← Chapters

မင်း ... နောင်တ မရစေ ရပါဘူး။

Vol. 101 Ch. 1403

မင်း ... နောင်တ မရစေ ရပါဘူး။

Vol. 101 Ch. 1403

အချိန်ကြာ လာသည်နှင့် အမျှ၊ လူအများ စုသည် ပုံစံ (၃)မျိုး၏ ရည်ရွယ်ချက် (၃) ခုကို သာ၊ ကျွမ်းကျင်စွာ ပြသ လာနိုင် ကြသည်။

ပြိုင်ပွဲဝင် အရေ အတွက်၊ (၃၀%) ခန့် သည်သာ ကျရှုံး ပေ၏။ အချို့မှာ ပထမ ပုံစံ ကိုပင်၊ မလုပ်ဆောင် နိုင်ခဲ့ချေ။

နှစ်ရက် အတွင်း၊ ဤအဆင့်မြင့် စင်ကြယ် သော ဝိညာဉ်တော် ပညာကို၊ နားလည် အောင် ကြိုးစား ရန်မှာ၊ မဖြစ် နိုင်မှန်း သူတို့ သိ၏။

ပိုင်ကျန့်လီမှာ အဋ္ဌမ မြောက် ပုံစံကို အောင်မြင်စွာ ဆုပ်ကိုင် နိုင်သည်။ ဤအရာက သူ့နားလည် နိုင်စွမ်း မည်မျှ မြင့်မား သည်အား၊ ပြသရာ ရောက်၏။

အချိန် တစ်ရက်သာ ထပ်မံ ရရှိ ပါက၊ ကောင်းကင် ဓားရေကန် တစ်ရပ်လုံး ကိုပင်၊ ကျွမ်းကျင်နိုင် ပေမည်။

(၁၅)ရက် ဆိုက၊ အဆင့်မြင့် ကျွမ်းကျင်မှု ရရှိနိုင်၏။ ဤအရာသည် သူတော်စင် မိသားစု ပုံရိပ်အား၊ ထိန်းထား နိုင်ပြီ ဖြစ်သည်။

မီးခိုးရောင် ဝတ် အကြီး အကဲက၊ သူတော်စင် မိသားစုမှ ပါရမီရှင် များကို သတိ ထား မိကာ၊ ခေါင်းညိတ် ပြသည်။

သူတို့နှင့် အခြား ပြိုင်ပွဲဝင်များ ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေ၏။

“ မတော် တဆမှု မရှိရင်၊ မင်းက ထိပ်ဆုံး သုံးဦး အဆင့် ဝင်နိုင်တယ်။ ”

ပိုင်ကျန့်လီမှ ဓားရေး ကစား ပြပြီးနောက်၊ မီးခိုးရောင် ၀တ် အကြီး အကဲက ချီးကျူး စကား ဆိုသည်။

“ ကျေးဇူး တင်ပါတယ် စီနီယာ။ ”

ပိုင်ကျန့်လီမှ ပြုံးလိုက်သည်။ ချီးမွမ်း စကားမှာ၊ အမှန် ပေပင်။ ဗောဓိ မျိုးစေ့ကြောင့် ရှားဟိုယွင်မှ ပထမ ဖြစ်လာ နိုင်မည်။

ဒုတိယသည် လင်းယွန် ဖြစ်၏။ အရိယာ ကောင်းကင်ဓား အပေါ် နားလည် နိုင်ခြင်းသည်၊ ကောင်းကင်ကို အံတု နေချေပြီ။

ထို့ကြောင့် အဆင့် (၃) ရ လျှင်ပင်၊ အဆင် ပြေသည်။ သူတော်စင် မိသားစုဝင် ဖြစ်သော်မှ အလယ် အလတ် သူတော်စင် ဆေးလုံးသည်၊ အဖိုးတန် အရင်း အမြစ် ဖြစ်၏။

“ အဲဒီ လူက တကယ်ပဲ၊ ရည်ရွယ်ချက် (၈)မျိုးကို ဆုပ်ကိုင် နိုင်တာလား၊ မယုံနိုင် စရာ ပါပဲ။ ”

ကုန်းစွန်းယန်မှ ညည်းညူလျက် ကျောက်ယန်ထံ လှည့်မေး လိုက်သည်။

“ အရူး ... ၊ မင်း ပုံစံ ဘယ်နှစ်မျိုး ရပြီလဲ။ ”

“ ခုနှစ်မျိုး ... ၊ အဋ္ဌမ ပုံစံက နည်းနည်း ခက်တယ်၊ ပြီးတော့ ... ၊ ဒီဓားရေးက တစ်ခုခု ထူးခြား နေတယ်၊ ဒါပေမယ့် ငါ မမြင် နိုင်ဘူး။ ”

ကျောက်ယန်မှ ဖြေကြားသည်။ ထိုထူးခြား ချက်ကို မခံစားရ သဖြင့်၊ ကုန်းစွန်းယန်မှ စိတ် မဝင် စားဘဲ၊

“ မိန်းကလေး ယဲ့ မင်းရော ... ။ ”

-ဟု လှည့်မေး လိုက်၏။

“ ကေျာက်ယန် ပြော သလိုပဲ၊ တစ်ခုခု ထူးခြား နေတယ်၊ ဒီထက် ပိုပြီး ငါလည်း မခံစား မိတော့ဘူး။ ”

ယဲ့ဇီလင်မှ ပြန်ဖြေ၏။ ကျောက်ယန်နှင့် ထပ်တူ ကျသော အဖြေကြောင့်၊ ကုန်းစွန်ယန်မှ ပန်းချီ ကားထံ၊ ပြန် ကြည့်သည်။

“ အတူတူ ပါပဲ။ ”

၎င်းနှင့် ပတ်သက်ပြီး၊ မည်သို့မျှ မခံစား ရသဖြင့်၊ မျက်လုံး ပြန်ဖွင့် လာသော လင်းယွန် ထံ၊ လှည့်ကြည့် လိုက်သည်။

“ လင်းယွန် ... ၊ မင်းရော ... ။ ”

“ ဒါက ... ၊ ပုံစံ ဘယ်နှစ်မျိုး ရနိုင် မလဲ ဆိုတာ အရေး မကြီးဘူး။ ”

-ဟု လင်းယွန်မှ ပြန်ဖြေ၏။

“ ဒါဆို ... ဘာက အရေးကြီးလဲ။ ”

“ ခဏနေ သိလိမ့်မယ်။ ”

လင်းယွန်က ပန်းချီ ကားထံ ကြည့်ကာ၊ မျက်လုံး မှိတ်သွား ပြန်သည်။ သူ့စိတ်ထဲ ဓား (၃၆) ချက် ပေါ်လာ၏။

ထိုအချိန်တွင် ယဲ့ဇီလင်နှင့် ကျောက်ယန်က ဖြေဆိုရန် အတွက်၊ မတ်တပ်ထ ရပ်လိုက်သည်။ သူတို့ နောက်တွင် ဖုန်ကျန်း၊ လျူချင်းယန်နှင့် ကုန်းစွန်းယန် တို့ပါ၊ လိုက်ပါ သွားကြ၏။

“ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း လာပြီ။ ”

“ ဟမ် ... ၊ လင်းယွန်က လိုက်မလာ သေးပါလား။ ”

“ အဲဒီ ခရမ်းရောင် ဝတ် ထားတဲ့ အမျိုး သမီးကို တွေ့လား၊ သူက တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် ကြီးပဲ၊ အရမ်း မိုက်တယ်။ ”

“ အစ်ကိုကြီး၊ တိမ်လွှာ ဓားဂိုဏ်း လာပြီ။ ”

ပိုင် မိသားစုဝင် တစ်ယောက်က ပိုင်ကျန့်လီအား ပြော၏။ ယင်းက ၎င်းတို့မှာ၊ တိမ်လွှား ဓားဂိုဏ်း အပေါ်၊ မည်မျှ အာရုံစိုက် နေသည်ကို သိနိုင်သည်။

အထူး သဖြင့် ယဲ့ဇီလင်အား အကြိမ်ကြိမ် စစ်ဆေး ပြီးနောက်၊

“ တကယ် လှတဲ့ အမျိုးသမီးပဲ၊ သူရဲ့ နားလည် နိုင်စွမ်းက ဘယ်လောက် အထိ၊ မြင့်မား မလဲ သိချင် လာပြီ၊ မဟုတ်ရင် အခွံလွတ် တစ်လုံးနဲ့ မခြား ပါဘူး။ ”

“ စိတ်မပူနဲ့ အစ်ကိုကြီး၊ သူက မင်း ထက်တော့ သာလွန် သွားမှာ မဟုတ် ပါဘူး၊ ဟုတ်တယ် မဟုတ်လား ။ ”

သို့သော် ထိုလူငယ်က တစ်စုံ တစ်ခုကို သတိရ သွားပြီး၊

“ ဒါပေမယ့် ... ပထမ အဆင့်မှာ ... ၊ ပြသ ခဲ့တဲ့၊ သူ့ ခွန်အားကို အကဲဖြတ် ရရင်၊ တကယ် သန်မာ ပါပေတယ်။ ”

-ဟု ဆက်ပြော လိုက်၏။

“ မင်း အရမ်း တွေးနေပြီ။ ”

ပိုင်ကျန့်လီက ထိုသို့ ပြောလာသော လူငယ်ကို၊ မကျေ မနပ်နှင့် စိုက်ကြည့် ပစ်သည်။ လှပသော အမျိုးသမီး များစွာကို၊ သူ မြင်ဖူး၏။

သို့သော် ၎င်းတို့ အားလုံးတွင် ဦးနှောက် မပါရှိ ကြချေ။ ပန်းအိုး အလွတ် တစ်လုံး မျှသာ ဖြစ်သည်။

“ ဝှစ် ... ။ ”

ရုတ်တရက် နဝမ မြောက် ပုံစံကို ထုတ်ပြ နေသော ယဲ့ဇီလင်းအား မြင်ချိန်၌၊ မျက်လုံးပြူး သွားသည်။

ပို၍ ထိတ်လန့် သွားစေ သည်မှာ၊ ခရမ်းရောင် အလင်းများ ကြားတွင်၊ နှင်းပွင့်များ ကခုန် နေခြင်း ဖြစ်၏။

ယင်းက ကိုယ်ပိုင် အသိ ထည့်သွင်း ထားသည် ဟူသော အဓိပ္ပါယ် ပေပင်။ နှင်း သူတော်စင် မိသားစု၏ မျိုးဆက် သွေးမှာ၊ ဤဓားရေးနှင့် လိုက်ဖက်ပုံ ရသည်။

ဒသမ ပုံစံ ပြီးနောက်၊ ယဲ့ဇီလင်က ရပ်တန့် သွားသည်။ သို့သော် ပတ်ဝန်းကျင်၌ မငြိမ်သက် နိုင်သေး ချေ။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

“ တကယ်ပဲ၊ သူက တိမ်လွှာ ဓားဂိုဏ်းက ဟုတ်ရဲ့လား၊ သူ့ အလှထက် အရည် အချင်းက ပို ကြောက်စရာ ကောင်းနေတယ်။ ”

“ ဓားပုံစံ (၁၀) မျိုးကို နှစ်ရက် အတွင်း ဆုပ်ကိုင် ထားနိုင်တယ်၊ ဒါက ... နည်းနည်း ဘီလူး ဆန်နေတယ် မဟုတ်လား။ ”

အာမေဋိတ် သံများ ဆူညံ လာသည်။ သူတော်စင် မျိုးရိုး ပါရမီရှင် များစွာ သည်လည်း ဤအချက်ကို လက်မခံ နိုင်ချေ။

ပိုင်ကျန့်လီမှာ ထိပ်ဆုံး (၃) နေရာကို စွန့်လွှတ် လိုက်ရပြီ ဖြစ်သည်။ အလယ် အလတ် သူတော်စင် ဆေးလုံး၏ တန်ဖိုးသည် အဆင့်နိမ့် သူတော်စင် ဆေးလုံး၏ ဆယ်ဆ ဖြစ်၏။

ထို့ကြောင့် တည်ငြိမ်မှုကို ထိန်းမထား နိုင်တော့ချေ။ အစောပိုင်း အချိန်က ရှားဟိုယွင် တစ်ယောက် အဘယ်ကြောင့်၊ ဤမျှ ရန်လို နေခဲ့ သည်ကို၊ နားလည် လာသည်။

အပြာရောင် စံအိမ်မှ တစ်စုံ တစ်ယောက် နင်းချေ ခြင်းကို ခံရသည့် ခံစားချက်မှာ ဆိုးရွား လှချေ၏။

ထိုအချိန်တွင် မီးခိုးရောင် ဝတ် အကြီး အကဲက ဝမ်းသာ အားရ ပြုံးသည်။ သူမထံ ပြန် အကြည့်တွင်၊ လွန်ခဲ့သည့် (၁၈) နှစ်မှ၊ ‘ထိုသူ’နှင့် တူနေ သည်ဟု ခံစား မိ၏။

အထူး သဖြင့် မာနနှင့် ခေါင်းမာမှုမှာ၊ ထပ်တူကျ နေသည်။

“ ကျန့်ကျန်းရှန်ကို သိလား။ ”

“ သူ့ သမီးပါ ... ။ ”

ယဲ့ဇီလင်မှ ပြန်ဖြေ၏။ မီးခိုးရောင် ဝတ် အကြီး အကဲမှာ၊ ခေတ္တမျှ အံ့အားသင့် သွားပြီး၊

“ ဟား ... ဟား ... ဟား ... ၊ ဟား ... ဟား ... ဟား ... ၊ အဲဒါဆို မင်းပဲပေါ့၊ အံ့သြစရာ မရှိတော့ ပါဘူး။ ”

-ဟု ကျေနပ်စွာ နှစ်ကြိမ် ရယ်မော လိုက်သည်။

သူမ အဖြေကို ကြား သူတိုင်းက၊ အံ့သြ သွား၏။

“ ကျန့်ကျန်းရှန် ... ၊ နယ်ပယ် သုံးပါး ချန်ပီယံ လား။ ”

“ သူ့ရဲ့ အရည် အချင်းက၊ ပိုင်ကျန့်လီ ထက်တောင် သန်မာ နေတာ၊ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ ဒဏ္ဍာရီလာ ပုဂိ္ဂုလ်ရဲ့ သမီးက၊ ဒီလောက်တော့ အစွမ်းထက် ရမှာပေါ့။ ”

အနားရှိ လူတိုင်း၏ အကြည့်များ သူမ အပေါ်၊ ဆင်းသက် သွားသည်။ သူတို့၏ ရိုသေ လေးစား မှုသည် အဆုံး မရှိချေ။

ထို့နောက်တွင် ကျောက်ယန်မှ ပုံစံ (၈)မျိုး ပြသ နိုင်ကာ၊ ကုန်းစွန်းယန်သည် သတ္တမ ပုံစံ သာ၊ ပြသ နိုင်သည်။

ဖုန်ကျန်းနှင့် လျူချင်းယန် တို့ မှာမူ၊ ပဉ္စမနှင့် စတုတ္ထ ပုံစံ အသီး သီးသာ၊ ပြသ လာ၏။

“ ဒါကြောင့် သူမက မသေချာ ဖူးလို့ ပြောခဲ့တာကိုး၊ ကြည့်ရတာ သူ့ရဲ့ သွေးသားနဲ့ ဒီဓားရေးကို၊ ပေါင်းစပ် နေတာ ဖြစ်မယ်။ ”

အစောပိုင်း စကား ဝိုင်း၌ ယဲ့ဇီလင်၏ ဆိုလိုရင်းကို၊ ကျောက်ယန်မှ နားလည် လာကာ၊ ခေါင်းညိတ် လိုက် မိသည်။

ခဏတာ တိတ်ဆိတ် သွားပြီးနောက်၊ လင်းယွန် ထရပ်လာသော အခါတွင်၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ပြန်၏။

“ ယဲ့ဇီလင် တောင် နှစ်ရက် အတွင်း၊ ဒီလောက် နားလည် လာမှတော့၊ လင်းယွန်ဆို ဘယ်အထိ ရောက်မလဲ သိချင်သား။ ”

“ အနည်းဆုံး ဓားပုံစံ ဆယ်မျိုးပဲ ... ၊ မဟုတ်ရင် အရိယာ ကောင်းကင်ဓားက အတုလို့ ပြောရ လိမ့်မယ်။ ”

အထူး သဖြင့် သူတော်စင် မိသားစုမှ ပါရမီရှင် (၇)ပါးကို၊ နှိမ်နင်း ခဲ့သော လုပ်ရပ်က လူ အများ၏ လေးစားခြင်းကို ခံလာ ရပေသည်။

“ ရှားဟိုယွင် ... ၊ ဒီမှာ မရှိတာ နှမျော စရာ ပါပဲ၊ မဟုတ်ရင် ဘယ်သူက ပိုသန်မာလဲ ဆိုတာ ငါတို့ သိနိုင်မှာ။ ”

လင်းယွန်နှင့် ယှဉ်ပြိုင်ရန် ရှားဟိုယန် မရှိ တော့သည့် အတွက်၊ လူတိုင်းက စိတ်ပျက်သွား လေသည်။

“ ပန်းသင်္ချိုင်း ... ခဏ ရပ်ပါဦး။ ”

ရှားဟိုယွင်မှ ထရပ်ကာ ဟန့်တား လာ၏။ သည်အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်း နေခဲ့ရ သဖြင့်၊ လက်လွှတ် မခံ လိုချေ။

တစ်ဖက် လူကို မသိ သဖြင့်၊ လင်းယွန်က လှည့်ကြည့်ကာ မျက်မှောင်ကြုတ် လိုက်မိ လေ သည်။

“ သူက ... ရှားဟိုယန်ရဲ့ ညီအရင်း ရှားဟိုယွင်ပဲ၊ အရည်အချင်း အရ ဆိုရင်၊ သူ့ မိသားစုမှာ ဒုတိယ လိုက်တယ်။ ”

ကုန်းစွန်းယန်မှ မိတ်ဆက် ပေးသည်။ ယင်းက လင်းယွန်အား ပို၍ ရှုပ်ထွေးလာ စေ၏၊ တစ်ဖက်လူ မည်သူ မည်ဝါ ဖြစ်စေ ကာမူ၊ သူနှင့် ပတ်သတ် စရာ အကြောင်း မရှိချေ။

ဒုတိယ အဆင့်တွင် ပထမ အဆင့် ကဲ့သို့၊ တိုက်ပွဲများ ဆင်နွှဲစရာ မလိုဘဲ၊ နားလည်မှုသာ စစ်ဆေးခြင်း ဖြစ်သည်။

“ ဘာ ကိစ္စ ရှိလဲ။ ”

“ ငါတို့ ကစား ရအောင်။ ”

“ ဘာကို ကစားချင် တာလဲ။ ”

“ ရှင်းပါတယ် ... ၊ ဒီမှာ လူ အများစုက မင်းကို ငါ့ အစ်ကိုကြီးနဲ့ ... ၊ ယှဉ်နိုင် တယ်လို့ ထင်ကြတယ်။ ”

“ ဒါက သူတို့ရဲ့ အတွေး အမြင် တွေပါ၊ လူတိုင်းမှာ လွတ်လွတ် လပ်လပ် ပြောခွင့် ရှိနေ တာပဲ၊ ငါက ဘယ်သူ့ ကိုမှ မပြိုင် ပါဘူး၊ မင်းရဲ့ အစ်ကို ကြီးမို့၊ မင်းက ကာကွယ်ချင်တာ ငါ နားလည် ပါတယ်။ ”

လင်းယွန်မှ ယဉ်ကျေးစွာ တုန့်ပြန်သည်။ ရှားဟိုယန်တွင် လေးစားဖွယ် အရည် အချင်း အမှန်ပင် ရှိသည်။

ထို့ပြင် ပတ်ဝန်းကျင်၏ အမြင် များကို၊ သူစိတ်မဝင် စားချေ။ ဂရုစိုက် နေပါက အရမ်း ပင်ပန်း ပေလိမ့်မည်။

“ ဒါပေမယ့် ... ငါက ဒီအမြင် တွေကို လျစ်လျူရှုလို့ မရဘူး။ ”

လင်းယွန်၏ လျစ်လျူရှု သော သဘောထားကို၊ မကျေမနပ် ဖြစ်လာ သဖြင့်၊ ရှားဟိုယွင်မှ ထပ်ပြော လိုက်သည်။

“ မင်း ... ငါနဲ့ လောင်းဝံ့ သလား ... ၊ ကောင်းကင် ဓားရေကန် ပညာ ရပ်မှာ၊ ငါတို့ ဘယ်လောက် အထိ၊ ခရီး ရောက်နေလဲ၊ ပြိုင် ကြမယ်၊ မင်း ငါ့ကို အနိုင် မယူ နိုင်ရင် ... ။ ”

“ စိန်ခေါ် တိုင်းသာ ပြိုင်နေ ရရင်၊ ငါပင်ပန်းလို့ သေသွား မှာပေါ့၊ စိတ် မဝင်စား ဘူး။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ အရိယာ ကောင်းကင်ဓား ရှိလျက်နှင့် လက်ခံ လိုက်ပါက၊ အနိုင် ကျင့်ရာ ရောက်ပေမည်။

ထို့ကြောင့် ချက်ချင်း လှည့်ထွက် လိုက် မိသည်။ အဆိုပါ လုပ်ရပ်ကြောင့် ဘေးတွင် ရပ် ကြည့်နေ မိသော်၊ ပိုင်ကျန့်လီမှာ ရှားဟိုယန် အပေါ် သနား သွား၏။

တစ်ဖက် လူသည် ရှားဟိုယွင် အပေါ်၊ လုံးဝ စိတ်မဝင် စားသဖြင့်၊ (၂)ရက်တိုင် ပြင်ဆင် ထား သော၊ အရာ အားလုံး သဲထဲ ရေသွန် ဖြစ်ချေပြီ။

“ ဗောဓိ မျိုးစေ့ ... ။ ”

သို့သော် ရှားဟိုယွင်မှ ရုတ်တရက် လှမ်းအော် လိုက်သည်။

“ မင်း ငါ့ကို နိုင်ရင်၊ ဒီဗောဓိ မျိုးစေ့ ရမယ်။ ”

ပြီးနောက် လက်ဖဝါးကို ဖွင့်ပြ လိုက်၏။ ပတ်ဝန်းကျင်၌ ရုတ်ရုတ် သဲသဲ ဖြစ်လာတော့ သည်။

ဓားဂိုဏ်း၏ အကြီးအကဲ အချို့ပင် ရှားဟိုယွင်ထံ ကြည့်လာသည်။ လင်းယွန်မှ လှမ်းလက်စ ခြေလှမ်းအား ရပ်လျက်၊ လှည့်ကြည့် မိ၏။

ဤအရာသည် ရှားပါး ရတနာ တစ်ပါး ဖြစ်မည်မှာ သေချာသည်။ ၎င်းမျက်နှာ ပြင်၌ ဗုဒ္ဓ ကျမ်းစာများ၊ ရေးထွင်း ထား၏။

သို့သော် တစ်ဖက် လူမှာ၊ သူ့အား အထင် သေးလွန်း ချေပြီ။ ဤဗောဓိ မျိုးစေ့နှင့် မျှားနိုင် မည်ဟု ထင်နေ ပုံရ၏။

“ ဒါဆို ကတိ တည်ပါ၊ ငါက သဘော ကောင်းတဲ့ အတွက်၊ မင်း ... နောင်တ မရစေ ရပါဘူး။ ”

လင်းယွန်မှ ပြုံးပြီး ချက်ချင်း သဘောတူ လိုက်တော့သည်။

***

All Chapters