← Chapters

ဒေါသ။

Vol. 100 Ch. 1399

ဒေါသ။

Vol. 100 Ch. 1399

လင်းယွန် အပြုံးသည် နွေးထွေးနေ သော်လည်း၊ အကြောင်းရင်း တစ်စုံ တစ်ရာ ကြောင့်၊ ကျန်းတျန်၏ ကျောရိုးကို အေးစက် လာစေသည်။

“ မင်း တို့တွေ ... ၊ ကြည့်နေ ကြဦး မှာလား။ ”

“ ဟိတ် ... ။ ”

အော်ငေါက်သံ ဆုံးသည်နှင့်၊ လူ(၆) ဦးက လင်းယွန်ထံ တစ်ပြိုင် နက်တည်း ပြေးဝင် လာ ကြသည်။

သူတို့ အားလုံးသည်၊ သူတော်စင် မျိုးနွယ်စု အသီးသီးမှ၊ ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်ကြ သဖြင့်၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့် နိုင်မည်။

ကောင်းကင် တခွင် မှောင်မိုက် လာ ပြီးနောက်၊ လျှပ်စီးများ တဖျပ်ဖျပ် လက်လာ တော့၏။

ထိုဖြစ်စဉ်က တောင်ခြေမှ ရပ်ကြည့် နေသူတိုင်းကို၊ ရုတ်တရတ် ထိတ်လန့် သွားစေ သည်။

ဤအခင်း အကျင်း အရ၊ သူတော်စင် မိသားစု (၆) စုသည်၊ လင်းယွန်အား ဓားဂိုဏ်း သို့ ဝင်ခွင့် မပေး လိုမှန်း သိလိုက်၏။

“ ဟား ... ဟား ... ဟား ... ၊ မင်း စိတ်ဆိုး နေတာ ငါ သိတယ်၊ ဒါပေမယ့် ... မင်း ဘာများ လုပ်နိုင် ဦးမှာလဲ၊ မင်း ... ဘာသာ သဘောပဲ ကောင်းကောင်း၊ ဒေါသပဲ ကြီးကြီး ငါ စိတ်ဝင် စားမယ် ထင်နေလား။ ”

ကျန်းတျန်က ဓားရောင်ခြည် များကို နောက်တစ်ကြိမ် မြစ် အသွင် ဖန်တီး လျက်မှ၊ ရယ်မော လိုက်လေသည်။

သူတော်စင် မျိုးနွယ်စု အသီး သီးမှ၊ ထိပ်တန်း ပါရမီရှင် (၇)ပါး၊ ပူးပေါင်း ထားခြင်း ကြောင့်၊ လင်းယွန်မှာ အဆင် မပြေ တော့ချေ။

နဂါး ခန္ဓာမှာ အားကောင်း သော်လည်း၊ ချင်းကန်ကိုပင် ရှုံးနိမ့်ခဲ့သည်။ နဂါး အရိုး မရှိ သ၍၊ ယင်းက အမြဲ လိုအပ်ချက် ရှိနေမည် ဖြစ်သည်။

နယ်ပယ် တူချင်း ဆိုပါက၊ ကောင်းကင် အဆင့်၌ ရှိလျှင်ပင်၊ နှစ်ဦး အထိ ‘မှု’ နေစရာ မလိုချေ။

သို့သော် (၇)ဦးအား တစ်ပြိုင် နက်တည်း ရင်ဆိုင် ရသဖြင့်၊ လေးကြိမ် ပြီးနောက် ရှုံးချေ ရှိ လာ နိုင်ပေမည်။

“ လင်း ယွန် ... ။ ”

ယဲ့ဇီလင်နှင့် အခြား လူများမှာ၊ ရုတ်တရတ် စိတ်ပူ သွားသည်။ သူတို့က များစွာ ပြတ်ကျန်ခဲ့ သဖြင့်၊ ကူညီချင် သော်လည်း ဝေးနေ၏။

လင်းယွန် မှာမူ၊ သူတို့ အတွေးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ငြိမ်သက် နေပြီး၊ နဂါး ထွက်သက်ကို ထုတ်ဖော် လိုက်သည်။

နဂါး ရူရ်များ လင်းလက် လာကာ၊ လက်ဖဝါးတွင် လေဝဲ တစ်ခု အသွင် ဖြစ်တည် တော့၏။

“ ခရစ် ... ။ ”

ကောင်းကင်မှ နဂါး လက်သည်းကြီး တစ်ဖက် တိမ်များကို ခွဲကာ၊ ဆင်းသက် လာ လေသည်။

“ ပြန် ဆုတ် ... ။ ”

သူတော်စင် မိသားစု၏ အမွေခံ ပါရမီရှင် (၆)ပါးမှာ၊ အံ့အားသင့် သွားပြီး၊ လင်းယွန်ထံ ပျံသန်း နေလျက်မှ၊ ချက်ချင်း ဆုတ်ခွာ လိုက် ကြသည်။

“ စိတ် အေးအေး ထား ... ၊ အတူတူ တိုက်ခိုက် ရအောင်။ ”

သူတို့ ထဲမှ တစ်ဦးက သတိ ပေးလေသည်။ ထို့နောက် (၆)ဦးသား ပေါင်းစပ် တိုက်ခိုက်မှုကို နဂါး လက်သည်းထံ ပစ်လွှတ် လိုက်ကြ၏။

“ ဝှစ် ... ။ ”

တစ်ချိန် တည်းမှာပင် ကျန်းတျန်က လင်းယွန်၏ ညာဘက် ပခုံးသို့၊ ဓားနှင့် ထိုးချ လိုက်သည်။

နဂါး ရူရ် များ၌ အက်ကွဲ ကြောင်းများ ပေါ်လာ သောကြောင့်၊ လင်းယွန်မှ ကောင်းကင် ပေါ်၊ နောက်ပြန် ပျံတက် သွားရသည်။

သို့သော် ကျန်းတျန်မှ ထိုအခွင့် အရေးကို လက်လွှတ် မခံချေ။ နောက်ပါးမှ လိုက်ပါ လာ သဖြင့်၊ လင်းယွန်က ကြမ်းပြင်ပေါ် ဆင်းသက် ပြီး၊ ဓား အလင်းဖြင့် ဟန့်တား တောက်ထုတ် တော့သည်။

“ ရွှပ် ... ။ ”

ထိုဓား အလင်းတွင်၊ အရိယာ ကောင်းကင်ဓား ပါရှိ သဖြင့်၊ တောင့် မခံနိုင် တော့ဘဲ၊ နောက်ဆုတ် သွားလေသည်။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် ကျန် ပါရမီရှင် (၆)ပါးမှာ၊ လေထဲ ပျံတက် လာပြီး၊ နဂါး လက်သည်းအား ဓားအလင်း များဖြင့်၊ လှီးဖျက် ပစ်တော့၏။

“ သူတော်စင် မိသားစု (၇)စုက၊ ငါ့ကို အနိုင် ကျင့်ချင် နေတာလား။

လင်းယွန်မှ အေးစက်စွာ မေးခွန်း ထုတ် လိုက်သည်။

“ မင်းကို အနိုင်ကျင့် မိတဲ့ အတွက် ... ၊ ငါတို့ကို အပြစ် မတင်နဲ့ ... ၊ မောက်မာ လွန်းတဲ့ မင်း အပြုအမူ ကိုသာ အပြစ် တင်ပါ၊ မင်းရဲ့ အရည် အချင်းကို ငါတို့ ကြားထား ပြီးပြီ၊ ...

... ရှားဟိုယန် တစ်ယောက် နဲ့တင်၊ ရှေးဟောင်း ပျက်သုဉ်း မြေက လုံလောက်တယ်၊ အခု မင်းကပါ ထပ်ပြီး ရောက်လာရင်၊ ငါတို့ အတွက် နေစရာ မရှိ တော့ဘူး။ ”

လူငယ် တစ်ဦးမှ ဆိုသည်။ သို့သော် သူ့အား ဤသို့ စုဖွဲ့ အနိုင်ယူရန် ကြံရွယ်ခြင်းသည်၊ ထိုမျှ မရိုး ရှင်းဟု လင်းယွန် ထင်၏။

“ မင်းတို့ကို လွှတ်စေချင် ရင်တော့ လွယ်ပါတယ်၊ မင်းရဲ့ မဟာ သူတော်စင် မူလ ပုလဲမှာ ပါတဲ့၊ လျှို့ဝှက်ချက်ကို ပြောပြ ပါ။ ”

‘ဝမ်’ မိသားစု ပါရမီရှင်မှ ပြုံးကာ အကြံ ပေးသည်။

“ ဘာလို့ သူနဲ့ အချိန်ဖြုန်း နေတာလဲ၊ သူ့ လျှို့ဝှက်ချက်ကို ထုတ်ပြော မယ်လို့၊ မင်းထင် နေတာလား၊ ရိုက်မေး ရအောင်။ ”

‘ကုန်း’ မိသားစု ပါရမီရှင်မှ အေးစက်စွာ ဝင်ပြော လာသည်။ ကျန် သူတော်စင် မိသားစု သုံးစုမှာ ကျန့်၊ ကွမ်နှင့်၊ လျှိုတို့ ဖြစ်၏။

၎င်းတို့ အားလုံးသည် ရှေးဟောင်း ပျက်စီးခြင်း မြေ၏ (၁၀) ပါးသော ရှေးဟောင်း သူတော်စင် မိသားစု များ ဖြစ်သည်။

ထို့ကြောင့် သူတော်စင် မိသားစုများ အနက်၊ ထိပ်ဆုံး (၁၀) နေရာသို့၊ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်၏။

သူတို့က လေထု အလယ် ပျံဝဲ လျက်ဖြင့်၊ မွေးရာပါ သူတော်စင် ရောင်ဝါများ ထုတ်လွှတ် လိုက်ကြ၏။

အလင်း ရောင်များ ချက်ချင်း ပြိုးပြက် လာတော့သည်။ ဤသည်မှာ ကြယ် စွမ်းအင်ကို အသွင်ပြောင်း ထားသော ရောင်ဝါ ဖြစ်၏။

ထိုရောင်ဝါ များက အချင်းချင်း ချိတ်ဆက် လာသည်။ (၇)ဦး ရောင်ဝါအား ပေါင်းစပ် ထား သဖြင့်၊ အရိယာ ကောင်းကင် ဓား၏ ကန့်သတ် ချက်ကို၊ ဖျက်ဆီး နိုင်ခဲ့သည်။

“ အ ... ။ ”

ယင်းကြောင့် လင်းယွန် ခမျာ ညည်းညူ လျက်၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်လိုက် ရပြီး၊ ဒူးတစ်ဖက် ထောက်ကျ သွားသည်။

နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ လာ၏။

“ လင်းယွန် ... ၊ မင်း အရှုံး ပေးသင့်တယ်၊ မင်း တစ်ယောက် တည်းနဲ့၊ ငါတို့ ခုနစ်ယောက် လုံးကို၊ ရင်ဆိုင် နိုင်မယ်လို့ တကယ် ထင်နေလား၊ ...

... အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် ထားနိုင် ရင်တောင်၊ မင်းမှာ အနိုင် ရဖို့ အလား အလာ မရှိ ပါဘူး။ ”

ကျန်းတျန်မှ ခြိမ်းခြောက် တော့သည်။ လင်းယွန်က ပြန်မဖြေချေ။ မတ်တပ် ထရပ်ကာ၊ နှုတ်ခမ်း ထောင့်မှ၊ သွေး များကို သုတ်သည်။

ဤသည်မှာ ကောင်းကင် အဆင့် ပင်မ နတ်ဘုရား များကို လျော့တွက် ခြင်းဖြင့်၊ တန်ဖိုး ပေးခေျ လိုက်ရခြင်း ဖြစ်၏။

သည်တစ်ကြိမ်၌ ဓားတစ်လက် ကဲ့သို့၊ မတ်မတ် ရပ်လိုက်ပြီး၊ နဂါး-ဖီးနစ် ဓားရောင်ဝါ ကြိုး (၇) ချောင်းကို၊ ဖြန့်ထုတ် မိသည်။

ပင်မ အမြုတေရှိ ရွှေကျီးကန်း သူတော်စင် ရူရ်ပင် တောက်ပ လာသည်။ ချွေးပေါက် များမှ၊ အကန့် အသတ် မရှိသော သူတော်စင် ရောင်ဝါ တစ်ခု၊ ယိုစိမ့် လာ၏။

များ မကြာခင် ခန္ဓာကိုယ် တစ်ခုလုံးကို၊ ရွှေရောင် အခိုး အငွေ့ များက ဖုံးလွှမ်း လာ တော့သည်။

နတ် နဂါးနှင့် နတ် ဖီးနစ်တို့ ပေါ်ထွက် လာပြီး၊ ရွှေဝါရောင် စက်ဝိုင်း အသွင် လှည့်ပတ် ပျံသန်းကာ၊ ပြိုင်ဘက် (၇) ဦး၏ ရောင်ဝါကို ပြန်၍ တွန်းထုတ် လိုက်သည်။

“ ဘာကြီးလဲ။ ”

“ ငါတို့ အားလုံး ပေါင်းထား တာတောင်၊ သူ့ရဲ့ သူတော်စင် ရောင်ဝါကို မယှဉ်နိုင် ပါလား၊ မဖြစ် နိုင်တာ။ ”

မီးခိုးရောင်ဝတ် ကွမ် မိသားစု ပါရမီရှင် လူငယ် လေးက၊ အံ့အား သင့်စွာ အော်ဟစ် လိုက်မိသည်။

“ သူ့ကို တား ... ။ ”

ကျန်းတျန်မှ သတိ ပေး၏။ မီး ရည်ရွယ် ချက်နှင့် ဓား ရည်ရွယ်ချက် တို့ကို ပေါင်းစပ်ပြီး၊ ဦးစွာ တိုက်ခိုက် လိုက်သည်။

“ ကြယ် ခွဲ ဓား ... ။ ”

‘ကွမ်’ ပါရမီရှင်မှ သူ့ဓားကို မဆိုင်း မတွ လွှဲချ လိုက်၏။ တစ်ဖက်တွင် ‘ကျန့်’ ပါရမီရှင် ကျန့်မင်က၊ ‘သမုဒ္ဒရာ ဖျက်ဆီးခြင်း ဓား(၉) ကွက်၊’ကို၊ ထုတ်ဖော် လာတော့သည်။

***

All Chapters