တိမ်လွှာဓား ဂိုဏ်း။
Vol. 100 Ch. 1397
မထီ မဲ့မြင် နိုင်လွန်းသော လင်းယွန် ဟန်အမူကြောင့်၊ လူ အများ၏ နှလုံးသားများ လေးလံ လာသည်။ ဤမတိုင်မီ ကျန်းတျန်မှ၊ သူနှင့် စကား ပြောရန် အရည် အချင်း မပြည့် မီဟု လင်းယွန်အား ပြောခဲ့၏။
ယခု လင်းယွန်က ထိုစကားကို ပြန်ပြော လာသော အခါတွင်၊ ကျန်းတျန်၏ မျက်နှာမှာ ထပ်မံ ပါးရိုက်ခံ လိုက်ရ သ ကဲ့သို့၊ နီရဲ သွားသည်။
“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ... ဒီနေ့ မင်းတို့ ဘယ်သူမှ ပထမ အဆင့်ကို မဖြတ် နိုင် စေရဘူး။ ”
“ မင်း ... ၊ တိုက်ချင် သေး လို့လား။ ”
“ ဟမ့် ... ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင် နေလဲ၊ မင်းတစ်ယောက် တည်းနဲ့၊ ကျန်းမိသားစု တစ်ခု လုံးကို၊ ရင်ဆိုင် နိုင်မယ်လို့ ထင်လား။ ”
ကျန်းတျန်မှ ခြိမ်းခြောက် လိုက်၏။ သူ့စကားကြောင့် ကျန်ရှိ နေသော လူများမှာ၊ ချက်ချင်း စုရုံး လာ တော့သည်။
၎င်းတို့ အားလုံးသည် ကျန်း မိသားစု၏ ထိပ်တန်း ပါရမီ ရှင်များ ဖြစ်ကြပြီး၊ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်တွင် ရှိနေ၏။
သည့်အပြင် စင်ကြယ်သော ဝိညာဉ်တော် ပညာရပ်ကို ဆုပ်ကိုင် ထားကာ၊ ပင်မ မိသားစုမှ သားစဉ် မြေးဆက်များ ဖြစ်သဖြင့်၊ ထူးချွန် ကြလေသည်။
“ လင်းယွန်... ၊ ငါ ဒီ အဆင့်ကို မတက်ချင်ဘူး၊ ဒါပေမယ့် မင်းက မောက်မာ လွန်းတယ်၊ ငါတို့က နက္ခတ် တွေကို၊ ခေါ်ခွင့် မရှိလို့ မင်း ... အဆင်ပြေ နေတာပါ၊ ...
... ငါ မင်းကို တကယ် ရင်မဆိုင် နိုင်ဖူး မထင်နဲ့၊ ဒီနေ့ မင်း ... ၊ ငါ့ ရှေ့မှာ ဒူးထောက် တောင်းပန် မှသာ၊ ခွင့်လွှတ် နိုင်မယ်။ ”
“ ဘယ်သူက ဒူးထောက်မယ် ပြောလို့လဲ။ ”
ယဲ့ဇီလင်မှ ဝင်ပြော လိုက်သည်။
“ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းရဲ့ ... ၊ တပည့်တွေက ဘယ်တော့မှ ဒူးမထောက် ကြဘူး။ ”
ဖုန်ကျန်းနှင့် လျူချင်းယန်က ဒေါသတကြီး အော်ဟစ် လာသည်။
“ အိုး ... မင်း တို့က၊ အရေ အတွက်နဲ့ ကစားချင် နေတာလား၊ ဒါဆို ... ငါ့ ကိုလည်း ထည့်တွက် ပါဦး။ ”
ကုန်းစွန်းယန်မှ လင်းယွန် အနား လှမ်းလာသည်။ ထိုရပ်တည်မှုက ကျန်းရွှင်းနှင့် ကျန်းရှန်ကို အံ့သြသွား စေသည်။
သည့်စဉ် ကျောက်ယန်မှ ခေါင်ညိတ် လိုက်သည်။ သူတော်စင် မိသားစုမှ ပါရမီရှင် တစ်ဦး ဖြစ်သဖြင့်၊ သူ့၌ ကျော်ကြားမှု အချို့ ရှိ၏။ ထို့ကြောင့် သူ၏ ရပ်တည် ချက်မှာ၊ ကျန်းမိသားစုကို အခက်တွေ့ စေသည်။
“ ကျောက်ယန် ... ငါတို့ရဲ့ ... မိသားစု တွေက ပတ်သတ်မှု ရှိကြတယ်၊ မင်း သူ့ဘက်က ရပ်တည်မှာ၊ တကယ် သေချာလား။ ”
ကျောက်ယန်မှ ပြန်မဖြေ သေးဘဲ လင်းယွန်၏ ညာဘက်သို့ လှမ်းတက် လာသည်။
“ သူက ငါ့ သူငယ်ချင်း၊ မင်း ဘာတွေ တွေးနေလဲ ဆိုတာ ငါ သိတယ်၊ ဒါကို စွန့်လွှတ် လိုက်ဖို့ အကြံ ပေးချင် ပါတယ်၊ သက်တံဓား သူတော်စင် ကတောင်၊ ...
... သူကိုယ်တိုင် ဖြေရှင်းချက် ပေးမယ်လို့ ပြောခဲ့တာ၊ ဒီမဟာ သူတော်စင် ပုလဲက၊ မင်း ထင်နေ သလို မရိုးရှင်း ပါဘူး။ ”
“ မင်း... ဘာတွေ ပြောနေ တာလဲ ဆိုတာ၊ ငါ နားမလည်ဘူး၊ အခုက တိမ်လွှာဓား ဂိုဏ်းက ကျန်း မိသားစုကို ရန်စ ခဲ့တယ်၊ ဒါကြောင့် သူတို့ သဘာဝ အတိုင်း ပေးချေ ရမယ်၊ မဟုတ်ရင် တခြား လူတွေက၊ ငါ့ မိသားစုကို ဘယ်လို မြင်ကြ မလဲ။ ”
လင်းယွန် ထံမှ မဟာ သူတော်စင် မူလ ပုလဲကို ရယူလို သည်အား၊ ကျောက်ယန် အပေါ် ဝန်ခံ စရာ အကြောင်း မရှိချေ။ ထို့ကြောင့် စကား လမ်းကြောင်း ပြောင်း လိုက်သည်။
“ ဒါဆို ... ၊ ငါတို့ အားလုံးကို မင်း တွန်းချ လိုက်ပါ။ ”
ကျောက်ယန်က ဓားရိုးအား ဆုပ်ကိုင် လျက်မှ ပြောသည်။ ရုတ်တရက် လေထုမှာ ချက်ချင်း တင်းမာ လာသဖြင့်၊ လူအုပ်က နောက်ပြန် ဆုတ်သွား ကြသည်။
“ လင်းယွန်က သွားလေရာ ... ၊ ပွဲဖြစ် တတ်တာ သဘာဝလို ဖြစ်နေ သလို ပါပဲ၊ သူက တကယ် ကျန်း မိသားစုကို တိုက်တော့မယ်။ ”
“ တိမ်လွှာဓား ဂိုဏ်းကို လေးစား မိတယ်၊ ရှေးဟောင်း ပျက်သုဉ်းမြေမှာ ရှိတဲ့ ဂိုဏ်းအများ စုက၊ သူတို့ရဲ့ သတ္တိ တစ်ဝက်တောင် မရှိ ကြဘူး။ ”
လူတိုင်းက လေးစား စွာဖြင့် ပြန်ကြည့် လာကြ တော့သည်။ လူ(၆၀)ကျော် အဝိုင်း ခံရ သော်မှ၊ တစ်ယောက်မျှ ကြောက်လန့် ဟန် မပြချေ။
“ ကျောက်ယန် ... ၊ မင်းက ဝင်ရောက် စွက်ဖက်ဖို့ ဆန္ဒ ရှိနေတဲ့ အတွက် ... ၊ ငါတို့ကို ရက်စက် တယ်လို့ အပြစ် မတင်နဲ့။ ”
စကားသံ နှင့်အတူ၊ လူနှစ်ယောက် ကျောက်ယန်ထံ ခုန်လွှား တိုက်ခိုက် လာတော့ သည်။ ၎င်းတို့သည် ကျန်း မိသားစု ဝင်များ ၌ပင်၊ ထက်မြက်သော သူများ ဖြစ်သည်။
သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိကြပြီး၊ ကျန်းတျန်မှ ၎င်းတို့အား အနိုင် ယူရန် အချိန် အနည်းငယ် ယူရ ပေမည်။
ထို့ကြောင့် သူတို့ နှစ်ယောက် တည်းဖြင့်၊ ကျောက်ယန်ကို ထိန်းထားရန် လုံလောက် လေ သည်။
“ ဝှစ် ... ။ ”
ကျန်းရွှင်းနှင့် ကျန်းရှန်က ယဲ့ဇီလင်ထံ ဝင်ရောက် လိုက်၏။ ချက်ချင်းပင် ပြင်ထန်သော တိုက်ပွဲများ စတင် လာသည်။
တိုက်ပွဲ အတွင်းမှ ချောက်ချားဖွယ် စွမ်းအင်လှိုင်းများ လျှံထွက် လာရာ၊ လူအများ အပြား၏ မျက်နှာများ ပြောင်းလဲလျက်၊ ထပ်မံ ဆုတ်ခွာ လိုက်ရ ပြန်သည်။
ကျောက်ယန်မှ ပြိုင်ဘက် နှစ်ယောက်ကို သူ့ဓားရောင်ဝါဖြင့် ကန့်သတ်ပစ် သောကြောင့်၊ ဝန်းကျင် တစ်ခုလုံး ပန်းချီကား တစ်ချပ် အသွင် ပြောင်းလဲ သွား၏။
သူ့ဓားက ထိုပန်းချီ ကားကို ခွဲကာ၊ ပြေးထွက် သွားတော့သည်။ ယင်းက ထျန်ရွှမ်ဇီ နှင့် ကျန့်ကျန်းရှန် အကြား တိုက်ပွဲမှ၊ ၎င်းကို နားလည် ခဲ့ခြင်း ဖြစ်သည်။
မပြည့်စုံ သေးသော်လည်း၊ မယုံနိုင် လောက်အောင်၊ ကြောက်စရာ ကောင်းပေ၏။ ပြိုင်ဘက် နှစ်ဦးမှာ၊ မြေပြင်ပေါ် ဆင်းသက်ပြီး၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။
၎င်းတို့၏ ကြယ် စွမ်းအင် အကာ အကွယ်တွင်၊ အက်ကြောင်းများ ဖြစ်ပေါ် လာကာ၊ နှုတ်ခမ်းမှ သွေးများပင် စီးကျ ကုန်သည်။
တစ်ဖက်တွင် ယဲ့ဇီလင်သည် ကျန်းရွှင်းနှင့် ကျန်းရှန်ကို ရင်ဆိုင်ရာ၌ လုံးဝ ကွဲပြားသော ပုံစံဖြင့်၊ ရှိနေသည်။
သူမ ပတ်ဝန်းကျင်၌ နဂါး တစ်ကောင် ရှိနေပြီး၊ တိုက်ပွဲ အပေါ် အလုံးစုံ အုပ်စီး ထား သည်။
“ ဝှစ် ... ။ ”
ဓားရောင်ခြည် များက မိုးကြိုးများ ကဲ့သို့ ပြင်းထန်လှ သဖြင့်၊ နောက်ထပ် လူငယ် အချို့ ထပ်မံ အားဖြည့်လာ ကြသည်။
“ ဟား ဟား ဟား၊ အရမ်း ကောင်းတယ်။ ”
ကုန်းစွန်းယန်မှ ပြိုင်ဘက် လေးဦးကို ရင်ဆိုင် ရာ၌၊ ဓားဧကရာဇ် ယုချင်းဖန် ထံမှ ရရှိ ထားသော အမွေအား၊ အသုံးပြု ခဲ့သည်။
ဖုန်ကျန်းနှင့် လျူချင်းယန် တို့၏ စွမ်းဆောင်မှုမှာ၊ ထူးခြားခြင်း မရှိ သော်လည်း၊ ပျော့ညံ့ ခြင်းလည်း မရှိချေ။
၎င်းတို့မှ ရွှေနဂါး အရိုး စွပ်ပြုတ်ကို သန့်စင်ထား သဖြင့်၊ နဂါး အမြှေး ပါးအား ဖွဲ့တည် ထား နိုင်သည်။ ထို့ကြောင့် ရန်သူ များကို ကောင်းစွာ ထိန်းထား နိုင်ပေ၏။
လင်းယွန် အတွက်မူ၊ ပြိုင်ဘက်မှာ ကျန်းတျန် ဖြစ်၏။ ၎င်းက သိုင်းရည်ရွယ်ချက် နှစ်ခုကို ပေါင်းစပ်ကာ၊ အရိယာ ကောင်းကင် ဓားအား၊ ယှဉ်ရန် ကြိုးစား ခဲ့သည်။
သို့သော် စစ်မှန်သော အရိယာ ကောင်းကင် ဓားကို မယှဉ် နိုင်ချေ။ ယင်းအစား ရောင်ဝါမှာ နှစ်ပေ အတွင်းသို့၊ ပြန်၍ ကျုံ့ဝင် သွားသည် အထိ၊ ဖိနှိမ် ခံထား ရသည်။
ထို့ကြောင့် ကျန်းတျန် တစ်ယောက် အခြေအနေ မည်မျှ ဆိုးရွားနေ မည်ကို တွေးကြည့် နိုင်မည်။
သို့သော်မှ လင်းယွန်မှ ဓား မဆွဲ သေးချေ။ မိုးပြာ နဂါး ရောင်ဝါကို ဆင့်ခေါ်ပြီး လက်ဗလာ နှင့် ဖိနှိမ် ထားခြင်း ဖြစ်သည်။
“ ဂျိန်း ... ။ ”
နဂါး ရောင်ဝါသည် အရှည် ပေသုံးဆယ် နီးပါး ရှိပြီး၊ သွေးနှင့် အသား၊ ဓားရောင်ခြည်များ တဖျပ်ဖျပ် ခတ်နေကာ၊ မိုးကြိုး မုန်တိုင်း များက ဖုံးအုပ်ထားသည်။
ထိုနဂါးသည် ကျန်းတျန် အတွက် ရည်ရွယ်ခြင်း မဟုတ်ချေ။ ၎င်းက ပျံထွက် သွားပြီး၊ ကျန်းမိသား ဝင်များမှ၊ သန်မာသော လူ(၃၀)ကို ချုပ်နှောင် တော့သည်။
ထို့ကြောင့် သူ့ခန္ဓာ ကိုယ်မှာ၊ အကာ အကွယ်မဲ့ သွားသည်။ ဓား တစ်ချက် ထိရုံဖြင့်၊ အပြင်းအထန် ဒဏ်ရာ ရရှိ နိုင်၏။
သို့သော် ကျန်းတျန်မှာ တစ်ဖက်သတ် အရိုက်ခံ နေရဆဲ ပေပင်။ အရိယာ ကောင်းကင် ဓားကြောင့် လက်တုံ့ပြန် နိုင်ခြင်း မရှိဘဲ၊ နက္ခတ် ကိုပင် ခေါ်လု နီးပါး ဒေါသ ထွက်လာ ခဲ့သည်။
“ လ ခွမ်း ... ၊ တိမ်လွှာဓား ဂိုဏ်းက တကယ်ပဲ ကျန်း မိသားစုကို ထိန်းထား နိုင် တယ်လား ... ။ ”
“ အရမ်း မိုက်တယ်၊ သူတို့ ကတောင် အသာစီး ရနေတယ်၊ လင်းယွန်ကို ကြည့်စမ်း၊ ကျန်းတျန်နဲ့၊ တိုက်နေတာ တောင်မှ နဂါး တစ်ကောင်ကို ဆင့်ခေါ်ပြီး၊ ကျန် လူတွေကို ထိန်းထားတယ်။ ”
“ အမှန်တော့ ... ၊ ဘယ်သူမှ သူတို့ နက္ခတ်ကို မခေါ် နိုင်လို့၊ အဲဒီ မိုးပြာ နဂါးက အလုပ် ဖြစ်နေ တာပါ။ ”
“ တိမ်လွှာ ဓားဂိုဏ်းက၊ အားနည်းပုံ မပေါ်ဘူး၊ အရေးကြီး တာက ရပ်တည် ချက်ပဲ၊ အရမ်း ပြတ်သားတယ်၊ ဒီတစ်ကြိမ် ကျန်း မိသားစုက မြွေပွေးကို ခေါင်းပုတ် မိပြီ။ ”
လူတိုင်းက တိမ်လွှာဓား ဂိုဏ်းနှင့်၊ ကျန်းမိသားစု တို့ကြား တိုက်ပွဲကို ကြည့်ပြီး၊ စိတ်လှုပ်ရှား လာကြသည်။
လင်းယွန်ကို ကြည့် နေသော သူတို့၏ မျက်ဝန်း များတွင်၊ လေးစားမှုများ ပြည့်နှက် လာသည်။
ကနဦး အဆင့်မှ တစ်စုံ တစ်ဦးသည် ကျန်းမိသားစု၏ အမွေခံ ပါရမီရှင်ကို နှိမ်နှင်းနိုင် သည်မှာ၊ မြင်နေကြ မြင်ကွင်းမျိုး မဟုတ်ချေ။
ထိုအချိန်တွင် သိပ်သည်းသော ရောင်ဝါ တစ်ခု၊ လေှကား ထိပ်မှ ပြိုကျ လာသည်။ လူ အများ အပြားက ထိုရောင်ဝါ ဖိအားကို၊ မခုခံ နိုင်ဘဲ ဒူးထောက် ကျသွား၏။
“ နောက်ဆုတ် ... ။ ”
လင်းယွန်က တိမ်လွှာဓား ဂိုဏ်းမှ လူတိုင်းကို ကာကွယ်ရန်၊ လက် နှစ်ဖက်အား ဖြန့်ခွဲကာ နောက်ပြန် ဆုတ် လိုက်သည်။
“ ဝေါ့ ... ။ ”
ကျန်းမိသားစု အတွက်တော့ ကံ မကောင်း ခဲ့ချေ။ အထွတ် အထိပ် ပါရမီရှင် အချို့မှ လွဲ၍ လူတိုင်း သွေးအန် ကုန်သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ကျန်းတျန်မှ ရောင်ဝါ ကျဆင်း လာရာ၊ လေှကား ထိပ်သို့ ပြန်၍ မော့ကြည့် လိုက်သည်။ လှေကား ထိပ်၌ လူတစ်ယောက် ရပ်နေ၏။
“ ဟိတ် ... ။ ”
ထိုလူက သက်တံဓား သူတော်စင် မဖြစ်ခင် ကိုင်ခဲ့သော ဓားကို ကိုင်လျက်၊ ကြုံးဝါးသံ ပြုပြီး၊ ဆွဲထုတ် လိုက် တော့သည်။
သူ့ ခန္ဓာမှ ဓားရောင်ဝါများ ပွင့်ထွက် လာကာ၊ ဓား ထွက်လာ၏။ ဓား ထွက်လာ သည်နှင့်၊ သူ့ရောင်ဝါကို မှိန်ဖျော့ စေသော အလင်းများ၊ ဖြာထွက် လာသည်။
ထိုတဒင်္ဂလေး မှာပင် တောင်ကြီး တစ်လုံး ပြိုကျလာ သကဲ့သို့၊ လူတိုင်း အပေါ် ဖိအားများ တိုးလာ တော့သည်။ ထိုလူက ပြုံးပြီး၊ ဓားကို ချက်ချင်း ပြန်ချ လိုက်၍သာ တော်ပေ၏။
သို့တိုင် ပြိုင်ပွဲဝင် တစ်ဝက် ကျော်မျှ ဒူးထောက် နေရ သေးသည်။ ဆက်၍ ထွက်ခွာ သွားသော လူငယ်၏ ကျောပြင်ကို ကြည့်ကာ၊
“ ရှား ဟို ယန် ... ။ ”
-ဟု အော်ဟစ် လိုက်ကြ တော့သည်။
***