အပြာရောင် မီးနဂါး မြွေ။
Vol. 101 Ch. 1410
အဘယ့်ကြောင့် ဆိုသော်၊ နဂါး- ဖီးနစ် ဓားရောင်ဝါ ကြိုးအား၊ (၁၈)ကြိုး အထိ ရရှိထား ခဲ့သည်။
ယင်းက နဂါးနှင့် ဖီးနစ် တို့ကို၊ အကန့် အသတ်မဲ့ သတ်ရန် ရည်ရွယ်ချက်များ ပါရှိသော ရှေးဟောင်း ဆေးအိုးကြီး အဖြစ်၊ ပေါင်းစည်း စေတော့၏။
၎င်းသည် ချက်ချင်းပင် သူ့အား မိစ္ဆာ တစ်ကောင် အဖြစ်သို့၊ ပြောင်းလဲ သွားစေ နိုင် သော ရည်ရွယ်ချက် ပေပင်။
လက်ရှိ အချိန်တွင်၊ ပင်မ အမြုတေ ရူရ်မှ၊ အဆိုပါ ရည်ရွယ်ချက်အား ဖိနှိမ်ထား နိုင်သည်။ သို့သော် တိုက်ပွဲ ဝင်ချိန်၌၊ ဆက်လက် ချိုးနှိမ် ထား နိုင်ခြင်း၊ ရှိ-မရှိ မသေချာ သေးချေ။
လေးနာရီ ကြာ ပြီးနောက်၊ စင်မြင့် ပေါ်ရှိ ဝိညာဉ် ရေးရာ ရူရ်များ၊ အသက်ဝင် လာကာ၊ တောင် တစ်ခုလုံး တုန်ခါ လာသည်။
“ ပွင့် ... ။ ”
ကျွယ်ချန်မှ ဟောက်သံ ပြု လိုက်၏။ ဤသည်မှာ တတိယ အဆင့် တရားဝင် စတင် နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
များမကြာမီ လူတိုင်း၊ ဓားကုန်း မြေသို့၊ တည်နေရာ ရွေ့ပြောင်းခြင်း ခံလိုက် ရသည်။ မြင်ကွင်းများ ငြိမ်သက် သွားချိန်၌၊ လူတိုင်း တစ်စုတည်း ရှိနေ သည်ကို၊ လင်းယွန် တွေ့လိုက် ရ၏။
“ လူစု မကွဲ စေနဲ့။ ”
ကျပန်း ပို့ဆောင်ခြင်း မဟုတ် သဖြင့်၊ ယဲ့ဇီလင်မှ ဝမ်းသာ သွားသည်။ အဝေးတွင် မြူများ ဖုံးလွှမ်း နေသော တောအုပ် တစ်ခုနှင့်၊ အဆုံးမဲ့ တောင်တန်းကြီး ရှိနေသည်။
အနက်ရောင် မြူခိုး များက၊ တောင်တန်း ကြီးကို ဖုံးအုပ်ထားပြီး၊ အလယ်ဗဟို အရပ် ဆီမှ အလင်း အချို့၊ ခပ်ပျပျ ထွက်ပေါ် နေ၏။
ထိုနေရာသည် နာမည်ကြီး ဓားများကို၊ မြှပ်နှံထားသော သင်္ချိုင်းမြေ ဖြစ်သည်။ ၎င်း၌ မူလ သူတော်စင် ရူရ် အများ အပြား ရှိ၏။
ဓား ပိုင်ရှင်သည် ဖြောင့်မတ်သော ကျင့်ကြံသူ ဖြစ်စေ၊ မိစ္ဆာ ကျင့်ကြံသူ ဖြစ်စေ၊ ထိုဓားဖြင့် လူများစွာကို သတ်ခဲ့ ရသည်။
ထို့ကြောင့် သတ်ဖြတ် လိုသော အငွေ့ အသတ်များ ရှိနေပြီး၊ နာကျည်းမှု ရောင်ဝါ ရှိနေ သည်မှာ၊ သဘာဝ ပေပင်။
နယ်မြေ အတွင်းရှိ သားရဲ များမှာ၊ မွေးဖွားစဉ် ကတည်း ကပင်၊ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်များ ပါရှိ၏။
ဓား ရည်ရွယ်ချက် များနှင့်၊ ဆိုးရွားသော နာကျည်းမှု များကြောင့်၊ ၎င်းတို့က ဗီဇပြောင်း သားရဲများ ဖြစ်လာ ကြသည်။
“ လူတွေ အများ ကြီးပဲ။ ”
ကုန်းစွန်းယန်မှ သစ်ကိုင်း တစ်ခုပေါ် ခုန်တက်ကာ၊ တောအုပ် ထဲတွင် ပြေးလွှား နေသော လူများကို ကြည့်လိုက်သည်။
ဤသို့သော ရုန်းရင်း ဆန်ခတ် မှုသည် တောအုပ် အတွင်းရှိ၊ နတ်ဆိုး သားရဲ များကို ပုတ်နှိုးရာ ရောက်စေသည်။
တိုက်ပွဲများ နေရာ အနှံ့ ဖြစ်ပွား လာပြီး၊ သွေးရနံ့များ ပျံ့နှံ့ ကုန်သဖြင့်၊ သားရဲ များမှာ၊ ပို၍ ရူးသွပ် လာတော့သည်။
“ အခု ... ၊ ငါတို့ ဘာလုပ် သင့်လဲ။ ”
ကျောက်ယန်မှ သစ်ကိုင်းပေါ် လိုက်ပါ ခုန်တက်ပြီး၊ မေးလိုက် သည်နှင့်၊ လူတိုင်းက လင်းယွင်ထံ ကြည့်မိ သွားသည်။
လင်းယွန်ကို ဆုံးဖြတ်ချက် ချစေချင် ပုံရ၏။
“ ငါ တို့လည်း သွားကြည့် ရမယ် ... ၊ ဒီတောအုပ် ထဲမှာ၊ ဓားဝိညာဉ် ပုလဲ အရေ အတွက်၊ မလုံလောက် နိုင်လို့၊ လူတိုင်းက ဓားကုန်းကို၊ ဦးတည် ကြလိမ့်မယ်။ ”
“ ကောင်းပြီ၊ လူစု မကွဲ စေနဲ့၊ ဒီတောအုပ်က အန္တရာယ် များတယ်။ ”
ယဲ့ဇီလင်မှ သဘောတူ လိုက်သည်။
လူထောင်ပေါင်း များစွာ တောထဲသို့ ဝင်ရောက် လာသဖြင့်၊ နေရာ တိုင်း၌ သားရဲ ဟောက်သံများ ထွက်ပေါ် လာတော့သည်။
ရှေးဟောင်း သူတော်စင် မိသားစု များ မှလွဲ၍ လင်းယွန်တို့ အဖွဲ့မှာ၊ အသန်မာ ဆုံး ဖြစ်သည်။ ထို့ကြောင့် ကြုံလာ သမျှသော သားရဲ များကို၊ သတ်ဖြတ် နိုင်ခဲ့၏။
ရုတ်တရက် ကြွက်မိစ္ဆာ တစ်ကောင်က လျူချင်းယန် ထံသို့၊ တောအုပ် အတွင်းမှ ပြေး ထွက် လာသည်။
“ ထန် ... ။ ”
လျူချင်းယန် ဓားသည် ထိုကြွက်မိစ္ဆာ သားရဲ၏ အရေပြားကို တိုး မပေါက်ဘဲ၊ မီးပွား များသာ ဖြစ်ပေါ် လာ၏။
ထို့ကြောင့် လျူချင်းယန်မှ နက္ခတ်အား ဆင့်ခေါ်ရန် ပြင်မိသည်။ သို့သော် အပြာရောင် ပုံရိပ် တစ်ရိပ် ဆင်းသက် လာပြီး၊ ကြွက်မိစ္ဆာကို လက်သီးနှင့် ထိုးချ သွားသည်။
“ ဝှစ် ... ။ ”
“ ဘောင်း ... ။ ”
ကြွက်မိစ္ဆာ ခမျာ မီတာ ရာဂဏန်းမျှ လွင်စဉ်လျက်၊ သေဆုံး သွားတော့၏။ ၎င်းထံမှ ဓားဝိညာဉ် ပုလဲလုံး တစ်လုံး ရရှိ လာသည်။
“ ကျေးဇူး ... ။ ”
လျုချင်းယန်က နဖူးကို လက်ညှိုးဖြင့် ရှက်ရွံစွာ ကုတ်ခြစ်လျက် ပြုံးကာ ပြောလိုက် လေသည်။။
“ ဓားဝိညာဉ် ပုလဲ။ ”
ကြက်ဥ အရွယ် ပုလဲ လုံးကို ကြည့်ကာ လူတိုင်း ဝမ်းမြောက် သွားခဲ့ ကြသည်။ ယင်းက အဖြူရောင် ဖြစ်ပြီး၊ ဓား ရည်ရွယ်ချက်နှင့် အဆုံးမဲ့ အသက် စွမ်းအင်များ ပါရှိသည်။
၎င်းသည် ဗီဇပြောင်း သားရဲ အမြုတေ ဖြစ်၏။
“ ကြည့်ရတာ ... ၊ ငါတို့ တော်တော် ကံကောင်းပုံ ရတယ်။ ”
ယဲ့ဇီလင်က ဓားဝိညာဉ် ပုလဲအား ကိုင် ကြည့်ကာ ပြုံးသည်။ နတ်ဆိုး သားရဲ တိုင်းတွင် ဓားဝိညာဉ် ပုလဲများ မရှိ ကြချေ။
ဤသည်မှာ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၊ မိစ္ဆာ သားရဲ (၁၀) ကောင်ကို သတ် ပြီးနောက်၊ ပထမဆုံး ရှရှိ လာသည့် အရာ ဖြစ်သည်။
“ ဒီနတ်ဆိုးက ... ၊ ဘာကြောင့် ငါ့ ဓားရည်ရွယ် ချက်ကို ခုခံနိုင် တာလဲ ဆိုတာ မအံ့သြ တော့ပါဘူး။ ”
လျူချင်းယန်မှ တုန်လှုပ် စွာဖြင့် ပြောလိုက်သည်။ သူ့ ဓား ရည်ရွယ်ချက်သည် ၎င်း၏ အရေပြား ကိုပင်၊ တိုးမပေါက် ခဲ့ချေ။
လင်းယွန်သာ မကူညီသော် နက္ခတ်ကို ဆင့်ခေါ် ပြီးနောက် တွင်ပင်၊ ကိုင်တွယ်ရန် ခက်ခဲ နေပေ ဦးမည်။
“ ရော့ ... နင် ပိုင်တယ်။ ”
ယဲ့ဇီလင်က မြူများ အတွင်း စိုက်ကြည့် နေဆဲ ဖြစ်သော လင်းယွန် ထံသို့၊ ဓားဝိညာဉ် ပုလဲကို ပစ်ပေး လိုက်သည်။
“ ဖပ် ... ။ ”
လင်းယွန်က အမြန် ဖမ်းယူကာ၊ ငုံကြည့် မိသည်။ ၎င်းတွင် အသက် ဓာတ်များ ပါရှိသော ရွှေကြိုး နှစ်ချောင်း ရှိနေသည်။
“ ရွှေကြိုး တစ်ကြိုးက အနှစ် (၁၀၀) ကို ကိုယ်စား ပြုတယ်၊ နှစ်ကြိုး ဆိုတော့ ... အနှစ် (၂၀၀) ပေါ့၊ မဆိုးလှ ပါဘူး။ ”
ဓားဝိညာဉ် ပုလဲ၏ တန်ဖိုးကို၊ ရှင်းပြ လာခဲ့သည်။ လွန်ခဲ့သည့် ရက်များ အတွင်း၊ ကျောက်ယန်မှ ဤသို့ အသုံး ဝင်သော အချက် အလက် များကို၊ မကြာ ခဏ ဆိုသလို ဝေမျှ ပေးတတ်သည်။
တောအုပ် တစ်ခုလုံး အန္တရာယ် များနှင့် ပြည့်နှက် နေသဖြင့်၊ ခရီး မဆက်မီ ခေတ္တ အနား ယူမိ၏။
သည့်နောက် လမ်း တစ်လျှောက်တွင်၊ ဓားဝိညာဉ် ပုလဲ များကို၊ စုဆောင်း လာနိုင် တော့သည်။ လေးနာရီ အကြာ၌ ပုလဲ (၁၈)လုံး အထိ၊ ရရှိ လာ၏။
နတ်ဆိုး သားရဲ များ၏ ဗဟို နယ်မြေ အတွင်းသို့ မဝင်သရွေ့၊ သူတို့တွင် မည်သည့် အန္တရာယ်မှ ရှိမည် မဟုတ်ချေ။
ဖုန်ကျန်းနှင့် လျူချင်းယန် တို့ နှစ်ဦး ထက်ခွာရန်၊ ဓားဝိညာဉ် ပုလဲ (၂)နှစ်သာ လို တော့၏။
တတိယ အဆင့်မှာ သူတို့ စိတ်ကူးထား သလောက် မခက်ခဲ လှသဖြင့်၊ နှစ်ဦးသား ရွှင်မြူး လာမိသည်။
သို့သော် မြေပြင် ရုတ်တရက် တုန်ခါ လာပြီးနောက်၊ အဆိပ် မြူများ ထုတ်လွှတ် နေသည့် မီးတောက် တစ်ခု၊ (၁၀) မီတာ အကွာမှ ပြေးဝင် လာသည်။
လူတိုင်း မတုံ့ပြန် နိုင်မီ လင်းယွန်က နေ-လ လက်သီး၏ ပြင်းထန်သော နဂါး နေမင်းနှင့်၊ လ ဒေါသကို ထုတ်ဖော် လိုက်သည်။
“ ဘုန်း ... ။ ”
လက်သီး ထိသည်နှင့်၊ ကြောက်မက်ဖွယ် မီးတောက် များက၊ ပူဖောင်း တစ်လုံးလို ပြန့်ကျဲ သွားပြီး၊ အနားရှိ သစ်ပင်ကြီး တစ်ပင်ကို၊ ချက်ချင်း ထိမှန် လောင်ကျွမ်း တော့၏။
ဤရောင်ဝါသည် ဘုရင် အဆင့် သားရဲ တစ်ကောင်၏ ရောင်ဝါ ဖြစ်သည်။ ထို့ကြောင့် ယဲ့ဇီလင်နှင့် ကျောက်ယန်မှ လင်းယွန် ဘေးသို့ လျင်မြန်စွာ လှမ်းတက် လိုက်၏။
အဝေးမှ အတောင်ပံ ခတ်ကာ ပျံသန်း လာသော မြွေကြီး တစ်ကောင်ကို တွေ့လိုက် ရသည်။
စိမ်းမြသော အကြေးခွံ များနှင့်၊ ဦးချို တစ်စုံ ပါရှိကာ၊ မျက်ဝန်း၌ မီးလျှံများ တောက်လောင် နေ၏။
၎င်းသည် သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၊ ဘုရင် အဆင့် သားရဲ ဖြစ်ပြီး၊ သာမန် ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား တစ်ပါး ကို၊ အလွယ် တကူ သတ်နိုင်သည်။
“ အပြာရောင် မီးနဂါး စပါးအုံး မြွေ။ ”
ကျောက်ယန် မျက်နှာ ပျက်ယွင်း သွား၏။ အပြာရောင် မီးနဂါး မြွေများသည် ပြင်ပ ကမ္ဘာ ၌ပင်၊ ရင်ဆိုင်က ခက်သော သားရဲ ဖြစ်သည်။
ဓားကုန်းတွင် မွေးဖွားလာ သည့်နောက်၊ ၎င်းထက် ပို၍ အစွမ်းထက် လာမည်မှာ သံသယ ဖြစ်စရာ မလိုချေ။
“ သူက တစ်ကောင် တည်းဆို ပြဿနာ မရှိဘူး၊ သတ်နိုင်ရင် အနှစ် (၅၀၀) ဓားဝိညာဉ် ပုလဲ ရရှိ နိုင်မယ်။ ”
ကုန်းစွန်းယန်မှ ဝမ်းသာ အားရ ဆို လေသည်။ သို့သော် သူ့စကား ဆုံးသည်နှင့် သစ်ပင် များစွာ ပြိုကျလာပြီး၊ နောက်ထပ် အပြာရောင် မီးနဂါး မြွေ တစ်ကောင် ထွက်ပေါ် လာသည်။
“ မင်း ပါးစပ်ကို ပိတ်ထား သင့်တယ်။ ”
ကေျာက်ယန်မှ ကုန်းစွန်းယန်အား လှည့်ကြည့်ကာ ပြောသည်။ ထိုဖြစ်စဉ်ကြောင့် လူတိုင်း မပြုံးနိုင် တော့ချေ။
အပြာရောင် မီးနဂါး မြွေ နှစ်ကောင်သည် ဤဒေသ တစ်ခု လုံးကို ဖုံးလွှမ်း နိုင်သော ဘုရင် အဆင့် ရောင်ဝါအား ထုတ်လွှတ် လိုက်၏။
ထိုအချိန် ထိတိုင်၊ လင်းယွင်မှာ တစ်စုံ တစ်ခုကို ရှာဖွေနေ သကဲ့သို့၊ ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်သည်။ အပြာရောင် မီးနဂါး မြွေ တစ်ကောင်တည်း ဆိုက၊ သံသယ မရှိချေ။
တိုက်ဆိုင်မှု ဖြစ်သည်။ ယခုမူ နှစ်ကောင် ဖြစ်နေသည်။ ဖုန်ကျန်းနှင့် လျူချင်းယန် တို့၏ ခွန်အားကြောင့်၊ လမ်း တစ်လျှောက် ဘုရင် အဆင့်၊ နတ်ဆိုး သားရဲများ နယ်မြေကို ရှောင်ရှား ခဲ့သည်။
“ အခု ... ၊ ငါတို့ ဘာလုပ် သင့်လဲ။ ”
ကုန်းစွန်ယန်မှ စိတ် လှုပ်ရှားစွာ မေးသည်။
“ တစ်ကောင်ကို ငါ ရင်ဆိုင်မယ်၊ မင်းတို့က တခြား တစ်ကောင်ကို တာဝန်ယူ ။ ”
လင်းယွန်မှ လက်ကို ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်းဓား ဆင့်ခေါ်ကာ ပြောလိုက်သည်။ နောက်ကွယ်၌ မည်သူ ရှိနေ မည်ကို သိချင် လာ၏။
ကုန်းစွန်းယန် စကားမှာ မှန်၏။ သူ၏ နိမ့်ကျသော ပုံရိပ်ကို ဆက်၍ ထိန်းထားနိုင် တော့မည် မဟုတ်ချေ။
***