် ကုန်မည် စိုးသဖြင့်၊ နှစ်ဖက် စလုံး၏ အဖွဲ့သား များက ချက်ချင်း နောက်ဆုတ် သွားတော့သည်။

ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက် အတွင်းရှိ၊ ပါရမီရှင် တစ်ဦးသည် အမှန် တကယ် ကြောက်မက်ဖွယ် ကောင်းချေ၏။

ရွှေကျီးကန်းနှင့် ငွေဖီးနစ် ပုံရိပ်များ အက်ကွဲကုန်ပြီး၊ လင်းယွန် ဘယ်ဘက် လက်၌ ဒဏ်ရာ ရသွားသည်။ သွေးများ စီးကျ လာ၏။

အသက် တစ်ရာ အောက်တွင် ဆိုက၊ ကျန်းတျန်၏ ခွန်အားသည် ထိပ်တန်း (၁၀၀၀) စာရင်း ဝင်သည်။ မျိုးဆက်တူ အတွင်းမူ၊ (၁၀၀၀) အထိ တက်လာ နိုင်၏။

တစ်ဖက်တွင် ပင်မ နတ်ဘုရား နယ်ပယ်မှ ထူးချွန်သူ များနှင့်၊ ရင်ဆိုင်ရန် လင်းယွန် လည်း၊ ပြင်ဆင် မှုများ ပြုလုပ် ထားသည်။

သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ဖြန့် လိုက်သော အခါတွင်၊ လက်မောင်း၌ အလင်း ဖျော့ဖျော့များ တောက်ပ လာ၏။

ဤမြင်ကွင်းသည် ကောင်းကင် အဆင့်ရှိ ကျန်းတျန်ကို အံ့အားသင့် စေခဲ့သည်။ သူသည် ခရမ်းရောင် နန်းတော်၌၊ ကြယ် တစ်ပွင့်သာ ဖန်ဆင်း ထားသော်လည်း၊ ပညာရှင် စစ်စစ် ဖြစ်နေဆဲ ပေပင်။

သည့်အပြင် မြေကမ္ဘာ စက်ဝန်း ခန္ဓာ သန့်စင်ခြင်း ပညာရပ်သည်၊ သူတော်စင် နဂါး ခန္ဓာကိုယ် ပညာ ရပ်ထက် နိမ့်ကျခြင်း မရှိချေ။

ထို့ကြောင့် လင်းယွန်နှင့် ယှဉ်နိုင် ရာ၌၊ အနည်းငယ် မျှပင် ရွေ့အောင် မလုပ်နိုင် ခဲ့သည့် အပေါ်၊ နား မလည်နိုင် ဖြစ်လာသည်။

သို့သော် ရုတ်တရက် သတိ ရလာပြီး၊

“ အိုး ... မင်းက တကယ်ပဲ သေွ့ရော် သူတော်စင်ရဲ့၊ မူလ ပုလဲကို ရခဲ့ တာပဲ၊ အရမ်း ကံကောင်းတယ်၊ ကနဦး အဆင့်နဲ့ ငါ့ကို ရင်ဆိုင် နိုင်တာ အံ့သြစရာ မရှိတော့ ပါဘူး။ ”

-ဟု ပြုံးကာ ပြောလိုက်သည်။

“ မင်းနဲ့ ဘာမှ မဆိုင် ဖူးလို့ ငါ ပြောထားတယ် မဟုတ်လား။ ”

“ ဟား ဟား ဟား ... ၊ တောင်ပိုင်း ဧကရာဇ်ရဲ့ လျှို့ဝှက်ချက် ပါဝင်တဲ့၊ သေွ့ရော် မဟာ သူတော်စင်ရဲ့ အမွေကို၊ ငါနဲ့ မဆိုင် ဖူးလို့ ဘယ်သူ ပြောရဲလဲ။ ”

သူ့အမြင်တွင် မဟာ သူတော်စင် မူလ ပုလဲကို ရရှိ ပြီးနောက်၊ ဤသို့ မောက်မာသော အသွင်ကို ပြနေသည့်၊ လင်းယွန်မှာ သေခြင်း တရားကို ဖိတ်ခေါ် နေခြင်း ပေပင်။

သူ့အထက် ကောင်းကင်တွင် ကြယ်မြစ် (၁၈)စင်း ရစ်ခွေ စီးဆင်း လာသည်။ ထို့နောက် လက်ချောင်း များ၌ ဓားရောင်ခြည်များ စုစည်း လိုက်၏။

“ နေ နဂါး နှင့် လ ဆေးအိုး။ ”

လင်းယွန်က နေ-လ လက်သီး၏ ဒုတိယ ပုံစံကို ချက်ချင်း ထုတ်လိုက် ရသည်။ နေနှင့် လက သူ့ခန္ဓာ ကိုယ်မှ ပျံထွက် သွား၏။

ပြီးနောက် ကြယ်မြစ် (၁၈)စင်းကို ခွဲထုတ် ပစ်ရန် ကြိုးစား တော့သည်။ ကျန်းတျန်၏ ဓား ရောင်ဝါမှာ၊ ချက်ချင်း ကျုံ့ဝင် သွား၏။

“ ဝုန်း ... ။ ”

နှစ်ဖက် စလုံး ထိပ်တိုက် တွေ့ကြသော အခါတွင်၊ သူ့ အပေါ်ရှိ ကြယ်မြစ်များ မှိန်ဖျော့ လျက်၊ ကျန်းတျန် တစ်ယောက် နောက်ပြန် ဆုတ်လိုက် ရသည်။

“ နေလ လက်သီး - ထာဝရ အလင်း။ ”

သည့်စဉ် လင်းယွန်က နောက်တလှမ်း ဆုတ်ကာ အားယူ လိုက်ပြီး၊ ကျန်းတျန် အပေါ် လက်သီးမိုး ရွာချ ပစ်၏။

“ ဒါက ဘယ်လို လက်သီး နည်းစနစ် များလဲ။ ”

တစ်ဖက် လူ၏ လက်သီး နည်းစနစ်မှာ၊ အဆင့်နိမ့် တစ္ဆေ ဝိညာဉ် ပညာရပ်နှင့် ယှဉ်နိုင် လုနီးပါး ဖြစ်နေ သောကြောင့်၊ ကျန်းတျန်မှ တုန်လှုပ် သွားသည်။

တစ်ဖက် လူသည် ၎င်းအား သရုပ်ဖော် အဆင့်ထိ ရယူထား သဖြင့်၊ များစွာ အခက်တွေ့ လာရ တော့၏။

“ အိုး ... သူက တကယ်ပဲ တိမ်လွှာ ဓားဂိုဏ်းက လာတာလား၊ ငါတော့ မယုံတော့ ဘူး။ ”

“ ဟုတ်ပါ့ကွာ ... ၊ ကောင်းကင်ကို အန်တု လွန်းတယ်၊ တိမ်လွှာ ဓားဂိုဏ်းက ဒီလို ဘီလူး တွေကို ဘယ်လိုများ ပျိုးထောင် နိုင်ခဲ့ ပါလိမ့်။ ”

“ မင်း မကြား ဖူးလား၊ အဲဒီ လူက ချင်းကန်ကို အနိုင် ယူနိုင် ခဲ့တဲ့၊ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်က၊ ချန်ပီယံပဲ။ ”

အားလုံး၏ အကြည့် များက လင်းယွန် အပေါ်သို့ ကျဆင်း လာပြီး၊ အာမေဋိတ် သံများ ညံနေ တော့သည်။

“ ဒါတော့ ... ၊ မင်း တို့တွေ အရမ်း ခေတ်နောက်ကျ နေပြီ၊ သူက ပန်းသင်္ချိုင်း လင်းယွန်ပဲ၊ ကောင်းကင်လမ်း သမိုင်း တစ်လျှောက်မှာ ...

... အရက်စက်ဆုံး ချန်ပီယံ အဖြစ် လူ သိများတယ်၊ စစ်မက် နယ်မြေ သခင်ငယ် (၁၀) ပါးကို ဖြတ်ကျော်ပြီး၊ နဝမမြောက် ကောင်းကင် လမ်း ကနေ တက်လာတဲ့ လူ မဟုတ်လား၊ ...

... ဒါပေမယ့် ဒီလို လူက ဓားဂိုဏ်း ထဲကို ဘာလို့ ... တိုက်ရိုက် မဝင်ခဲ့ တာလည်း ဆိုတာ၊ ငါ စဉ်းစားလို့ မရဘူး။ ”

သူတော်စင် မျိုးနွယ်စုမှ လူငယ် တစ်ဦးက လင်းယွန်ကို ငေးကြည့်ပြီး ပြောသည်။ သူတို့မှာ သာမာန် သူတော်စင် မိသားစုများ ဖြစ်သဖြင့်၊ ကျန်း မိသားစုကို အန်တု နေသော လင်းယွန်အား လေးစား ပေ၏။

“ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ဒီလို စစ်မှန်တဲ့ ဓားဘီလူး တစ်ကောင် ပေါ်နေတာ၊ ငါ ဘာလို့ မသိရ တာလဲ။ ”

အောက်တန်း နယ်မြေမှ လူငယ် တစ်ဦး အနေဖြင့်၊ ရှေးဟောင်း သူတော်စင် မိသားစု၏ ပါရမီရှင်ကို၊ လက်ရည်တူ တိုက်ခိုက် နိုင် သည်မှာ၊ လေးစား စရာ ပေပင်။

လူတိုင်းက လေှကားထစ် များကို ဆက်မတက် တော့ဘဲ၊ ရပ်ကာ ကြည့်ရှု လာ တော့သည်။

ထိုစဉ် ကျန်းတျန်က ဓားအား၊ ‘ရွှန်းခနဲ’ ဆွဲထုတ် လိုက်၏။ လင်းယွန် မှာမူ၊ သူ့ ဝတ်ရုံစ ကိုသာ ဆုပ်ဖြဲ လျက်၊ ဓားရည်ရွယ်ချက်အား လောင်းထည့် လိုက်သည်။

“ ရွှပ် ... ။ ”

ပျော့ဖတ် နေသော အဝတ်က၊ ‘ငေါက်ခနဲ’ ချက်ချင်း ဆန့်ထွက် လာပြီး၊ ဓား တစ်လက်လို ထက်ရှသော ခံစား ချက်များ ပေးစွမ်း လာ တော့သည်။

“ မင်း ... ၊ ငါ့ကို ငုံ့ကြည့်နေ တာလား။ ”

ထိုမြင်ကွင်းက ကျန်းတျန်အား ဒေါသ ထွက်လာ စေ၏။

“ အနည်း ဆုံးတော့ ... ၊ မင်း အမြင် အာရုံက ကောင်းသေးတယ်။ ”

လင်းယွန်မှ ချက်ချင်း တုန့်ပြန် လိုက်သည်။

***

All Chapters