ဘယ်သူ့ ကိုမှ ... ၊ မင်း ထိခွင့် မရှိ တော့ဘူး။
Vol. 101 Ch. 1414
လူတိုင်း မတုံ့ပြန် နိုင်မီ၊ ဟွမ် (၄)ကို ဝေှ့ယမ်းလျက်၊ လင်းယွန်က လူအုပ် အတွင်း ရောက်ရှိ လာပြီ ဖြစ်သည်။
“ ဘုန်း ... ။ ”
“ အ ... ။ ”
နဂါး ခန္ဓာ ကိုယ်ကို အသက်သွင်း ထား သဖြင့်၊ ဟွမ်(၄)နှင့် ရိုက်မိ သူတိုင်း၊ ချက်ချင်း လွင့်စဉ် သွေးအန် ကုန်သည်။
နာကျင်မှုကြောင့် ဟွမ်(၄) ခမျာ၊ သတိ လစ်လု နီးပါး ပေပင်။
“ မင်း လူယုတ်မာ ... လွှတ်စမ်း။ ”
လူ တစ်ဦးနှင့် တိုက်မိ ချိန်တိုင်း အရိုးများ ကွဲအက် ကုန်သည်။ ဤအတိုင်းသာ ဆက်သွား နေမည် ဆိုသော်၊ အသက် ဆုံးရှုံး နိုင်ပေ၏။
“ မင်း ... သတ္တိ ရှိရင်၊ ငါ့ကို သတ်လိုက်စမ်း။ ”
အလွန် ဒေါသ ထွက်ကာ၊ အော်ဟစ် လိုက်သော်လည်း၊ လင်းယွန်မှ သူ့ကို ဂရု မစိုက် ချေ။ ပိုင်ကျန့်လီထံ လှည့်ကာ၊ ရိုက်ချ လိုက် ပြန်သည်။
လူရိပ်ကို မြင်တိုင်း မျက်နှာများ ဖျော့တော့လျက်၊ မဆိုင်း မတွ ထွက်ပြေး ကြမိ သည်။
ဟွမ်(၄)သည် ရှေးဟောင်း သူတော်စင် မိသားစု ၏ ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့်၊ မည်သူမျှ သူ့အား မထိဝံ့ သည်မှာ သဘာဝ ပေပင်။
ဟွမ်ယန်ချန်း သည်လည်း အနား မကပ် ဝံချေ။ သူ့ညီ နာကျင်မည် ဆိုးလှ သဖြင့်၊ အနား ကပ်သော် တစ်ဖက်သတ် ရိုက်နှက် ခြင်းသာ ခံရ နိုင်မည်။
သူတို့ လေးယောက်မှာ၊ လူရှေ့ သူရှေ့ ထွက်လာချိန် တိုင်းတွင်၊ ဤကဲ့သို့ အရှက် ကွဲမှု မျိုး၊ တစ်ကြိမ်မျှ မခံစား ခဲ့ရခေျ။
ပိုင်ကျန့်လီနှင့် ရှားဟိုယွင် အလယ်တွင် ရပ်နေသာ ရှားဟိုယန်မှာ၊ ဒေါသများ ထွက်လာ တော့သည်။
သူတော်စင် မိသားစု နှစ်စု ခမျာ၊ လင်းယွန်၏ တစ်ဖက်သတ် ရိုက်နှက်ခြင်း ခံနေ ရ ပေသည်။
ဤသည်မှာ ရယ်စရာ ကောင်းသော မြင်ကွင်း တစ်ရပ် ဖြစ်ပြီး၊ သည်အခြေ အနေ၌ သူ သည်လည်း မည်သည့် အရာမျှ မလုပ်ပေး နိုင်ချေ။
“ ငါ့ ညီကို မေ့လိုက်တော့ ... ။ ”
နောက်ဆုံးတွင် ဟွမ်ယန်ချန်းမှ ပြောလိုက် တော့သည်။
“ ဒီလိုမျိုး အစ ကတည်းက ဖြစ်သင့်တာ။ ”
ရှားဟိုယန်က အေးစက်စွာ တုန့်ပြန်၏။
“ သွား ရ အောင်။ ”
ဟွမ်ယန်ချန်းက ကြွေးကြော် လိုက်ပြီး၊ လင်းယွန်ထံ ဦးစွာ ပြေးဝင်သည်။ အထူး သဖြင့် သူနှင့် ရှားဟိုယန်မှာ သန်မာ ကြပေ၏။
လင်းယွန်က ဟွမ်(၄)အား ဝှေ့ယမ်း နေခြင်းကို ရပ်လိုက်သည်။
“ လင်းယွန် အခု လွှတ်စမ်း ... ၊ မဟုတ်ရင် သေတာထက် ပိုဆိုးတဲ့ နာကျင်မှု တစ်ခု၊ ငါ ပြန် ပေးမယ်၊ ငါ ပြောတာ ကြားလား။ ”
ဟွမ် (၄)မှ အော်ဟစ် လာပြန်၏။ သို့သော် ဤမျှ ကောင်းမွန်သော လက်နက်ကို၊ လင်းယွန် တစ်ယောက် လက်လွှတ် ခံစရာ နည်းလမ်း မရှိချေ။
“ အော် မနေနဲ့ ... ၊ မင်း အတွက် ကမ္ဘာသစ် တစ်ခု ငါ ပြပေးမယ်။ ”
စကားဆုံး သည်နှင့်၊ မိုးကြိုး မုန်တိုင်းများ ဟွမ်(၄) အပေါ် ဖုံးလွှမ်း လာသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို မမြင်နိုင် တော့ချေ။
“ လင်းယွန် ... ၊ မင်း လူယုတ်မာ၊ ငါ့ကို သွားခွင့် ပြုပါ၊ တောင်းပန် ပါတယ် ... ၊ ကျေးဇူး ပြုပြီး ... ၊ ငါ့ကို လွှတ်ပေး ပါ။ ”
မိုးကြိုး မုန်တိုင်းများ၊ တဟုန်းဟုန်း လှည့်ပတ် လာပြီး၊ လင်းယွန်၏ ဓားရောင်ဝါက မြင့်တက် လာသည်။
“ ရပ် စမ်း ... ၊ ရှားဟိုယန် ... အခု ရပ်။ ”
ဟွမ်ယန်ချန်းမှ သူ့ညီ နှစ်ယောက်ကို လက်ပြ လိုက်ပြီး၊ ရှားဟိုယန်အား အော်ငေါက် လိုက်သည်။ ထိပ်တိုက် တေွ့ဆုံ ခြင်းဖြင့်၊ ဟွမ်(၄) သေဆုံး သွားနိုင်၏။
ရှားဟိုယန်က ဆုပ်ကိုင် ထားသော သူ့ဓားလက် ကိုင်ကို လွှတ်လျက်၊ ချက်ချင်း ရှောင်တိမ်း လိုက်ရသည်။
ဟွမ် ညီအစ်ကို သုံးယောက် မှာမူ၊ ကံမကောင်း ခဲ့ချေ။ ဟွမ်ယန်ချန်း၏ ရင်ဘတ် ပေါ်၊ ဟွမ်(၄)က ကျရောက် လာသည်။
“ ခရစ် ... ။ ”
ကြယ်စွမ်းအင် အကာ အကွယ် အလွှာ ချက်ခြင်း ကွဲအက် သွားပြီး၊ နံရိုး ကျိုးသံများ ညံလာ တော့သည်။
“ ဝေါ့ ... ။ ”
ယင်းက အဆုံး မဟုတ် သေးချေ။ ကျန်ညီအစ်ကို နှစ်ယောက်ထံ၊ ဟွမ်(၄)ဖြင့် စောင့် ထိုးချ လိုက်သည်။ သွေးအန်လျက် ညီအစ်ကို သုံးယေက်လုံး လွင့်စဉ် ကုန်၏။
ဤမြင်ကွင်းက ကျောက်ယန်အား ပြုံးမိ စေသည်။ လင်းယွန် သဘော ကောင်း သည်မှာ အမှန် ဖြစ်သည်။
သို့သော် ဒေါသ ထွက်သည့် အခါ၌၊ မိစ္ဆာ တစ်ကောင် အဖြစ်၊ ပြောင်းလဲ သွားကြောင်း ဤလူများ မသိချေ။
“ ဝှစ် ... ။ ”
သည့်စဉ် လင်းယွန်က တိမ်လွှာဓား (၁၃)ကွက်ကို ထုတ်ဖော် လေသည်။ စူးရှသော ဓားရောင်ဝါ နှင့်အတူ၊ ငှက်ပြာ လေးများ ပျံတက် လာကုန်၏။
ဤမြင်ကွင်းကြောင့် ရှားဟိုယန် မျက်နှာ မည်းမှောင် သွားပြီး၊ အပြေး အလွှား ရှောင်တိမ်း လိုက်ရ လေသည်။
ပိုင်ကျန့်လီနှင့် ရှားဟိုယွင် မှာမူ၊ အနည်းငယ် နောက်ကျ သွား၏။
“ မင်း လူယုတ် ... အွတ် ။ ”
ရှားဟိုယွင်၏ ကျိန်ဆဲ သံပင် မဆုံး လိုက်ချေ။ ဟွမ်(၄) ဖြင့်၊ ဆက်တိုက် ဆိုသလို ရိုက်နှက် ခံလိုက် ရသည်။
ပြီးနောက် ဟွမ်း(၄)မှာ ထွက်ပြေးရန် ပြင်နေသော ပိုင်ကျန့်လီထံ ပြောင်းလဲကာ ဝင်ရောက် လာပြန် သည်။
သည်မြင်ကွင်းကြောင့် ရှားဟိုယန်က သူ့ဓားကို ‘ရွှန်း’ခနဲ၊ ဆွဲထုတ် ပစ်လိုက် တော့၏။ ဟွမ်ယန်ချန်းမှ လျင်မြန်စွာ ပြေးထွက် လာပြီး၊
“ လင်းယွန် ... ၊ ငါ့ ညီလေးကို ... လွှတ် လိုက်ပါ၊ ရှားဟို မိသားစုနဲ့ မင်းရဲ့ ရန်ငြိုးကြား ငါ ဝင် မပါတော့ ဖူးလို့၊ ကတိ ပေးပါတယ်၊ အနာဂတ်မှာ ငါသာ ...
... တိမ်လွှာ ဓားဂိုဏ်း အပေါ် လက်စား ချေမိရင်၊ သေခြင်းထက် ဆိုးတဲ့ အဖြစ်မျိုး ကြုံရ ပါစေ။ ”
-ဟု ကျိန်ဆို လိုက်တော့သည်။
“ မင်း ... အစ ကတည်းက၊ လိမ္မာ သင့်တယ်။ ”
လင်းယွန်က ပြုံးပြီး၊ ဟွမ်(၄)ကို ပစ်ပေး လိုက်၏။ ရှားဟိုယန်မှ ဓားဆွဲ နေပြီ ဖြစ်သဖြင့်၊ ဟွမ်(၄) တစ်ယောက်၊ တစ်ချက် တည်းနှင့် သေသွား နိုင်သည်။
ထိုကြောင့် ဤတိုက်ပွဲသည် အဓိပ္ပါယ် မရှိချေ။ တစ်ဖက်တွင် ဟွမ်(၄)ကို ပေးလိုက် ရပြီ ဖြစ်သဖြင့်၊ လင်းယွန်က ရှားဟိုယွင်ထံ လှမ်းကြည့် လိုက်၏။
“ မင်း ... တိရိစ္ဆာန် မသား၊ လုံးဝ မစဉ်းစားနဲ့၊ အစ်ကိုကြီး ငါ့ကို ကယ်ပါဦး။ ”
ရှားဟိုယွင်မှ ထိတ်လန့် စွာဖြင့်၊ ထွက်ပြေးရန် ပြင်လိုက်သည်။ ဒုတိယ ဟွမ် (၄) မဖြစ် လိုချေ။
“ သေ လိုက် စမ်း။ ”
ရှားဟို ညီအစ်ကို နှစ်ယောက် အသံက၊ တပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ရှားဟိုယန် က စိတ်မရှည် တော့ဘဲ၊ ဓား ရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက်သည်။
ဤတစ်ကြိမ်၌ အရိယာ ကောင်းကင် ဓား ဖြစ်သည်။ မွေးရာပါ ဓားခန္ဓာကြောင့်၊ အရေပြား မှာ ကျောက်စိမ်း ကဲ့သို့၊ တောက်ပ လာသည်။
ဓားနှလုံးသားမှာ ဆေးအိုးကြီး ကဲ့သို့၊ တဒုန်းဒုန်း ခုန်လာ၏။ နှလုံးသား တစ်ချက် ခုန် လိုက်တိုင်း၊ ဓား စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ် လာသည်။
၎င်း၏ စွမ်းအားကြောင့်၊ လင်းယွန်မှာ အံ့သြသွားသည်။ သို့သော် အလျော့ ပေးရန် စိတ်ကူး မရှိချေ။ မဟုတ်သော် သူ့ကို သဘော ကောင်းသူ အဖြစ်၊ ထင်မြင်လာ နိုင်၏။
“ ဝှစ် ... ။ ”
တုံ့ဆိုင်း မနေဘဲ အရိယာ ကောင်းကင် ဓားဖြင့် ရှားဟိုယွင် ရင်ဘတ်ကို ဖမ်းဆုပ်ကာ၊ ရှားဟိုယန်ထံ ပစ်ပေါက် လိုက်သည်။
ဓားလမ်း ကြောင်းသို့ ပြေးဝင် လာသော သူ့ ညီကြောင့်၊ ရှားဟိုယန် ခမျာ မျက်လုံး ပြူးသွား တော့၏။
ပစ်ပေါက်ခြင်း နှင့်အတူ၊ လက်ဖဝါး တစ်ချက် ကိုပါ၊ လင်းယွန်က အပိုဆောင်း ရိုက်ထည့်ပေး လိုက်သည်။
“ ဖပ် ... ။ ”
ရှားဟိုယန် ခမျာ ဓားကို ချက်ချင်း ရုတ်သိမ်းပြီး၊ လက် တစ်ဖက်ဖြင့် သူ့ ညီအား ဖမ်းယူ လိုက်ရသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
နောက်ကွယ်မှ ပါလာသော အရှိန်ကို ချေဖြတ်ရန်၊ ခြေလှမ်း (၃)လှမ်း ကိုပါ၊ ဆုတ်ခွာ ပေးရသည်။
လင်းယွန် မှာမူ မြေပြင် ပေါ်သို့ ညင်သာစွာ ပြန်လည် ဆင်းသက် လာသည်။ တစ်စုံ တစ်ရာ ထိခိုက်ခြင်း မရှိ ခဲ့ချေ။
တစ်ချိန်တည်း မှာပင် ဟွမ်(၄)ကို ဖမ်းယူ ထားသော၊ ဟွမ်ယန်ချန်းမှ မျက်နှာ မည်းမှောင် လာတော့သည်။
ဟွမ်(၄)သည် အရိုး အားလုံး အက်ကွဲ ကုန်ကာ စိတ် ဝိညာဉ်ပင်၊ ရှုပ်ပွ နေချေ၏။ စကားကို အစီစဉ် တကျ မပြောနိုင် တော့ဘဲ၊ အမြှုပ်များ တစီစီ ထွက်လာ ခဲ့သည်။
“ မင်း ... အရမ်း ရက်စက် လွန်းတယ်။ ”
ရှားဟိုယွင်၏ ဒဏ်ရာကို စစ်ဆေး ကြည့်ပြီးနောက်၊ ရှားဟိုယန်မှ ဒေါသများ တောက်လောင် လာသည်။ သည်မျှ အရှက် ရမှုမျိုး တစ်ကြိမ်မျှ မကြုံဖူး သေးချေ။
“ မင်းနဲ့ ယှဉ်ရင်တော့ ... ၊ ငါက နူးညံ့ ပါသေးတယ်။ ”
ရှားဟိုယန် စကားကို လင်းယွန်မှ၊ ချက်ချင်းပင် တုန့်ပြန် လိုက်သည်။ သတ်ခွင့် ရှိသော်၊ ယဲ့ဇီလင် မျက်ရည်များ အတွက်၊ အားလုံးကို သတ်ပစ် မိပေမည်။
“ ကျွတ် ... ကျွတ် ... ၊ ဘယ်လိုတောင် စည်ကား နေလိုက်လဲ၊ ဓားကုန်းကို အလော တကြီး မသွား မိတာ၊ ...
... ငါ ကံကောင်းတယ် ... ၊ မဟုတ်ရင် ဒီလို ပွဲမျိုး လွတ်သွားမှာ သေချာတယ်၊ နှမျော စရာပဲ၊ ခစ် ... ခစ် ... ခစ် ... ။ ”
ယဲ့ဇီယွင်နှင့် ယဲ့ချင်းတို့ ဦးဆောင်သော ယဲ့မိသားစု ရောက်ရှိ လာသည်။ ဤသည်မှာ ဟွမ်ယန်ချန်းနှင့် ရှားဟိုယန်ကို မျက်နှာ ပျက်သွား စေ၏။
သူမ ရောက်ရှိ နေသည်ကို၊ သူတို့ နှစ်ဦးက လုံးဝ မသိ ခဲ့ချေ။ ယဲ့ဇီယွင်က အပြစ် ကင်းသော အပြုံးဖြင့်၊ ရှားဟိုယန်အား ကြည့်ကာ၊
“ ဒီနေ့ ... ၊ နာမည်ကြီး ဓားခန္ဓာနဲ့ ... ၊ ဓား နှလုံးသားကို မြင်တွေ့ လိုက်ရတာ ... ၊ ငါအရမ်း ကံကောင်းတယ်။ ”
-ဟု ပြောလိုက် တော့သည်။
“ မင်းက စွက်ဖက်ချင် တာလား။ ”
ယဲ့ မိသားစုသည် လင်းယွန် အနား လျှောက်လှမ်း သွားနေ သဖြင့်၊ ရှားဟိုယန်မှ မေးလိုက်သည်။
“ တောင်းပန် ပါတယ်၊ ဒီနေ့ ... တိမ်လွှာ ဓားဂိုဏ်းက ဘယ်သူ့ ကိုမှ ... ၊ မင်း ထိခွင့် မရှိ တော့ဘူး။ ”
ယဲ့ဇီယွင်မှ ပြုံးကာ ပြန်ဖြေ၏။ ထိုအချိန်၌ လင်းယွန်က နောက်ပြန် ဆုတ်လျက်၊ ယဲ့ဇီယွင် အား၊ စစ်ဆေး လိုက်မိ လေသည်။
***