ပြိုင်ဘက်ကင်း ပါရမီရှင်။
Vol. 100 Ch. 1396
“ ဟား ... ဟား ... ဟား ... ၊ ဒီကောင် ကတော့ လူ တစ်ယောက်ကို ဘယ်လို စိတ်ဆိုး အောင်၊ လုပ်ရ မလဲ ဆိုတာ၊ ကောင်းကောင်း သိတယ်။ ”
ကုန်းစွန်းယန်မှ ကျယ်လောင်စွာ ရယ်မော လိုက်သဖြင့်၊ ကျန်း မိသားစုဝင် များမှာ မျက်နှာ မည်းမှောင် သွားသည်။
“ ဟမ့် ... ၊ မင်းက သေချင် နေတာပဲ။ ”
ကျန်းတျန်က ဒေါသ တကြီး ဓားနှင့် လှမ်းထိုး၏။ သူ့ ခွန်အားကြောင့် သူတော်စင် ဓားမှာ၊ အသွင် ကူးပြောင်း သွားသည်။
ဓား တစ်လက်မှန်း ထင်ရှား သော်လည်း လင်းယွန်ထံ ရောက်လာ ချိန်တွင်၊ မရေ မတွက် နိုင်သော ဓားရိပ်များ ဖြစ်လာသည်။
“ တိမ်နှင့် လေပြင်းများ ... ။ ”
“ ကောင်းကင်သို့ ... ။ ”
“ တိမ် နဂါး ... ။ ”
အရိယာ ကောင်းကင် ဓားဖြင့်၊ တိမ်လွှာ ဓား(၁၃) ကွက်ကို ရှောင်တခင် ထုတ်ဖော် လိုက် ၏။
ဖုန်ကျန်း အတွက်၊ အစွမ်းထက် ဆုံးသော ဓား(၃) ချက်သည်၊ လင်းယွန်မှ လက်လွှဲ ရုံဖြင့် အလွယ် တကူ ထွက်ပေါ် လာသည်။
ဓားရောင်ခြည် သုံးစင်း အထပ်ထပ် ဖြစ်လာပြီး၊ ရွာကျ လာသော ကျန်းတျန်၏ ဓားရိပ် များကို၊ ဟန့်တား ဖျက်ဆီး တော့၏။
“ မြေကမ္ဘာ စက်ဝန်း- အနန္တ မြစ်။ ”
ထို့ကြောင့် ကျန်းတျန်မှ နောက်ထပ် ဓားချက်များ ဆက်၍ ပစ်လွှတ် လိုက်ရသည်။ ကြယ်စွမ်းအင်များ ပေါက်ကွဲ လာပြီး၊ ရေတံခွန် ကဲ့သို့ ဖိအားများ ဆက်တိုက် ထုတ်လွှတ် လာ၏။
ဤဖြစ်စဉ်များ အောက်တွင်၊ သာမန် သာလွန် ပင်မ နတ်ဘုရား တစ်ပါး သည်ပင်၊ ရွေ့လျားရန် ခက်ခဲ လာချေပြီ။
မြေကမ္ဘာ စက်ဝန်း ဓားရေး အပေါ်၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ ခဲ့ကြောင်း၊ သက်သေ ပြရာ ရောက်သည်။
တစ်ဖက်တွင် ပြီးပြည့် စုံသော သဘာဝ ဖြစ်စဉ်များကို ကြည့်ကာ၊ အဝတ်ဓား ကိုင်လျက် လင်းယွန်မှ ခြေလှမ်း သုံးလှမ်း နောက်ပြန် လိုက်ရ၏။
နောက်ဆုတ် လျက်ဖြင့်၊ တိမ်လွှာဓား (၁၃)ကွက်၏ နောက်ဆုံးသော ဓား နှစ်ကွက်ကို ဆက်တိုက် ထုတ်ဖော် လိုက်သည်။
“ မြသားရောင် ကြယ်တွေနဲ့၊ တိမ်တွေ ထက်က အပြာရောင် တောင်တန်းကြီး။ ”
နှစ်ဘက် တိုက်မိသော အခါ လေဟာနယ် အက်ကြောင်းများ ပေါ်လာပြီး၊ ငှက်ပြာလေးများ အော်ဟစ် လာသဖြင့်၊ လင်းယွန်မှ နောက်ထပ် ခြေ (၃)လှမ်း ဆုတ်ပေး လိုက်ရ ပြန်သည်။
“ မင်းမှာ ... မဟာ သူတော်စင် မူလ ပုလဲ ရှိနေရင်တောင် ဘာဖြစ် သေးလဲ၊ ကောင်းကင် အဆင့် ပင်မ နတ်ဘုရား ဆိုတာ မင်း စမ်းသပ် စရာ နယ်ပယ် မဟုတ်ဘူး။ ”
မီး ရည်ရွယ်ချက်ကို၊ ဓား အတွင်းသို့ ပေါင်းစပ်လိုက် သဖြင့်၊ ကြယ် စွမ်းအင်များ စတင် လောင်ကျွမ်း လာ၏။
အဆိုပါ မီး ရည်ရွယ် ချက်ကြောင့်၊ တတိယတန်း ဓား ရည်ရွယ်ချက်သည်၊ ၎င်း၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ၊ စတုတ္ထ တန်းသို့ ခြေ တစ်လှမ်း နင်းသွား တော့သည်။
( အမည်ခံ အရိယာ ကောင်းကင်ဓား အဆင့်။ )
“ အထွတ် အထိပ် တတိယတန်း မီး ရည်ရွယ်ချက်။ ”
“ လ ခွမ်း ... ကျန်းတျန်က ပင်မ နတ်ဘုရား အဆင့်ကို တက်ရောက် နိုင်တာ အံ့သြ စရာ မရှိတော့ ပါဘူး၊ ဒါက သူတော်စင် မိသားစု တွေရဲ့ အခြေခံ အုတ်မြစ်ပဲ။ ”
သိုင်း ရည်ရွယ်ချက်များ အပေါ်၊ ကျန်းတျန်း၏ နားလည် နိုင်စွမ်းက၊ လူတိုင်း အား မနာလို ဖြစ်လာ စေသည်။
အရိယာ ကောင်းကင်ဓား ဟူသည် ဓားသမားတိုင်း အတွက်၊ အခက်ခဲ ဆုံးသော မှတ်တိုင် ဖြစ်၏။ အများ စုမှာ သေဆုံး သွား သည့်တိုင်၊ မထိတွေ့ သွားကြချေ။
နဂါးသွေး လွှတ်ကြော နယ်ပယ်မှ ဉာဏ်ကြီးရှင် ဓားသမား များ သည်ပင် ၎င်းကို ဆုပ်ကိုင်ရန် ခက်ခဲ လှသည်။
ထို့ကြောင့် ဓားသမား များသည် အရိယာ ကောင်းကင်ဓားနှင့် ယှဉ်နိုင် စေရန်၊ ၎င်းတို့၏ ဓား ရည်ရွယ်ချက် များတွင်၊ အခြားသော သိုင်း ရည်ရွယ်ချက် များကို၊ ပေါင်းစပ် ကြသည်။
သို့တိုင် ဤသို့ ပြုလုပ်ရန်၊ အရည် အချင်း တစ်ခု လိုအပ်သည်။ ယင်းက လွယ်ကူသော လုပ်ငန်းစဉ် တစ်ရပ် မဟုတ်ချေ။
မြောက်များ စွာသော ရုပ်ပိုင်း ဆိုင်ရာ အရင်းအမြစ် များနှင့် ထိုးထွင်း သိမြင် နိုင်စွမ်း များ၊ ရှိရ ပေမည်။
ဓားတွင် မီးတောက် လာသည်နှင့်၊ ကျန်းတျန် ရောင်ဝါမှာ၊ မယုံနိုင် လောက်အောင် မြင့်မား လာ၏။
ထို့ကြောင့် လှေကားထစ် (၄၀၀) ရာ အောက်ရှိ လူတိုင်း အပေါ်၊ ဖိအားများ ပြိုကျ သွား တော့သည်။
တစ်ချိန် တည်းမှာပင်၊ ကျန်းတျန်၏ ကြယ်မြစ်သည် မီးထ တောက်လာပြီး၊ မီးမြစ် တစ်စင်း အဖြစ်သို့ ပြောင်းလဲ သွားသည်။
“ ဖောင်း ... ၊ ဖောင်း ... ၊ ဖောင်း ... ။ ”
လေထု အတွင်း အသေးစား ပေါက်ကွဲမှု များကြောင့်၊ ကျန်းတျန်၏ အဝတ် အစားများ လွင်စင် ကုန်ကာ၊ ခန္ဓာကိုယ် ဗလာကျင်း သွား၏။
မီးနတ်ဘုရား တစ်ပါး အလား ပေပင်။
လင်းယွန်က နဂါး-ဖီးနစ် ဓားရောင်ဝါ သုံးကြိုးကို အသက်သွင်း လိုက်ရာ၊ ရွှေဝါရောင် အလင်းများ ဖြာထွက် လာပြီး၊ မီးမြစ်၏ ဖိအားကို တွန်းလှန် တော့သည်။
မျက်ခုံး အလယ်မှ ရွှေလူသားက မျက်စိ ဖွင့်ကြည့်ကာ၊ ဓားကိုင် လက်ကို ထိန်းချုပ်လိုက် သကဲ့သို့၊ အဝတ်ဓား တုန်ခါ သွားလေသည်။
“ ဟိတ် ... ။ ”
သည့်နောက် အဝတ်ဓားမှာ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ မီးမြစ်အား ထက်ပိုင်း ဖြတ် လိုက်သည်။
ကျန်းတျန် တစ်ယောက် မတုံ့ပြန် နိုင်ခင် မှာပင်၊ မီးမြစ် ထက်ပိုင်း ပြတ်သွားပြီး၊ အဝတ် ဓားက၊ ခန္ဓာ ကိုယ်ပေါ် ကျရောက် လာ၏။
“ ထန် ... ။ ”
တစ်ချိန်တည်း မှာပင် သူ၏ သူတော်စင် ဓားမီးတောက် သည်လည်း၊ လင်းယွန် ခန္ဓာပေါ် ကျရောက် သွားသည်။ ချက်ချင်း မီးပွားများ ပွင့်ထွက်လာ တော့၏။
လင်းယွန်မှာ ရွှေနဂါး အရိုး စွပ်ပြုတ်ကို သန့်စင်ကာ၊ သူတော်စင် နဂါး ခန္ဓာ အတွက် ပေးခဲ့သည်။
ထို့ကြောင့် ကျန်းတျန်၏ သူတော်စင် ဓားမီးတောက်မှာ၊ သူ့အား ထိမှန် သော်လည်း၊ ဒဏ်ရာ မပေး နိုင်တော့ ချေ။
ရူရ် (၄၀၀) အထိ၊ ဖြစ်လာသော ခရမ်း-ရွှေရောင် အကြေးခွံ အချို့သာ ကွဲကြေ သွား၏။ အဋ္ဌမမြောက် အဆင့်သို့ ရောက်ရှိ ထားပြီး ဖြစ် သဖြင့်၊ ရူရ် တိုင်းတွင် ရွှေနဂါး ဂုဏ်ရည်ကို ပေါင်းစပ် နိုင်ခဲ့သည်။
ထို့ကြောင့် နဂါး ရူရ်များ ပတ်လည်တွင် ကြက်သွေးရောင် ချည်မျှဉ် များကို မြင်လာရ ချေ၏။
ဆိုလို သည်မှာ သွေးကြောများ ယှက်သိုင်းလျက်၊ အချင်းချင်း အားဖြည့် ထား သောကြောင့်၊ နဂါး အကြေး ခွံများ ပို၍ သန်မာ လာချေပြီ။
“ ဝှစ် ... ။ ”
ကျန်းတျန်မှာ ထိတ်လန့်မှုကို ဖုံကွယ် မထား နိုင်တော့ချေ။ သူ မလှုပ်ရှား နိုင်မီ၊ အဝတ်ဓားက နောက်တစ်ကြိမ် ဝင်လာ ပြန်သည်။
၎င်းကို တားဆီးရန် ဓားဖြင့် ပြန်ပက် ထုတ်လိုက် သော်လည်း၊ အဝတ်ဓားမှ ချက်ချင်း ကွေးညွှတ် လာပြီး၊ သူ့မျက်နှာပေါ် နဂါး အမြီး ကဲ့သို့ ဝင်လာ တော့သည်။
“ ဖြန်း ... ။ ”
ကျယ်လောင်သော ပါးရိုက်သံ မြည်ဟည်း လာသဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။
ဤသည်မှာ ရှေးဟောင်း သူတော်စင် မိသားစု၏ ပါရမီရှင် တစ်ပါးကို အရှက် ခွဲခြင်း ပေပင်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ကျန်းတျန် ခမျာ တုန်တုန် ယင်ယင်ဖြင့် ခြေလှမ်း သုံးလှမ်းခန့်၊ နောက်ပြန် ဆုတ်ကာ သွေးများ အန်တော့၏။
“ ဝှစ် ... ။ ”
အသက် ဝဝ မရှူ နိုင်ခင်၊ လင်းယွန်မှ နောက်တစ်ကြိမ် လှမ်းတက်လာ ပြန်သည်။ နီးကပ်လွန်း သောကြောင့် ကျန်းတျန် ခမျာ၊ ရှောင်ရ ခက်လာ၏။
သူတော်စင် ရူရ် အားလုံးကို အသက် သွင်းကာ၊ ဓားဖြင့် ပက်ထုတ် လိုက်သော်လည်း၊ အနည်းငယ် နောက်ကျ သွားဆဲ ဖြစ်သည်။
သူ့ခန္ဓာ ကိုယ်အား၊ ကာကွယ် ပေးနေသော မီးမြစ်ကို၊ လင်းယွန် အဝတ် ဓားက ထပ်မံ ခွဲဝင် လာ ပြန်သည်။
“ ဖြန်း ... ။ ”
ကျန်သည့် ပါးပြင် တစ်ဖက်ကို ရိုက်ချ သွား၏။ ဤတစ်ကြိမ်တွင် လေထဲ ၌ပင် ခန္ဓာ ကိုယ်အား ပြင်ယူလျက်၊ လင်းယွန် ရင်ဝသို့ ဓားဖြင့် ပြန်၍ ပစ်သွင်း လိုက်သည်။
“ ဟိတ် ... ။ ”
လင်းယွန် မှလည်း ရှောင်ချိန် မရတော့ သဖြင့်၊ အဝတ် ဓားနှင့် တည့်တည့် ပြန်ထိုး ပစ် လိုက်သည်။
“ ဖောင်း ... ဖောင်း ဖောင်း။ ”
သူတော်စင် ဓားဖျားက၊ လင်းယွန်၏ အဝတ်ဓား အတွင်း၊ တိုးဝင်ကာ၊ အစိတ်စိတ် အမွှာမွှာ ခွဲထုတ် တော့သည်။
သို့သော် လင်းယွန် အနား ရောက်ချိန်၌ ဓားတွင် စွမ်းအား မကျန် တော့ချေ။ ထို့ကြောင့် ရင်ဘတ်ပေါ် ကျရောက်လာ သော်လည်း၊ နောက်ပြန် ဆုတ်နိုင် ခဲ့သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန်က လက်နှစ်ဖက်ကို ဘေးဆန့် ထုတ်ကာ ခြေသုံးလှမ်း ဆုတ်လျက်၊ ဟန်ချက် ထိန်းယူ လိုက်သည်။
ကျန်းတျန် အတွက်မူ၊ သူ့ မျက်နှာကို ဘယ်ဘက် လက်ဖြင့် အုပ်ကိုင်ပြီး၊ ဒူးတစ်ဖက် ထောက်ကာ ပြန်ကျ လာ၏။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ကျန်းတျန်ရဲ့ ဓားကို အဝတ်စနဲ့ ရင်ဆိုင်ပြီး၊ ပါးရိုက် လိုက် တာပဲ၊ ...
... အမှန်ဆို ကျန်းတျန် လေ့ကျင့် ထားတဲ့ ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်က၊ နယ်ပယ်တူ အတွင်းမှာ ပြိုင်ဘက်ကင်း ပါတယ်၊ အခု ဘယ်လိုလုပ် ဒဏ်ရာ ရသွား တာလဲ၊ ...
... အရိယာ ကောင်းကင် ဓားကို၊ လင်းယွန် တစ်ယောက် ပိုပြီး ... ၊ ကျွမ်းကျင် လာပုံပဲ၊ ဒါက သာမန် သူတော်စင် လက်ရာ တွေကို၊ လက် ဗလာနဲ့ ဖျက်ဆီး နိုင်တယ်၊ ...
... တကယ်တော့ ... ၊ အရိယာ ကောင်းကင် ဓား ဆိုတာ ဆုပ်ကိုင်ရ ခက်တယ်၊ လင်းယွန်က အသက် နှစ်ဆယ်နဲ့၊ ဒါကို လုပ်နိုင်တာ၊ လေးစား စရာပဲ၊ ...
... ကောင်းကင် ဓားက တံခါးဝ ဆိုရင်၊ အရိယာ ကောင်းကင်ဓား ရှိမှသာ၊ စစ်မှန်တဲ့ ဓား သမားလို့ ခေါ်နိုင်တယ်၊ မဟုတ်ရင် ဓားကိုင် ကျင့်ကြံသူ အဖြစ်ပဲ၊ သတ်မှတ် ရလိမ့်မယ်၊ ...
... ဓားဂိုဏ်း မှာတောင် ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ပါရမီရှင် တွေသာ၊ အရိယာ ကောင်းကင် ဓားကို နားလည် ကြတယ်။ ”
ထိုလူက သက်ပြင်း ချလိုက်ပြီး၊
“ တိုက်ဆိုင် စွာပဲ၊ လင်းယွန်က အဲဒီ စစ်မှန်တဲ့ ဓားသမားတေွ အနက်၊ တစ်ယောက် ဖြစ်နေတယ်၊ ပြီးတော့ သူ့ အသက်က အရမ်း ငယ်သေးတယ်။ ”
-ဟု သူ့ စကားကို အဆုံးသတ် လိုက် တော့သည်။
၎င်း၏ သုံးသပ် ချက်ကြောင့်၊ ဖြစ်ပျက် နေသည် များကို၊ ရှင်းလင်းစွာ သဘောပေါက် သွားကြသည်။
အချို့သော အမျိုးသမီး ပြိုင်ပွဲဝင် များမှာ၊ မျှော်လင့် ချက်များ တောက်လောင် လာကုန်ပြီး၊ လင်းယွန်ထံ ပြန်ကြည့် ကြသည်။
“ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက်။ ”
ကျန်းတျန်မှ အံကြိတ်ကာ ရေရွတ် လိုက်သည်။
“ ဒီစမ်းသပ်မှု အတွင်းမှာ ... ၊ နက္ခတ်ကို ခေါ်ခွင့် မရှိတာ ဝမ်းနည်း စရာ ပါပဲ၊ မဟုတ်ရင် အရိယာ ကောင်းကင်ဓား ရှိရင်တောင်၊ ငါ့ကို မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ”
( နက္ခတ် ခေါ်ချင် လို့လား။ )
လင်းယွန် တစ်ယောက် အတွေးဝင် လာသည်။ လက်ရှိ ခွန်အားဖြင့်၊ ပန်းချီကား (၄) ချပ်သာ ခေါ်နိုင်၏။
အတင်း အကြပ် ကြိုးစား ခဲ့သော် (၆)ချပ် အထိ တိုးလာ နိုင်မည်။ သို့သော် ယခု မလိုအပ် တော့ချေ။
“ ဝှစ် ... ။ ”
ဝတ်ရုံ အနားစကို ဟန်ပါပါ ရုတ်သိမ်းလျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ကျန်းတျန်အား စိုက်ကြည့် လိုက်သည်။ ပြီးနောက်၊
“ အခု ... ၊ ငါက အဆင့်မှီ ပြီလား။ ”
-ဟု တစ်ခွန်းချင်း အေးစက်စွာ မေးလိုက် တော့သည်။
***