← Chapters

သူတော်စင်များ ရောက်ရှိ လာခြင်း။

Vol. 101 Ch. 1405

သူတော်စင်များ ရောက်ရှိ လာခြင်း။

Vol. 101 Ch. 1405

ရှားဟိုယွင် မည်သို့ စိတ်ကူး နေသည်ကို၊ လင်းယွန် သိသည်။ ပင်မ နတ်ဘုရား နယ်ပယ် ဟူသည်၊ သေမျိုး ဖြစ်၏။

၎င်းတို့၏ ချွေးပေါက် များမှ တဆင့် မည်သည့် အညစ် အကြေးကို မဆို စွန့်ထုတ် နိုင်သည်။

ထို့ကြောင့် အပေါ့ စွန့်ချင် သည်ဟု ပြောသည်မှာ၊ သဘာဝ အတိုင်း လိမ်ညာခြင်း ဖြစ်လေသည်။ ပြေးချင် ၍သာ ပေပင်။

အလွန် ရယ်စရာ ကောင်းသော အကြောင်း ပြချက်ကို ရှာဖွေနိုင်သည့် ပါရမီရှင် အဖြစ် ယူဆ နိုင်သည်။

“ လင်းယွန် ... လွန် မလာနဲ့။ ”

ရှားဟိုယွင် မျက်နှာ နီရဲ လာပြီး၊ ဘေးနားတွင် ရပ်နေသော ပိုင်ကျန့်လီပင်၊ အဆင် မပြေ ဖြစ်လာသည်။

ထို့ကြောင့် သည်ကိစ္စ အတွက်၊ ကူညီ အဖြေရှာ ပေးနေ မိ၏။ လင်းယွန်ထံ ဗောဓိ မျိုးစေ့ကို သဘာဝ အတိုင်း မပေး နိုင်ချေ။ ထိုအရာသည် ရှားဟို မိသားစု၏ ရတနာ ဖြစ်သည်။

ရှားဟိုယန် ပင်လျှင်၊ သူတော်စင်၏ အမျက်ကို မခံနိုင်။ ထို့ကြောင့် သူ့ညီ ဖြစ်သော ရှားဟိုယွင်မှာ သာ၍ ဆိုး၏။

တိုက်ပွဲ။ ယင်းက ပို၍ မဖြစ် နိုင်ချေ။ လင်းယွန်မှာ သူတော်စင် မိသားစု (၇)စု ကိုပင် ဒူးထောက် စေခဲ့သည်။

“ ငါက ဘာလွန် လို့လဲ၊ သဘော တူညီချက် အတိုင်း၊ ကောင်းကင် ဓားရေကန်ကို မင်း ပြရမဲ့ အလှည့်ပါ၊ ဘာလို့ ပြေးချင် နေရ တာလဲ။ ”

“ ဘယ်သူ ပြေးလို့လဲ၊ ငါက အပေါ့ သွားချင်တာ မရ ဖူးလား။ ”

ရှားဟိုယွင်မှ ငြင်းဆို လိုက်သည်။ ဤမျှ အရှက်ကင်းမဲ့ လိမ့်မည်ဟု မထင်ထား သဖြင့် လူတိုင်း တိတ်ဆိတ် သွား၏။

“ ငါ့ သခင် လေးက၊ ဒီမနက် အစားမှား လာတယ်၊ ဒါကြောင့် ရေအိမ် သွားချင်တာ မှား သလား။ ”

“ ဟုတ်တယ်၊ ပြန်လာရင် သခင်လေးက မင်းကို အနိုင်ယူ သွားမှာ ... ၊ ကြောက်နေ တာ လား။ ”

“ မင်းမှာ သတ္တိ ရှိရင် စောင့်နေပါ ... ။ ”

ရှက်စရာ ကောင်းသော်လည်း၊ မိသားစု ဟူသည် ထို့သို့ပင် ဖြစ်၏။ အကူအညီ ရသဖြင့်၊ ရှားဟိုယွင်မှ ယုံကြည်မှု အနည်းငယ် ရှိလာပြီး၊

“ နာရီဝက် စောင့်ပါ၊ ငါ ပြန်လာမယ်။ ”

-ဟု ခပ်တည်တည် ဆိုလိုက် တော့သည်။

“ နာရီဝက် စောင့်စေချင် တာလား၊ ကောင်းပြီ ... ၊ ဗောဓိ မျိုးစေ့ကို ချန်ထား ခဲ့ပါ၊ ထပ် မပြော တော့ဘူး၊ မင်း ... မယုံရင် အကြီး အကဲ ဆီမှာ၊ အပ်ထား ခဲ့လို့ ရတယ်။ ”

ထိုစကားကြောင့် လင်းယွန်မှ သူ့အား လွယ်လွယ် ကူကူ လွှတ်ထားမည် မဟုတ်မှန်း ရှားဟိုယွင် သိလိုက်၏။

ရှားဟို မိသားစု၏ အခြေခံ အုတ်မြစ်ကို၊ ကျန့် မိသားစုပင် ယှဉ်နိုင်သော အရာ မဟုတ် ချေ။ ထို့ကြောင် ဟန်ဆောင် မနေ တော့ဘဲ၊

“ ငါ သွားမယ်၊ ဘယ်သူ တားရဲလဲ။ ”

-ဟု အော်ဟစ် လိုက်တော့သည်။

ယင်းက ပိုင်ကျန့်လီအား စိတ်ပျက် သွားစေ၏။ လင်းယွန်ထံ ကြည့်ကာ၊

“ လင်းယွန် ... ၊ ဒီဗောဓိ မျိုးစေ့က၊ သူ့အစ်ကိုကြီး ရှားဟိုယန် ပိုင်တဲ့ ရတနာပါ၊ ရှားဟို သူတော်စင်က ပေးထားတာ ဖြစ်လို့ သူ့မှာ ပေးပိုင်ခွင့် မရှိဘူး။ ”

-ဟု ဝင်ရောက် ရှင်းပြ လိုက်သည်။

သို့သော် သူ့ စကားကြောင့်၊ လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးများ၊ ပျောက်ကွယ် သွား ကာ၊

“ ဒါဆို ... မင်း ငါ့ကို လာရှုပ် နေတာလား။ ”

-ဟု မေးလိုက် တော့၏။

လင်းယွန် စကား သံမှ လာသော အေးစက်မှုမှာ၊ ပိုင် မိသားစုဝင် များအား ထိတ်လန့် သွားစေ သည်။

ပတ်ဝန်းကျင်ရှိ လူအုပ် ကြီးပင် ငြိမ်သက် သွား၏။ ရှေးဟောင်း သူတော်စင် မိသားစု (၉)စု လုံးကို၊ ဤလင်းယွန်မှ ရိုက်နှက် တော့မည် လောဟု၊ တွေးမိ လာသည်။

“ ရပ် စမ်း ... ။ ”

မီးခိုးရောင် ဝတ် အကြီး အကဲက လင်းယွန်ကို စိုက်ကြည့်ကာ၊

“ ဒါက ပထမ အဆင့် မဟုတ်ဘူး၊ ဒုတိယ အဆင့်မှာ အချင်းချင်း တိုက်ခိုက်ရန် တားမြစ် ထားတယ် ဆိုတာ၊ မင်း မသိ ဖူးလား။ ”

-ဟု မေးခွန်း ထုတ် လာ၏။

“ အကြီး အကဲ ... ၊ ငါ မတိုက် ပါဘူး ... ၊ ငါ့ပိုင်တဲ့ အရာကို ငါ တောင်းယူ နေတာပါ။ ”

ထိုဗောဓိ မျိုးစေ့သည် မည်သည့် အချိန်မှ စကာ၊ လင်းယွန်ပိုင် ရတနာ ဖြစ်သွားသည် မသိ တော့ချေ။

ရှားဟိုယွင်မှာ သွေးအန်ချင် သွားသည်။ သို့သော် မီးခိုးရောင် အကြီး အကဲက လင်းယွန် စကားကို စိတ်မဝင် စားချေ။

လောက နိယာမ နယ်ပယ် ရောင်ဝါကို လွှတ်ပေးပြီး၊ လင်းယွန်၏ ရောင်ဝါ အပေါ်၊ ဖိနှိမ် လိုက်သည်။

“ မင်းတို့ ပြောနေတာ အားလုံး ... ငါ ကြားတယ်၊ မေးခွန်း တစ်ခုပဲ မေးမယ်၊ သူ ရှုံးရင် မင်း ခွင့်လွှတ် မှာလား၊ မလွှတ် ဖူးလား ... ဖြေ၊ လိမ်ရင် မင်းကို အခု ငါသတ်မယ်။ ”

ရှားဟိုယွင်မှ ဝမ်းသာ ခြင်းကို ခံစားရန် ပြင်နေချိန် မှာပင်၊ အကြီး အကဲက သူ့ထံ လှည့် မေးလာ၏။

ထိုမေးခွန်းက လင်းယွန်ကို အံ့ဩမိ စေသည်။ ဤအကြီး အကဲမှာ ရှားဟို မိသားစု ဘက်မှ ရပ်တည်လိမ့် မည်ဟု အထင်မှား ခဲ့၏။

တစ်ချိန်တည်း မှာပင်၊ သည်ရပ်တည် ချက်က၊ ဓားဂိုဏ်း အပေါ်၊ နှစ်သက်ဖွယ် ပို၍ တိုးလာ စေတော့သည်။

“ ဖြေ ... ။ ”

မီးခိုးရောင် ဝတ် အကြီးအကဲမှ ငေါက်ငမ်း လိုက်၏။ ရှားဟိုယွင် ခမျာ တုန်ယင် သွားပြီး၊

“ မ ... ၊ မလွှတ် ပါဘူး။ ”

-ဟု ပြန်ဖြေ တော့သည်။

“ ဒါဆို အခု ဘာလုပ် ရမှန်း၊ မင်း ... နားလည် ပြီလား။ ”

“ ဟုတ် ကဲ့ ... ။ ”

ရှားဟိုယွင်မှ ခေါင်းညိတ် ပြကာ၊ ကောင်းကင် ဓားရေကန်ကို စတင် ကစားပြ လေသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ရှားဟိုယွင်၌ အရည်အချင်း ရှိသည်ကို၊ ငြင်းဆန်၍ မရချေ။ ဒွါဒသမ ဓားအထိ၊ အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့သည်။

“ သူ လောင်းကြေး ထပ်ဖို့ သတ္တိ ရှိတာ အပြစ်တော့ မဆိုသာ ပါဘူး၊ ပုံစံ (၁၂)မျိုး လုံးကို ကျွမ်းကျင် နေတာပဲ။ ”

“ နှစ်ရက် အတွင်း ပုံစံ (၁၂) မျိုးကို ကျွမ်းကျင် နိုင်တာက၊ သူ့ရဲ့ အရည် အချင်း မညံဖူး ဆိုတဲ့ သက်သေပဲ။ ”

“ သူ့ရဲ့ နားလည် နိုင်စွမ်းက၊ ယဲ့ဇီလင်နဲ့ အတူတူ လောက်ပဲ ဖြစ်မယ်၊ ဗောဓိ မျိုးစေ့ ကြောင့်သာ အသာ ရသွားတာ။ ”

“ မှန်တယ် ... ၊ ကံဆိုး တာက ပြိုင်ဘက်ရွေး မှားသွား တာပဲ။ ”

လူတိုင်းက လင်းယွန်ထံ ရိုသေ လေးစားသော မျက်လုံး များဖြင့် ပြန်ကြည့် လာကြသည်။

“ ဒီဗောဓိ မျိုးစေ့ကို၊ အခု မင်း ပိုင်ပြီ၊ ဒါပေမယ့် ... ရှားဟို မိသားစု ပိုင်တဲ့ ရတနာကို တစ်ယောက် ယောက်က၊ ယူထားဖို့ ဆိုတာ မလွယ် ပါဘူး။ ”

ရှားဟိုယွင်က ကမ်းပေး လျက်မှ ခြိမ်းခြောက် စကား ဆိုဖြစ်အောင်၊ ဆိုသွား ခဲ့သည်။

လင်းယွန်က ဗောဓိ မျိုးစေ့ကို လက်ခံယူ လိုက်ချိန်တွင်၊ ဆေးအိုး တစ်ထောင် အလေးချိန် ရှိနေကြောင်း သိလိုက် ရသဖြင့်၊ အံ့သြ သွားသည်။

မယုံနိုင် စရာ ပေပင်။ သူတော်စင် ရှေးဟောင်း ပစ္စည်း တစ်မျိုးကို ကိုင်ထားရ သလို၊ ခံစား နေရ၏။

( ဒါက ရတနာမို့ သိမ်းထားပါ၊ နင့်ရဲ့ နားလည် နိုင်စွမ်းကို မြှင့်တင် ပေးခြင်း အပြင်၊ မောဟ ကိုလည်း၊ ဖယ်ရှား ပေးတယ်၊ ...

... လုံးဝ သန့်စင် နိုင်တဲ့ အခါ၊ အဆိပ် မှန်သမျှ ခံနိုင်ရည် ရှိပြီး၊ မကောင်းတဲ့ အမြင်မှန် သမျှကို၊ တွန်းထုတ် နိုင်တယ်။ )

ခရမ်းငယ်မှ စိတ်လှုပ်ရှားစွာ ပြောလိုက် လေသည်။ ထို့ကြောင့် အန်းလျူယွင် ပေးခဲ့သော သိုလှောင် လက်ကောက် အတွင်း၊ ထည့်သိမ်း လိုက်၏။

“ ကူညီ ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်၊ စီနီယာ ။ ”

ထွက်ခွာ သွားသော သူတော်စင် မိသားစု (၂)စုကို လျစ်လျူရှု လိုက်ပြီး၊ မီးခိုးရောင် ဝတ် အကြီး အကဲထံ လှည့်ကာ၊ ပြောလိုက်သည်။

“ နဂါး ဖြူကို မတွေ့ ရတာ၊ နှစ်ပေါင်း (၃၀၀) ရှိနေပြီ။ ”

မီးခိုးရောင် ဝတ် အကြီးအကဲက ပြုံးလျက် ပြန်ပြော၏။ နှစ်ပေါင်း (၃၀၀) အတွင်း နဂါးဖြူ ဝိညာဉ်ကို၊ မည်သူမျှ မခေါ် နိုင်မှန်း၊ သိလိုက် သော လင်းယွန်မှာ၊ အံ့ဩ သွားသည်။

ဓားရေးသည် ရှုပ်ထွေး သော်လည်း၊ တစ္ဆေ ဝိဉာဉ် အဆင့်၌ပင် မရှိချေ။ ၎င်းမှာ ကောင်းကင် ဓားပုံစံနှင့် အကြမ်းဖျင်း တူသည်။

“ ဟိုမှာ ကြည့် ... ၊ တောင်ထိပ် သခင်တွေ အားလုံး ကြည့်နေ ကြတယ်၊ ဘယ်သူက မင်းကို အနိုင်ကျင့် ဝံ့မှာလဲ။ ”

မီးခိုးရောင် ဝတ် အကြီးအကဲက ပြုံးလျက်၊ သူ့လက်ကို ဦးတည်ရာ တစ်ရပ်ထံ ညွှန်ပြသည်။ ထိုအရပ်၌ သူတော်စင် အများအပြား ရပ်နေ၏။

“ နဂါး ဖြူကို ပြနိုင် မှတော့ ... ၊ မင်းက ဒုတိယ စမ်းသပ်မှုမှာ ပထမ ဆိုတာ ငြင်းချက် မရှိ ပါပဲ၊ ဒါပေမယ့် ဆုလာဒ်ကို ရဖို့ စာမေးပွဲ ပြီးတဲ့ အထိ စောင့်ရမယ်။ ”

“ ဟုတ်ကဲ့ ... ၊ အဆင်ပြေ ပါတယ်။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ဒုတိယ အဆင့် စမ်းသပ်ချက်မှာ၊ အချိန် အတော် ကြာခဲ့ပြီး၊ မနက် လင်းမှသာ ပြီးဆုံး သွား၏။

လင်းယွန်မှာ ပထမ၊ ရှားဟိုယွင်က ဒုတိယနှင့်၊ ယဲ့ဇီလင်မှ တတိယ ရရှိ ခဲ့သည်။ ပိုင်ကျန့်လီသည် စတုတ္ထ ဖြစ်ကာ၊ ကေျာက်ယန်မှာ ပဉ္စမ ဖြစ်၏။

ကုန်းစွန်းယန် သည်လည်း၊ ထိပ်ဆုံး ဆယ်ယောက် အဆင့်သို့ ဝင်နိုင်သည်။ ဆိုလို သည်မှာ လင်းယွန်တို့ အဖွဲ့သည် ဒုတိယ စမ်းသပ်မှု၌ ရလာဒ် ကောင်းခဲ့၏။

“ နောက် ခုနစ်ရက် နေရင်၊ တတိယ စမ်းသပ်မှု ပြန်စမယ်၊ ပြင်ဆင်ထား ကြပါ။ ”

အကြီး အကဲက လင်းယွန်ကို အဆင့်မြင့် သူတော်စင် ဆေးလုံး ပေး လာသည်။ ထို့နောက် ကျန်သူ များထံ အသီးသီး ပေးအပ် လိုက်၏။

လင်းယွန်တို့ အဖွဲ့၏ ရလဒ်များ အရ၊ လူတိုင်း အကောင်းဆုံး လုပ်ဆောင် ခဲ့ကြ သည်ကို ငြင်းချက် မထုတ် နိုင်ချေ။

ထို့ကြောင့် ဒုတိယ စမ်းသပ်မှု၌ ပထမ ရခဲ့သော လင်းယွန်ကို စားပွဲ တစ်ခု ပေးရန် တောင်းဆို လာကြသည်။

လင်းယွန်က သဘောတူ လိုက်ပြီး၊ ရေကန် တစ်ရာ ခန်းမသို့၊ ဦးဆောင် လာခဲ့သည်။ ၎င်းက မြို့တော်ရှိ အကောင်းဆုံး စားသောက် ခန်းများ အနက် တစ်ခု ဖြစ်၏။

လက်ရှိ ကြွယ်ဝမှုဖြင့်၊ ၎င်းတွင် လိုက်လံ ကျွေးမွေးရန်၊ လင်းယွန် အတွက် ပြဿနာ မရှိ နိုင်ချေ။

ကေျာက်ယန်မှ၊

“ တတိယ အဆင့်မှာ၊ ကစားပွဲ စလိမ့်မယ်။ ”

-ဟု စကား စလာသည်။

“ ဘာကို ဆိုလိုချင် တာလဲ။ ”

ကုန်းစွန်းယန်မှ မေးသည်။ ဤကျောက်ယန်သည် သူတော်စင် မိသားစုမှ လာသဖြင့်၊ သူတို့ အားလုံးထက် ပိုသိ၏။

“ သူတော်စင် တွေက တပည့် ရွေးကြမှာ။ ”

ထိုစကားက လူတိုင်း၏ မျက်နှာ များကို၊ ပြောင်းလဲ သွားစေပြီး၊ အသက်ရှူ သံများ မြန် လာတော့၏။

“ သေချာလား၊ ဒီလို သတင်းတွေ ကြီးနေ ပေမယ့် ... ၊ ဓားဂိုဏ်းက တစ်ခါမှ အတည် မပြု ခဲ့ဘူး။”

ကျောက်ယန်မှာ သူတော်စင် မိသားစုမှ ဖြစ်သော်လည်း၊ ၎င်းမိသားစု သူတော်စင် ထံမှ လမ်းညွှန်မှု အနည်း ငယ်သာ ရရှိသည်။

သူတော်စင် များထံမှ လမ်းညွှန်မှု ရရန်မှာ၊ ခက်ခဲ၏။ အခြား သူများကို သွန်သင်ရန် သူတို့ အတွက်၊ အချိန် မရှိချေ။

ထို့ကြောင့် သူတော်စင်များ တပည့် ရွေးကြမည် ဟူသော သတင်း ပြေးနေ သော် ငြားလည်း၊ မယုံ ရဲခြင်း ဖြစ်သည်။

“ ဓားဂိုဏ်းမှာ၊ အခြား ရှေးဟောင်း သူတော်စင် မိသားစုရဲ့၊ ပါရမီရှင် အချို့ ရောက်ရှိ နေတယ်၊ အဲဒီ ပါရမီရှင် တွေက နောက်ဆုံး နေ့မှာ ထွက်လာကြ လိမ့်မယ်။ ”

ကျောက်ယန်မှ လူတိုင်းအား ဝေမျှ လိုက်သည်။ ထိုစကားကို ကြားသော အခါတွင်၊ ယဲ့ဇီလင် မျက်နှာ ပြောင်းလဲ သွားသည်။

ယင်းက လင်းယွန်ကို၊ အတွေးနက် သွားစေ၏။ ယဲ့ဇီလင်သည် ရှေးဟောင်း နှင်း သူတော်စင် မိသားစုမှ ဖြစ်သဖြင့်၊ ၎င်းမျိုးရိုးမှ တစ်ယောက် ယောက် စေလွှတ် လာမည်ကို၊ စိုးရိမ် နေသည် လောဟု၊ တွေးမိ လာတော့ သည်။

***

All Chapters