← Chapters

သူက အရမ်း သန်မာတယ်။

Vol. 102 Ch. 1416

သူက အရမ်း သန်မာတယ်။

Vol. 102 Ch. 1416

“ ကျောက်ယန် ... သူ့စကား တွေက ဖြစ်နိုင်လား။ ”

လင်းယွန်က ယဲ့ဇီယွင်ကို စိတ် မ၀င်စား သော်လည်း၊ ဒသမတန်း ဓားဝိညာဉ် ပုလဲကို စိတ်ဝင် စားသည်။

ကျောက်ယန်က အနည်းငယ် စဉ်းစား ပြီးနောက်။

“ အမှန် ဖြစ်နိုင်မယ်၊ ပြီးတော့ ... မင်းကို ဖိတ်ခေါ်ဖို့ သူ တကယ် အလေး အနက် ထားပြီး ပြောနေတာ၊ မင်းက ဒသမတန်း ဓားဝိညာဉ် ပုလဲကို ရဖို့၊ အခွင့်အရေး အရမ်း များတယ်။ ”

ထိုစကားကြောင့် လင်းယွန်က ပြုံးသည်။ အဆုံးတွင် ကုန်းစွန်းယန်မှ၊ ၎င်းအား အရူးဟု ခေါ်ရသည့် အကြောင်း ရင်းကို၊ နားလည် လာသည်။

“ ဘာလိုလဲ ... ၊ ငါမှား လို့လား။ ”

ကျောက်ယန်မှ ခေါင်းကုတ် ၏။

“ ဓားကုန်းက နှစ် တစ်ရာကို တစ်ကြိမ် ဖွင့်လှစ်တာ ငါ မသိ ခဲ့ဘူး၊ ဒါပေမယ့် သူ့စကား တွေကို အခြေ ခံပြီး၊ ဒီလို ယူဆ လိုက်တာ။ ”

သူ့ အမြင်အား ဆက်ပြီး ရှင်းပြ လာသည်။

“ ဘာပဲ ဖြစ်ဖြစ် သူ့စကား အချို့က အမှန်ဆိုတာ သေချာတယ်၊ ဓားဝိညာဉ် ပုလဲ (၁၀၀) ရဖို့ ငါတို့ သွားသင့်တယ်။ ”

ယဲ့ဇီလင်မှ ပြောသည်။

“ ဒါဆို ... ငါတို့ ပန်းတိုင်က အတူတူ ပါပဲ၊ သူနိုး လာတဲ့ အထိ စောင့်ရင်း၊ တစ်ညလောက် အနား ယူရအောင်။ ”

သက်ပြင်း ချလျက်၊ မေ့မျော နေသော ကုန်းစွန်းယန်အား ကြည့်ကာ၊ လင်းယွန်မှ ဆို မိ၏။ ၎င်းအပေါ် သနား မိသည်။

အခွင့် အရေး တစ်ရပ် ရရှိပြီး ခွန်အားကို သိသိ သာသာ မြှင့်တင် နိုင်ကာ၊ ဓားဂိုဏ်းတွင် နာမည်အား ဖြန့်လို ခဲ့သူ ဖြစ်သည်။ သို့သော် ရှားဟိုယန် အရိုက်ကို ခံလိုက် ရ၏။

ဆိတ်ငြိမ်သော နေရာကို ရှာကာ၊ လင်းယွန်က ကျင့်ကြံရန် ပြင်မိသည်။ သည်နေ့ ရန်ပွဲမှာ၊ တိုက်ပွဲ မဆင့်သို့ မရောက် ခဲ့ချေ။

နှစ်ဖက် စလုံးတွင် ဝှက်ဖဲ များစွာ ရှိပြီး၊ မေွးရာပါ ဓားခန္ဓာနှင့်၊ ဓား နှလုံးသားကို အသုံး ပြုရသည် အထိ၊ ရှားဟိုယန် အပေါ်၊ တွန်းအား ပေးနိုင်သည်။

ယင်းက သူ့အား ထိတ်လန့် စေသည့် အကြောင်း အရာ မဟုတ်ချေ။ အကြောင်းရင်း အမှန်မှာ၊ အရိယာ ကောင်းကင်ဓား ဖြစ်၏။

အရိယာ ကောင်းကင်ဓား ဟူသည် သူ၏ ဝှက်ဖဲ ဖြစ်သည်။ သူတော်စင် မိသားစု (၇)စုကို အနိုင်ယူ နိုင်ခဲ့ သည်မှာ၊ ထိုဝှက်ဖဲကြောင့် ပေပင်။

ကောင်းကင်ဓား ပုံစံကို အားကိုး ရုံဖြင့်၊ ဤသို့ အောင်မြင်ရန် မဖြစ် နိုင်ပေ။ ရှားဟိုယန် နှင့် ရင်ဆိုင် ရသော်၊ ထိုအားသာချက် ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ကံကောင်းပြီး ဓားဝိညာဉ် နှစ်ပါး ရှိနေ ခြင်းက၊ စိတ် သက်သာရ ရစေသည်။ လိုအပ် ချိန်၌၊ ပြိုင်ဘက်ကို အံ့အားသင့် စေမည်ဟု ယုံကြည်သည်။

ထို့အပြင် ဟွမ်ယန်ချန်း သည်လည်း၊ ခွန်အားကို နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ထားပြီး၊ လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း ခံစား ရသည်။

ပွင့်ပွင့် လင်းလင်း ဆိုရသော်၊ ဒသမတန်း ဓားဝိညာဉ် ပုလဲကို ရယူ လိုက၊ အဆိုးဆုံး အထိ တွက်ဆ ပြင်ဆင် ထားရမည် ဖြစ်သည်။

ယင်းအတွက် အကောင်းဆုံး နည်းလမ်းမှာ သာလွန် အဆင့်သို့ တက်ရောက်ခြင်း ဖြစ်သည်။ အခြား သူများသာ ဆိုက၊ ယခု အချိန်၌ ရောက်ရှိ နေပြီ ဖြစ်သည်။

သူ့ အနေ ဖြင့်မူ ခွန်အားကို စုဆောင်း လိုသေးသည်။ ထို့ကြောင့် သန်းနှင့် ချီသော နတ်ကြယ်ပုလဲ များကို၊ တုံ့ဆိုင်းခြင်း မရှိ ထုတ်ယူ လိုက်သည်။

ဤအရေ အတွက်သည်၊ မျိုးဆက် သစ် လူငယ်များ ကြား၌၊ အလွယ် တကူ ထုတ်ယူ နိုင်သော၊ ပမာဏမျိုး မဟုတ်ချေ။

“ စမ်း ကြည့် ရ အောင်။ ”

လင်းယွန်က အသက် ပြင်းပြင်း ရှူလိုက် ပြီးနောက်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လှည့်ပတ် လိုက်သည်။

နဂါးနှင့် ဖီးနစ် ပုံရိပ်များ ခန္ဓာ ကိုယ်မှ ပျံထွက် လာကာ၊ သူ့ပတ်ပတ် လည်ရှိ နတ် ကြယ်ပုလဲ များကို၊ စတင် ဝါးမျို တော့၏။

“ ခရစ် ... ။ ”

များမကြာခင် ခန္ဓာ ကိုယ်မှာ၊ အက်ကွဲလာ သဖြင့်၊ နဂါး ရူရ် (၃၀၀၀) ကျော်က၊ ပေါက်ကွဲမှု မဖြစ်အောင် တားဆီး ခဲ့ရသည်။

သူတော်စင် နဂါး ခန္ဓာ ကိုယ်သာ မရှိသော်၊ ဤမျှ အသက် ဘေးနှင့် နီးကပ်သော အရာကို စမ်းဝံ့မည် မဟုတ်ချေ။

နဂါးနှင့် ဖီးနစ် တို့သည် စက်ဝိုင်း အသွင် လှည့်ပတ် စီးဆင်းကာ၊ နတ်ကြယ် ပုလဲ များကို ဝါးမြို နေကြသည်။

သန်းခေါင်ယံ အချိန်၌၊ ကနဦး အထွတ် အထိပ်သို့ ရောက်ရှိ လာ၏။ ရောင်ဝါ သမုဒ္ဒရာ သည်၊ မီတာ သုံးထောင် မှသည် မီတာ ငါးထောင် အထိ၊ ကြီးထွား လာသည်။

ဆန္ဒ ရှိပါက၊ အောင်မြင်မှုအား ရယူ နိုင်မည် ဖြစ်သည်။ သို့သော် ရောင်ဝါ သမုဒ္ဒရာ အောက်ရှိ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးက နတ်ကြယ် ပုလဲ များကို ဝါးမျို နေသဖြင့်၊ ဆက်ကာ စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်သည်။

ထိုဆေးအိုးတွင် ကမ္ဘာဖျက် ကပ်ဘေး ပါရှိသည်။ ယင်းကြောင့် ခရမ်းငယ်မှာ သူ့အား ချန်လှပ် ထားသော အရာ အချို့၊ ရှိနေ မည်ဟု ခံစားလာ မိ၏။

ခရမ်းငယ်အား ကြည့်လိုက်ရာ၊ ဖီးနစ် သစ်ပင် အောက်တွင် အိပ်နေ သဖြင့်၊ မေးရန် စိတ်ကူးအား စွန့်လွှတ် လိုက်မိသည်။

အနန္တ လျှပ်စီး နတ် ရူရ်ကို ရရှိပြီး နောက်တွင်၊ မကြာ ခဏ ဆိုသလို ဤသို့ အိပ်အိပ် နေတတ်၏။

“ နိုးလာရင် မေး ရမယ်၊ ငါ့ကို ဖုံးကွယ် ထားတာ၊ တစ်ခုခု ရှိမယ် ထင်တယ်။ ”

ထိုအချိန်တွင် အဝေးမှ တိုးညှင်းသော အသံ အချို့အား သတိထား မိလိုက်သည်။ ဤအရာက သူ့အား သတိ အနေ အထား၊ ဖြစ်လာ စေ၏။

ထိုအသံ ထွက်ပေါ်ရာ၊ လမ်းကြောင်း အတိုင်း၊ သတိ ထားပြီး၊ တိုးကပ် သွားမိသည်။ များမကြာခင် မြစ်ငယ် တစ်စင်းကို မြင်လိုက် ရ၏။

မြစ်ကမ်း နံဘေးတွင်၊ ဒူးကို ပိုက်လျက် ကေွးညွှတ်စွာ ထိုင်ပြီး ငိုရှိုက် နေသော၊ လူရိပ် တစ်ရိပ် ရှိနေသည်။

အနား တိုးကပ် သွားသော အခါ၊ သူ့ အသိ ဖြစ်နေမှန်း သိလိုက် ရသဖြင့်၊ စိတ် သက်သာရာ ရသွား၏။ နတ်ဆိုး သားရဲ ထင်ကာ၊ တိုက်ခိုက် လုနီးပါး ဖြစ်ခဲ့သည်။

ခြေသံကြောင့် ကုန်းစွန်းယန်မှ လှည့် ကြည့်သည်။ လင်းယွန် အမူ အရာကို မြင်ချိန်၌၊ အငို ရပ်လိုက်ပြီး၊

“ ဘာလဲ ... ၊ ယောက်ျား တစ်ယောက် ငိုတာကို၊ မင်း မမြင်ဖူး ဘူးလား။ ”

-ဟု ငေါက်ဆက်ဆက် ပြန်မေး မိ၏။

“ အမှန် အတိုင်း ပြောရရင် ... ၊ ဟုတ်တယ် ငါတစ်ခါမှ ယောက်ျား တစ်ယောက် ငိုနေတာကို မမြင် ဖူးဘူး။ ”

လင်းယွန်က ရိုးရိုး သားသားပင် ပြန်ဖြေသည်။

“ မင်း ... ။ ”

ထိုအဖြေက ကုန်းစွန်းယန်အား ပို၍ ငိုချင်လာ စေ၏။ သို့သော် ကူကယ်ရာ မဲ့စွာဖြင့် စိတ်လျှော့ လိုက်ပြီး၊

“ လင်းယွန် ... ၊ နေ့ခင်းက အဖြစ် အပျက် တွေကို၊ ကျောက်ယန် ပြန်ပြော ပြတယ် ...၊ မင်း ငါ့ကို အခွင့် အရေး ပေးနိုင် မလား၊ ငါ သူ့ကို အနိုင်ယူ ချင်တယ်၊ မင်း သူ့နဲ့ ရင်ဆိုင်တဲ့ အခါ အသေ မသတ် ပါနဲ့။ ”

“ တောင်းပန် ပါတယ်၊ ငါ ကတိ မပေး နိုင်ဘူး၊ သူက သန်မာတယ်၊ ငါအသတ် မခံရ ဖို့ကို၊ မင်း အရင် ဆုတောင်း ပေးသင့်တယ်။ ”

“ မင်း ... ။ ”

ကုန်းစွန်းယန်မှ လင်းယွန် စကား များကို မယုံချေ။

“ တကယ် ပြောတာ၊ ငါနဲ့ ရှားဟိုယန် တိုက်ကြရင်၊ ငါတို့ ထဲက တစ်ယောက် သေရ လိမ့်မယ်၊ ပြီးတော့ ... မင်းကို ငါက ဘာလို့ ကူညီ ရမှာလဲ။ ”

လင်းယွန် အဖြေက ကုန်းစွန်းယန်အား မျက်နှာမည်း သွားစေ၏။ ယင်းက အမှန်ဖြစ် လေသည်။ လင်းယွန်နှင့် သူ့ကြား ပတ်သတ်မှု မရှိ သောကြောင့်၊ ကူညီစရာ မလိုချေ။

“ ကောင်းပြီ ... ၊ ငါ ... ကုန်းစွန်းယန်က၊ မင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့ အတွက်၊ ဘယ်လုပ် ပေးရ မလဲ။ ”

-ဟု သူ့ကိုယ်သူ လှောင်ပြောင် လိုသော အပြုံးဖြင့် မေးလိုက်သည်။

“ မင်း ပုံစံနဲ့ ဆိုရင်တော့ ... ၊ အဆင် မပြေဘူး။ ”

လင်းယွန်မှ ပြန်ဖြေ၏။

“ မင်း ... ၊ မင်း ငါ့ကို နိမ့်ချဖို့၊ ဒီကို လာတာလား။ ”

“ မင်းကိုယ်မင်း ... အရမ်း အထင်ကြီး မနေနဲ့၊ ဘဝ တစ်လျှောက်လုံး မင်းက လူပြက်နဲ့ မခြားခဲ့ ပါဘူး၊ မင်းကြောင့် အခြား လူတွေ အရှက် ရခဲ့တယ်၊ ဒါကို တောင်၊ ...

... မင်း ငါတို့ ဆီက၊ အခွင့် အရေး တောင်းဆိုချင် နေတာလား၊ တောင်းပန် ပါတယ်၊ ငါ မပေး နိုင်ဘူး။ ”

ပြောပြီး သည်နှင့် လင်းယွန်က လှည့်ထွက် သွားသည်။ သည့်နောက် ကျောက်ယန် အနား ပြန်လည် ထွက်ပေါ် လာပြီး၊ နှစ်သိမ့် လိုသော ၎င်းအား ဟန့်တား လိုက်၏။

“ မ သွား နဲ့ ... ။ ”

“ သူက ငါ့ သူငယ်ချင်း ... ။ ”

ကျောက်ယန်က အနည်းငယ် စဉ်းစားပြီး ပြန်ဖြေသည်။ လင်းယွန် ပြောခဲ့သည့် စကားမှာ၊ အနည်းငယ် လွန်သည်ဟု ခံစား ရ၏။

ထို့ကြောင့် လင်းယွန်အား တည့်တည့် စိုက်ကြည့်ကာ ရုန်းထွက် လိုက်သည်။

“ ငါ့လည်း ... သူ့ သူငယ်ချင်း ပါ။ ”

လင်းယွန်က သက်ပြင်း ချလျက်၊ ပြန်ပြောသည်။

“ ဒါဆို ဘာလို့လဲ ... ။ ”

“ ဘာဖြစ် လို့လဲ၊ ငါ သူ့ကို ကတိ ပေးလိုက်ရင်၊ ဘာ ဆက်ဖြစ်မယ် မင်း ထင်လဲ၊ လက်စား ချေဖို့ အတွက်၊ ပျော်ပျော် ရွှင်ရွှင်နဲ့ သူ လေ့ကျင့် နေလိမ့်မယ်၊ ဒါက ...

... သူ့ကို သန်မာစေ လိမ့်မယ်လို့ မင်း တကယ် ထင်လား၊ သူက ဘဝ တစ်လျှောက်လုံး အခြား လူတွေကို ဒူးထောက် နေခဲ့တဲ့ လူပဲ၊ ကြီးပြင်း လာဖို့ ခက်တယ်၊ ...

... ယောက်ျား တစ်ယောက် အနေနဲ့ ... ၊ ဒီအဖြစ် မှန်ကို သူ လက်ခံ ရမယ်၊ သူကိုယ်တိုင် ကလွဲပြီး၊ ဘယ်သူမှ သူ့ကို မကူညီ နိုင်ဘူး၊ ...

... ပြီးတော့ ... ၊ ငါ သူ့ကို အခွင့် အရေး ပေးတယ်ပဲ ထားပါ၊ ဘယ်သူက ... ငါ့ကို အခွင့် အရေး ပြန်ပေး မှာလဲ၊ ... မင်းလား၊ သူလား၊ ဘယ်သူလဲ၊ ...

... ငါ့ နောက်မှာ ဘာမှ မရှိဘူး၊ ဒါကြောင့် ပြုတ်ကျရင်၊ ငါ သေလိမ့်မယ်၊ ဘယ်လို ထင်လဲ၊ ငါ မှားလား။ ”

လင်းယွန် မျက်ဝန်း ထဲ၌၊ ဖုံးကွယ် ထားခဲ့သော ပင်ပန်း နွမ်းနယ်မှု အချို့ကို၊ ကျောက်ယန်မှ မြင်လိုက် ရသည် ။

“ ငါ နားလည်ပြီ။ ”

အဝေးတွင် ဒူးထောက် နေသော ကုန်းစွန်းယန်အား တစ်ချက် ပြန်ကြည့်သည်။ မည်မျှ နာကျင် နေမည်ကို နားလည် နိုင်၏။

လင်းယွန် ပြောသည်မှာ မှန်သည်။ မည်သူ မဆို ကြီးပြင်း လာရန်၊ နာကျင်မှု ဒဏ်ကို ခံကြရ ပေမည်။ သို့သော် ယင်းသို့၊ သူ ပြောမထွက် နိုင် ခဲ့ချေ။

“ ဒါပေမယ့် .... ၊ သူ အရမ်း နာကျင် နေတယ်။ ”

“ ဒါက တကယ့် ဝေဒနာနဲ့ ... ၊ ယှဉ်လို့ မရ သေးပါဘူး။ ”

အဝေးကို ငေးလျက်၊ လင်းယွန်မှ နာကျင်ဖွယ် အတိတ်ကို သတိရ သွားဟန်ဖြင့်၊ ပြန်ပြော လာသည်။

“ တကယ့် ဝေဒနာ ... ၊ ဒါက ဘာကို ပြောချင် တာလဲ။ ”

“ အသဲကွဲ ခြင်းပဲ၊ ဒါက စကားလုံး တွေနဲ့၊ ရည်ညွှန်း ပြလို့ ရတဲ့၊ နာကျင်မှုမျိုး မဟုတ်ဘူး၊ မင်း မကြုံ ဖူးတာ အကောင်းဆုံး ပါပဲ။ ”

လင်းယွန်က သက်ပြင်းချကာ ပြောသည်။ ဓားအပေါ် ရူးသွပ် လွန်းသော ကျောက်ယန်မှ၊ သည်စကားလုံး များကို၊ နားမလည် နိုင်ချေ။

“ ငါ မသိဘူး၊ အသဲ ကွဲတယ် ဆိုတာ ဘာလဲ။ ”

“ မသိချင် ပါနဲ့ ... ၊ လုံလောက်အောင် မသန်မာရင်၊ မင်း ချိနဲ့ သွားလိမ့်မယ်၊ သွားရ အောင်၊ သူ တစ်ယောက်တည်း ထွက်လာ ပါစေ။ ”

“ အင်း ... ၊ ဒါနဲ့ ... ရှားဟိုဟန် လက်မှာ၊ မင်းတောင် သေနိုင်တယ် ဆိုတာ တကယ်လား။ ”

နောက်ဆုံးတွင် အရေးကြီးသော အချက်ကို ကျောက်ယန်မှ သတိရ လာသည်။

“ သူ အရမ်း သန်မာတယ် ... ။ ”

“ အဲဒီလောက် တောင်လား။ ”

အလေး အနက်ထား၊ ပြန်ဖြေ လာသော လင်းယွန်ကို ကြည့်ကာ၊ ကျောက်ယန်မှ အံ့သြ သွားသည်။

ဤသို့ ဆိုက ဒသမတန်း ဓားဝိညာဉ် ပုလဲ အတွက်၊ ပြိုင်ပွဲ ဝင်ရန် ပြန်စဉ်းစား သင့်သည်ဟု ထင်၏။

“ ဒါပေမယ့် ... ၊ ငါက ပိုသန်မာတယ်။ ”

သူ့ဘေး၌ ငြိမ်သက်စွာ လိုက်ပါ လာသော ကျောက်ယန်အား လှည့်ကြည့်ကာ၊ လင်းယွန်မှ ပြောလိုက် တော့သည်။

***

All Chapters