← Chapters

မြေခွေး။

Vol. 102 Ch. 1415

မြေခွေး။

Vol. 102 Ch. 1415

မျှော်လင့်ခြင်း နှင်း သူတော်စင် မိသားစု ရုတ်တရက် ရောက်ရှိ လာခြင်းသည် လင်းယွန် အပါ အဝင် နှစ်ဖက် စလုံးကို၊ စိတ်ရှုပ် ထေွးလာ စေသည်။

သူမ ရောက်ရှိနေ သည်မှာ ကြာပြီ ဖြစ်ကြောင်း လင်းယွန် သိသည်။ ၎င်းသာ ကူညီ လိုသော်၊ ယဲ့ဇီလင်တို့ ဤမျှ အခြေ အနေ ဆိုးလာ စရာ အကြောင်း မရှိချေ။

ဟွမ် ညီအစ်ကို များ၏ အကူအညီ မရလျှင်ပင်၊ ရှားဟိုယန်က ဤကိစ္စကို ထားရန် ဆန္ဒ မရှိ သဖြင့်၊ ယဲ့ဇီယွင်အား မေးသည်။

“ ဒီအတွက် ... ၊ အကြောင်း ပြချက် ပေးသင့် တယ်လို့ မထင် ဖူးလား။ ”

“ အကြောင်း ပြချက်လား ... ၊ မရှိဘူး၊ ပန်းသင်္ချိုင်းနဲ့ ငါ မိတ်ဖွဲ့ချင် ရုံပါ။ ”

ယဲ့ဇီယွင်က ပေါ့ပေါ့ ပါးပါးပင်၊ ပြန်ဖြေ၏။ ထိုအဖြေကြောင့် လင်းယွန်မှ သူ့မအား ကြည့် မိသည်။

“ အစ်ကို ရှားဟို ... ၊ ငါတို့ နောက်ကျ သွားရင်၊ အခြား လူတွေက၊ အခွင့် အရေး ရကုန် လိမ့်မယ်။ ”

ဟွမ်ယန်ချန်းက သူ့အသံကို ရှားဟိုယန် ကြားရုံ ပေးပို့ လိုက်သည်။ ရှားဟိုယန်မှ စကား တစ်ခွန်းမျှ မဆိုဘဲ၊ ယဲ့ဇီယွင်အား စိုက်ကြည့် နေ၏။

သည်အမျိုး သမီးသည် သူ့အား လုံးဝ ဂရု မစိုက်ဘဲ၊ လင်းယွန် ဘက်၌ ရပ်တည် နေသည်။ တစ်ဖက် လူသည် သူ့ထက် ပို၍ မိတ်ဖွဲရန် ထိုက်တန် သည်ဟု၊ ထင်နေပုံ ရ၏။

“ ကောင်းပြီ... ဒါပေမယ့် သူငယ်ချင်း ဆိုတာ၊ အလား အလာ ကောင်းတဲ့ လူကို ရွေး သင့်တယ်လို့၊ ...

... အကြံပြု ချင်တယ်၊ မဟုတ်ရင် မင်းရဲ့ မိသားစု ကတောင်၊ မင်းကို ကာကွယ် နိုင်မှာ မဟုတ်ဘူး။ ”

စကားဆုံး သည်နှင့်၊ မဆိုင်း မတွဘဲ၊ လှည့်ထွက် သွားသည်။ ဟွမ်ယန်ချန်း ကမူ လင်းယွန်အား မုန်းတီး စွာဖြင့်၊ စိုက်ကြည့် သွားခဲ့သည်။

နှလုံးသား ထဲ၌ သတ်ပစ်ချင် စိတ်များ တဟုန်းဟုန်းတောက်လောင် နေ၏။ စောပိုင်း ကျိန်ဆို မှုတွင် ဟာကွက် တစ်ခု ထားခဲ့သည်။

ယင်းက တိမ်လွှာ ဓားဂိုဏ်း ကိုသာ ကျိန်ဆိုခြင်း ဖြစ်ပြီး၊ လင်းယွန် အမည် မပါချေ။ ရှားဟိုယန်နောက် အပြေး လိုက် သွားပြီး၊

“ ရှားဟိုယန် ငါတို့ သူ့ကို လွှတ်ထားလို့ မရဘူး၊ ဒီနယ်မြေ ထဲမှာ မသတ် နိုင်ရင်၊ ဒါက ဘာကို ဆိုလိုတယ် ဆိုတာ၊ မင်း သိတယ် မဟုတ်လား။ ”

“ ငါက လွှတ်ထား မယ်လို့ ပြောလား။ ”

ရှားဟိုယန်မှ ကြောက်စရာ ကောင်းသော အပြုံးကို ထုတ်ဖော်လျက်၊

“ ဓားကုန်းမှာ သူ့ကို သင်ခန်းစာ ပေးဖို့ အခွင့် အရေး ရှာပါ၊ ဓားဂိုဏ်းထဲ ၀င်ခွင့် လုံးဝ မပေးနဲ့၊ စိတ်ပျက် အားငယ်ခြင်း ဆိုတဲ့၊ ...

... အဓိပ္ပါယ်ကို သိစေ ချင်တယ် ... ၊ ရေှးဟောင်း ပျက်သုဉ်း မြေရဲ့၊ သခင်က ဘယ်သူလဲ ဆိုတာ ပြရအောင်။ ”

-ဟု ပြောလိုက် တော့သည်။

“ သခင်လေး လင်း ... ၊ မင်းက ရှားဟိုယန်နဲ့ ဟွမ် မိသားစုကို စော်ကား မိပြီ။ ”

ထိုအချိန်တွင် ယဲ့ဇီယွင်က ပြုံးကာ၊ လှည့်ကြည့် လိုက်သည်။ သူမ အပြုံးသည် ချစ်စရာ ကောင်းပြီး၊ လူတိုင်းအား အလွယ် တကူ ပျော်ဝင် စေနိုင်၏။

“ တောင်းပန် ပါတယ် ... ၊ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်၊ ငါ့နာမည် ယဲ့ဇီယွင် ပါ၊ ဒါက ဝမ်းကွဲ အစ်ကို ယဲ့ချင်း။ ”

“ ငါက ယဲ့ချင်းပါ ... ၊ နှုတ်ဆက် ပါတယ်၊ မင်းနာမည်ကို ငါကြားဖူး နေတာ ကြာပါပြီ၊ အခု လူချင်း တွေ့မှပဲ၊ ပိုသဘောကျ သွားတယ်။ ”

ယဲ့ချင်းက လင်းယွန်ကို မြှောက်ပင့် ပေးလိုက်သည်။

“ ဒီလောက် အထိ ... ၊ ယဉ်ကျေး နေဖို့ မလိုဘူး၊ မင်းတို့ နာမည် တွေကို၊ ငါ သိတယ်။ ”

လင်းယွန်မှ ပြုံးကာ တုန့်ပြန် မိ၏။ ယဲ့ မိသားစု၏ မိတ်ဖွဲ့မှုမှာ အတု အယောင် မျှသာ ဖြစ်သည်။

“ ဒါဆို ငါတို့က သူငယ်ချင်း ဖြစ်ပြီ ထင်တယ်။ ”

ယဲ့ဇီယွင်က ပြုံးကာ မေးသည်။

“ အင်း .... ထင်ရ တာပဲ၊ ငါ့ အစ်မ ဒဏ်ရာ ရထားတယ်၊ ဒါကြောင့် ... သူ့ကို အရင် ကြည့်ပါ ရစေ။ ”

ပြီးသည်နှင့် လင်းယွန်က ယဲ့ဇီလင်ထံ ပြန်လှည့် သွားသည်။ ဤလုပ်ရပ်က ယဲ့ဇီယွင် အား၊ အဆင် မပြေသည့်၊ အနေ အထားဖြင့် ကျန်ရစ် စေခဲ့သည်။

အနည်း ဆုံးတော့ ကျေးဇူးတင် စကား ပြောသင့် ပေသည်။ ကြည့်ရ သည်မှာ ခင်မင် ရင်းနှီးမှုကို၊ နက်ရှိုင်းအောင် လုပ်ရန်၊ တစ်ဖက် လူ၌ ရည်ရွယ်ချက် မရှိကြောင်း ပြောနိုင်၏။

“ ဒဏ်ရာ ဘယ်လို နေသေးလဲ။ ”

ယဲ့ဇီလင်အား ဖေးမ ပေးလိုက်သည်။ သွေးသား စွမ်းအင်မှာ အစွမ်းထက် လာသော ကြောင့်၊ ယဲ့ဇီလင်၏ ဒဏ်ရာ အများ စုမှာ၊ ပြန်လည် သက်သာ နေပြီ ဖြစ်သည်။

လင်းယွန် အမေးကြောင့်၊ လက်သီးကို ဆုပ်လျက်၊ ကြယ်စွမ်းအင် များအား လည်ပတ် ကြည့်သည်။

မည်သည့် အဟန့် အတားမျှ မရှိတော့ သဖြင့်၊ ဒဏ်ရာ များကြောင့် အကျိုး ကျေးဇူး ရရှိ သွားမှန်း၊ နားလည် လိုက်သည်။

ဆိုလို သည်မှာ၊ မျှော်လင့်ခြင်း နှင်း သူတော်စင် သွေးနှင့် နတ်နဂါး ဓားခန္ဓာကိုယ် ပေါင်းစပ် မှုသည်၊ (၆၀%) အထိ ပြီးမြောက် လာသည်။

ယင်းက တစ်စုံ တစ်ရာကို ရုတ်တရက် နားလည် သွားစေသည်။ သွေးသား စွမ်းအင်ကို ချိပ်ပိတ် ထားချိန်မှ စကာ၊ ဘဝတွင် မည်သည့် ဒဏ်ရာမျှ မရရှိ ဖူးချေ။

သေွ့ရော် ကျွန်း တွင်ပင်၊ လင်းယွန် အပေါ် အားကိုး ခဲ့သည်။ ထို့ကြောင့် သွေးကြော နှစ်ခုမှ မပေါင်းစပ် န်ုင်ခြင်း ဖြစ်သည်။

၎င်းတို့အား လုံးလုံး လျားလျား ပေါင်းစပ် လိုသော်၊ တိုက်ပွဲများ လိုအပ်ကြောင်း နားလည် လာသည်။

“ ကျေးဇူး တင်ပါတယ်။ ”

ဤတစ်ကြိမ် ယဲ့ဇီလင်၏ အကြည့်တွင် မထင်မှတ်ဘဲ ယုံကြည်မှု အပြည့် ပါရှိ သွား၏။ အနာဂါတ်တွင် လင်းယွန် အတွက်၊ ဝန်ထုပ် ဝန်ပိုး ဖြစ်တော့မည် မဟုတ်ချေ။

“ ဘာ အတွက် ကျေးဇူး တင်နေ တာလဲ၊ အရေးကြီး တာကို မမေ့ ပါနဲ့၊ ပေးထားတဲ့ ကတိ အပေါ်၊ စောင့်ထိန်း သွားပါ။ ”

လင်းယွန်မှ ပြုံးလျက် မျက်စိမှိတ် ပြ လိုက်သည်။

သူတို့ နှစ်ဦးက စကား စမြည်များ ပြောဆိုလျက် ယဲ့ဇီယွင်နှင့် ယဲ့ချင်းတို့ အနားမှ ဖြတ်သွား ကြသည်။

ဤဖြစ်ရပ်မှာ စိတ်ကူးနှင့် ခြားနား နေသောကြောင့်၊ ယဲ့ဇီယွင် တစ်ယောက် အံကြိတ် မိ၏၊

အမှန်တွင် ယဲ့ဇီလင် နေရာ၌ သူမ ဖြစ် နေကာ၊ လင်းယွန်နှင့် စကား စမြည် ပြောနေ သင့်သူ ဖြစ်သည်။ ယင်းကို ယဲ့ဇီလင်မှ အံကြိတ်လျက် ကြည့်နေ ရ ပေမည်။

“ အခု ... ၊ ငါတို့ ဘာလုပ် သင့်လဲ။ ”

ယဲ့ချင်းမှ ခပ်တိုးတိုး မေးသည်။ လျစ်လျူရှု ခံရ ခြင်းကြောင့်၊ ယဲ့ဇီယွင် မျက်နှာမှာ အေးစက် နေ၏။

သို့သော် နောက် တစ် စက္ကန့်တွင်၊ သူမ မျက်နှာကို ပြင်ယူကာ၊ ပြုံးလျက် နှုတ်ဆက် လိုက် တော့သည်။

“ မတေွ့တာ ကြာပြီနော်၊ အစ်မ ဇီလင်။ ”

ထိုနှုတ်ဆက် သံက လင်းယွန် မျက်လုံး များကို တောက်ပ လာစေ၏။ သူ ထင်ထား သလို ပေပင်။

“ ဟုတ်တယ်၊ ငါတို့ ဆယ့်ငါးနှစ် ရှိပြီ။ ”

ယဲ့ဇီလင်မှ ပြန်ပြော လိုက်သည်။

“ တောင်းပန် ပါတယ်၊ စောစောက နင့်ကို ငါ မမှတ်မိ လိုက်ဘူး။ ”

ယဲ့ဇီယွင်က အဆင် မပြေသော အမူ အရာဖြင့်၊ ဆက်ပြောသည်။

“ အဆင်ပြေ ပါတယ်။ ”

ယဲ့ဇီလင်မှ တည်တည် ငြိမ်ငြိမ်ဖြင့် တုန့်ပြန်၏။ ၎င်းအား လျစ်လျူရှူ ပြီးနောက်၊ ယဲ့ဇီယွင်က လင်းယွန်အား ပြုံးပြကာ၊

“ သခင်လေး လင်း၊ ငါတို့ သီးသန့် စကား ပြောလို့ ရမလား။ ”

-ဟု မေးလိုက်သည်။

“ ဒီမှာပဲ ပြောပါ။ ”

လင်းယွန်က ချက်ချင်း တုန့်ပြန်၏။

“ တကယ်တော့ ... ၊ ဓားဝိညာဉ် ပုလဲ (၁၀၀)ကို ရဖို့ ဆိုရင်၊ ဓားကုန်း မှာသာ ဖြစ်နိုင် ပါလိမ့်မယ်။ ”

ယဲ့ဇီယွင်က အံကြိတ်လျက် စကားကို ဆက်ပြော လိုက်၏။ ထိုသတင်းက သူ့ အတွေး မှန် နေမှန်း သိလိုက် သဖြင့်၊ လင်းယွန်မှာ မျက်နှာ ပြောင်းလဲ သွားသည်။

ယင်းကို သတိ ထားမိသော အခါတွင်၊ ယဲ့ဇီယွင် တစ်ယောက် ယုံကြည်မှုများ ပြန်လည် ရရှိ လာပြီး၊ လင်းယွန်ထံ စိုက်ကြည့် လိုက်၏။

အဆိုပါ မြင်ကွင်း များက ယဲ့ဇီလင်အား၊ ကြိတ်ရယ် မိစေ၏။ ဝမ်းကွဲ ညီမသည် ယခင် အတိုင်း၊ သူမ၏ အပြုံး အပေါ် အားကိုး နေသည်။

အစ်မဆု အပြုံးအား မြင်ခွင့် ရခဲ့သော်၊ သူမ၏ အကွက်မှာ မည်မျှ ရယ်စရာ ကောင်း နေကြောင်း၊ သိပေ လိမ့်မည်။

“ နောက် နှစ်ရက် နေရင်၊ ဓားကုန်း ပွင့်လိမ့်မယ်၊ ဓားကုန် ပွင်တဲ့ အချိန်တိုင်း၊ ငြိမ်း အေးခြင်း ရောင်ခြည်နဲ့ အတူ၊ ဓားဝိညာဉ် ပုလဲတွေ ပါလာ လိမ့်မယ်၊ ...

... ဓားကုန်းက နှစ် တစ်ရာ နေမှ ... ၊ တစ်ကြိမ်ပဲ ပွင့်တဲ့ အတွက်၊ ဒသမတန်း ဓား ဝိညာဉ် ပုလဲ၊ မွေးလာ နိုင်တယ်။ ”

ဒသမတန်း ဓားဝိညာဉ် ပုလဲတွင်၊ ရွှေကွင်း (၁၀)ကွင်း ပါရှိ၏။ နှစ်ပေါင်း ထောင်ဂဏန်းခန့် စုပ်ယူ ထားသည့်၊ ဓားစွမ်းအင်များ ပါဝင်သည်။

အရိယာ ကောင်းကင် ဓားကို၊ မဆုပ်ကိုင် ရသေးသော လူများ အတွက်၊ အကောင်းဆုံး အခွင့် အရေးပင် ဖြစ်သည်။

“ ဒါကြောင့် ... ၊ ဟွမ် ညီအစ်ကို လေးယောက်က၊ ရှားဟိုယန်နဲ့ မဟာမိတ် ဖွဲ့ထား ခဲ့ကြတာ။ ”

“ ငါ နားလည်ပြီ ... ။ ”

လင်းယွန်မှ ခေါင်းညိတ်သည်။ သို့တိုင် တစ်ဖက် လူ၏ မျက်နှာတွင်၊ အပြောင်း အလဲ များစွာ မရှိ သည်ကို၊ မြင်လိုက်ရ သဖြင့် ယဲ့ဇီယွင်မှာ စိတ်ပျက် သွားသည်။

“ သခင်လေး လင်း ... ၊ ငါတို့ ယဲ့ မိသားစုနဲ့ လက်တွဲဖို့၊ စိတ်ဝင် စားလား။ ”

ထို့ကြောင့် အရဲ စွန့်ကာ မေးလိုက်သည်။

“ ဒါနဲ့ ပတ်သက် ရင်တော့ ... ၊ ငါ့အစ်မကို မင်း မေးသင့်တယ်။ ”

လင်းယွန်က ယဲ့ဇီလင်အား လှည့် ကြည့်သည်။ ထို့ လုပ်ရပ်ကြောင့်၊ ယဲ့ဇီလင်မှ နှုတ်ခမ်း ကိုက်ကာ၊ ရယ်ချင် စိတ်အား ထိန်းလိုက် ရသည်။

ဝမ်းကွဲ ဇီယွင် ခမျာ၊ သူမအား မေးဝံ့ စရာ အကြောင်း မရှိချေ။ ငြင်းပယ် လိုက်သော်၊ သူမ အရှက်၊ သူမ ခွဲရာ၊ ရောက်ပေမည်။

“ လင်းယွန် ... ၊ နင် ... ဒါကို စဉ်းစားသင့် တယ်လို့ မထင် ဖူးလား၊ ရှားဟိုယန် ကိုတောင် ငါ ဆန့်ကျင့် ခဲ့ရတယ်။ ”

သနား စဖွယ် အကြည့်ဖြင့်၊ ပြော လိုက်သည်။

“ အဲ့ဒီ အတွက် ... ၊ ကျေးဇူး တင်ပါတယ်။ ”

အချိန် အတော် ကြာအောင်၊ စဉ်းစား ပြီးနောက်၊ လင်းယွန်မှ ကျေးဇူးတင် စကားဆို လိုက်၏။ ယင်းက ယဲ့ဇီယွင်အား သွေးအန် လုနီးပါး၊ နာကျင်လာ စေသည်။

“ ဒါဆို ... ၊ မင်းကို နှောင့်ယှက် မိလို့ တောင်းပန် ပါတယ်။ ”

မျက်နှာ လွှဲလိုက် သည်နှင့်၊ ယဲ့ဇီလင် မျက်နှာမှာ၊ ကြောက်စရာ ကောင်းအောင် မည်းမှောင် သွားသည်။

ယဲ့ မိသားစု ပျောက်ကွယ်သွား ချိန်၌၊ ယဲ့ဇီလင်က ပြုံးကာ၊

“ နင် ... သူ့ကို စော်ကား မိပြီ။ ”

-ဟု ပြောလိုက်သည်။

“ ပြဿနာ မရှိဘူး ... ၊ မဟုတ်ရင် သူက မင်းကို စော်ကား လိမ့်မယ်။ ”

“ နင် သိတယ်လား ။ ”

“ ကလေး တောင် ... သိတယ်၊ မြေခွေး တွေက ဘယ်မှာများ သားကောင်ကို သနား ခဲ့ဖူး လို့လဲ။ ”

***

All Chapters