← Chapters

ဒါဆို တရားခံက မင်းပေါ့ ... ။

Vol. 101 Ch. 1412

ဒါဆို တရားခံက မင်းပေါ့ ... ။

Vol. 101 Ch. 1412

လင်းယွန်သည် သူ့အား သူသိ ရှင်ကြား တောင်းပန် စေလို သည့်နောက်၊ တိမ်လွှာ ဓား ဂိုဏ်း အပေါ်၊ ယဉ်ကျေး နေစရာ မလို တော့ချေ။

ဤလင်းယွန်သည် သူ့ကိုယ်သူ မည်သူဟု ထင်နေ သည်နည်း။ နဝမမြောက် ကောင်းကင် လမ်း၏ ချန်ပီယံ ဖြစ်နေ လျှင်ပင်၊ သူ့မျက်လုံး ထဲ မဝင် သေးချေ။

သူ ဟူသည် ရှေးဟောင်း ပျက်သုဉ်းမြေ တွင်သာ မက၊ အရှေ့ဘက် ပျက်စီးမြေ ၌ပင်၊ အမည် ရှိသူ ဖြစ်သည်။

ကုန်းစွန်းယန်က အံကြိတ် လိုက်ပြီး။

“ ရှားဟိုယန် ... ၊ မျိုးဆက်သစ် လူငယ် ဓားသမား အားလုံး ထဲမှာ၊ ခေါင်းဆောင် အဖြစ် အသိ အမှတ်ပြု ခံထား ရတဲ့၊ လူတစ်ယောက် အနေနဲ့၊ မင်းမှာ အရှက် မရှိ ဖူးလား။ ”

-ဟု မေးခွန်း ထုတ်မိသည်။

“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ အခြား လူတွေက မင်း နောက်ကြောင်းကို မသိ ပေမယ့်၊ ငါ သိတယ်၊ ...

... မင်းက ပြိုင်ဘက်ကင်း ကောင်းကင် မြို့တော်ရဲ့၊ တရားမဝင် ကလေး တစ်ယောက်ပဲ၊ ဓားဧကရာဇ် မိသားစု ဝင်လို့၊ လိုက်ပြော နေတာက၊ ...

... ရှေးဟောင်း ပျက်သုဉ်း မြေကြီးက၊ လူငယ် တိုင်းကို ညစ်ညမ်း စေတယ်၊ မင်းလို ခွေးကောင် တွေကို၊ ငါ တကယ် ရွံတယ်။ ”

“ မင်း ... ။ ”

အထူး သဖြင့် သူအနာကျင် ရဆုံးသော ဖြစ်သည့်၊ ‘ခွေးကောင်’ ဟူသော စကား လုံးကို လူအများ ရှေ့တွင်၊ ထုတ်ဖော် ပြောဆို ခံရသော အခါတွင်၊ မုန်းတီးမှုမှာ အတိုင်း အဆ မရှိချေ။

ထို့ကြောင့် စိတ် တည်ငြိမ်မှု ပျောက်ဆုံး သွားပြီး၊ တိုက်ခိုက်ရန် ပြေးဝင်သွား လိုက်သည်။ ကျောက်ယန်မှ ချက်ချင်း ဖမ်းဆွဲ သည်။၊

“ နေ ဦး ... ။ ”

သို့သော် သူ နောက်ကျ သွား၏။ ကုန်းစွန်းယန်မှာ တည်နေရာ ရွေ့ပြောင်းလိုက် သကဲ့သို့၊ ရှားဟိုယန်ရှေ့ ရောက်ရှိ သွားပြီ ဖြစ်သည်။

ဓားဧကရာဇ် ယုချင်းဖန် ပေးခဲ့သော ကောင်းကင် ဓားသုတ္တန်ကို အသုံးပြု ခဲ့သဖြင့်၊ ဓားရောင်ဝါများ စူးရှစွာ ပေါက်ကွဲ လာသည်။

၎င်းအား မြင့်မားသော အဆင့်သို့ ရောက်သော်၊ သူတော်စင် ရောင်ဝါကို စုစည်း နိုင်ပေမည် ။

အဆင့်မြင့် တစ္ဆေ ဝိညာဉ် ကျင့်ကြံမှု နည်းစနစ် တစ်ရပ် ဖြစ်သဖြင့်၊ ပထမ အဆင့် မျှသာ ဖြစ်သော်လည်း၊ မယုံ နိုင်ဖွယ် အစွမ်းထက် လေသည်။

“ ဘယ်လောက် တောင် မြန်လိုက်လဲ ... ။ ”

သူတော်စင် မိသားစုဝင် နှစ်စုနှင့်၊ ဟွမ်မိသားစု၏ ညီအစ်ကို လေးယောက်မှာ၊ အံ့အားသင့် သွားသည်။

တိမ်လွှာဓား ဂိုဏ်းသည် ပျော့ညံ့ခြင်း မရှိချေ။ သို့သော် ရှားဟိုယန်က သူ့ လက်ညှိုးကို ဆန့်ထုတ်ကာ၊ ကုန်းစွန်းယန်ထံ ဦးတည် ခဲ့၏။

ကောင်းကင်မှ လက်ညှိုး တစ်ချောင်း ပြုတ်ကျလာ ပြီးနောက်၊ ကုန်းစွန်းယန်၏ ဓား ရောင်ဝါ အကာ အကွယ်အား၊ ချက်ချင်း ဖောက်ဝင် လာသည်။

ဟွမ် ညီအစ်ကို လေးယောက်မှ၊ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။ သူတို့၏ မျက်ဝန်း များ၌ ထိတ်လန့် မှုကို၊ မြင်နေ ရသည်။

ဟွမ် အစ်ကိုကြီးက ပြုံးမိသည်။ ရှားဟိုယန်နှင့် ပူးပေါင်းရန် သူ့ ရွေးချယ်မှု မှန်ကန် နေပေ၏။

“ ဖြောင်း ... ။ ”

ကုန်းစွန်းယန် ခမျာ၊ သူ မသိ လိုက်ခင် ဒူးထောက် ကျသွားပြီး၊ ပါးရိုက် ခံလိုက် ရသည်။ များစွာ ရှက်စရာ ကောင်းပေ၏။

“ မတွေ့တာ အရမ်း ကြာနေပြီ၊ မင်းက ဟိုတုန်း ကလို အမှိုက် ဖြစ်နေတုန်းပဲ၊ ဒါပေမယ့် ... မင်း ပိုပြီးတော့ ယဉ်ကျေး လာတယ်။ ”

ရှားဟိုယန်မှ ရွံ့ရှာ ဟန်ဖြင့်၊ ပြောသည်။ မွေးရာပါ ဓားခန္ဓာနှင့်၊ မွေးရာပါ ဓားနှလုံးသား သည်၊ သူ့အား မာန ကြီး လာစေ၏။

“ ရှားဟိုယန် ... ၊ မင်း ... သတ္တိ ရှိရင် ... ၊ ငါ့ကို သတ်လိုက်စမ်း၊ မဟုတ်ရင် အနာဂတ်မှာ လက်စားချေ မယ်လို့၊ ကတိ ပြုတယ်။ ”

“ မင်းကို သတ်ရမယ် ဟုတ်လား၊ ဟား ... ဟား ... ဟား ... ၊ အခုလို ပါးရိုက် ရတာတောင် ငါ့လက် ညစ်ပတ် နေပြီ၊ ငါ ရှားဟိုယန်က မင်းလို ခွေးကောင် တွေကို မသတ်ဘူး။ ”

“ ဘုန်း ... ။ ”

“ အား ... ။ ”

စကားဆုံး သည်နှင့်၊ ကုန်းစွန်းယန် ရင်ဘတ်အား ကန်ထုတ် လိုက်တော့၏။ သနား စဖွယ် ကောင်းသော အော်ဟစ် သံကြီး၊ ကုန်းစွန်းယံ ထံမှ ထွက်ပေါ် လာသည်။

ထိုမြင်ကွင်းက ယဲ့ဇီလင်နှင့် အခြား လူများကို၊ ဒေါသထွက် လာစေ၏။ ချက်ချင်းပင် ကျောက်ယန်မှ ကုန်းစွန်းယန်အား ဖမ်းယူ လိုက်သည်။

နာကျင်မှုကြောင့် မေ့မျော နေပြီ ဖြစ်၏။ သို့သော် လက်သီး များကို ကျစ်ကျစ် ပါအောင် ဆုပ်ထားဆဲ ဖြစ်သည်။

“ ရှားဟိုယန် ... ၊ ဒီနေ့ မင်း ပြောခဲ့တာ တွေကို မမေ့ ပါနဲ့။ ”

ကျောက်ယန်မှာ မကြုံ စဖူး အေးစက် လာသည်။

“ ကျောက်ယန် မင်းတို့ ... ၊ ဘယ်သူမှ ... ဒီနေ့ ထွက်သွားခွင့် မရှိလို့၊ အများကြီး စိတ်ကူး မနေနဲ့။ ”

“ လူ စု ခွဲ ... ။ ”

ယဲ့ဇီလင်မှ အမိန့်ပေး လိုက်သည်။ သူတို့ အားလုံးသည် ပြိုင်ဘက် များနှင့် တူညီသော အဆင့်တွင် မရှိချေ။

“ ဝှစ် ... ။ ”

မဆိုင်း မတွဘဲ လူတိုင်းက လမ်းကြောင်း အသီးသီးသို့၊ ခွဲထွက်ကာ ပြေးလွှား လိုက်ကြ တော့သည်။

ထို့ကြောင့် ရှားဟိုယန်မှ လိုက်ရန် ပြင်လာ၏။ သို့သော် ဟွမ်ရန်ချန်က ပြုံးကာ ဟန့်တား လာသည်။

“ အစ်ကို ရှားဟို ... ၊ မင်း ပင်ပန်း ပါတယ်၊ သူတို့ အားလုံးကို ပြန်ခေါ် လာဖို့၊ ငါ့ရဲ့ ညီ(၄)က တာဝန် ယူပေး လိမ့်မယ်။

ဟွမ် ညီအစ်ကို လေးယောက် အနက်မှ၊ အနက်ဝတ် လူငယ် တစ်ဦးက၊ ရှေ့လှမ်း တက် လာကာ၊ ရှားဟိုယန်အား ခေါင်းညိတ် ပြ လိုက်သည်။

“ အစ်ကို ရှားဟို ခဏ စောင့်ပါ၊ မင်းကိုယ်တိုင် လုပ် နေစရာ မလို ပါဘူး။ ”

ထိုစကားကြောင့် ကျန် သူများ အားလုံး အံ့ဩ သွား၏။ ဟွမ်(၄) စကား အပေါ်၊ သူတို့ သံသယ ဝင်လာသည်။

ကျောက်ယန်နှင့် ယဲ့ဇီလင်မှာ အားမနည်း လှချေ။ ရှားဟိုယန်မှ လွဲပြီး၊ မည်သူမျှ ၎င်းတို့၏ ပြိုင်ဘက် မဟုတ်မှန်း၊ နားလည် ထားသည်။

ထို့ကြောင့် ဟွမ် ညီအစ်ကို များမှာ၊ အနည်းငယ် ယုံကြည်မှု လွန်ကဲ နေသည်ဟု၊ ယူဆ လိုက်ကြသည်။

အနက်ရောင် ဝတ် လူငယ်က ထိုအတွေးကို ကြားသိ နေဟန်ဖြင့် ပြုံးပြီး၊ သူ့အိတ် ထဲမှ အရိုး ပလွေ တစ်လက်၊ ထုတ်ယူ လိုက်သည်။

နှုတ်ခမ်းတွင် တေ့လျက်၊ တီးမှုတ် လိုက်သော အခါတွင်၊ တစ္ဆေ အော်ညည်း သံများ ကဲ့သို့၊ ချောက်ချားဖွယ် တေးသွား ထွက်ပေါ် လာသည်။

လူတိုင်း ထိတ်လန့် တုန်လှုပ် နေစဉ်၊ တောအုပ် အတွင်း၊ တစ်စုံ တစ်ရာ ပြေးလွှား နေသည့်၊ အသံများ ကြားလာ ရသည်။

“ သူတော်စင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်။ ”

ပိုင်ကျန့်လီ တစ်ယောက် ကြောက်လန့် တကြား ညည်းတွား မိသည်။ ဤသို့သော နည်း လမ်းနှင့်၊ ဘုရင် အဆင့် သားရဲ နှစ်ကောင်ကို၊ ထိန်းကြောင်း နေခြင်း ဖြစ်ပေမည်။

လင်းယွန်နှင့် အဖွဲ့အား လမ်း ခရီး၌၊ မောပန်း နွမ်းနယ် လာစေရန်၊ သူတို့က ရည်ရွယ် ခဲ့ကြသည်။

သို့သော် လင်းယွန် တစ်ဦးတည်း၊ ဘုရင် အဆင့် သားရဲ နှစ်ကောင်ကို ရင်ဆိုင်ကာ၊ ယဲ့ဇီလင် တို့အား ခရီး ဆက်လာ စေလိမ့် မည်ဟု မည်သူမျှ၊ မထင် ခဲ့ချေ။

ရှားဟိုယန် မျက်နှာတွင် ပြောင်းလဲခြင်း မရှိသော်လည်း၊ တိတ်တိတ်လေး တုန်လှုပ် နေ မိသည်။

ဟွမ်(၄)သည် ဘုရင် အဆင့် သားရဲကို မထိန်းချုပ် နိုင်သော်လည်း၊ အခြား အဆင့်မှ သားရဲ များကို၊ ကောင်းစွာ ထိန်းနိုင်သည်။

တောတိုး သံများ အရ၊ အနည်းဆုံး သားရဲ အကောင်ရေ (၁၀၀)ခန့်၊ ရှိနိုင်၏။

“ ဘယ်လိုလဲ ... ၊ ငါ့ ညီ(၄)ရဲ့ အရည် အချင်း။ ”

ဟွမ်ရန်ချန်းမှ ပြုံးကာ မေးသည်။

“ မ လွယ် ဘူး။ ”

ရှားဟိုယန်မှ ဟွမ်(၄)ထံ ကြည့်ကာ၊ ပြန်ဖြေ လာသည်။ ထို့ကြောင့် ဟွမ်ရန်ချန်း မျက်နှာတွင် မာန ရိပ်များ၊ စွန်းထင်း လာတော့၏။

“ ညီအစ်ကို ရှားဟိုရဲ့၊ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက်နဲ့ ယှဉ်ရင်တော့ ... ၊ ဒါက ဘာမှ မဟုတ်သေး ပါဘူး၊ ...

... ငါတို့နဲ့ ပူးပေါင်း ခြင်းက၊ ဓားကုန်းမှာ ရှိတဲ့ ရတနာ တွေကို၊ လွယ်လွယ် ရယူ နိုင်မှာပါ၊ စိတ်မပူနဲ့ တစ်နာရီ အတွင်း၊ သူတို့ ပြန်လာ လိမ့်မယ်၊ ဒါက ငါ့ရဲ့ လက်ဆောင်ပဲ။ ”

ဟွမ်ရန်ချန်းမှ သူ့ ခွန်အားကို ပြသနေ သောကြောင့်၊ ရှားဟိုယန်မှာ တိတ်ဆိတ် သွား ခဲ့သည်။

တန်ဖိုးကို ပြသ ခြင်းသည်၊ ခြိမ်းခြောက် ခြင်းလည်း မည်၏။ ၎င်းညီအစ်ကို (၄)ယောက် မှာ မရိုးရှင်းချေ။ ထို့ကြောင့် နောက်ဆုံးတွင်၊ စကားပြော ပိုင်ခွင့် ပိုရ လာနိုင်မည်။

သို့သော် ရှားဟိုယန်မှာ ကြောက်ရွံ့ခြင်း မရှိဘဲ၊ အတွေးနက် သွားသည်။ ဟောင်ရန်ချန်း ပြောသော အရာ သည်သာ ဓားကုန်း၌၊ အမှန် တကယ် ရှိနေ ပါက၊ ၎င်းတို့နှင့် တွဲလုပ်ရန် စိတ်မ၀င် စားချေ။

အစွမ်း အစ ရှိသော်၊ ၎င်းကို ရနိုင်မည် ဖြစ်သည်။ နှစ်ယောက်သား အတွေး အမြင်များ ရှိကြ သော်လည်း၊ အချင်းချင်း ယဉ်ကျေးစွာ ဆက်ဆံ နေမိဆဲ ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ဇီလင် ခမျာ၊ နတ်ဆိုး သားရဲ (၁၀) ကောင်၏ ရုတ်တရက် ဝိုင်းရံခြင်း ခံနေ ရသည်။

၎င်းတို့ အားလုံးသည် သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၊ အုပ်စိုးရှင် သားရဲများ ဖြစ်၏။

ထိုအဆင့် သားရဲမျိုးသည် တစ်ကောင်း တည်း တိုက်ပွဲဝင် သူများ ပေပင်။ ဤသို့ အုပ်စု ဖွဲ့ လာစရာ အကြောင်း မရှိချေ။

တစ်ချိန် တည်း မှာပင်၊ ကျန်သူများ ကိုလည်း၊ နတ်ဆိုး သားရဲများက ဝိုင်းရံ ပိတ်ဆို့ ကြသည်။

မည်မျှပင် ကြိုးစား စေကာမူ၊ သူတို့အား နောက်ပြန် ဆုတ်စေရန်၊ ဖိအား ပေးခံ လာရ၏။ အမွှေးတိုင် လောင်ကျွမ်းချိန် တဝက် အကြာ၌၊ ရှားဟိုယန် ရှေ့ ပြန်လည် ရောက်ရှိ လာသည်။

လူတိုင်းတွင် ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေခံသည်။ ဖုန်ကျန်းနှင့် လျူချင်းယန် တို့မှာ အပြင်း ထန်ဆုံး ဖြစ်၏။

ဟွမ်(၄)က ပလွေကို ရပ်နား လိုက်ကာ၊ ပြုံးပြ လိုက်သည်။

“ ဟွမ်း ညီအစ်ကို တွေက၊ တကယ် အစွမ်းထက် ကြတာပဲ။ ”

ရှားဟိုယန်က ဟွမ်(၄)ကို တစ်ချက် ကြည့်ကာ၊ ပြောလိုက်သည်။

“ ရှားဟိုယန် ... ၊ နင် ... အရှက် မရှိ ဖူးလား။ ”

ယဲ့ဇီလင်မှ အံကြိတ်ကာ ပြောမိသည်။ လင်းယွန်သည် သူမတို့ အတွက်၊ အပြာရောင် မီးနဂါး မြွေ နှစ်ကောင်ကို ရင်ဆိုင် နေရသည်။

၎င်းအား မကူညီနိုင် သည်သာ မက၊ ဝန်ထုပ် ဝန်ပိုးပင် ဖြစ်နေ၏။

“ အရှက်မဲ့ တာက ငါလား ... ၊ နင့်ရဲ့ လင်းယွန်လား၊ သူက အရိယာ ကောင်းကင် ဓားနဲ့၊ ငါ့ညီကို အနိုင် ကျင့်ပြီး၊ ...

... လူရှေ့ သူရှေ့မှာ၊ ငါ့ဆီက ... တောင်းပန် မှုကို လိုချင် နေတယ်၊ သူလောက် အရှက် မဲ့တဲ့ လူမျိုး၊ ငါ တစ်ခါမှ မမြင် ဖူးဘူး။ ”

ရှားဟိုယန်မှ ပြန်ပြော၏။

“ ဒါဆို ... မင်းက နောက်ကွယ်က လူပေါ့။ ”

ရုတ်တရက် ပတ်ဝန်းကျင် အပူချိန် ကျဆင်းသွားသည် အထိ၊ အေးစက် နေသော အသံ တစ်သံ၊ ထွက်ပေါ် လာတော့သည်။

***

All Chapters