← Chapters

ရှေးဟောင်း သူတော်စင် မိသားစုများ။

Vol. 101 Ch. 1409

ရှေးဟောင်း သူတော်စင် မိသားစုများ။

Vol. 101 Ch. 1409

လင်းယွန်က တွေးတော နေမိသည်။ သူ ထင်ထား သလိုပင်၊ ဤစင်မြင့်သည် တည်နေရာ ရွေ့ပြောင်း အစီရင် ဖြစ်နေ၏။

လျှို့ဝှက် နယ်မြေသည်၊ အလွန် ကြောက် မက်ဖွယ် ကောင်းနိုင်ပြီး၊ လူတိုင်း တွေးထင်နေ သကဲ့သို့ လွယ်ကူမည် မဟုတ်ကြောင်း၊ ခန့်မှန်း နိုင်သည်။

“ နှစ်ပေါင်း နှစ်ရာ တိတိ၊ ပိတ်ထားတာ ဆိုတော့ ... ၊ မင်းတို့တွေ ကြုံတွေ့ရမဲ့ အန္တရာယ် တွေက၊ စိတ်ကူးထား တာတွေထက်၊ အများကြီး ပိုနေမှာ သေချာတယ်၊ ...

... ဒီအတွက် အားလုံး ပြင်ဆင်မှု လုပ်ဖို့ လေးနာရီ အချိန် ရမယ်၊ လေးနာရီ ပြည့်ရင် ငါတို့ ပြန်တွေ့မယ်။ ”

ကျွယ်ချန် စကားကြောင့်၊ လူတိုင်း အနည်းငယ် တိတ်ဆိတ် သွားသည်။ ပြီးနောက် ချက်ချင်း ဆွေးနွေး သံများ ညံလာ တော့၏။

“ ဘယ်လို လုပ်ရ မလဲ ဆိုတာ ဆွေးနွေး ကြရအောင်။ ”

လင်းယွန်တို့ လေးဦး၊ ကုန်းစွန်းယန်နှင့် ကျောက်ယန်မှာ တစ်ဖွဲ့ ဖြစ်သည်။ ထို့ကြောင့် အစီအစဉ် တစ်ရပ် ချမှတ်ရန်၊ အတူ တကွ စုရုံးလိုက် ကြ၏။

“ ညီလေး လျူနဲ့ ဆွေးနွေး ပြီးပြီ၊ သူတော်စင် တွေရဲ့ ... ၊ အာရုံ စိုက်မှု ခံရအောင် ငါတို့ မစွမ်းနိုင်ဘူး၊ ဒါကြောင့် ဓားဝိညာဉ် ပုလဲ ဆယ်လုံး ရရင်၊ ဓားကုန်း ကနေ ထွက်ခွာ တော့မယ်။ ”

“ ဟုတ်တယ် ... ၊ အလုံးရေ တစ်ရာ ရဖို့ ဆိုတာ မလွယ်ဘူး၊ ရခဲ့ ရင်တောင် ရှေးဟောင်း သူတော်စင် မိသားစု တွေက၊ ပစ်မှတ်ထား လာ နိုင်တယ်။ ”

လျူချင်းယန်မှ ဖုန်ကျန်း စကားကို ခေါင်းညိတ် ထောက်ခံ သည်။ လင်းယွန်က သူတို့ထံ ကြည့်လိုက်သည်။

၎င်းတို့ နှစ်ဦး မှန်၏။ ယင်းမှာ ဓားဂိုဏ်းမှ ရည်ရွယ်ချက် ရှိရှိ ထားခဲ့သော၊ ဟာကွက် တစ်ခု ဖြစ်သည်။

“ ဒီလိုလည်း ... အဆင်ပြေ ပါတယ်၊ ဒါပေမယ့် နင်တို့ နှစ်ယောက် အန္တရာယ် တစ်ခုခု ကြုံလာရင်၊ ငါ့ကို ရှာဖို့ မမေ့ ပါနဲ့။ ”

ယဲ့ဇီလင်မှ ခေါင်းညိတ် သဘောတူ လိုက်သည်။

“ ငါတို့ အတူတူ ထွက်လာ ကတည်းက ဓားဂိုဏ်းကို အတူတူ ဝင်ကြမယ်၊ ငါ့ကို ဒုက္ခ ပေးဖို့ မကြောက်နဲ့။ ”

“ ကောင်း ပါပြီ။ ”

လျူချင်းယန်နှင့် ဖုန်ကျန်း နှလုံးသားထဲ နွေးထွေးမှုကို ခံစား လိုက်ရ သဖြင့် ပြုံးမိသည်။ ယဲ့ဇီလင်မှာ သူတို့ အပေါ်၊ မည်သည့် နေ၌ ရှိစေ ကာမူ၊ အရမ်း ဂရုစိုက် ခဲ့သည်။

ထို့ကြောင့် တိမ်လွှာဓား ဂိုဏ်းကို အရှက် မရစေဘဲ၊ ဓားဂိုဏ်း၏ တပည့် ဖြစ်ရ မည်ဟု နှလုံးသားဖြင့်၊ ကျိန်ဆို လိုက်မိ၏။

“ ဓားဝိညာဉ် ပုတီးစေ့ (၁၀၀) အထိ၊ ရအောင် ယူဖို့၊ ငါတော့ ဆုံးဖြတ် ထားတယ်၊ အဲဒီ သူတော်စင် တွေက၊ ငါ့ကို ရွေး-မရေွး စမ်းကြည့် ရမယ်။ ”

“ ငါလည်း အတူတူပဲ။ ”

ကုန်းစွန်းယန် စကားကို ကျောက်ယန်မှ ထောက်ခံသည်။ သူ့ အကြည့် များက ရီဝေနေ တတ်သော်လည်း၊ သူ ပြောသည့် အခါ လေးနက် လာသည်။

သူတော်စင် တစ်ပါး၏ တပည့် ဖြစ်ရန် အခွင့်အရေးမှာ ရှားရှား ပါးပါး ဖြစ်သောကြောင့်၊ နှစ်ဦးသား သဘာဝ အတိုင်း လွယ်လွယ်နှင့် စွန့်လွှတ်မည် မဟုတ်ပေ။

“ မောင်လေး လင်း၊ နင်ကော ဘယ်လိုလဲ။ ”

စမ်းသပ်မှု စတင်စဉ် ကတည်းက လင်းယွန်၏ အသွင် ပြောင်းလဲ နေသည်ကို ယဲ့ဇီလင်မှ သတိ ထားမိသည်။ သူတော်စင် များကို စိတ်ဝင်စားပုံ မပြ တော့ချေ။

ပထမ အဆင့်တွင် သူတော်စင် ဓားကို ဆွဲထုတ်ရန် စွန့်လွှတ် ခဲ့သည်။ သူသာ ဆန္ဒရှိ ပါက မဆွဲ နိုင်စရာ အကြောင်း မရှိဟု ယုံကြည်သည်။

လျှို့ဝှက် ဓားခန်းမမှ လျှပ်စီး တစ်ထောင် ဓားကိုပင်၊ ပြန်လည် ရယူ နိုင်ခဲ့ သူ ဖြစ်သည်။ ထို့ကြောင့် ပြဿနာ တစ်ခုခု ရှိနိုင်၏။

“ ငါ ... ။ ”

လင်းယွန်က အဝေးသို့ မျှော်ကြည့် ပြီးနောက်၊

“ ဘာပဲ ဖြစ်ဖြစ် ... ၊ ငါ့အတွက် အဆင်ပြေ ပါတယ်။ ”

-ဟု ပြန်ဖြေ လာသည်။

“ ဟမ့် ... ၊ မင်း ... ဆက်ပြီး ဟန်ဆောင် နေပါ၊ ဒါပေမယ့် ... မင်းရဲ့ လက်ရှိ ကျော်ကြားမှု အရဆို၊ နိမ့်ကျတဲ့ ပုံရိပ်ကို ထိမ်းထားလို့ ရလိမ့်မယ် မထင်နဲ့။ ”

ကုန်းစွန်းယန်မှ လင်းယွန်၏ စိတ်မပါ လက်မပါ အမူ အရာနှင့်၊ သဘောထား အပေါ်၊ မကျေ မနပ် ဖြစ်လာသည်။

“ ရှားဟိုယွင် အပြင်၊ ရှေးဟောင်း သူတော်စင် မိသားစု လေးစုကို ... ၊ ငါတို့ ရင်ဆိုင် ရလိမ့်မယ်။ ”

ကေျာက်ယန်မှ တွေးတွေး ဆဆဖြင့် ပြောလာ သည်။ ထိုစကားကို ကြားသော အခါ ကုန်းစွန်းယန်၏ မျက်လုံးများ တောက်ပ လာပြီး၊

“ အရူး ... ၊ သူတို့ အကြောင်း မင်းက ငါတို့ထက် ပိုသိ ထားတာ မဟုတ်လား၊ ဘာလို့ မမျှဝေ ရတာလဲ။ ”

-ဟု အပြစ်တင် လိုက်သည်။

အရူး ဟူသော နာမ်စားကို ကျောက်ယန်က လျစ်လျူရှုလျက်၊

“ အရှေ့မြောက် ဘက် အရပ်မှာ၊ ရှိနေတဲ့ ဇရပ်ကို မြင်လား၊ သူတို့က မျှော်လင့်ခြင်း နှင်း သူတော်စင် မိသားစု ကပဲ။ ”

အရှေ့မြောက် အရပ်သို့၊ လှည့်ကြည့် လိုက်သော အခါ၊ ဇရပ် ထဲတွင် ရပ်နေသော ခရမ်းရောင် ဝတ် လူတစ်စုကို၊ တွေ့လိုက် ရသည်။

ထိုသူများ အားလုံး သာလွန် ပင်မ နတ်ဘုရား အဆင့်တွင် ရှိနေ ကြ၏။ လူအုပ် ရှေ့တွင် ရပ်နေသော အမျိုးသားနှင့် အမျိုး သမီးသည်၊ ကောင်းကင် အဆင့် ၌ပင် ရှိနေသည်။

ရှေးဟောင်း ပျက်သုဉ်း မြေသို့ ရောက်ရှိ လာပြီး သော်မှ၊ ကောင်းကင် အဆင့် ကျွမ်းကျင် သူကို၊ နေရာ တိုင်းတွင် မတေွ့ နိုင်ချေ။

ရှည်လျားသော သမိုင်း ကြောင်း ရှိသည့်၊ ရေှးဟောင်း သူတော်စင် မိသားစုများ တွင်သာ၊ အနည်းငယ် တွေ့ရှိ နိုင်မည်။

“ သူတို့ နှစ်ယောက်က သန်မာတယ်၊ အမျိုးသားက၊ ယဲ့ချင်းလို့ ခေါ်ပြီး၊ အမျိုး သမီးက ယဲ့ဇီယွင်ပါ၊ နှစ်ဦး စလုံးက ...

... ပင်မ နတ်ဘုရား အဆင့်မှာ ရှိတယ်၊ အထူး သဖြင့် ယဲ့ဇီယွင်ပဲ၊ သူက အသက် (၂၁) နှစ်နဲ့၊ အဆင့် (၇၀၀၀) အတွင်း ဝင်နိုင် ခဲ့တယ်။ ”

ယင်းသို့ ပြောပြ ပြီးနောက်၊ ယဲ့ဇီလင်ထံ ကျောက်ယန်မှ ခိုးကြည့်သည်။ သူမ သည်လည်း နှင်း သူတော်စင် မိသားစုမှ ဖြစ်နိုင်ကြောင်း မှန်းဆ ထားမိ၏။

သို့သော် ထိုကိစ္စကို သူမမှ ထုတ် မပြောသည့် အတွက်၊ မေးရန် စိတ်ကူး မရှိချေ။ သည့်နောက် အကြောင်း အရာထံ ဆက်သွား လိုက်သည်။

“ အနောက်တောင် ဘက် အရပ်က၊ လူကို ကြည့်၊ သူက နည်းနည်း ပြဿနာ ပေးနိုင်တယ်၊ အမည်က ကျင်းချန်ပဲ။ ”

အနောက်တောင် ဘက်ရှိ ဇရပ် တစ်နေ ရာတွင်၊ လူတစ်ယောက် မတ်တပ် ရပ်နေသည်။ အခြားသော ရှေးဟောင်း သူတော်စင် မိသားစု ဝင် တိုင်းသည်၊ အသင်း အဖွဲ့ များဖြင့် လာကြ သော်လည်း၊ သူက တစ်ဦးတည်း ဖြစ်သည်။

“ ကျင်း မိသားစုရဲ့ ... ၊ ဆဋ္ဌမ မြောက် ဆက်ခံ သူပဲ၊ ဒါပေမယ့် သူက တစ်ဦးတည်း နေ တတ်တဲ့ ဝံပုလွေ လို လူစား၊ ဖြစ်တာကြောင့် ...

... နာမည် ကြီးတယ်၊ သူ့မှာ ဒုတိယ ကြယ်ကိုတောင် ဖန်ဆင်းထား နိုင်ပြီလို့ ... ၊ ငါ ကြားထားတယ်။ ”

“ အိုး ... ။ ”

လင်းယွန်က အံ့သြ သွား၏။ ကောင်းကင် အဆင့်၌ အလား အလာကို တွန်းထုတ် နိုင်သော် နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်ချိန်၌ ပိုမို အားကောင်း လာမည် ဖြစ်သည်။

မှတ်တမ်းများ အရ၊ ခရမ်းရောင် နန်းတော်တွင် ကြယ် (၉) လုံး အထိ၊ ဖွဲ့စည်း နိုင်၏။ လက်တွေ့ တွင်မူ လူတိုင်း ကြယ် (၂)လုံးသာ ဖွဲ့စည်း နိုင်သည်။

ခရမ်းရောင် နန်းတော်၌ ကြယ်များ ဖွဲ့စည်းရန်၊ လိုအပ်ချက် နှစ်ရပ် ရှိသည်။ အရင်း အမြစ် များနှင့်၊ အခြေခံ အုတ်မြစ် ဖြစ်၏။

အရင်း အမြစ် မည်မျှ ရှိစေ ကာမူ၊ လုံလောက်သော အခြေခံ အုတ်မြစ် မရှိသော်၊ ဖန်တီး နိုင်မည် မဟုတ်ချေ။

ရေှးဟောင်း ပျက်သုဉ်း မြေရှိ၊ ပါရမီရှင် များမှာ၊ ကြယ် (၄)လုံး အထိ၊ ဖွဲ့စည်း နိုင်သည်။ ကျင်းချန်သည် သူ့အသက် အရွယ်၌၊ ကြယ် (၂) လုံးကို ဖန်တီးနိုင် သည်မှာ၊ ကြောက်စရာ ပေပင်။

သူ့အား စစ်ဆေး နေသော ခံစားချက်မျိုး ရရှိလိုက် သဖြင့်၊ ကျင်းချန်မှ မျက်လုံး ဖွင့်ကာ၊ လင်းယွန်ထံ ပြန်ကြည့် လာသည်။

ထိုအကြည့်တွင် ပါရှိသော ဓား ရောင်ခြည်သည်၊ သမုဒ္ဒရာထဲ ပစ်ချ လိုက်သော ကျောက်စရစ်ခဲ တစ်လုံး ကဲ့သို့၊ ချက်ချင်း ပျောက်ကွယ် သွားသည်။

ဤအရာက ကျင်းချန်ကို၊ အပြုံး တစ်ပွင့် ထွက်ပေါ် လာစေသည်။ ယဲ့ဇီလင်နှင့် အခြား သူ များမှာ၊ သည်ဖြစ်စဉ်ကို မြင်ခဲ့ ကြသည်။

“ ငါ ပြောတယ် မဟုတ်လား၊ နိမ့်ကျတဲ့ ပုံရိပ်မျိုး ... မင်း ဖမ်းယူ ထားလို့ မရ ဖူးလို့ ... ။ ”

ကုန်းစွန်ယန်မှ လင်းယွန်အား ပြောလာ တော့သည်။

“ ဟိုဘက်က ညီအစ်ကို လေးယောက်ကို တွေ့လား၊ သူတို့က ဟွမ် မိသားစု ကပဲ၊ အရမ်း စည်းလုံး ကြတယ်၊ အစ်ကို အကြီး ဆုံးက၊ ...

... ဟွမ်ယန်းချန်ပဲ၊ အရှေ့ဘက် ပျက်စီး နယ်မြေ အပြင်မှာ၊ ကြောက်စရာ ကောင်းတဲ့ အောင်မြင်မှု ရှိတယ်။ ”

ဟွမ်ယန်းချန် ထံမှ သွေးညှီ နံ့များ ရရှိလာသဖြင့်၊ ကျောက်ယန်၏ ‘ကြောက်စရာ ကောင်းသည်၊’ ဟူသော စကား အဓိပ္ပါယ်ကို ချက်ချင်း နားလည် လိုက်ကြသည်။

၎င်းအား မိစ္ဆာ ကျင့်ကြံသူ အလား ထင်မှားသွား စေ၏။ ဟွမ်ယန်းချန် အနေဖြင့်၊ အသက်ပေါင်း များစွာကို သတ်ဖူး ပုံရသည်။

ကောင်းမှုနှင့် မကောင်းမှု ဟူသည်၊ အတွေး တစ်ခု အတွင်းသာ ရှိ၏။ ထို့ကြောင့် ဓားသမား တစ်ယောက် အသက် သတ်ခြင်းမှာ၊ ရှောင်လွှဲ၍ မရ နိုင်သော လမ်းစဉ် ဖြစ်သည်။

“ နောက်ဆုံး တစ်ယောက်က ... ၊ ချန်မိသားစု ကပဲ၊ ခေါင်းဆောင်က ချန်ပင်း ဆိုတာက လွဲပြီး၊ သူ့ အကြောင်းကို ...

... အခြား ဘာမှ မသိဘူး၊ သူက ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက် ကိုတောင်၊ စိတ်မဝင် စားတော့ အချက် အလတ် မရှိတာ။ ”

ကျောက်ယန်က မိတ်ဆက် ပေးမှုကို အဆုံးသတ် လိုက်သည်။

“ များလိုက်တဲ့ ပါရမီ ရှင်တွေ။ ”

လျူချင်းယန်နှင့် ဖုန်ကျန်း တို့မှာ ထိတ်လန့် လာသည်။ ယဲ့ဇီလင်နှင့် ကျောက်ယန် သည်ပင် ထိုသူများနှင့် ယှဉ်သော်၊ အနည်းငယ် အားနည်း နေသေး၏။

“ သူတို့နဲ့ ပဋိပက္ခ မဖြစ်အောင် ကြိုးစား ကြပါ၊ ဓားဝိညာဉ် ပုတီးစေ့ (၁၀၀)ကို စုဆောင်း ဖို့ပဲ၊ အာရုံစိုက် ရအောင်။ ”

တိုက်ပွဲ ဖြစ်သော်၊ သူတို့ အတွက် မျှော်လင့်ချက် မရှိမှန်း၊ ယဲ့ဇီလင်မှ နားလည် လိုက်သဖြင့်၊ သတိပေး လိုက်သည်။

မဟာမိတ် ဖွဲ့ထားသော၊ ပိုင် မိသားစုနှင့်၊ ရှားဟို မိသားစု တို့သည်ပင်၊ ဖိအားများ ခံစား ရမည်ကို၊ တပ်အပ် ပြောနိုင်သည်။

ဆွေးနွေးမှု အပြီး၌၊ လူတိုင်းက ခန္ဓာကိုယ်အား ထိန်းညှိရန် တရားထိုင် လိုက် ကြသည်။ လင်းယွန်မှ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ချီ လိုက်သည်။

၎င်းအား ဒုတိယ အဆင့်သို့ တက်ရောက် နိုင်ခဲ့ ပါက၊ များစွာ သန်မာ လာမည် ဖြစ်သည်။ သို့သော် တစ်ဖက်တွင် အန္တရာယ် ရှိသော အခြေအနေ တစ်ခု နှင့်လည်း၊ ရင်ဆိုင် နေရသည်။

***

All Chapters