သူ ဘာကို ရွေးမလဲ၊ ငါ သိချင်တယ်။
Vol. 101 Ch. 1411
အပြာရောင် မီးနဂါး မြွေ တစ်ကောင်ကို၊ သူ တာဝန်ယူ မည်ဟု ပြောသော အခါ၊ လူတိုင်းက လင်းယွန်ထံ ကြည့် လိုက်သည်။
အပြာရောင် မီးနဂါး မြွေ ဟူသည် ကောင်းကင် အဆင့်၊ ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင် သူများ ကိုပင်၊ ဒုက္ခပေး နိုင်သော ဘုရင် အဆင့် သားရဲ ဖြစ်၏။
၎င်းတို့သည် ဓား ရည်ရွယ်ချက်ကို ခုခံ နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဓားသမား များနှင့် ရင်ဆိုင် ရာတွင် အားသာချက် ရှိ၏။
“ မင်းတို့ ... ၊ မလုပ်နိုင် ဖူးလား။ ”
ယဲ့ဇီလင်နှင့် ကေျာက်ယန်၏ ကျင့်ကြံမှု နည်းစနစ်မှာ၊ နဂါး- ဖီးနစ် ကမ္ဘာ့ဖျက် ဓားကျမ်း ထက်၊ အားနည်း ကြောင်း သိလိုက် ရသည်။
၎င်းတို့မှာ သူတော်စင် မိသားစု၏ အမွေခံ မင်းသား များနှင့် ယှဉ်နိုင် သော်လည်း သူ့ထက် များစွာ အားနည်း နေသေးသည်။
“ ဒါဆိုလည်း ... ၊ သူတို့ကို ငါပဲ ရင်ဆိုင် လိုက်မယ် ... ၊ မင်းတို့ အရင် ထွက်သွား နှင့်၊ ဓားကုန်းမှာ ပြန်ဆုံမယ်။ ”
လင်းယွန်မှ ထပ် ပြောသည်။ ဤစကားမှာ မောက်မာလွန်း သောကြောင့်၊ လူတိုင်း မျက်လုံး ပြူးသွား၏။
“ ကောင်းပြီ ... ၊ ဒါဆို သတိ ထားပါ။ ”
ယဲ့ဇီလင်မှ တစ်စုံ တစ်ရာ ပြောချင်လှ သော်လည်း မပြော တော့ရန် ဆုံးဖြတ် လိုက်၏။ သူတော်စင် မိသားစု၏ မင်းသား (၇) ပါးကို၊ လင်းယွန်မှ အနိုင်ယူ ခဲ့သည်အား၊ သတိ ရလာ သောကြောင့် ဖြစ်သည်။
ဤလူငယ်သည် မာနကြီး သော်လည်း၊ ယုံကြည်မှု မရှိသော မည်သည့် အရာ ကိုမျှ၊ သူ မလုပ်ချေ။
“ မင်း ... သူတို့ကို မနိုင်ရင်၊ ထွက်ပြေး လာခဲ့။ ”
“ သတိ ထားပါ ... ။ ”
လူတိုင်းက မှာကြားကာ၊ ဓားကုန်း ထံသို့ ဦးတည် ပြေးလွှား လိုက်ကြသည်။ အပြာရောင် မီးနဂါး မြွေ နှစ်ကောင်က၊ သူတို့အား ဟန့်တား ချင်ခဲ့ သော်လည်း၊ မအောင်မြင် ခဲ့ချေ။
သတ်ဖြတ် လိုခြင်း ဆန္ဒများ ပြိုကျ လာသဖြင့်၊ လင်းယွန်ထံ လှည့်ကာ အာရုံစိုက် လိုက်ရ တော့သည်။
“ ရွှီး ... ။ ”
ထိုရည်ရွယ်ချက်သည် ကြောက်မက်ဖွယ် ကောင်း လှပေ၏။ ယင်းကြောင့် အပြာရောင် အလင်းတန်း အသွင် ပြောင်းလဲလျက်၊ လင်းယွန် ထံ ပျံသန်း လိုက်သည်။
ဖြတ်သန်း သွားရာ လမ်း တစ်လျှောက် လေခွင်း သံများ တရွှီးရွှီး မြည်လာ၏။ တစ်ဖက် တွင် သူ့ပတ်ဝန်းကျင် လေထု လေးလံ လာ သည်ကို၊ လင်းယွန်မှ ခံစား လိုက်ရသည်။
“ ဝှစ် ... ။ ”
မြေပြင်ပေါ် ခြေဖျားကို အသာ ပုတ်ကာ၊ ခုန်ထွက် ရှောင်ရှား လိုက်သည်။ လေထု ထဲတွင် လှိုင်းဂယက် များသာ ကျန်ရစ် ခဲ့၏။
လေထုထဲ ပျံဝဲ နေစဉ်၊ သားရဲ နှစ်ကောင်က ဘယ်-ညာ တစ်ဖက် ဆီမှ ညှပ်ကာ၊ တိုက်ခိုက် လာ ပြန်၏။
လေ စုပ်ဝဲများ ပေါ်လာပြီး၊ ရွေ့လျား လိုသော လင်းယွန်၏ ခန္ဓာ ကိုယ်အား နှေးကွေး သွားစေသည်။
ချက်ချင်း ရွှေတောင်ပံ တစ်စုံအား ဆင့်ခေါ်လျက်၊ လေစုပ်ဝဲ အတွင်းမှ ရုန်းထွက် လိုက်ရ၏။
“ ဘောင်း ... ။ ”
လေစုပ်ဝဲ နှစ်ခုက အချင်းချင်း ထိမှန် ပေါက်ကွဲ သွားသည်။ ပေါက်ကွဲမှု စွမ်းအား ကြောင့်၊ လင်းယွန် ခမျာ ခြေလှမ်း (၁၀) လှမ်းခန့်၊ ထပ်မံ ဆုတ်ခွာ လိုက်၏။
“ ငါ ... ၊ လျှော့တွက် မိပုံ ရတယ် ... ။ ”
အပြာရောင် မီးနဂါး မြွေ များသည်၊ သူတော်စင် မိသားစု၏ မင်းသား များထက် ပိုမို အားကောင်း နေ၏။ ဉာဏ်ရည် ဉာဏ်သွေး သည်ပင် နိမ့်ပါးခြင်း မရှိချေ။
“ အလေး အနက် ထားရ တော့မယ်။ ”
အပြာရောင် မီးနဂါး မြွေ နှစ်ကောင်၏ အသွင် အပြင်သည် ပုံမှန် မဟုတ် သောကြောင့်၊ ယဲ့ဇီလင်နှင့် အခြားသူ များကို စိတ်ပူ လာ၏။
၎င်းတို့နှင့် ဆက်ကစားရန် စိတ်ကူးအား၊ စွန့်လွှတ် လိုက်သည်။ အသက် ပြင်းပြင်း ရှူ လျက်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လှည့်ပတ် မိ၏။
နဂါး-ဖီနစ် ဓားရောင်ဝါ (၁၈) ကြိုး အသက်ဝင် လာပြီး၊ ပတ်ဝန်းကျင်၌ လှိုင်း ဂယက်များ ဖြစ်ပေါ် လာသည်။
သည့်နောက် နဂါးနှင့် ဖီးနစ် ရောင်ဝါသည်၊ ဘုရင် အဆင့် သားရဲ နှစ်ကောင်၏ ရောင်ဝါကို အလွယ် တကူ တွန်းထုတ် ပစ်လိုက်၏။
ဓား ရောင်ခြည်များ ခန္ဓာ ကိုယ်မှ ပျံထွက် သွားပြီး၊ နတ် နဂါးနှင့် နတ် ဖီးနစ် ပုံသဏ္ဍာန် ဖျတ်ခနဲ၊ ဖြစ်ပေါ် လာသည်။
ခြေဖဝါးကို လေလှိုင်းပေါ် ပုတ်လျက်၊ ရှေ့ တစ်လှမ်း တိုးကာ၊ ဓားဖြင့် ခုတ်ချ လိုက်သည်။ ဓား ရောင်ခြည်က အပြာရောင် မီးနဂါး မြွေ၏ အကြေးခွံ များကို၊ ဖောက်ဝင် သွားသည်။
“ ရွှီး ... ။ ”
သွေးများ ပန်းထွက်လျက် နောက်သို့၊ လွင့်စဉ် သွားစဉ်၊ အခြား တစ်ဘက်မှ လာသော အပြာရောင် မီးနဂါး မြွေက၊ အနား ရောက် လာပြန်၏။
“ ရွှပ် ... ။ ”
ထို့ကြောင့် ဓားအလင်း တစ်ချက်ကို ပစ်လွှတ် လိုက်ရသည်။ ၎င်းက အကြေးခွံ များ ဖွာလန် ကျဲလျက်၊ ပြတ်ရှ ရာများ ချက်ချင်း ဖြစ်ပေါ် လာစေသည်။
မြေပြင်ပေါ် အတုံးအရုံး လွင့်စဉ် ကုန်သော အပြာရောင် မီးနဂါး မြွေ နှစ်ကောင်က၊ လေထု အလယ် ရပ်နေသော လင်းယွန်ထံ ထိတ်လန့်စွာ မော့ကြည့် လိုက်သည်။
ဤဓားသမား သည်သာ တကယ့် ဘုရင် ဖြစ်ပြီး၊ ဘုရင် အဆင့် သားရဲ ဟူသော သူတို့မှာ၊ ၎င်းရှေ့၌ ဘာကောင်မှ မဟုတ် တော့ချေ။
သို့သော် ချက်ချင်းပင် အပြာရောင် မီးနဂါး မြွေ နှစ်ကောင်က ဒေါသများ တောက်လောင် လာသည်။
ပင်မ နတ်ဘုရား နယ်ပယ်၊ ဘုရင် အဆင့် သားရဲ ဖြစ်သဖြင့်၊ သူတို့တွင် လူသား များထက်၊ မနိမ့် ကျသော ဉာဏ်ရည် ဉာဏ်သွေး ရှိသည်။
ထို့ကြောင့် သေခြင်း တရား အပေါ် မကြောက် ရွံ့ဘဲ၊ ဤကဲ့သို့ ရူးမိုက်စွာ ထပ်မံ တိုက်ခိုက် လာခြင်းမှာ၊ အဓိပ္ပါယ် မရှိချေ။
တစ်စုံ တစ်ရာ မှားယွင်း နေ သဖြင့်၊ လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။ ခရမ်းငယ် ကလည်း သတိ ထားမိ၏။
“ လင်းယွန် ... ၊ ဒီနှစ်ကောင်မှာ တစ်ခုခု မှားနေပြီ။ ”
လင်းယွန်က စကား တစ်ခွန်းမျှ၊ ပြန်၍ မပြော တော့ချေ။ စိတ် ဝိညာဉ် အတွင်းရှိ ဓား ပင်လယ်ကြီး ဆူပွက် လာသည်။
သည့်နောက် အပူပင် ကင်းသော ဓား(၉)ကွက်၏ ကောင်းကင်ဓား ပုံစံကို၊ ထုတ်ဖော် လိုက်သည်။ ပတ်ဝန်းကျင်၌ ချက်ချင်း မှောင်ကျ သွား၏။
ယဲ့ဇီလင်နှင့် ကျန်သူ များသည် ဓားကုန်း ဆီသို့၊ ဦးတည် ပြေးလွှား လာခဲ့ ကြသည်။ လမ်း တစ်လျှောက် သတိ အလွတ် မခံချေ။
“ အစ်မ ယဲ့ ... ၊ ညီလေး လင်း အဆင်ပြေ ပါ့မလား။ ”
လျူချင်းယန်က စိုးရိမ် တကြီး မေးသည်။
“ သူ့ကို စိတ်ပူ မနေနဲ့၊ သူ ... မလုပ် နိုင်တဲ့ အရာကို၊ လုပ်မှာ မဟုတ်ဘူး၊ မာနကြီး ပေမယ့် သူက တိကျ တယ်၊ အခု ချိန်ထိ သူ့ကိုယ်သူ အန္တရာယ် ဖြစ်စေတဲ့၊ လုပ်ရပ်မျိုး၊ လုပ်တာ မြင်ဖူး လို့လား။ ”
ပြေးနေ လျက်မှ၊ ယဲ့ဇီလင်က ပြန်ဖြေ၏။ သားရဲ များကို ရင်ဆိုင် ခြင်းသည်၊ အပြာရောင် စံအိမ် နယ်မြေရှိ၊ နတ်မိစ္ဆာ ဒေသ အတွင်းသို့ လိုက်ကာ၊ ကြယ်ခန်းမ အကာ အကွယ် အောက်ရှိ၊ တစ်စုံ တစ်ယောက်ကို သတ် သည်လောက်၊ ခက်ခဲမည် မဟုတ်ချေ။
သို့သော် ငြားလည်း၊ လင်းယွန် အတွက်၊ အနည်းငယ် စိတ်ပူ နေသေးသည်။ လင်းယွန် ကြီးပြင်း လာပုံမှာ၊ မြန်ဆန် လွန်း၏။
သေွ့ရော် ကျွန်းတွင်၊ ၎င်းအား အနည်းငယ် မြင်နိုင်သေးသည်။ သူမ သည်သာ မျှော်လင့်ခြင်း နှင်း မိသားစုတွင် ရှိနေ ပါက၊ ဤမျှ အထိ၊ ပြတ်ကျန် ခဲ့မည် မဟုတ်ချေ။
သို့သော် နောက် တစ်ကြိမ် ရွေးချယ် ရမည်ဆို လျှင်ပင်၊ တူညီသော ဆုံးဖြတ်ချက် ကိုသာ ချမိ ပေမည်။
မည်သို့ပင် ဆိုစေ ကာမူ၊ တစ်နေ့တွင် လင်းယွန်နောက် အမီလိုက် နိုင်လိမ့် မည်ဟု ယုံကြည်သည်။
“ ဝှစ် ... ။ ”
အတေွးများ နေစဉ်၊ ပြေး လမ်းကြောင်း ပေါ်သို့၊ လူရိပ်များ ရုတ်တရက် ခုန်ဆင်း လာ လေသည်။
“ အိုး ... ၊ မင်းတို့ ပဲလား ... ၊ လင်းယွန် မပါ ဖူးလား။ ”
ရှားဟိုယန်၏ မေးခွန်း ထုတ်သံက၊ အေးစက်စွာ ထွက်ပေါ် လာ၏။ သူ့ဘေးတွင် ပိုင်ကျန့်လီနှင့် ရှားဟိုယွင်တို့ ရပ်နေသည်။
၎င်းတို့နှင့် အတူ၊ သူတော်စင် မိသားစု ဝင်များ စုရုံး လာသည်။ လူအုပ် အတွင်း ဟွမ် ညီအစ်ကို (၄) ယောက်ပင်၊ ပါရှိ နေသည်။
ယဲ့ဇီလင်မှာ နှလုံးခုန် ရပ်သွား၏။ ဟွမ် ညီအစ်ကို (၄) ဦးသည်၊ ရှေးဟောင်း သူတော်စင် မိသားစု (၄)စု ကြားတွင်၊ ကျော်ကြား သူများ ဖြစ်သည်။
၎င်းတို့သည် မောက်မာ လှသဖြင့်၊ ရှားဟိုယန်နှင့် အတူ ပူးပေါင်း ကြလိမ့် မည်ဟု၊ မထင်ထား မိချေ။
“ ကြည့်ရတာ အဲဒီ လူက သူရဲကောင်း ဖြစ်ချင် နေပုံပဲ ... ၊ သူ့ တစ်ယောက် တည်းနဲ့ သားရဲ နှစ်ကောင်ကို ရင်ဆိုင် နေတယ်။ ”
“ ဒီကောင် တော်တော် မာနကြီး တာပဲ၊ ဟား ဟား ဟား ... ။ ”
ရှားဟိုယွင်မှ ရယ်မော လိုက်သည်။
“ အပြာရောင် မီးနဂါး မြွေ နှစ်ကောင်က၊ လင်းယွန်ကို မတားနိုင် လောက်ဘူး။ ”
ပိုင်ကျန့်လီက ဝင်ပြောသည်။
“ မင်းတို့ကို ဓားဂိုဏ်း ဝင်ခွင့် မပေးနိုင် တော့ဘူး။ ”
ရှားဟိုယန်မှ အေးစင်စွာ ပြောလာ၏။ ထိုစကားက ယဲ့ဇီလင်နှင့် အဖွဲ့အား မျက်နှာ ပြောင်းလဲ သွားစေသည်။
သူတို့သည် ဓားဂိုဏ်း ဝင်ရန်၊ ခြေ တစ်လှမ်းသာ လိုတော့၏၊ ထို့ကြောင့် ဖယ်ထုတ် ခံရ ခြင်းကို၊ မည်သို့မျှ လက်ခံ နိုင်စရာ အကြောင်း မရှိချေ။
“ နင် ... ၊ ဘာလို ချင်လဲ။ ”
ယဲ့ဇီလင်မှ ပြန်သားစွာ မေးလိုက်သည်။
“ ပန်းသင်္ချိုင်းက ... မိတ်ဆွေတွေ အပေါ်၊ အရမ်း တန်ဖိုး ထားကြောင်း၊ ငါ ကြားသိ ထား တယ်၊ ဒါကြောင့် ... ဗောဓိ မျိုးစေ့နဲ့ မိတ်ဆွေ၊ သူ ဘာကို ရွေးမလဲ၊ ငါ သိချင် ရုံပါပဲ။ ”
ရှားဟိုယန်က ပြုံးကာ ပြန်ဖြေ လာ တော့သည်။
***