← Chapters

ယဲ့ဇီယွင်။

Vol. 101 Ch. 1408

ယဲ့ဇီယွင်။

Vol. 101 Ch. 1408

လင်းတ၏ အတောင်ပံ ခတ်ခြင်းကြောင့်၊ လေပြင်းများ တိုက်လာပြီး၊ လူတိုင်း မျက်စိ မှိတ်ကျ သွားသည်။

“ ဝှစ် ... ။ ”

လူငယ် (၁၀) ယောက်က လင်းတ ပေါ်မှ ခုန်ချ လာပြီး၊ တတိယ အဆင့် ကျင်းပမည့် နေရာသို့ ဦးတည်သွား ကြသည်။

တတိယ စမ်းသပ်မှုကို အကဲ ဖြတ်မည့် အကြီး အကဲမှာ၊ ဒုတိယ အဆင့် အပေါ်၊ တာဝန် ယူခဲ့သော မီးခိုးရောင် ဝတ် အကြီးအကဲ ပေပင်။ ယင်းကို ကြည့်ခြင်း အားဖြင့် ဓားဂိုဏ်း၌ သူ့ ရာထူး၊ ကြီးမြင့် မည်ကို ပြော နိုင်၏။

ဤလူငယ် များမှာ၊ ယဲ့ မိသားစုမှ လာခြင်း ဖြစ်၏။ ၎င်းတို့ကို ဓားဂိုဏ်း၏ တပည့် တစ်ဦးမှ ဦးဆောင် ခေါ်ယူ လာသည်။ ထို့ကြောင့် လူတိုင်း အာရုံစိုက် လာ၏။

အထူး သဖြင့် ဓားဂိုဏ်း၏ တပည့်မှ အလေးထား နေသော အမျိုး သမီး ဖြစ်သည်။ သူမတွင် လှပသော မျက်နှာ အသွင် အပြင်မျိုး ရှိပြီး၊ အေးစက်သော စိတ်ထားလည်း ရှိ၏။

“ တပည့် ချန်ရှင်းက၊ အကြီး အကဲ ကျွယ်ချန်ကို နှုတ်ဆက် ပါတယ်။ ”

ဓားဂိုဏ်း၏ တပည့် ဖြစ်သူက ချန်ရှင်းမှ၊ မီးခိုးရောင် ဝတ် အကြီးအကဲအား နှုတ်ဆက် လိုက်ပြီးနောက်၊ အမျိုးသမီးဘက် လှည့်ကာ၊

“ သူက ... အရှေ့ဘက် ပျက်စီးမြေ အပြင်ဘက်၊ ယဲ့ မိသားစုရဲ့ သတ္တမ မြောက် အမွေ ဆက်ခံ သူ ယဲ့ဇီယွင်ပါ၊ ဂိုဏ်းရဲ့ ဖိတ်ကြားချက် အရ၊ စမ်းသပ်မှုကို ဖြေဆိုဖို့ ရောက်လာ ပါပြီ။ ”

“ ဒီဂျူနီယာ လေးက၊ သတ်တံဓား သူတော်စင်ရဲ့ အမည်ကို ကြားဖူးတာ ကြာပါပြီ၊ ဒါကြောင့် ... ဓားဂိုဏ်းရဲ့ ဖိတ်ကြားချက်ကို ရတည်းက၊ ဂုဏ်ယူ မိပါတယ်။ ”

သူမသည် အေးစက်သော မျက်နှာ အသွင် အပြင်မျိုး ရှိသော်လည်း၊ ယဉ်ကျေးပြီး သိမ်မွေ့ လေသည်။

သက်တံဓား သူတော်စင် မဆိုနှင့် ဓားဂိုဏ်း၏ အုတ်မြစ်မှာ၊ ယဲ့ မိသားစုထက် များစွာ သာလွန်သည်။

ဓားသမား တစ်ယောက်သည် ၎င်းတို့၏ လမ်းညွှန်မှုကို ခံယူခွင့် ရပါက၊ ကြီးမားသော အခွင့် အရေး တစ်ရပ်၊ ဖြစ်လာမည် ဖြစ်သည်။ မဟုတ်သော် သူ လာမည် မဟုတ်ချေ။

နှုတ်ဆက် စကား အနည်းငယ် ပြော ပြီးနောက်၊ ချန်ရှင်း မှပင်၊ သတ်မှတ် ထားသော နေရာသို့၊ ခေါ်ဆောင် သွားသည်။

ယင်းက မြင်ကွင်းကျယ် မြင်စေရန် ပြင်ဆင်ထားသော အကာ မရှိသည့်၊ ဇရပ် တစ်ဆောင် ဖြစ်သည်။

“ သူက ယဲ့ဇီယွင်ပဲ၊ အသက် (၂၁) နှစ်နဲ့၊ ပင်မ နတ်ဘုရား အဆင့် ခုနစ်ထောင် အတွင်း ဝင်နိုင် ခဲ့တယ်။ ”

“ ဒါနဲ့ ... ၊ သတ္တမ မြောက် ဆက်ခံသူ ဆိုတာက ဘာ အဓိပ္ပါယ်လဲ။ ”

“ သတ္တမ မြောက် ဆက်ခံသူ ဆိုတာ၊ သူတို့ မျိုးဆက်ရဲ့၊ နံပါတ် ခုနစ် ပါရမီ ရှင်လို့ အဓိပ္ပါယ် ရတယ်၊ သူတို့က ငါတို့ရဲ့ သူတော်စင် မိသာစု ဝင်တွေထက်၊ အများကြီး သန်မာတယ်။ ”

လူတိုင်းက ယဲ့ဇီယွင် အပေါ်၊ အာရုံ စိုက်နေ ခဲ့ကြသည်။ ယင်းကို ကျင့်သား ရနေပြီ ဖြစ်သော ယဲ့ဇီယွင်မှ၊ အနှောက် အယှက် မဖြစ်ချေ။

သူမ ဘေးနားရှိ လူငယ် တစ်ယောက်က ပြုံးကာ၊

“ ညီမ ယွင်... ၊ မင်းကို ရှေးဟောင်း ပျက်သုဉ်း မြေကတောင် သိနေ ပုံရတယ်၊ မင်း နာမည်ကြီး နေပြီ။ ”

-ဟု ပြောလိုက်သည်။

၎င်း၏ အမည်မှာ ယဲ့ချင်း ဖြစ်ကာ၊ ယဲ့ဇီယွင်နှင့် အစ်ကို ဝမ်းကွဲ တော်စပ် ပေ၏။ အသက်ကြီး သော်လည်း၊ သူ၏ ခွန်အားနှင့် အရည် အချင်းမှာ၊ ယဲ့ဇီယွင်ကို မမီချေ။

ထို့ကြောင့် ဝမ်းကွဲ ညီမ အပေါ် လေးစား ရင်းခံ ရှိလေသည်။ ပင်မ နတ်ဘုရား အဆင့်တွင် ထိပ်တန်း (၇၀၀၀) အထိ ဝင်နိုင်သည် ဟူသော အရည် အချင်းမှာ၊ တော်ရုံ တန်ရုံ မဟုတ်ချေ။

“ ရှေးဟောင်း ပျက်သုဉ်း မြေက၊ သူတော်စင် မိသားစု ထဲမှာ၊ ငါ အာရုံစိုက် ရမဲ့ လူ ရှိလား၊ ဝမ်းကွဲ အစ်ကို။ ”

ယဲ့ဇီယွင်မှ မေးသည်။

“ ဓားဂိုဏ်းက ဒီပွဲကို တတ်နိုင် သမျှ ကြီးကျယ်အောင် လုပ်ခဲ့တဲ့ အတွက်၊ လူငယ် ဓားသမားတွေ အားလုံး ရောက်နေ ပါပြီ၊ ဒါပေမယ့် ... မင်း အာရုံစိုက် ရမဲ့ လူ နှစ်ယောက်ပဲ ရှိတယ်။ ”

ယဲ့ချင်းက ပြန်ဖြေသည်။

“ ဘယ်သူ တွေလဲ။ ”

“ ရှားဟိုယန် ... ။ ”

ယဲ့ချင်းက ပြုံးပြီး၊

“ သူကိုတော့ မင်း ... သိတယ် မဟုတ်လား။ ”

-ဟု မေးလိုက်သည်။

“ သိတယ်။ ”

ပင်မ နတ်ဘုရား အဆင့်၊ ထိပ်တန်း သုံးထောင် စာရင်း ဝင်ခဲ့ သူကို၊ သူမ မသိ နိုင်စရာ အကြောင်း မရှိချေ။

ရှားဟိုဟန်သည် ရှေးဟောင်း ပျက်သုဉ်း မြေရှိ၊ ဓားသမား မျိုးဆက်သစ် လူငယ် များ၏ အကြီးအကဲ ဖြစ်သည်။

“ သူ ဒီမှာ ရှိနေတာ ... ၊ အံသြ စရာမှ မဟုတ်တာ၊ မွေးရာပါ ဓား ခန္ဓာနဲ့၊ မွေးရာပါ ဓား နှလုံးသား ရှိတာတောင်၊ သက်တံဓား သူတော်စင်က ...

... ငြင်းပယ် ခဲ့တယ် မဟုတ်လား ... ၊ ဒါကြောင့် ဒီပွဲမှာ ... ၊ သူ့ကိုယ်သူ သက်သေ ပြချင်တာ သဘာဝ ပါပဲ။ ”

ယဲ့ဇီယွင်မှာ စိတ်မပျက် ချေ။ သက်တံဓား သူတော်စင်သည် တပည့် လက်မခံဟု ကြေငြာ ထားပြီး ဖြစ်သည်။

အခြားသော သူတော်စင် တစ်ဦးမှ သူမအား ရွေးရုံဖြင့် ကျေနပ် ပေသည်။

“ နောက် တစ်ယောက် ကရော ... ။ ”

“ သေချာတယ်၊ သူ့ကိုတော့ မင်း မသိဘူး၊ သူက တိမ်လွှာ ဓားဂိုဏ်းရဲ့ လင်းယွန်ပဲ၊ ဒီလူက ကောင်းကင် လမ်းက လာတယ်လို့ ကြားမိတယ်၊ ...

... ကောင်းကင်လမ်း သမိုင်း တစ်လျှောက်မှာ၊ အရက်စက်ဆုံး ချန်ပီယံ အဖြစ် လူသိ များတယ်၊ သူ့ကို ဓားဂိုဏ်းရဲ့ သူတော်စင် တွေက ...

... တပည့် အဖြစ် ရွေးဖို့ ဆန္ဒ ရှိပြီးသား၊ ဒါပေမယ့် အကြောင်း တစ်ခု ခုကြောင့် သူက စမ်းသပ်မှု ဝင်ဖြေဖို့၊ ရွေးချယ် ခဲ့တယ်။ ”

ကောင်းကင်လမ်း ချန်ပီယံ များသည် လက်တွေ့ အားဖြင့်၊ လူအများ ကြား၌ နဂါးနှင့် ဖီးနစ်များ ဖြစ်ကြပြီး၊ လူတိုင်းကို သတ်ကာ၊ ခွန်လွန်သို့ ခြေချ သူများ ဖြစ်၏။

မည်သူ တစ်ဦး တစ်ယောက်မျှ အားနည်း သူများ မဟုတ်ချေ။ ခွန်လွန်၌ အသက်ရှင် သ၍ သူတော်စင် တစ်ပါး ဖြစ်လာရန်၊ အလား အလာ ရှိသည်။

“ ဟုတ်ပြီ ... ၊ သူက ကောင်းကင် လမ်းရဲ့ ချန်ပီယံပဲ၊ ခွန်လွန် ရောက်တာ တစ်နှစ် မပြည့် သေးဘူး၊ သူ့အတွက် အချိန်က အရမ်း နည်းနေ သေးတယ်၊ ဒါဆို ငါတို့က သူ့ကို ဘာလို့ အာရုံစိုက် နေရ မှာလဲ။ ”

ယဲ့ဇီယွင်မှာ နားမလည် ဟန်ဖြင့်၊ ပြန်မေး မိသည်။

“ သူက မင်းသိတဲ့ လူတွေနဲ့ မတူဘူး၊ ဒီမတိုင်မီ သွေ့ရော် ကျွန်းမှာ၊ အင်ပါ ရီယန် ချန်ပီယံ ဖြစ်တဲ့ ချင်းကန်ကို၊ နှိမ်နင်းပြီး၊ နဂါး အရိုးကို ...

... ထုတ်ယူ ခဲ့တယ်၊ သွေ့ရော် မဟာ သူတော်စင် ကလည်း သူ့ကို အမွေပေး ခဲ့ပြီး၊ သက်တံဓား သူတော်စင်တောင် သူ့ အတွက် ထွက်လာ ခဲ့ရတယ်။ ”

“ ဒီလိုမျိုး တကယ် ဖြစ်ခဲ့ တာလား။ ”

သည် တစ်ကြိမ်၌ ယဲ့ဇီယွင်မှာ အံ့သြ သွားသည်။ ချင်းကန် အကြောင်း သူမ ကြား ဖူး၏။

၎င်းသည် ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်ရှိ ပါရမီရှင် များကို၊ အကြိမ်ကြိမ် စိန်ခေါ် ဝံ့သော အရူး တစ်ယောက် ဖြစ်သည်။

“ သူ ... ဘယ်မှာလဲ၊ ငါ့ကို ပြပါဦး။ ”

ယဲ့ဇီယွင်က ယဲ့ချင်း ညွှန်ပြ ရာသို့ လိုက်ကြည့် မိသည်။ ဟောင်းနွမ်း နေသော ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ ဓား တစ်လက်လို ရပ်နေသည့်၊ အပြာဝတ် လူငယ် တစ်ဦးအား၊ မြင်လိုက် ရသည်။

ကနဦး ပင်မ နတ်ဘုရား အဆင့် ၌သာ ရှိသော်လည်း၊ သူထံမှ ထက်ရှသော အစွယ်ကို ခံစား ရ၏။

“ အင်း ... ၊ နည်းနည်းတော့ ထူးခြားတာ အမှန်ပဲ။ ”

“ ဟုတ်တယ်၊ သူက အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် ထားတယ်။ ”

ယဲ့ချင်းမှ ထပ်မံ ဖြည့်စွက် လိုက်သည်။

“ ဒါဆို ... ငါ သူ့ကိုလည်း အာရုံ စိုက်ဖို့ လိုလာပုံ ရပြီ။ ”

ယဲ့ဇီယွင် မျက်နှာ ပြောင်းလဲ သွား၏။ သို့သော် ချက်ချင်းပင် ပြုံးလိုက် ပြီးနောက်၊

“ သူသာ ... ၊ ငါ့ နောက်ကို လိုက်ဖို့ ဆန္ဒ ရှိနေရင်၊ ငါက ... အမေွ ဆက်ခံသူ အဆင့်ကို တက်လာ နိုင်မှာ သေချာတယ်။ ”

ရှေးဟောင်း သူတော်စင် မိသားစုများ အားလုံးသည်၊ သာမန် အင်အားကြီး ဂိုဏ်းများ ကိုပင်၊ ယှဉ်နိုင်သော အခြေခံ အုတ်မြစ်များ ရှိ၏။

ဆက်ခံ ခွင့်ကို သူမသာ ရရှိ ပါက၊ စိတ်ကူး မယဉ် နိုင်သော အခွင့် အာဏာများ ပိုင်ဆိုင်ပြီး၊ အရင်း အမြစ်များ ရရှိမည် ဖြစ်သည်။

သူမသည် အမျိုး သမီး တစ်ဦး ဖြစ် သော်လည်း၊ မိဘုရား မဖြစ် လိုချေ။ ဘုရင်မ ဖြစ်ရန်သာ ရည်မှန်းချက် ရှိ၏။

ရှားဟိုယန်ကို သူမနောက် လိုက်ရန် သိမ်းသွင်း လိုသည်။ သို့သော် အကြင်သူသည် သူတော်စင် မိသားစု၏ မင်းသား တစ်ပါး ဖြစ်၏။

ထို့ကြောင့် ဆက်ခံသူ တစ်ပါး မဟုတ် သေးသော၊ သူမ နောက်သို့ လိုက်ရန် ဆန္ဒ ရှိဦး မည် မဟုတ်ချေ။

တစ်ဖက်တွင် လင်းယွန် ဟူသည်မှာ၊ အောက်တန်း နယ်မြေမှ လာသူ တစ်ဦး ဖြစ်၏။ သိမ်းသွင်းရန် နည်းလမ်း များစွာ ရှိသည်။

“ မလွယ် မှာကို၊ ငါ ကြောက်မိတယ်။ ”

“ အိုး ... ၊ ယောက်ျား တွေ အကြောင်း အစ်ကို ချင်းထက် ငါပို သိပါတယ်၊ ဒီကမ္ဘာမှာ စျေး အပေါဆုံးက ယောက်ျား တွေပဲ။ ”

သို့သော် ထိုစကားကို ပြောနေစဉ်၊ ယဲ့ဇီယွင် တစ်ယောက် မျက်နှာ ပျက်ယွင်း သွား သည်ကို၊ ယဲ့ချင်းမှ မြင်၏။

“ ဘာ လဲ ... ။ ”

“ လင်းယွန် အနားမှာ ရပ်နေတဲ့ အမျိုး သမီးကို၊ ကြည့် လိုက်စမ်း ... ဝမ်းကွဲ အစ်ကို ချင်း၊ မှတ်မိလား ... ၊ ဆယ့်ငါးနှစ် အတွင်း သူ အများကြီး ပြောင်းလဲ သွားပြီ။ ”

ယဲ့ချင်းက ညွှန်ပြရာ အမျိုးသမီးအား ဂရုတစိုက် စစ်ဆေး ပြီးနောက်၊

“ ဒါ ... ဒါက၊ ဝမ်းကွဲ ဇီလင်ပဲ၊ သူ ... သူက ဘာလို့ ဒီရောက်နေ ရတာလဲ ... ။ ”

-ဟု အံ့ဩစွာ ပြောမိ တော့သည်။

“ ဘာပဲ ဖြစ်ဖြစ် ... ၊ သူဒီမှာ ရှိနေတာ ကောင်းပါတယ်။ ”

ယဲ့ဇီယွင်မှ ကျေနပ်သော အပြုံးများဖြင့်၊ ပြောလိုက်သည်။ ယဲ့ဇီလင်သည် သူမနှင့် ဝမ်းကွဲ တော်စပ်၏။

မွေးဖွား စဉ်၌ ယဲ့ မိသားစု၏ ဘိုးဘေး များက၊ သူမအား ပုလဲ ရတနာ ကဲ့သို့ သဘော ထားခဲ့သည်။

အဘယ်ကြောင့် ဆိုသော်၊ မျှော်လင့်ခြင်း နှင်းသွေးသားနှင့် နတ်နဂါး ဓားခန္ဓာ ကိုယ်ကို ပိုင်ဆိုင် ထားသောကြောင့် ဖြစ်သည်။

၎င်းသာ နှိုးထလာ ပါက ကောင်းကင်ကို အံတု နိုင်သော အရည် အချင်းများ ရှိပေမည်။ မျိုးဆက် တစ်ခု အတွင်း၊ တုနှိုင်းမဲ့ လာနိုင်၏။

သို့သော် ကံမကောင်း စွာနှင့်၊ (၁၀)နှစ် အရွယ် မတိုင်မီ၊ ယဲ့မိသားစု ထံမှ ထွက်သွား ခဲ့သည်။

“ ဝမ်းကွဲ ဇီလင်က ပင်မ နတ်ဘုရား နယ်ပယ်ကို ခုမှ ဝင်လာ နိုင်ပုံ ရတယ်။ ”

ယဲ့ချင်းမှ မယုံ ကြည်နိုင်စွာ ရေရွတ် လိုက်သည်။

“ ဒါက ... သူ့ရဲ့ ရွေးချယ်မှုပဲ ဆိုတော့၊ ဘယ်သူ့ ကိုမှ အပြစ် တင်လို့ မရဘူး၊ အခု သူ ပြန်လာခဲ့ ရင်တောင်၊ မိသားစု ထဲမှာ သူ့ အတွက် ...

... နေရာ မရှိတော့ ပါဘူး၊ ဒါကြောင့် ဓားဂိုဏ်းကို သူ ရွေးချယ် ခဲ့တာ၊ သနား စရာပဲ၊ သူ့ကိုယ်သူ သူတော်စင် တပည့် ဖြစ်မယ်လို့ ထင်နေ ပုံရတယ်၊ ရူးပါ့ ခစ် ခစ် ခစ်။ ”

ယဲ့ဇီယွင်မှ အထင် အမြင် သေးစွာဖြင့်၊ ရယ်မော လိုက်သည်။ ယဲ့ချင်းမှာ မှတ်ချက် မချ တော့ချေ။ ဆယ့်ငါးနှစ် ဟူသည် ရှည်လျား လွန်း သဖြင့် ယဲ့မိသားစု၏ မင်းသမီး တစ်ပါးကို လူအများက မေ့သွား နိုင်လေသည်။

မွန်းတည့် ချိန်၌ နောက်ထပ် ရှေးဟောင်း သူတော်စင် မိသားစု (၃)စု ထပ်မံ ရောက်ရှိ လာ သည်။ သူတို့မှာ ချန်၊ ကျင်းနှင့် ဟွမ်တို့ ဖြစ်၏။

အဖွဲ့ ခေါင်းဆောင် များသည် ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်ရှိ ထူးချွန် သူများ ဖြစ်သည်။

ဟွမ် မိသားစု၏ တတိယမြောက် ဆက်ခံသူမှာ ၎င်းတို့ အနက်၊ အသန်မာဆုံး ဖြစ်ပြီး၊ ထိပ်ဆုံး (၂၀၀၀) အတွင်း ဝင်သည်။

လူစုံပြီ ဖြစ်သဖြင့်၊ တတိယ အဆင့် စမ်းသပ်မှုကို စတင် တော့မည် ဖြစ်၏။ ဤ အဆင့်တွင် ပြိုင်ဆိုင်မှုသည် အပြင်း ထန်ဆုံး ဖြစ်ပေမည်။

နောက်ဆုံးမှ ရောက်ရှိ လာကြသော၊ သူတော်စင် မိသားစု လေးစု၏ ဆက်ခံသူ များမှာ၊ သူတော်စင် တပည့် ဖြစ်ရန် သေချာသည်။

ထို့ကြောင့် ကျန် လူများ အတွက်၊ ခွဲတမ်း နှစ်ခုသာ ကျန်ရှိ တော့၏။

“ လူစုံပြီ ဆိုတော့ ... ၊ တတိယ အဆင့် အတွက် စည်းကမ်းချက် တွေကို ကြေငြာမယ်၊ နားထောင်ပါ။ ”

မီးခိုးရောင် ၀တ် အကြီး အကဲက၊

“ ဒီတစ်ကြိမ် စမ်းသပ်မှုက ... နှစ်ကျော့ ရှိတယ်၊ ပထမ အကျော့မှာ၊ မင်းတို့ အားလုံးကို ဓားကုန်းဆီ ပို့ဆောင် ပေးမယ်၊ ဒါက လျှို့ဝှက် နယ်မြေ ဖြစ်ပြီး၊ ပိတ်ထားတာ နှစ်ပေါင်း နှစ်ရာ ရှိပြီ၊ ဒါကြောင့် ...

... နတ်ဆိုး သားရဲ တွေက ... ၊ ဓား ရည်ရွယ်ချက် ကို စုပ်ယူပြီး၊ ဓားဝိညာဉ် ပုလဲ တွေဖွဲ့စည်း လာနိုင် ကြတယ်၊ သူတို့ကို သတ်နိုင်ရင်၊ မင်းတို့ ရမယ်၊ ...

... ဆယ်လုံး ပြည့်ရင် ဓားဂိုဏ်း ဝင်ခွင့် ပြည့်မီပြီ၊ အလုံး (၁၀၀) ဆိုရင်၊ သူတော်စင် တပည့် အဖြစ် ရွေးချယ်မဲ့ ... ၊ ဒုတိယ အကျော့ကို ပြိုင်ခွင့် ရမယ်။ ”

ကျွယ်ချန် ပြောသည်ကို ကြား ပြီးနောက်၊ လူတိုင်း စိတ်လှုပ်ရှား လာ၏။ ဓားဝိညာဉ် ပုလဲ များသည်၊ ဓားသမား တစ်ဦး၏ ဓား ရည်ရွယ် ချက်ကို၊ အထောက် အကူ ပြုသည်။

ဓား ရည်ရွယ်ချက် အပေါ်၊ နားလည်ရန် ကြိုးစားရ သည်မှာ၊ ဓားသမားတိုင်း အတွက် အခက်ခဲဆုံး ဖြစ်၏။

ထို့ကြောင့် ၎င်းအား နားလည် နိုင်မည့်၊ အရင်းအမြစ် ရှိသော်၊ မည်မျှ စျေးကြီးစေ ကာမူ၊ လူတိုင်းမှ ပေးဝယ် ကြမည် ဖြစ်သည်။

အကြီး အကဲ ကျွယ်ချန်မှ ပြုံးလိုက်သည်။ ဓားဝိညာဉ် ပုတီး စေ့များ ရရှိရန်၊ လွယ်ကူမည် မဟုတ်ကြောင်း ကိုမူ၊ ထုတ်ဖော် ပြောဆိုခြင်း မပြု တော့ချေ။

ဓားကုန်းသည် ပျက်စီးမြေ ဖြစ်သဖြင့် နတ်ဆိုး သားရဲ များမှာ၊ အုပ်စိုးရှင် အဆင့်၌ ရှိနေ ကြသည်။ အနိမ့်ဆုံး သည်ပင် သာလွန် ပင်မ နတ်ဘုရား အဆင့် ဖြစ်၏။

နှစ်ပေါင်း များစွာ ကြာအောင်၊ ဓား ရည်ရွယ်ချက် များကို စုပ်ယူ ထားသဖြင့်၊ ပြင်ပ နတ်ဆိုး သားရဲ များထက်၊ ပို၍ ကြောက်စရာ ကောင်းမည်မှာ၊ သဘာဝ ပေပင်။

***

All Chapters