← Chapters

ငါတို့ အတွက်ပဲ။

Vol. 101 Ch. 1401

ငါတို့ အတွက်ပဲ။

Vol. 101 Ch. 1401

ဓားဂိုဏ်း၏ တံခါးတွင်၊ သူတော်စင် မျိုးနွယ်စု ခြောက်စု၏ အမွေခံ ပါရမီရှင် များနှင့် ရှုပ်ပွ နေသည်။

ဤအရှက် တရားသည် အနည်းဆုံး နှစ်တစ်ရာတိုင် ပြောစမှတ် တွင်နေ တော့မည် ဖြစ်၏။

ဓားဂိုဏ်း သမိုင်း တစ်လျှောက် မကြုံ ဖူးသော အဖြစ် အပျက်များ ပေပင်။ ၎င်းတို့ကို ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ မည်သူမျှ အရှက် မခွဲ ရဲချေ။

ယခု အချိန်တွင် လူတိုင်း လင်းယွန်ကို ရှားဟိုယန်နှင့် ယှဉ်ကြည့် နေမိပြီ ဖြစ်သည်။ သူ့ကို ဓားဆွဲ စေချင်၏။

“ သူက အရမ်း သတ္တိ ရှိတယ်၊ ဒါက အရိယာ ကောင်းကင်ဓား ကြောင့်ပဲ။ ”

“ ဒီခုနစ်ယောက် လုံးက ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်မှာ ရှိတယ်၊ မယုံနိုင်စရာ ပါပဲ၊ လင်းယွန်သာ ကောင်းကင် အဆင့်ကို ရောက်လာရင်၊ ချန်ပီယံ ဖြစ်လာ နိုင်တယ်။ ”

“ အခု ရှားဟိုယန်နဲ့ ယှဉ်နိုင် နေပြီလို့ ငါယုံတယ်၊ ဒီဓားကို ဆွဲထုတ် နိုင်ရင်၊ ကျော် တောင် ကျော်သွား နိုင်တယ်။ ”

“ အဲ့ဒါကို မပြောနဲ့ ... ရှားဟိုယန်ကို၊ မတော်တဆ စော်ကား မိတဲ့ စကား ပါရင်၊ မင်း ဒုက္ခရောက် သွားလိမ့်မယ်။ ”

ကောင်းကင်ဖျက် ဓားရှေ့တွင် လက် နောက်ပစ်ကာ၊ အတွေးနက် နေသော လူငယ် သည်၊ ရှားဟိုယန် ပြီးနောက်၊ အသန်မာဆုံး ဖြစ်နေ မည်မှာ၊ သံသယ ဖြစ်စရာ မလိုချေ။

သို့သော် လင်းယွန်က စက္ကန့် အနည်းငယ် ကြာ ကြည့်ရှု ပြီးနောက်၊ ဓားကို ကျောခိုင်းလိုက် တော့သည်။

ဤနေရာသည် ဓားခန်းမ မဟုတ် သဖြင့်၊ ဓားဆွဲရန် စိတ်မဝင် စားချေ။ မတော် ဓားကျိုး သွားပါက၊ သူ့ အားသာချက်ကို လူတိုင်း သတိ ထားမိ လာနိုင် ပေမည်။

ယခုပင် လူတိုင်းက အာရုံစိုက် နေပြီ ဖြစ်သည်။ သည်နေ့ ပြီးနောက်၊ ပန်း သင်္ချိုင်း အမည်မှာ လူတိုင်း ရင်၌ ရှိနေ ပေမည်။

ဤကမ္ဘာ ပေါ်တွင် မည်သူမျှ ရှေးဟောင်း သူတော်စင် မိသားစု (၇)စု၏ အမွေခံ ပါရမီရှင် များကို ပါးရိုက် ရဲမည် မဟုတ်ချေ။

အပူပင် ကင်းသော ဓား(၉) ကွက်ဖြင့်၊ မျိုးဆက်သစ် လူငယ် များကြား ပေါ့ပေါ့ ပါးပါး ပင်၊ ဖြတ်သန်း နိုင်ပေမည်။

အမျိုး သမီး များစွာ၏ အမြင်တွင်၊ လင်းယွန်မှာ ပို၍ ကြည့်ကောင်း လာသည်။ အထူးသဖြင့် သူ့အား မှော်ဆန် စေသော ခရမ်းရောင် အမှတ် အသား ပေပင်။

တစ်ဖက် လူ၏ ကျက်သရေသည် သူမတို့ နှလုံးသားကို စုပ်ယူ နေသည့် တွင်းနက် ကြီးနှင့် တူသည်။

“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် မင်းက တကယ် သဘောထား ကြီးတဲ့ ကောင်ပဲ။ ”

ကုန်းစွန်းယန်မှ ရယ်သည်။

“ ငါ ... ၊ မင်း တို့ကို အပြင်မှာ ... ၊ စောင့်နေမယ်။ ”

လင်းယွန်မှ ခေါင်းညိတ်ကာ၊ ထွက်သွား တော့သည်။ ဓား ဆွဲထုတ်ရန် ကြိုးစား နေသော ကျောက်ယန်မှာ၊ မျက်မှောင်ကြုတ် မိ၏။

ကောင်းကင်ဖျက် ဓားက၊ မည်သည့် သဘောဆောင် သည်ကို၊ သူ တေွးနေ မိသည်။ မည်သို့ပင် ဆိုစေ ကာမူ လူတိုင်း ခံစားချက် ကောင်းနေ သဖြင့်၊ ဓားမဆွဲနိုင် သည့်တိုင်၊ ပြုံးလျက် ဆက်သွား လိုက်ကြသည်။

လင်းယွန်က တံခါး ဝကို ဖြတ်ကာ လှေကားထစ် များမှ တဆင့် ပြန်ဆင်း လာပြီး၊ အဖိုးကြီး လျူ ရှိရာသို့ လျှောက်လှမ်း သွား၏။

“ လင်းယွန် ... ၊ မင်း ဘာလို့ ဓားမဆွဲ ခဲ့တာလဲ။ ”

အဖိုးကြီး လျူက စီးကြို မေးသည်။ မအောင်မြင် နိုင်လျှင်ပင် ကြိုးစား ကြည့်သင့်၏။

“ အဲဒါ ... လိုအပ် လို့လား၊ ပထမ အဆင့် စမ်းသပ်မှုက ... ၊ လှေကား ထစ်ကို တက်ရုံပဲ မဟုတ်လား။ ”

“ မင်း တကယ် မိုက်တာပဲ။ ”

အဖိုးကြီး လျူက စိတ်ပျက် လက်ပျက်ဖြင့်၊

“ ဟိုမှာ သူတော်စင် ခြောက်ပါးလုံး ရှိနေတယ်၊ သူတို့က တပည့် ရွေးဖို့ လူတိုင်းကို စောင့်ကြည့် နေတာ၊ သူတော်စင်တွေ အတွက် အချိန်က၊ ဘယ်လောက် တန်ဖိုး ရှိလဲ မင်း သိလား၊ ...

... လူတိုင်းက သူတို့ တပည့် ဖြစ်လို ကြတယ်၊ အခု သူတို့က မင်းကို စိတ်ဝင်စား နေတယ်၊ ဒါကြောင့် မင်း စမ်းကြည့်ခဲ့ သင့်တယ်။ ”

“ အဲဒီလို ဆိုရင်တော့ မလို ပါဘူး။ ”

လင်းယွန်မှ ပြန်ပြောသည်။ လက်ရှိ ခွန်အားသည် သူတော်စင် တပည့် ဖြစ်လာရန် လုံလောက် မည်ဟု၊ သူ ယုံကြည် ၏။

ထို့အပြင် ဤသူတော်စင် များ၏ တပည့် ဖြစ်ခြင်းနှင့်၊ သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ခြင်း ကြားတွင်၊ များစွာသော အဓိပ္ပါယ် ရှိသည်။

အဆုံးတွင် သက်တံဓား သူတော်စင် အမိန့်ဖြင့်၊ ဖုန်းကျွယ်မှ သူ့အား ကောင်းကင် လမ်းသို့၊ ဆင်းခေါ် ပေးခဲ့သည်။

ထို့ကြောင့် ရွေးချယ်မှု မှန်ကန်ကြောင်း၊ သက်တံဓား သူတော်စင်အား သက်သေ ပြရန် ဤလမ်းကို ရွေးခဲ့ မိသည်။

ယခုမူ အဆိုပါ ယူဆချက်မှာ မှားယွင်း နေပုံရ၏။ သူတော်စင် (၆) ပါး ရောက်ရှိလာ သော်လည်း၊ သက်တံဓား သူတော်စင် ရောက်မလာ ခဲ့ချေ။

“ မင်းက တကယ် လူမိုက်ပဲ။ ”

အဖိုးကြီး လျူက အားလျော့စွာ ပြုံး လိုက်သည်။ လင်းယွန် အတွေး များကို သူ နားမလည် နိုင်တော့ချေ။

လင်းယွန် မကြိုးစား သော်လည်း၊ လူတိုင်း ကြိုးစား ခဲ့သည်။ သို့သော် ဓားဆွဲရန် မဆိုနှင့်၊ အနားပင် မကပ် နိုင်ချေ။

ယဲ့ဇီလင်၊ ကျောက်ယန်နှင့် အခြားသော လူငယ် နှစ်ဦးသာ တိုးကပ်သွား နိုင်သည်။ သူတို့ နှစ်ယောက်လုံး ဓားကို ဆွဲရန် ကြိုးစား ကြ သော်လည်း၊ မအောင်မြင်ချေ။

ကျန် နှစ်ယောက်မှာ ရှားဟိုယန်၏ ညီဖြစ်သော ရှားဟိုယွင်နှင့် ပိုင် မိသားစုမှ ပါရမီရှင် ပိုင်ကျန့်လီ တို့ဖြစ်သည်။

ငရဲ နတ်ဘုရား မိသားစုသည်၊ ကောင်းကင်ယံ ဂိုဏ်းနှင့်၊ ချိတ်ဆက် ထား သောကြောင့် ဤဓားဂိုဏ်းထံ လာမည် မဟုတ်ချေ။

ထို့ကြောင့် ကျန်သော ရှေးဟောင်း သူတော်စင် မိသားစု (၉)စု သည်သာ ရောက်ရှိ လာခြင်း ဖြစ်သည်။

ရှားဟိုယွင်နှင့် ပိုင်ကျန့်လီ တို့၏ အရည် အချင်း သည်လည်း၊ မဆိုး လှချေ။ ဓား ဆွဲထုတ် နေစဉ်၊ သူတို့၏ ရောင်ဝါမှာ လင်းယွန် နီးနီး သိပ်သည်း လေသည်။

ထို့ကြောင့် လင်းယွန်နှင့် ရှားဟိုယွင် မည်သူ ပို၍ သန်မာ မည်ကို၊ အကြမ်းဖျင်း ကောက်ချက် ချနိုင် လေသည်။

လူအများ အမြင်တွင်၊ ကျရှုံး မည်ကို သိသောကြောင့်၊ လင်းယွန် တစ်ယောက် ဓား ဆွဲရန် မရွေးချယ် ခဲ့ခြင်း ဖြစ်မည်ဟု၊ ထင် လာ၏။

သို့သော် အချို့က လင်းယွန်မှာ၊ ဓားဆွဲ ခြင်းကို စိတ် မဝင်စား ခြင်းသာ ဖြစ်ကြောင်း ပြန်လည် ငြင်းခုန် ကြသည်။

လူ ဟူသည် အမြဲတမ်း အငြင်းပွား နေတတ်သော သတ္တဝါများ ဖြစ်သဖြင့်၊ စကား ဝိုင်းမှာ တဖြည်းဖြည်း စည်ကား လာသည်။

“ ဓား အနား ကပ်ဖို့တောင် ခက်တယ်၊ ငါ့ဆီက အရာ အားလုံးကို သူက စုပ်ယူ ချင်နေ သလိုပဲ။ ”

ကုန်းစွန်းယန်မှ သက်ပြင်းလျက် လင်းယွန်ထံ လှည့်ကြည့်ပြီး၊

“ မင်း ဘာလို့ ဓားကို ဆွဲဖို့ မရွေးချယ် ခဲ့တာလဲ ဆိုတာ ငါ နားလည်ပြီ။ ”

-ဟု ပြောလိုက် တော့သည်။

“ ဓားကို ကိုင်လိုက်တဲ့ အချိန်မှာ၊ တွင်းနက်ထဲ ပြုတ်ကျသွား သလိုပဲ၊ ဒီလူက ဒါကို ဘယ်လိုများ ဆွဲခဲ့ ပါလိမ့်။ ”

ယဲ့ဇီလင်မှာ ခေါင်းညိတ် သဘော တူ၏။ ဤစမ်းသပ်မှု အပြီးတွင် တိမ်လွှာဓား ဂိုဏ်းမှာ၊ နာမည်ကြီး လာတော့သည်။

ကုန်းစွန်းယန်နှင့် ဖုန်ကျန်း တို့မှာ၊ အထူး စိတ်လှုပ်ရှား နေကြ၏။ သူတို့သည် သူတော်စင် မိသားစု များနှင့်၊ ယှဉ်ရန် အကွာ အဝေး အနည်းငယ် ရှိနေ သေးသည်။

သို့သော် ၎င်းတို့ထက် အသက် ငယ်သေး သဖြင့်၊ အနာဂတ်တွင် မည်သူ ပို၍ သန်မာ လာ မည်ကို မသိ နိုင်ချေ။

“ ဒုတိယ အဆင့်ကို သွားရအောင်၊ ဒုတိယ အဆင့်က ဘာလဲ ဆိုတာ ... ၊ ငါလည်း မသိသေး ဘူး။ ”

အဖိုးကြီး လျူက ဒုတိယ အဆင့် စမ်းသပ်မည့် နေရာသို့၊ ဦးခေါ် ခေါ်ငင် လာခဲ့ သည်။

ထိုနေရာ၌ ပထမ အဆင့်ကို ကျော်ဖြတ် လာနိုင် ခဲ့သော လူအများ အပြား ရောက်ရှိနေ ကြသည်။

“ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း လာပြီဟေ့၊ ဒီမှာ လင်းယွန် ... ၊ ဝိုး ... အရမ်း ကြည့်ကောင်း တာပဲ။ ”

အမျိုးသမီး ပြိုင်ပွဲဝင် တစ်ဦးက အော်ပြော လိုက်သည်။ အပူပင် ကင်းသော ဓား(၉)ကွက်ကို ထုတ်ဖော် ခဲ့သော အသွင်မှာ၊ စွဲထင် နေ၏။

လင်းယွန်၏ ထိုအချိန်က လွှမ်းမိုး နိုင်မှုမှာ အမျိုးသား ထုကြီး ကိုပင်၊ မနာလို စိတ်များ ဝင် မိစေ ခဲ့သည်။

“ နေဦး ... ရှားဟိုယန်က ဒီမှာ ဘာလို့ မရှိရ တာလဲ။ ”

“ ဟုတ်သား ... ၊ သူတို့ နှစ်ယောက် ပထမ အဆင့်မှာ မဆုံ ကြလို့၊ ဒီအဆင့်မှာ ဆုံပြီး တိုက် ကြရင်၊ ကောင်းမယ်လို့ မျှော်လင့် နေတာ။ ”

“ ကောင်းကင်ဖျက် ဓားကို ဆွဲနိုင် ခဲ့လို့၊ ဒုတိယ စမ်းသပ် ချက်ကို အလိုလို အောင်သွား တယ်၊ တတိယ စမ်းသပ်မှု ကြမှ၊ သူ လာ လိမ့်မယ်။ ”

ရှားဟိုယွင်နှင့် ပိုင်ကျန့်လီက လူအုပ် ကြားတွင် အတူ ရပ်နေ၏။ လင်းယွန် အပေါ်၊ လူတိုင်း၏ ချီးကျူး သံက သာယာမှု မရှိချေ။

အထူး သဖြင့် ရှားဟိုယွင် ဖြစ်၏။

“ ညီအစ်ကို ပိုင် ... ၊ မင်း ကြားလား၊ ဒီလူ တွေက လင်းယွန်ကို၊ ငါ့ အစ်ကိုနဲ့ ခိုင်းနှိုင်းနေ ကြတယ်၊ ငါ့ အစ်ကို ဆိုတာ ...

... ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ အသန်မာဆုံး လူငယ် ဓားသမားပဲ၊ ဒီကောင်က ဘာမို့လဲ။ ”

ရှားဟိုယွင်မှ ပြောလာသည်။

“ သူက အားနည်း လှတယ် လို့တော့ မဟုတ်ပါဘူး၊ သူတော်စင် မိသားစု (၇)စု ကိုတောင်၊ အနိုင်ယူ နိုင်ခဲ့တယ်။ ”

ပိုင်ကျန့်လီမှ ပြုံးကာ ပြောလိုက်သည်။ သို့သော် ရှားဟိုယွင် အသွင်မှာ ပို၍ ဆိုးသွား တော့၏။

“ သူတို့က နက္ခတ်တွေ ... ၊ ခေါ်ခွင့် မရ ကြလို့ပါ၊ မဟုတ်ရင် အရိယာ ကောင်းကင်ဓား တောင်၊ သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”

လူအုပ်ကြီးက သူ့အမြင် ကိုယ့်အမြင် ဆွေးနွေး နေကြစဉ်၊ ပန်းချီကား တစ်ချပ်က ကောင်းကင်၌ ပေါ်လာသည်။

ပန်းချီကား ပွင့်လာ သည်နှင့်၊ မီးခိုးရောင် ဝတ် လူကြီး တစ်ယောက် ကောင်းကင်၌ ထပ် ပေါ်လာသည်။

“ ဒုတိယ အဆင့် စမ်းသပ်မှုက၊ မင်း တို့ရဲ့ နားလည် နိုင်စွမ်းကို စမ်းသပ်မယ်၊ ဒီစာရွက်မှာ ဓားရေး တစ်ရပ် ပါတယ်၊ ...

... လူ တစ်ယောက်က ဒီအဆင့်ကို ကျော်ဖြတ်ဖို့ ဆိုရင်၊ အနည်းဆုံး ပုံစံ သုံးမျိုး နားလည် နိုင်ရမယ်။ ”

ထိုအကြီး အကဲက ဒုတိယ အကြိမ်၊ စမ်းသပ်မည့် အကြောင်း အရာကို ကြေငြာ လိုက်သည်။

ယင်းကြောင့် ရှားဟိုယွင် မျက်ဝန်းများ တောက်ပ လာ၏။ တိုက်ပွဲသာ ဆိုက နက္ခတ် မခေါ် နိုင်သဖြင့်၊ လင်းယွန်ကို ရှုံးရ ပေမည်။

နားလည် နိုင်စွမ်းချင်း ယှဉ်ရသော်၊ သူ့ အစ်ကိုမှ လွဲ၍ မည်သူမျှ၊ ပြိုင်ဘက် ဖြစ်မလာ နိုင်ချေ။

“ ညီအစ်ကို ပိုင် ... ၊ ဒီစင်မြင့်က ငါတို့လို သူတော်စင် မိသားစု တွေရဲ့၊ အုတ်မြစ်ကို ပြသ ရမဲ့ အချိန်ပဲ။ ”

ထို့ကြောင့် ပိုင်နိုင်သော အပြုံးဖြင့်၊ ပိုင်ကျန့်လီထံ လှည့်ကာ ပြောလိုက် တော့ သည်။

***

All Chapters