နဂါး ဖြူ။
Vol. 101 Ch. 1404
လင်းယွန်မှ သဘောထား ကြီးသည်ဟု၊ ပြောလာ ချိန်တွင်၊ လူတိုင်းက မယုံ တော့ချေ။ ၎င်းနှင့် ဆန့်ကျင်ဘက် ယူရန်၊ အစောပိုင်း ဖြစ်ရပ် များက သက်သေပြ နေ၏။
ရှားဟိုယွင် သည်သာ သူ့ ကတိကို ဖျောက်ဖျက် ခဲ့သော်၊ ကျန်းတျန်တို့ လူစုထက်၊ ပို၍ ဆိုးရွား မည်မှာ၊ သေချာသည်။
“ ရှားဟိုယွင် မလုပ်နဲ့ ... ။ ”
ပိုင်ကျန့်လီမှ အနား ကပ်ကာ၊ သတိပေး လိုက်သည်။ အစောပိုင်း အချိန်၌ ဗောဓိ မျိုးစေ့ ကြောင့်၊ ရှားဟိုယွင် အပေါ်၊ ယုံကြည် ခဲ့၏။
သို့သော် လင်းယွန်၏ အပြုံးကို မြင်လိုက် ရသော အခါတွင်၊ ထိုယုံကြည်မှုမှာ ရုတ်တရက် ပျောက်ဆုံး သွားသည်။
ရှားဟိုယွင် မှာမူ၊ ၎င်းကို ဂရုမစိုက်ဘဲ၊
“ ဟမ့် ... ၊ မင်း ... ရှုံးရင် ဘာလုပ် မလဲ။ ”
“ ငါ ... ရှုံးမှာ မဟုတ်တဲ့ အတွက်၊ မင်း ကြိုက်ရာ ပြောပါ။ ”
လင်းယွန်မှ ပြန်ဖြေ၏။
မာန ထောင်လွှား နေသော လင်းယွန်အား ကြည့်ပြီး၊ ရှားဟိုယွင်၏ မျက်လုံးများ တောက်ပ လာသည်။
“ ရှင်းရှင်း လေးပဲ၊ မင်း ရှုံးရင် ... ၊ ဓားဂိုဏ်း ကနေ ထွက်သွားပါ။ ”
ထိုစကားက ပတ်ဝန်းကျင် တစ်ခုလုံးကို၊ တိတ်ကျ သွားစေ၏။ ရှားဟိုယွင်တွင် ရှေးမစွ ကတည်း ကပင်၊ အစီစဉ် ရှိနေပုံ ရသည်။
ဗောဓိ မျိုးစေ့သည် ဉာဏ်ရည်ကို၊ မြှင့်တင်ပေး နိုင်သော ရတနာ တစ်ပါး ဖြစ်၏။ ထို့ကြောင့် ရှားဟိုယွင်တွင် ယုံကြည်ချက် ပြင်းပြင်း ထန်ထန် ရှိနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဇီလင်မှ၊
“ မောင်လေး လင်း ... ၊ ဒါက အန္တရာယ် များ လွန်းတယ်။ ”
-ဟု သတိ ပေးလိုက်သည်။
လင်းယွန်သာ ဓားဂိုဏ်းသို့ ဝင်နိုင် ပါက၊ ဗောဓိ မျိုးစေ့ ကဲ့သို့သော ရတနာသည် ဘာမျှ မဟုတ် တော့ချေ။
“ လင်းယွန် ... ၊ ငါ့ကို နောက်တယ် လို့တော့ မပြော နဲ့နော်။ ”
ရှားဟိုယွင်မှ အပြုံးဖြင့် ငြင်း မရအောင်၊ ချည်နှောင် လိုက်၏။
“ မင်း ... ၊ နောင်တရ သွားမှာကို ငါကြောက်တယ်။ ”
လင်းယွန်က တုန့်ပြန်သည်။
“ ဟာသပဲ ... ၊ ငါတို့ အားလုံး သူတော်စင် မိသားစု ကမို့၊ နောင်တ ရစရာ မရှိဘူး၊ ဗောဓိ မျိုးစေ့ ဆိုတာ၊ သူတော်စင် မိသားစု အတွက်၊ ပမွှား လေးပါ၊ ...
... မင်း ကတော့ ခွန်လွန်မှာ နှစ်ဝက်ပဲ ရှိသေးတယ်၊ ဒါကြောင့် ... မင်းသာ ဓားဂိုဏ်းကို မဝင်နိုင် ခဲ့ရင်၊ သနားစရာ ကောင်းလိမ့်မယ်။ ”
ရှားဟိုယွင် ထံမှ ကြွားဝါ သံကြောင့်၊ ပိုင်ကျန့်လီ ခမျာ နှုတ်ခမ်းများ လှုပ်ယမ်း သွား လေသည်။
ဗောဓိ မျိုးစေ့သည် အဖိုးတန် ရတနာ တစ်ပါး ဖြစ်ပြီး၊ ရှားဟို မိသားစု၏ သူတော်စင် တစ်ပါးမှ၊ ရှားဟိုယန်ထံ ပေးအပ် ထားခြင်း ပေပင်။
အကယ်၍ သူသာ အမှတ် မမှား မိပါက၊ ရှားဟို မိသားစု တစ်ခုလုံး တွင်ပင်၊ တစ်စေ့သာ ရှိသည်။
သူ၏ ပိုင်မိသားစု တွင်လည်း၊ ထိုဗောဓိ မျိုးစေ့ ကဲ့သို့၊ ရှားပါး ရတနာ ရှိသည်။ သို့သော် ၎င်းကို မမီချေ။
ဗောဓိ မျိုးစေ့သည် ဉာဏ်ပညာကို မြှင့်တင်ပေး နိုင်ရုံ သာမက၊ နှလုံးသား နတ်ဆိုး ရန်မှလည်း၊ ကာကွယ် ပေးနိုင်သည်။
( ဆိုလို သည်မှာ မောဟကို ငြိမ်းသတ် ပေး၏။ )
ထို့ကြောင့် ၎င်းအား ခန္ဓာ ကိုယ်နှင့် ပေါင်းစည်း ပြီးသော်၊ မည်မျှ အစွမ်းထက် လာ မည်ကို၊ တွေးကြည့် နိုင်သည်။ ရှားဟိုယန်မှ ထိုအချိန်ကို စောင့်နေခြင်း ဖြစ်၏။
“ မင်း ... ၊ အရင် စပါ။ ”
လင်းယွန်မှ အလှည့်ပေး လိုက်သည်။ သို့သော် ရှားဟိုယွင်က၊ ခေါင်းယမ်းလျက်၊
“ မင်းပဲ အရင် စပါ၊ မြင့်မြင့် ခုန်နိုင်လေ၊ ရိုက်ချရ ကောင်းလေပဲ၊ ဒီလို ခံစားချက်မျိုး ငါ အရမ်း ကြိုက်တယ်။ ”
“ သေချာလား။ ”
“ သေချာတယ်။ ”
ရှားဟိုယွင်မှ ပြန်ပြော၏။ လင်းယွန်တွင် မာနရှိ သကဲ့သို့၊ သူ့၌လည်း ၎င်းထက် မနည်း သော မာန ရှိသည်။
“ ရှားဟိုယွင် မင်းရူး နေလား၊ ဗောဓိ မျိုးစေ့က၊ အဖိုးတန် ရတနာပဲ၊ မင်း ရှုံးရင် မင်း တို့ရဲ့၊ သူတော်စင်က ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
“ ငါ ရှုံးမယ်လို့ ထင်နေ တာလား၊ သူက အဆင့်မြင့် ကျွမ်းကျင်မှုကို လိုချင်တဲ့ အတွက်၊ ပုံစံ (၅)မျိုး လောက်ပဲ ရလိမ့်မယ်၊ ငါက ပုံစံ ဘယ်နှစ်မျိုး ရမယ် ထင်လဲ။ ”
“ ဆယ်မျိုး ... ။ ”
“ မှားတယ် ... ၊ တစ်ဆယ့်နှစ် မျိုး။ ”
ရှားဟိုယွင် အဖြေကြောင့်၊ ပိုင်ကျန့်လီ တစ်ယောက် မျက်လုံးပြူး သွားတော့၏။ ဗောဓိ မျိုးစေ့ ၏ အာနိသင်သည် အလွန် ကြောက်စရာ ကောင်းချေပြီ။
မယုံ နိုင်စရာ ပေပင်။ ဆိုလို သည်မှာ၊ ဤအဆင့်မြင့် ဓားရေး တစ်ရပ် လုံးကို နှစ်ရက် အတွင်း၊ ဆုပ်ကိုင် ထားနိုင်ခြင်း ဖြစ်လေသည်။
ပိုင်ကျန့်လီ မျက်နှာ ကဲ့သို့၊ လင်းယွန် သည်လည်း၊ မကြာချင် အလားတူ ဖြစ်ပျက် လာမည်ကို မှန်းဆလျက်၊ ရှားဟိုယန်မှ ပြုံး မိသည်။
“ ပထမဓား- အဆုံးမဲ့ တိမ်။ ”
ထိုအချိန်တွင် လင်းယွန်မှာ ပန်းသင်္ချိုင်း နှင့်အတူ၊ ကောင်းကင် ဓားရေကန်ကို ကစားပြ နေပြီ ဖြစ်သည်။
ဓား ရည်ရွယ်ချက်က တိမ်ပင်လယ် ကဲ့သို့၊ ချက်ချင်း ပျံ့နှံ့ သွား၏။ လင်းယွန်၏ လှုပ်ရှားမှု များသည် နှေးကွေး လွန်း သဖြင့်၊ လူတိုင်း အတွက် အံ့သြ စရာ ဖြစ်နေသည်။
အားလုံး စိတ်ရှုပ် နေစဉ်၊ နောက်ထက် ဓားအလင်း (၄၉)စင်းက၊ မြူများ ကဲ့သို့ ပြန့်ကျဲ လာသည်။
မြူများက သူ့တစ်ကိုယ် လုံးကို၊ ဖုံးလွှမ်း သွားပြီး၊ ထူးခြားသော အသွင်မျိုး၊ ပေးဆောင် လေသည်။
“ ဒါ ... ။ ”
အပြည့် အဝ ကျွမ်းကျင် နေသော ပထမ ပုံစံကြောင့်၊ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ပါးစပ် မှာ၊ မပိတ်နိုင် တော့ချေ။
ပိုင်ကျန့်လီ ပင်လျှင် လင်းယွန်ကို မယုံနိုင် ဖြစ်လာသည်။ ဘီလူး တစ်ကောင်အား မျက်မြင် တွေ့နေရ သလို ခံစား လာရ၏။
“ ဒုတိယ ဓား- မရဏ လမင်း။
မြူများ ပြန့်ကျဲ သွားပြီး၊ ကြည်လင်သော ရေကန်ကြီး တစ်ကန် ပေါ်လာ၏။ ရေကန်ထဲ လ တစ်စင်း ထင်နေသည်။
“ တတိယ ဓား - ဖောက်ထွက် လာသော လ။ ”
လင်းယွန်က ဓားကို ထိုးညွှန် လိုက်သော အခါတွင်၊ ရေကန် ထဲရှိ လမှာ ပျံထွက် သွားပြီး ကောင်းကင်၌ တွဲလောင်း ဖြစ်နေ၏။
“ သရုပ်ဖော် အဆင့်။ ”
အကဲဖြတ် ပေးရသော မီးခိုးရောင် ဝတ် အကြီးအကဲမှာ၊ ရုတ်တရက် အံသြစွာ ရေရွတ် လိုက်သည်။
နှစ်ရက် အတွင်း၊ တတိယ ပုံစံအား၊ ဒဏ္ဍာရီလာ သရုပ်ဖော် အဆင့်ကို ရယူ ပြလာ သောကြောင့်၊ တုန်လှုပ်စ ပြုလာ၏။
“ စတုတ္ထ ဓား- ရွေ့လျား နေသော တိမ်။ ”
“ ပဉ္စမ ဓား- အဆုံးမဲ့ ရောင်စုံ ကောင်းကင်။ ”
“ ဆဌမ ဓား- တိမ်ကင်း စင်သော ရောင်စုံ ကောင်းကင်။ ”
“ သတ္တမ ဓား- တိမ်ဖြူများ။ ”
လင်းယွန် တစ်ယောက် အရှိန် ရလာ သည်နှင့် အမျှ၊ ရှားဟိုယွင်၏ အိမ်မက်မှာ ပျက်ပြား သွားသည်။
မျက်စိ တစ်မှိတ် အတွင်း ပုံစံ (၁၁)မျိုး ပြီးမြောက် သွား၏။ ပုံစံ တိုင်းတွင်၊ သရုပ်ပြ အဆင့်ထိ၊ ရောက်ရှိ နေသည်။
“ ဒွါဒသမ ဓား- ဆင်းသက် လာသော ကောင်းကင်မြစ်။ ”
နောက်ဆုံး ဓား ပြီးသည်နှင့်၊ ခမ်းနားသော ဖြစ်စဉ် တစ်ခု ပွင့်ထွက် လာ၏။ လရောင်ခြည် အောက်တွင်၊ ဓားအလင်းများ ဖြာလျက်၊ ရပ်နေ သော လူ တစ်ယောက်၊ ရှိနေသည်။
ဓား ရောင်ခြည်များ ချိတ်ဆက် လျက်၊ စီးဆင်း နေသော ကောင်းကင် မြစ်ကြီး ဖြစ်ပေါ် လာ၏။
လင်းယွန်က နောက်သို့ ခြေတစ်လှမ်း ဆုတ်ပြီး၊ ပန်းသင်္ချိုင်း ဓားကို ရင်ဘတ် ရှေ့၌ ကာလိုက် ပြီးနောက်၊ ပြီးဆုံးကြောင်း အသိ ပေးလိုက် တော့သည်။
သို့သော် ထိုဖြစ်စဉ်များ ထဲတွင်၊ လူတိုင်း နစ်မြုပ် နေသေး၏။ ၎င်းက အဆုံး မဟုတ်ဟု ခံစား လာရသည်။
“ ဒါက ကောင်းကင် ဓားရေကန် လား။ ”
“ အိုး ... ဒီကောင်က နှစ်ရက် အတွင်း သရုပ်ပြ အဆင့်ကို ရောက်သွား တာလား၊ မဖြစ် နိုင်တာ။ ”
“ ဓားဂိုဏ်းမှာ ဒဏ္ဍာရီလာ ဓားဘီလူး တစ်ကောင် မွေးဖွား လာတာကို၊ ငါတို့ မြင်ခွင့် ရတော့မယ်။ ”
“ ကျန့်ကျန်းရှန် ပြီး တဲ့နောက် ... ၊ ဓားဂိုဏ်းက အသက်မဲ့ သွားတယ်၊ အခုတော့ ဒီဒဏ္ဍာရီက ပြန်မွေးဖွား တော့မယ့် ပုံပဲ။ ”
“ ဒါပေမယ့် ... သူက ဘာဆက် လုပ်ချင် နေတာလဲ။ ”
အာမေဋိတ် သံများ ညံလာသည်။ လင်းယွန်မှာ ဤနေရာ၌ မရပ် ခဲ့ချေ။ သူ့ ခန္ဓာမှ ပုံရိပ် (၁၂)ရိပ် ပျံထွက် သွားလေသည်။
“ ဝှစ် ... ။ ”
လင်းယွန် တစ်ယောက် စီမှ၊ ကောင်းကင် ဓားရေကန်၏၊ ဓားရေး ပုံစံ တစ်ရပ် စီကို ပြန်၍ ပြသခြင်း ဖြစ်သည်။
တစ်ချိန်တည်း မှာပင်၊ ထိုဖြစ်စဉ်မျိုး၊ နောက်ထပ် နှစ်နေရာ၌ ထပ်မံ ဖြစ်ပွားလာ တော့၏။
( လင်းယွန် (၃၆) ယောက်သည်၊ ရည်ရွယ်ချက် (၃၆)ခု ပါရှိ သော၊ ဓားသမား (၁၂) ယောက်ပါ၊ အဖွဲ့ (၃)ဖွဲ့ အဖြစ်၊ ခွဲထွက် သွားခြင်း ဖြစ်သည်။ )
ဖြစ်စဉ်များ အားလုံး ပေါင်းစပ် လိုက်သော အခါတွင်၊ လင်းယွန်ကို စင်ကြယ်သော ဝိညာဉ် တော်၏၊ အလင်း ရောင်က ဖုံးအုပ် လာသည်။
နဂါး အငွေ့ အသက်များ ရစ်သိုင်း လာ ပြီးနောက်၊ နဂါးဖြူ တစ်ကောင် ဖြစ်ပေါ် လာ၏။ ယင်းက ကောင်းကင် ဓားရေကန်၏ ဝိညာဉ်တော် ဖြစ်သည်။
နဂါး ဖြူကို မြင်သော အခါတွင်၊ မီးခိုးရောင် ဝတ် အကြီး အကဲ၏ မျက်ဝန်း၌၊ မျက်ရည်များ ဝဲလာ တော့သည်။
“ နှစ်သုံးရာ ... ၊ နောက်ဆုံးတော့ မင်း ပေါ်လာ ပြီပေါ့၊ ငါ မင်းကို မတွေ့ ရတာ ... ၊ နှစ် ပေါင်း သုံးရာ ရှိနေပြီ၊ အဖြူလေး။ ”
ထိုအကြီး အကဲ၏ စကားကြောင့်၊ လင်းယွန်က နဂါးဖြူ ဦးခေါင်းကို ပွတ်သပ်ကာ၊ ပြုံးလိုက်သည်။ သူ့ ထင်မြင်ချက် မှန်ချေပြီ။
ရည်ရွယ်ချက် (၃၆) ခု စလုံး၊ ဆုပ်ကိုင် နိုင်မှသာလျှင်၊ စင်ကြယ်သော ဝိညာဉ်တော်ကို ဆင့်ခေါ် နိုင်မည် ဖြစ်သည်။
“ ဒါဆို ... ၊ ဒါ တကယ် ပဲပေါ့။ ”
ယဲ့ဇီလင်နှင့် ကျောက်ယန်မှ အကြည့်ချင်း ဖလှယ် မိ၏။ သူတို့ နှစ်ဦးသည် ဤဓားရေးနှင့် ပတ်သက်၍၊ ထူးခြားသော တစ်စုံ တစ်ရာအား ခံစား မိသည်။ ယင်းက မှန်ကန် ကြောင်းကို နဂါးဖြူမှ အတည်ပြု နေ၏။
“ ဝှစ် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန် သိမ်းကာ၊ ရှားဟိုယန်ထံ မေးဆက် ပြလိုက် သည်။
ရှားဟိုယွင်မှာ သတိဝင် လာပြီး၊ ဒုက္ခ ရောက်သွားသည်။ နဂါးဖြူကို တစ်ဖက်လူ ပြသ မှသာ မြင်ခြင်း ဖြစ်၏။
သူ့ အနေဖြင့်၊ စင်ကြယ်သော ဝိညာဉ် တော်မှာ၊ မည်သည့် သတ္တဝါမျိုး ဖြစ်မည် ကိုပင် မသိ ခဲ့ချေ။
“ ဟား ဟား ဟား ... ၊ ရှားဟိုယွင် မင်း အလှည့် ရောက်ပြီ၊ လုပ်ပါဦး ... ၊ လင်းယွန်ကို မင်းဘယ်လို ရိုက်ချ မလဲ၊ ငါ ကြည့်ချင်လို့။ ”
ကုန်းစွန်းယန်မှ ထအော်၏။
“ ဟုတ်တယ် ... ၊ ရှားဟိုယွင် လုပ်ပါ။ ”
“ ရှား ဟို ယွင် ... ။ ”
“ ရှား ဟို ယွင် ... ။ ”
“ ရှား ဟို ယွင် ... ။ ”
လူအုပ် ကြီး၏ အော်ဟစ် သံကြောင့်၊ ရှားဟိုယွင် ခမျာ တွင်းတူးပြီး၊ ပုန်းအောင်းချင် စိတ်များ ဝင်လာ တော့သည်။
“ ငါ ... ငါ ဗိုက်နာ လာလို့၊ ရေအိမ် သွားလိုက် ဦးမယ်။ ”
“ ဝါး ဟား ဟား ဟား ... ။ ”
သူ့စကားကြောင့် လူတိုင်းက၊ အားနာခြင်း မရှိဘဲ၊ ကျယ်လောင်စွာ ရယ်မော လာတော့၏။
“ မင်း ... သွားချင်တဲ့ နေရာကို၊ သွားလို့ ရပါတယ်၊ ဒါပေမယ့် ... ဗောဓိ မျိုးစေ့ ကိုတော့ ချန်ထားခဲ့ ... ။ ”
လင်းယွန်က ပြုံးလျက် လမ်းပိတ်ကာ၊ ပြောလိုက် လေသည်။
***