← Chapters

ရည်ရွယ်ချက် သုံးဆယ့်ခြောက်ခု။

Vol. 101 Ch. 1402

ရည်ရွယ်ချက် သုံးဆယ့်ခြောက်ခု။

Vol. 101 Ch. 1402

သို့သော် ပိုင်ကျန့်လီက သဘော မတူချေ။

“ လွယ်မှာ မဟုတ်ဘူး၊ သူက အရိယာ ကောင်းကင် ဓားကိုတောင် ဆုပ်ကိုင် ထားနိုင် တာ၊ သူ့ နားလည် နိုင်စွမ်း ဘယ်လိုလုပ် ညံ့ဖျင်း မှာလဲ။ ”

သူ့တွင် ဆင်ခြင်တုံ တရား ရှိ၏။ ဤမတိုင်မီ ကျန်းတျန်မှ လင်းယွန်အား ဖိနှိမ်ရန် ညှိနှိုင်းမှုကို ငြင်းပယ် ခဲ့သည်။

သူတော်စင် မိသားစုဝင် ပါရမီရှင် တစ်ပါး အနေဖြင့်၊ ဤသို့ အုပ်စုဖွဲ့ အနိုင်ကျင့် ခြင်းသည် ရှက်စရာဟု မြင်၏။

ယခု ကဲ့သို့ လင်းယွန်မှ ၎င်းတို့ ခုနစ်ယောက်အား အနိုင်ယူ နိုင်ခြင်းသည်၊ အခြား ကဏ္ဍ ဖြစ်သည်။

သို့သော် သူ သည်လည်း သူတော်စင် မိသားစု ဖြစ်နေ သဖြင့်၊ ဤရလာဒ် အပေါ်၊ မပျော်ချေ။

ဆိုလို သည်မှာ တိမ်လွှာ ဓားဂိုဏ်းနှင့် လင်းယွန်အား နှစ်သက်ဖွယ် မရှိဟု အဓိပ္ပါယ် ရသည်။

“ စိတ်မပူနဲ့ ... ၊ ဒီတစ်ကြိမ် အတွက်၊ ငါပြင်ဆင် ထားတယ်၊ ငါ့ အစ်ကို ဒီမှာ မရှိဖူး ဆိုတော့ ပထမ ဆုက ငါ့ အတွက်ပဲ။ ”

ရှားဟိုယွင်မှ ပိုင်နိုင်သော အပြုံးနှင့် ထပ်ပြော လာသည်။

“ ဒီပန်းချီကားမှာ ရှိတဲ့ ဓားရေးကို၊ ကောင်းကင် ဓားရေကန်လို့ ခေါ်တယ်၊ မင်းတို့ အတွက်၊ အချိန် နှစ်ရက် ရမယ်၊ ပထမ ဆုကို အဆင့်မြင့် သူတော်စင် ဆေးလုံး ချီးမြှင့်မယ်၊ ...

... ဒုတိယနဲ့ တတိယက အလယ် အလတ် သူတော်စင် ဆေးလုံး တစ်လုံးစီ၊ ကျန် ထိပ်တန်း ဆယ်ယောက် အတွက် ကတော့၊ အဆင့်နိမ့် သူတော်စင် ဆေး တစ်လုံးပဲ။ ”

မီးခိုးရောင် ဝတ် အကြီးအကဲ အသံက ထွက်ပေါ် လာသည်။ ထိုစကားကို ကြားသော အခါ လူတိုင်း စိတ်လှုပ်ရှား လာ တော့၏။

သူတော်စင် ဆေးလုံးကို အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့် အပြင်၊ ဘုရင် အဆင့် ဟူ၍ ခွဲထား သည်။

ရှေးဟောင်း ပျက်သုဉ်း မြေတွင်၊ ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်များ ရှားပါး ပေ၏။

သူတော်စင် ဆေးလုံးကို ၎င်းတို့ မှသာ သန့်စင်ပေး နိုင်သဖြင့်၊ အဆင့်နိမ့် သူတော်စင် ဆေးလုံး သည်ပင် ရှားပါး ချေသည်။

လင်းယွန် စားသုံး ခဲ့သော ထိုးထွင်း သိမြင်ခြင်း ကိုးပါး ဆေးလုံးသည်၊ အဆင့်နိမ့် သူတော်စင် ဆေးလုံး မျှသာ ဖြစ်ပြီး၊ များစွာ အကူအညီ ရခဲ့သည်။

ထို့ကြောင့် ၎င်းဆေးလုံး များသည် စျေးကွက်တွင် ဝယ်လိုအား များသော အရင်း အမြစ် တစ်ခု ဖြစ်လာပြီး၊ ဓားဂိုဏ်း အနေနှင့်ပင်၊ ဝယ်ယူ နိုင်ရန်၊ မလွယ် ကူချေ။

ထို့ကြောင့် လူတိုင်း တုန်လှုပ် သွားရခြင်း ဖြစ်သည်။ တစ်ချိန် တည်းမှာပင် ဓားဂိုဏ်း၏ အခြေခံ အုတ်မြစ် အပေါ်၊ အမြင် သစ်ဖြင့် ရှုမြင် လာကုန်၏။

တစ်ဖက်တွင် အဆင့်မြင့် သူတော်စင် ဆေးလုံးသာ ရရှိ ပါက၊ နတ်နဂါးနှင့် နတ်ဖီးနစ် ကို၊ ပေါင်းစည်း နိုင်စေ နိုင်မည် ဖြစ်သည်။

မလို လျှင်ပင်၊ ယဲ့ဇီလင်ကို ပေးနိုင်၏။ ထို့ကြောင့် လင်းယွန်က ပထမ ဆုကို ရယူရန် ဆုံးဖြတ် လိုက်သည်။

ပန်းချီကား အပေါ်၊ အာရုံစိုက် လိုက်သော အခါ ရေကန် တစ်ကန်အား မြင်လိုက် ရသည်။ ရေကန် ပေါ်တွင် ရွှေရောင် ရူရ်များ တောက်ပ နေ၏။ ယင်းက ဓားရေး တစ်ရပ် ဖြစ်သည်။

“ အိုး ... ဒါက တိမ်လွှာဓား (၁၃) ကွက်ထက် မနိမ့်ကျ ပါလား။ ”

အရိယာ ကောင်းကင် ဓားကို အသက် သွင်းကာ ကြည့်လိုက် သည်နှင် ဓားရေး တစ်ရပ် လုံးကို မှတ်မိရန် လုံလောက် သွားသည်။

ခဏ အကြာတွင် လူ တစ်ယောက်က ထိုဓားရေးအား ကစား ပြလာသည်။ မျက်စိ တစ်မှိတ် အတွင်း၊ ရည်ရွယ်ချက် ပေါင်း (၃၆) မျိုး အထိ၊ ပြောင်းလဲ သွား၏။

“ ဒီကောင်းကင် ဓားရေကန် ဆိုတဲ့ ... ၊ ဓားရေးမှာ၊ ပုံစံ (၁၂)မျိုး ရှိတယ်၊ ဒါပေမယ့် ... ရည်ရွယ်ချက် (၃၆)ခု ပါဝင်တဲ့ အတွက်၊ အတု အယောင် တွေကို ခွဲထုတ် ရမှာပဲ။ ”

“ တကယ့်ကို ခက်ခဲတယ်၊ ငါတော့ ပထမ ပုံစံရဲ့၊ ရည်ရွယ်ချက် ကိုတောင်၊ ဘာလဲ ဆိုတာ အတည် မပြုနိုင် သေးဘူး ... ။ ”

“ တော်သေးတယ်၊ စမ်းသပ်မှု အောင်မြင်ဖို့၊ ပုံစံ သုံးမျိုးပဲ သင်ယူ ရမယ် ဆိုတော့၊ အဆင်ပြေ မယ်ထင် ပါတယ်။ ”

လူတိုင်းက ပထမ အဆင့်ကို ကျော်ဖြတ် လာနိုင်သည့် အတွက်၊ ညံ့ဖျင်း လှသည် မဟုတ် ချေ။

တစ်နေ့ ကုန်လွန် သွားသည်နှင့် ပိုင်ကျန့်လီက မျက်စိ ပြန်ဖွင့်ကာ၊ သူ့ဘေးရှိ ရှားဟိုယွင်ထံ ကြည့်လိုက်ပြီး၊

“ မင်း ... ၊ ပုံစံ ဘယ်လောက် ရထား ပြီးပြီလဲ။ ”

-ဟု မေးလိုက်သည်။

“ သိပ် ... မများ ပါဘူး၊ ပုံစံ ကိုးမျိုး။ ”

ရှားဟိုယွင်မှ ပြုံးကာ ပြန်ဖြေ၏။ ထိုအဖြေကြောင့် ပုံစံ (၇)မျိုးကို ဆုပ်ကိုင်နိုင် ခဲ့သော ပိုင်ကျန့်လီ အတွက်၊ အံ့အားသင့် သွားတော့သည်။

သည့်စဉ် ရှားဟိုယွင်က အနက်ရောင် အစေ့တစ်စေ့ကို လက်ဖဝါး ပေါ် တင်ပြ လာ လေသည်။

“ ဗောဓိ မျိုးစေ့ ... ။ ”

ပိုင်ကျန့်လီ မျက်နှာ ပြောင်းလဲ သွားပြီး တည်ငြိမ်မှု ပျောက်ဆုံး သွားသည်။ ဤဗောဓိ မျိုးစေ့သည် ရှားပါး ရတနာ တစ်ပါး ဖြစ်၏။

ဗုဒ္ဓ ဘာသာဂိုဏ်း များ၌ ထူးခြားသော ဗောဓိပင် များကို စိုက်ပျိုး ကြသည်။ ထိုအပင် များသည်၊ အနှစ် (၁၀၀၀) ပြည့်သော်၊ ပန်းပွင့် တစ်ပွင့် ပွင့်၏။

ထိုပန်းပွင့် ထံမှ ဝိညာဉ် ရေးရာ စွမ်းအင် များစွာ ပါရှိသော ဗောဓိ မျိုးစေ့ကို၊ ထုတ်ပေး ချေသည်။

၎င်းသည် လူ တစ်ဦး၏ ကျင့်ကြံမှုနှင့် နားလည် နိုင်စွမ်းကို မြှင့်တင်ပေး နိုင်သည်။ ထို့ကြောင့် ရှားဟိုယွင်သည် သူ့ထက် သာလွန် သော နားလည် နိုင်စွမ်း ရှိလာ သည်မှာ သဘာဝ ပေပင်။

“ ညီအစ်ကို ပိုင် ... ၊ မင်းရဲ့ နားလည်မှု တွေကို ပြန်ပြော ပြပါ၊ ငါ ... မင်းကို ပြန်ဝေမျှ ပေးမယ်။ ”

ရှားဟိုယန်မှ အကြံ ပြု၏။ ပိုင်ကျန့်လီက ခေါင်းညိတ် ပြပြီး၊ နားလည် သမျှကို ပြောပြ လိုက်သည်။

“ မဆိုး ပါဘူး၊ ပုံစံ (၇) မျိုးထဲ ဆိုပေမယ့်၊ ရည်ရွယ်ချက် အမှန်ကို ဆုပ်ကိုင်ထား နိုင်တာပဲ၊ ဒီဗောဓိ မျိုးစေ့က ငါ့ အစ်ကိုရဲ့ ပစ္စည်းပါ၊ ...

... ဒီနေ့၊ သူ မပါဝင် နိုင်တဲ့ အတွက် ... ၊ ဒုတိယ စမ်းသပ်မှု အတွင်း၊ ပထမ ရအောင် ငါ့ကို ငှားပေးတာ။ ”

ရှားဟိုယွင်မှ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။ လူ အများက ဤလူကို သူ့အစ်ကို ကြီးနှင့် ခိုင်းနှိုင်း နေသည်ကို မကျေနပ်ချေ။ အခွင့် အရေး ရသည်နှင့် နင်းချေ ရပေမည်။

“ ဒါကြောင့် ... ည မရောက်ခင် ... ၊ ဒီဓားရေးကို ပုံစံ (၁၀)မျိုး အထိ၊ ငါ ... ရှာနိုင် မယ်လို့ ယုံကြည် တယ်။ ”

ရှားဟိုယွင်က ပိုင်နိုင်စွာ ပြုံးသည်။ နှစ်ရက် အတွင်း ၎င်းအား ကျွမ်းကျင်မှု ရယူ နိုင်မည်ဟု ယုံကြည်၏။

စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် တစ်ရပ်အား၊ ဤမျှ နားလည် နိုင်ခြင်း သည်ပင်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ ဂုဏ်ယူ စရာ ဖြစ်သည်။

“ အရိယာ ကောင်းကင် ဓားကို ... ၊ ကိုင်ထားတဲ့ အတွက်၊ သူ့ရဲ့ နားလည်မှု အရှိန် ကလည်း မနှေး ပါဘူး၊ ဒါကြောင့် မင်း ဂရုစိုက် သင့်တယ်။ ”

ပိုင်ကျန့်လီ၏ သတိပေး စကား အပေါ်၊ ဂရုမစိုက် ဟန်ဖြင့်၊ ရှားဟိုယန်မှ ရယ်မောကာ၊

“ ဟား ... ဟား ... ဟား ... ညီအစ်ကို ပိုင်၊ မင်း အမြင်ကို ချဲ့ဖို့ လိုပြီ၊ အရိယာ ကောင်းကင် ဓား ရှိပေမယ့်၊ သူ ကနဦး ပင်မ နတ်ဘုရား၊ ဖြစ်လာတဲ့ အချိန်မှာ၊ ...

... အသက်က နှစ်ဆယ် ရှိနေပြီ၊ အောက်တန်း နယ်မြေက လာပြီး၊ သူ ခွန်လွန် ရောက်တာ တစ်နှစ်ပဲ ရှိပါ သေးတယ်။ ”

သူတို့ နှစ်ယောက် စကား ပြောဆို နေကြစဉ် လင်းယွန်က မျက်လုံးများ ဖွင့်လိုက်ပြီး ‘လှစ်ခနဲ’ ပျံတက် သွားသည်။

သို့သော် မြန်လွန်း သဖြင့်၊ ခန္ဓာ ကိုယ်မှ၊ ကိုယ်ပွားများ ထွက်သွား သည်ဟုသာ မြင်၏။ ပုံရိပ် (၇) ရိပ်က မတူညီသော ဓား ပုံစံ များကို ခင်းကျင်း လိုက်သည်။

“ ဝှစ် ... ။ ”

ပြီးသည်နှင့် ထိုပုံရိပ် များက မထွက်ပေါ် ခဲ့သကဲ့သို့ လင်းယွန် ခန္ဓာ ကိုယ်ထံ ပြန်လည် ဝင်ရောက် သွားသည်။

ထိုဖြစ်စဉ်များ အားလုံးမှာ မျက်တောင် တစ်ချက် ခတ်စာ အတွင်း၊ ဖြစ်ပွား သွားခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့် အများ အမြင်၌၊ တစ်ချိန်လုံး ထိုင်နေဆဲ ဖြစ်ချေ၏။

သို့သော် ပိုင်ကျန့်လီနှင့် ရှားဟိုယွင်က သူ့အား အာရုစိုက် နေချိန် ဖြစ်ရာ၊ သတိ ထားမိ လိုက်သည်။

“ သူ ... ပထမ ဓားချက် ကိုတောင် မရခဲ့ ဖူးလား။ ”

ပိုင်ကျန့်လီမှ ဇဝေ ဇဝါ ဖြစ်လာသည်။ လင်းယွန် (၇) ယောက် လုံးသည် ပထမ ပုံစံ ‘အဆုံးမဲ့ တိမ်၊’ ကိုသာ၊ ကစား ပြခဲ့သည်။

“ ဟုတ်တယ် ဒါက ပထမ ပုံစံပဲ၊ သူ အဆင့်မြင့် ကျွမ်းကျင်မှု အထိ၊ လိုချင် နေပုံ ရတယ်။ ”

ရှားဟိုယွင်က ခေါင်းညိတ် ထောက်ခံ လိုက်သည်။ ထို့ထက် ပို၍ သူ မမြင် နိုင်ချေ။ ဓားဂိုဏ်း၏ စည်းမျဉ်း အရ ပုံစံ များကို၊ ကနဦး အဆင့်ထိ နားလည် ရန်သာ လိုသည်။

အလုံးစုံ ကျွမ်းကျင်ရန် ကြိုးစား ခြင်းက၊ အချိန်ဖြုန်း ခြင်းသာ ဖြစ်သည်။ ကျွမ်းကျင်မှု အပေါ်၊ လိုက်လံ တိုင်းတာ နေပါက၊ မည်သူမျှ ဤအဆင့်ကို ဖြတ်ကျော် နိုင်မည် မဟုတ်ချေ။

ပုံစံ (၉)မျိုး အပေါ် အလယ် အလတ် ကျွမ်းကျင်မှု အထိ၊ ရရှိ ထားသော သူ့ အရည် အချင်း သည်ပင်၊ ကောင်းကင်ကို အံတု နေပြီ ဖြစ်သည်။

“ ဒီကောင်က ... သူ ဝါးနိုင်တာထက်၊ ပို ဝါးချင် နေတယ်၊ သူ့ကို စိုးရိမ် စရာ မလို ပါဘူး၊ ပထမ ပုံစံကို သူ အဆင့်မြင့် ကျွမ်းကျင်မှု အထိ ရလာတဲ့ အခါ၊ အချိန်စေ့ သွားလိမ့်မယ်၊ ...

... အဲဒီ အချိန်မှာ ... ၊ ငါ ကတော့ ပုံစံ ဆယ်မျိုး လုံးကို၊ အလယ် အလတ် ကျွမ်းကျင်မှု အထိ၊ နားလည် နေမှာ သေချာတယ်၊ နောက်ဆုံးတော့ ငါက ချန်ပီယံပဲ။ ”

လူအများ အပြားသည် ပုံစံ (၃) မျိုးကို နားလည် သည်နှင့်၊ ထပ်မံ မကြိုးစား တော့ဘဲ၊ ဖြေဆို လာကြသည်။ ထို့ကြောင့် လူများစွာ အောင်မြင် လာသည်။

ပထမ စမ်းသပ်မှု ထက်ပင်၊ အကျ အရှုံး ပိုနည်း သွား၏။ သို့သော် မီးခိုးရောင် အကြီး အကဲမှာ၊ ခေါင်းယမ်း လိုက်သည်။

အဓိက ရည်ရွယ် ချက်မှာ၊ လူတိုင်း စမ်းသပ်မှု အောင်မြင် စေရန် အပြင်၊ အလား အလာ အားလုံး တူးဖော်ရန် ဖြစ်သည်။

ဤမျှ ပေါ့လျော့ ကြမှန်း သိပါက၊ သည်အဆင့်ကို ပထမ အကြိမ် ကဲ့သို့၊ အခက် အခဲ ဖြစ်အောင် လုပ်မိ ပေလိမ့်မည်။

ပုံစံ (၅) မျိုး အထိ တိုးကာ၊ အများစုကို ဖယ်ရှား ပစ်နိုင်မည်။ သို့သော် တတိယ အဆင့် ကျန်နေသေး သဖြင့်၊ အချိန်မီ သေးသည်။

ထိုအချိန်တွင် ရွှေလူသားကို ဓားရေး ကစားစေလျက်၊ လင်းယွန် တစ်ယောက် ငြိမ်သက် နေခဲ့သည်။

ရွှေလူသား ဘေးတွင် ရှိသော မိုးပြာ နဂါးကြီးက တစ်ချက်၊ တစ်ချက် ဟိန်းဟောက် လာတတ်သည်။

ရွှေလူသားသည် ပုံစံ (၁၂)မျိုး၌ အဆင့်မြင့် ကျွမ်းကျင်မှု ရရှိ နေပြီ ဖြစ်ပြီး၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုနှင့် မဝေးလှ တော့ချေ။

ဤသည်မှာ အဆင့်မြင့် စင်ကြယ်သော ဝိညာဉ်တော် ဓားပညာရပ် တစ်ရပ် ဖြစ်သည်။ ပြီးပြည့်စုံ လုနီးနီး ကျွမ်းကျင်လာ သော်မှ စင်ကြယ်သော ဝိညာဉ် တော်ကို၊ မခေါ်ယူ နိုင်ခဲ့ သဖြင့်၊ သံသယ ဝင်လာ မိသည်။

ထို့ကြောင့် ၎င်းရည်ရွယ်ချက် (၃၆) ချက်မှာ၊ အစစ်အမှန် ဖြစ်မည် ဟူသော ထင်ကြေး အပေါ်၊ အတည် ပြုချက် ရယူရန်၊ အစောပိုင်း အချိန်၌ ထ၍ စမ်းကြည့် လိုက်ခြင်း ဖြစ်၏။

***

All Chapters