ဓား နတ်ဘုရား။
Vol. 100 Ch. 1400
ပါရမီရှင် ခြောက်ပါး အနက်၊ ကုန်း မိသားစု၏ ကုန်းအော်မှ လွဲ၍ လူတိုင်းက၊ တိုက်ခိုက် မှုများ ထုတ်လွှတ် လာသည်။
ဤလူများသည် အသက် (၂၅) နှစ် မျှသာ ရှိသေးပြီး၊ မယုံနိုင် လောက်အောင် အစွမ်းထက် ကြပေ၏။
“ သူတို့ အားလုံးက ... ၊ ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်မှာ၊ နေရာရ ထားတယ်၊ လင်ယွန် အတွက် မလွယ်ဘူး။ ”
“ လင်းယွန် ဆိုတာ၊ ကောင်းကင်လမ်း သမိုင်းမှာ၊ အရက် စက်ဆုံး ချန်ပီယံပဲ ... ၊ ဒီလို မနှိမ်နှင်း ထားရင်၊ ဓားဂိုဏ်း ရောက်တဲ့ အခါ၊ လိုက်မီ တော့မှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် ... ၊ သူတို့က လွန်လွန်း ပါတယ်။ ”
“ သူတို့ နောက်မှာ သူတော်စင် မိသားစုနဲ့၊ မင်းမျိုး မင်းနွယ်တွေ ရှိနေ မှတော့၊ ဘယ်သူ့ကို ဂရုစိုက် နေစရာ လိုဦး မှာလဲ။ ”
ဝေဖန် သံများ ညံလာသည်။ လင်းယွန် အစား ဒေါသ ထွက်လာကြ၏။ သဘာဝ ဖြစ်စဉ် များက၊ လင်းယွန် အပေါ် ဖုံးကွယ် လုနီးပါး ချိန်တွင်၊ ရွှေရောင် အလင်းတန်း တစ်ခု၊ ကောင်းကင်ပေါ် ပျံတက် လာသည်။
“ ဖ ရူး ... ။ ”
တောင်ပံ များကို ခတ်လျက်၊ ဘေး ဘယ်ညာသို့၊ လက် နှစ်ဖက်အား ဆန့်ထုတ်ကာ၊ လင်းယွန်က ကျန်းတျန်ထံ လှည့်လိုက်၏။
ကျန်းတျန်က လင်းယွန် အနား အရင် ရောက်လာသူ ဖြစ်သဖြင့်၊ ရွှေကျီးကန်း တံဆိပ် ပွင့်လာ သည်ကို၊ မြင်သည်။
“ ဘုန်း ... ။ ”
သည့်နောက် လက်သီး တစ်လုံး ရိပ်ခနဲ သူ့ရင်ကို ထိမှန် လာသဖြင့်၊ နောက်သို့ ပြန်၍ လွင့်စဉ် သွားတော့သည်။
“ ဝေါ့ ... ။ ”
နံရိုးများ ကျိုးကုန်ကာ၊ မျက်နှာ ပုံပျက် သွားပြီး၊ ပါးစပ် အပြည့် သွေးတစ်လုတ် အန်ချ လိုက်ရသည်။
ရင်ဘတ်ရှိ အသားများ ပွင့်ထွက် လာကာ၊ သွေးများ စီးကျလျက်၊ နှုတ်ခမ်း တဆတ်ဆတ် တုန် သွားသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ၊ သူ့ကျင့်ကြံမှု နည်းစနစ်က၊ ဘယ်လို နည်းစနစ် များလဲ။ ”
လင်းယွန်၏ မွေးရာပါ သူတော်စင် ရောင်ဝါသည်၊ သူ့ ရောင်ဝါထက် သာလွန်နေ သဖြင့်၊ အံ့အားသင့် သွားမိသည်။
“ ဟိတ် ... ။ ”
လင်းယွန်မှာ ကျန် (၆) ယောက်ကို လျစ်လျူရှုပြီး၊ သူ့နောက် လိုက်လာ နေဆဲ ဖြစ်သည်။
ထို့ကြောင့် ကြယ်စွမ်းအင် များကို လှည့်ပတ်ကာ၊ တံခါးပေါက် ဆီသို့ အမြန် လှည့်ပြေး မိ၏။
“ ဖ ရူး ... ။ ”
သည့်စဉ် လင်းယွန်မှာ၊ မူလ နေရာမှ ပျောက်ကွယ် သွားပြီး၊ အမည် ကျောက်တုံး ပေါ်၌၊ ပြန်ပေါ် လာသည်။
“ မင်း ... ။ ”
ယင်းကို မြင်လိုက် ရသော၊ ကျန်းတျန် တစ်ယောက် မျက်နှာ ပြောင်းလျက်၊ ကိုယ်ရှိန် သပ် လိုက်ရသည်။
သို့သော် လင်းယွန်မှ နဂါး ထွက်သက်အား ထုတ်ဖော် လိုက်ပြီး၊ သူ့ လည်မျိုကို ဖမ်းဆွဲလာ တော့၏။
“ ခွပ် ... ။ ”
ဖမ်းမိ သည်နှင့် သူ့ ဦးခေါင်းအား၊ အမည် ကျောက်တုံးထံ ဦးတည်လျက်၊ ပစ်ပေါက်ခြင်း ခံ လိုက်ရသည်။ ချက်ချင်းပင် ချိုစောင်းမှ သွေးများ ဖြာကျ လာတော့၏။
“ အား ... ။ ”
နာကျင် မှုကြောင့် ငိုကြွေး မိလေသည်။ စမ်းသပ်မှုကို စွန့်ကာ၊ ချက်ချင်း ထပြေးတော့ သည်။
သို့သော် လေထဲ ခြေကြွစဉ်၊ လင်းယွန်မှ သူ့ခြေကျဉ်းဝတ်ကို ဖမ်းဆွဲကာ၊ ကျောက်တုံးနှင့် လွှဲရိုက် ပစ်ပြန်သည်။
“ ဘုန်း ...။ ”
“ အား ... ။ ”
“ ဘုန်း ... ။ ”
“ အ ... ။ ”
သူ့ကိုယ်သူ အကြိမ် မည်မျှ အရိုက်ခံ နေရ သည်မှန်း၊ မသိ တော့ချေ။ သတိရ ချိန်တိုင်းတွင် ကျောက်တုံးနှင့် မျက်နှာ ရိုက်မိ နေပြီ ဖြစ်သည်။
“ သွား ... ။ ”
အဆုံးတွင် သူ့အား ကယ်တင်ရန် ပြေးဝင် လာသည့်၊ အဖော်များထံ ပစ်ပေါက်ခြင်း ခံလိုက် ရသည်။
“ ..... ။ ”
ယင်းကြောင့် ပါရမီရှင် (၆) ပါး၏ မျက်နှာများ ပြောင်းလဲ သွားကာ၊ လက်များကို ပြိုင်တူ တွန်းထုတ်လျက်၊ သူ့အား လင်းယွန်ထံ ပြန်ပို့ လိုက်ကြ၏။
“ ဝှစ် ... ။ ”
“ ဖြောင်း ... ။ ”
သူ့ထံ ပြန်လည် လွင့်စဉ် လာသော ကျန်းတျန်ကို၊ လင်းယွန်မှ ကန်ထုတ် ပစ်လိုက် တော့သည်။
ဤတစ်ကြိမ် ကျန်းတျန်မှာ၊ ၎င်းတို့နှင့် လွတ်ရာ လှေကားထစ် များပေါ်၊ လိမ့်ကျလျက် သတိ လစ်သွား၏။
“ မင်း ... အရမ်း လွန်လာပြီ။ ”
‘ကွမ်’ မိသားစု ပါရမီရှင်က၊ ကျန်းတျန်ထံ တစ်ချက်မျှ လှည့်ကြည့်ပြီး၊ အော်ငေါက် လိုက် လေသည်။
“ ငါ့ကို မဟုတ်တာ မပြောနဲ့၊ ငါ ဘယ်လောက် သဘောထား ကြီးတယ် ဆိုတာ၊ လူတိုင်း သိတယ်၊ ထွက် သွား ကြ စမ်း ... ။ ”
လင်းယွန်မှ စိုက်ကြည့်ကာ ပြောလာ သဖြင့်၊ သူတို့ အားလုံး ကျောရိုးများ အေးစက် သွားလေ သည်။
ယနေ့ အနိုင် မယူ နိုင်သော်၊ အနာဂတ်တွင် ကျန်းတျန်ထက် ပို၍ ဆိုးရွားသော အကျိုးဆက် ရရှိ မည်ကို သူတို့ သိ၏။
“ ပန်း သင်္ချိုင်း ... ။ ”
လင်းယွန်က ဓားအား ခေါ်ယူ လိုက်သည်။ ပါရမီရှင် (၆)ပါးက အံကြိတ်လျက် အချင်းချင်း ပြန်ကြည့်ကာ၊
“ ဘာပဲ ဖြစ်ဖြစ် ... ၊ ဒီနေ့ သူ့ကို နှိမ်နင်း ရမယ်။ ”
-ဟု ဆော်ဩ လိုက်ကြသည်။
“ ရွှပ် ... ။ ”
ကွမ်မိသားစု ပါရမီရှင်က၊ ကြယ်ဖျက် ဓားကွက်ကို ချက်ချင်း ထုတ်ဖော်လျက်၊ ဓား (၉၉) ချက်ဖြင့်၊ ပစ်ထုတ် လိုက်သည်။ တစ်ချက် စီသည် ကြယ်တစ်လုံး ကိုပင်၊ ခွဲနိုင်၏။
ဤအရာက သူ့ ဓားရောင်ဝါကို ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ချက်ချင်း ရောက်ရှိ လာစေသည်။
“ ဝူး ... ။ ”
ကုန်းအော် သည်လည်း ကျင့်ကြံမှု နည်းစနစ်ကို ဖြန့်ကျက်လျက်၊ သူ့ လက်ထဲရှိ ဓားပေါ်တွင် မီးလျှံများ တောက်လောင် စေ လိုက်သည်။
သူ့မျက်နှာ အရောင် ဖျော့လာ သည်နှင့် အမျှ၊ ဓားအပေါ် ဖုံးလွှမ်း နေသော မီးတောက် များက၊ သွေးရောင် ပြောင်းလဲသွား တော့သည်။
ယင်းက ကုန်းအော်၏ အစွမ်း ထက်သော ဝှက်ဖဲ တစ်ချပ် ဖြစ်ကြောင်း၊ ထုတ်ပြော နေစရာ ပင်၊ မလိုချေ။
သို့သော် လင်းယွန် ထံမှ၊ သူ့ထက် ပို၍ ကြောက်စရာ ကောင်းသော အငွေ့ အသက်မျိုး ထွက်လာ သည်ကို၊ သတိ ထားမိ လိုက်၏။
“ အပူပင် ကင်းသော ဓား(၉)ကွက်- ကောင်းကင်ဓား ပုံစံ။ ”
နောက်ဆုံးတွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဓားအိမ် အတွင်းမှ ဆွဲထုတ်ကာ၊ ဓားရေး အား၊ ခင်းကျင်း လိုက်တော့သည်။
ဓား ထွက်လာ ချိန်၌၊ ပတ်ဝန်းကျင် အနှံ့၊ ရုတ်တရက် တိတ်ဆိတ် သွားသည်။ လင်းယွန် အပေါ်၊ ကာကွယ် ထားသော ရွှေရောင် အလွှာ သည်၊ အငွေ့ အဖြစ် ပြောင်းလဲ လာကာ၊ ဓား သွားရာ လိုက်ပါ သွားတော့၏။
ပန်း သင်္ချိုင်းသည် စုတ်တံ ဆိုက၊ ရောင်ဝါသည် မှင် ဖြစ်သည်။ ချက်ချင်းပင် ထူးခြားသည့် မြင်ကွင်း တစ်ရပ်၊ ပေါ်လာ၏။
“ ဝှစ် ... ။ ”
ဓားတစ်ချက် လွှဲလိုက်တိုင်း၊ ဓား ရောင်ဝါ များက ကောင်းကင်နှင့် မြေကြီးကြား၊ ထာဝရ ရှိနေသော အမှတ် အသား တစ်ခု သဖွယ်၊ စွဲကျန် ခဲ့သည်။
မျက်စိ တမှတ် အတွင်း၊ ကောင်းကင်ဓား ပုံစံရှိ၊ ဓားချက် (၁၈) ချက်အား ထုတ်ဖော် ခဲ့ပြီး ဖြစ်၏။
ထိုမြင်ကွင်းက ကောင်းကင်နှင့် မြေကြီးကို နောက်ခံ ပြုလျက်၊ ဓားပန်းချီ တစ်ချပ် ရေးဆွဲ နေသော၊ နတ်ဘုရား တစ်ပါး အလား ပေပင်။
သူ့ ရှေ့တွင် ရှေးဟောင်း သူတော်စင် မိသားစု၏၊ အမွေခံ ပါရမီရှင် (၆) ပါးမှာ၊ မြူမှုန် အဆင့် မျှသာ ရှိပေ တော့၏။
“ ပြေး ကြ ... ၊ ငါတို့က သူ့ ပြိုင်ဘက် မဟုတ်ဘူး၊ သူ ကမှ တကယ့် ဓားဘီလူးပဲ။ ”
ကွမ် မိသားစု ပါရမီရှင်က၊ လင်းယွန်၏ ဓားရောင်ခြည် ကြောင့်၊ ဒဏ်ရာများ ရရှိလာ သဖြင့်၊ ချက်ချင်း သတိ ပေးလိုက်သည်။
“ ပြေး ... ။ ”
ယင်းကြောင့် ကျန် ပါရမီရှင် (၅) ပါး၏ မျက်နှာများ ပျက်ယွင်းလျက်၊ လှည့််ပြေးလိုက် ကြတော့သည်။
သို့သော် မည်သို့ပင် ကြိုးစား စေကာမူ၊ ဓားချက် များက နေရာ တိုင်းတွင် ရှိနေ သဖြင့်၊ မလွတ်မြောက် နိုင်ခဲ့ချေ။
ဤဓားရေးက သူတို့၏ စိတ်ကူးကို ကျော်လွန် နေသည်။ ဓားချက် များက နယ်မြေ တစ်ခု သဖွယ်၊ ကန့်သတ် လာခြင်း ဖြစ်၏။
“ ဒါက ဘယ်လို ဓားရေး မျိုးရေး၊ နည်းနည်း အစွမ်းထက် သလိုပဲ။ ”
“ ပန်းသင်္ချိုင်းကို ... ၊ အနိုင်ယူ နိုင်မဲ့လူ မရှိ တော့ဘူး။ ”
“ သူ့ ဓားရေးကို၊ ငါ မမြင် ရဘူး၊ နေဦး ပါရမီရှင် (၆)ပါးက ဘာလုပ် နေတာလဲ၊ မနိုင်ရင် ထွက်ပြေး သင့်တယ် မဟုတ်လား။ ”
ထောင်သောင်း ချီသော လူအုပ် ကြီးက တောင်ခြေမှ နေ၍၊ မျက်မှောင်ကြုတ် လိုက်ကြ သည်။
ရုတ်တရက် တစ်စုံ တစ်ယောက်က ခံစားချက် အပြည့်နှင့် ကောင်းကင်ထံ လက်ညှိုး ထိုးပြ လာသည်။
“ ကြည့်စမ်း ... ၊ အဲ့ဒါ သူတော်စင်တွေ မဟုတ်လား၊ လင်းယွန်ရဲ့ ဓားရေးကို သူတို့တွေ စိတ်ဝင်စား လာပြီ။ ”
လူ ထောင်ပေါင်း များစွာက ခေါင်းမော့ ကြည့်လိုက် ကြသည်။ စုစုပေါင်း (၆)ပါး ဖြစ်ပြီး၊ သူတို့က လင်းယွန်ထံ ကြည့်နေ၏။
တစ်ဖက်တွင် (၃၆) ကြိမ် ပြည့်သည်နှင့်၊ လေထဲရှိ ဓားအလင်းများ ချက်ချင်း ပေါင်းစပ် သွားကာ၊ ရှေးဟောင်း စကားလုံး တစ်လုံး ဖြစ်ပေါ် လာသည်။
မည်သူမျှ မဖတ် တတ်သော အက္ခရာ များဖြင့်၊ ရေးထားသော စကားစု ဖြစ်ချေ၏။ သို့သော် ၎င်းမှ လူတိုင်း နားလည်သော ဓား ရည်ရွယ် ချက်များ၊ ပေါက်ကွဲ လာသည်။
ပါရမီရှင် (၆) ပါး ခမျာ သွေးအန်လျက်၊ လွင့်စဉ် သွားကုန်၏။ (၇)ယောက်- (၁)ယောက် တိုက်ပွဲတွင်၊ အပြတ် အသတ် ချေမှုန်းခြင်း ခံလိုက် ရပြီ ဖြစ်သည်။
“ လင်းယွန်၊ ငါတို့ကို သွားခွင့် ပြုပါ ... ။ ”
‘ကွမ်၊’ မိသားစု ပါရမီရှင်က အံကြိတ်ကာ ပြောလိုက်သည်။
“ မင်း ဘာတွေ ပြောနေ တာလဲ ... ၊ ငါက သဘောထား ကြီးတယ် ဆိုတာ ... ငါ့ အနားက လူတိုင်း သိပါတယ်။ ”
သူ့စကားက ကွမ် မိသားစု ပါရမီရှင် အပါ အဝင် ကျန်(၅) ဦးကို၊ ချက်ချင်း စိတ်သက်သာ ရာ ရသွား စေသည်။ ထို့ကြောင့် ထွက်ခွာရန် ပြင်လိုက်၏။
“ ဖောက် ... ဖောက် ဖောက်။ ”
သို့သော် တစ်စုံ တစ်ရာ မှားယွင်းနေ သည်ဟု ခံစားလာ မိစဉ်၊ ဓားရောင်ခြည် (၆)စင်း က၊ သူတို့၏ ဒူးဆစ် များထံ၊ ဖောက်ဝင် လာ တော့သည်။
“ အား ..... ။ ”
“ ဒုန်း ... ဒုန်း ဒုန်း ။ ”
(၆) ယောက်သား လင်းယွန် ရှေ့တွင်၊ ဆက်တိုက် ဒူးထောက် ကျသွား၏။ ဤမြင်ကွင်း ကြောင့် လူတိုင်း အသက် ရှူ ရပ်သွားသည်။
ထိုလူများ အားလုံးသည် ရှေးဟောင်း သူတော်စင် မိသားစု အသီးသီးမှ ခမ်းနားသော ပါရမီ ရှင်များ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့ ထံမှ ဒူးထောက်ခြင်း မဆိုနှင့်၊ ဤသို့ ဖြစ်ပျက် နေသော မြင်ကွင်းကို ကြည့်နေ မိသည် ကပင်၊ အပြစ် သဖွယ် ခံစား ရစေ၏။
သည်အချိန်၌ သဘောထား ကြီးသည် ဟူသော၊ လင်းယွန် စကား၏ အဓိပ္ပါယ် အပေါ်၊ နားလည် လာကြသည်။
“ ဝှစ် ... ။ ”
လင်းယွန်က ၎င်းတို့ တစ်ဦး ချင်း၏ ဦးခေါင်းများကို နင်းလျက်၊ ဖြတ်ကျော် ပျံသန်း သွား တော့သည်။
“ အိုး ... ။ ”
“ လခွမ်း ... ။ ”
“ ဘယ်လိုတောင် ... သဘောထား ကြီး လိုက်တဲ့ လူလဲ။ ”
ပါရမီရှင် (၆)ပါး ခမျာ၊ ဒွါရ (၇)ပါးမှ သွေးများ ယိုစိမ့်လျက်၊ ကြမ်းပြင်ပေါ် ဟပ်ထိုး ကျကုန် တော့သည်။ ထို့ကြောင့် အာမေဋိတ် သံများ ညံလာ၏။
ကောင်းကင်ဖျက် ဓားကို စိတ်ဝင်စား နေပြီဖြစ် သဖြင့်၊ လင်းယွန်က တစ်ချက်မျှ ပြန် လှည့် မကြည့် တော့ချေ။
“ ဝှစ် ... ။ ”
ဓားရှေ့သို့ ညှင်သာစွာ ဆင်းသက် လိုက် ပြီးနောက်၊ လက်နှစ်ဖက်အား နောက်ပစ်ကာ၊ ဟန်ပါပါ စိုက်ကြည့် လိုက်သည်။
ဤသည်မှာ သက်တံဓား သူတော်စင် အသုံးပြု ခဲ့သော ဓားဖြစ်သည်။ ရှေးမဆွ ကပင် ရှားဟိုယန် ဆိုသူမှ၊ ဆွဲပြ သွား၏။
***