← Chapters

မရဏ မြွေနဂါး။

Vol. 102 Ch. 1417

မရဏ မြွေနဂါး။

Vol. 102 Ch. 1417

နံနက်ခင်း အလင်းရောင် ရချိန်တွင်၊ လင်းယွန်မှာ အထွတ် အထိပ် အခြေ အနေ၌ ရှိနေပြီ ဖြစ်သည်။

ကုန်းစွန်းယန် မှာမူ၊ ယခင်ထက် စကား နည်းရုံမှ လွဲ၍၊ အများကြီး ပြောင်းလဲခြင်း မရှိ ခဲ့ချေ။

လမ်းတစ်လျှောက် အနှောက် အယှက် ကင်းကင်းနှင့်၊ ခရီးဆက် ခဲ့သည်။ ကောင်းကင် အဆင့် သားရဲ များနှင့် ကြုံတွေ့ရ သော်လည်း၊ လင်းယွန်မှ ဖြေရှင်း ပေးခဲ့သည်။

ယင်းက တစ်ကောင် တစ်လေ မျှသာ ဖြစ်သဖြင့်၊ အဆင်ပြေ နေခြင်းလည်း ဖြစ်သည်။ မဟုတ်သော် မောပန်း လာနိုင်၏။

ဓားဝိညာဉ် ပုလဲ (၁၀)လုံး ပြည့်ချိန်၌၊ ဓားဂိုဏ်း အကြီး အကဲက၊ စမ်းသပ်မှုကို အဆုံး သတ်လို ပါသည် လောဟု၊ မေးမြန်း လာသည်။

ဖုန်းကျန်းနှင့် လျူချင်းယန် တို့မှာ၊ တုန့်ဆိုင်းခြင်း မရှိဘဲ၊ ခေါင်းညိတ်လိုက် ကြ၏။ ကုန်းစွန်းယန် သည်လည်း ၎င်းတို့နှင့် အတူ၊ ထွက်ခွာ သွားရန် ရွေးချယ် ခဲ့သည်။

ကျောက်ယန်မှာ ၎င်းအား မဟန့်တား မိစေရန်၊ နှုတ်ခမ်းအား ကိုက်ထား လိုက်သည်။ ကုန်းစွန်းယန်မှာ ပြန်လည် ကောင်းမွန် လာပုံ မရချေ။ ရှားဟိုယန်အား မြင်သည်နှင့်၊ ရူးသွပ် သွား မည်ကို၊ စိုးရိမ် နေပုံ ရသည်။

ကုန်းစွန်းယန် အမြင်၌၊ သေရ မည်ကို သူ မကြောက် သော်လည်း၊ အခြား လူများ အပေါ်၊ ဝန် ဖြစ်စေ မည်အား စိုးရိမ် နေခြင်း ဖြစ်သည်။

ထို့ကြောင့် လျှို့ဝှက် နယ်မြေမှ ထွက်ခွာ သွားရန် ရွေးချယ် ခဲ့ခြင်း ဖြစ်၏။ ပြင်ပ ကမ္ဘာ သို့ ရောက်ချိန်တွင်၊ လူအများ အပြားက၊ တိမ် ပင်လယ် တစ်နေရာရှိ၊ မြင်ကွင်း တစ်ရပ်ကို ကြည့်ရှု နေကြကြောင်း၊ မြင်လိုက် ရသည်။

ယင်းက လျှို့ဝှက် နယ်မြေ အနှံ့ကို၊ မြင်နိုင်သော အစီရင် တစ်ရပ် ဖြစ်လေသည်။ ရှားဟိုယန်မှ သူ့အား အရှက်ခွဲ ခဲ့ပုံကို၊ လူတိုင်း မြင်ရ မည်မှာ၊ သေချာ၏။

လင်းယွန်၏ စကားလုံး များကို၊ ပြန်၍ ကြားယောင် လာသည်။ ထိုစကားလုံး တိုင်းမှာ၊ ဓား တစ်လက် ကဲ့သို့၊ သူ့နှလုံးသားကို ထိုးနှက် လာတော့၏။

( မင်းကိုယ်မင်း ... အရမ်း အထင်ကြီး မနေနဲ့၊ ဘဝ တစ်လျှောက်လုံး မင်းက လူပြက်နဲ့ မခြားခဲ့ ပါဘူး၊ မင်းကြောင့် အခြား လူတွေ အရှက် ရခဲ့တယ်၊ ဒါကို တောင်၊ ...

... မင်း ငါတို့ ဆီက၊ အခွင့် အရေး တောင်းဆိုချင် နေတာလား၊ တောင်းပန် ပါတယ်၊ ငါ မပေး နိုင်ဘူး။ )

ယင်းကြောင့် တစ်နေ့တွင် သူ ပြန်လာ မည်ဟု၊ အလေး အနက် ကျိန်ဆို လိုက်တော့ သည်။

နှစ်ရက် အကြာတွင် လင်းယွန်၊ ယဲ့ဇီလင်နှင့်၊ ကျောက်ယန် တို့မှာ တောင်တန်း တစ်ခု ပေါ်သို့၊ တက်နေ ခဲ့ကြသည်။

တောင်တန်း အလယ်တွင် မြူများ ပိန်းပိတ်အောင် ရစ်သိုင်း နေပြီး၊ အလင်းရောင် ပျပျလေး ထွက်ပေါ် နေ၏။

ဤသည်မှာ သင်္ချိုင်းမြေ တစ်ခု ဖြစ်ပြီး၊ ကြောက်မက်ဖွယ် အအေးဓာတ်များ ထုတ်လွှတ် ထားသည်။

“ ..... ။ ”

မြောက်မြား စွာသော ရှေးဟောင်း ဓားရှည် များမှာ၊ လေတိုက် ချိန်၌ ငိုရှိုက် နေကဲ့သို့ တုန်ခါ နေချေ၏။

မတူညီသော အဖွဲ့ များက၊ အရပ် မျက်နှာ အသီးသီးမှ၊ ဓားကုန်းပေါ် တက်လာ နေကြ၏။ ကျောက်ယန်က အဝေးသို့ မျှော်ကြည့် လိုက်ပြီး၊

“ ဒါ ဓားကုန်းပဲ ... ။ ”

-ဟု အတည်ပြု လိုက်သည်။

ကျောက်ယန်သည် ဓားသမား စင်စစ် ဖြစ်ကြောင်း လင်းယွန် သိ၏။ အခြား လူများက ဓားတုန်ခါ သံကြောင့်၊ ကျောရိုးများ အေးစိမ့် လာစဉ်၊ ၎င်းမှ စိတ်လှုပ်ရှား နေခဲ့သည်။

လေထု အတွင်း၊ အဆုံး မရှိသော ဓား ရည်ရွယ်ချက် များနှင့်၊ ထူးဆန်းသော အစီရင် တစ်ခုကို၊ ခင်းကျင်း ထားသည်။

အခင်း အကျင်းသည် တစ်ခါ တစ်ရံ တဖျပ်ဖျပ် ခတ်သွားပြီး၊ ပြိုးပြက် လင်းလက် လာတတ်၏။

“ သူတို့ ဒီမှာ ... ။ ”

ဟွမ် ညီအစ်ကိုနှင့်၊ ရှားဟိုယန်အား မြင်လိုက်သော အခါတွင်၊ ယဲ့ဇီလင်တွင် ဒေါသ မီးလျှံများ၊ တောက်လောင် လာသည်။

၎င်းတို့က သူတို့အား ကြိုမြင်ထား ပုံနှင့် ကြည့်နေခဲ့ ကြသည်။ လင်းယွန်မှ ဂရု မစိုက် ခဲ့ဘဲ၊ ဓားကုန်းမြေ အပေါ်၊ စစ်ဆေး မိ၏။

“ ဒီအခင်း အကျင်းက၊ ကြာရှည် ခံနိုင်မှာ မဟုတ်ဘူး ... ၊ အထဲမှာ စုဆောင်း ထားတဲ့ ဓား ရည်ရွယ်ချက်နဲ့၊ သူတော်စင် ရောင်ဝါ တွေက အရမ်းများ နေပြီ၊ လေးနာရီ ကြာရင်၊ အစီရင် ပွင့်ထွက် လာလိမ့်မယ်။ ”

လင်းယွန် စကားကြောင့်၊ ကျောက်ယန်နှင့် ယဲ့ဇီလင်မှာ မြူအတွင်း စိုက်ကြည့်ကာ၊ အတွေး များ သွားလေသည်။

အစီရင် ပွင့်ချိန်၌ ဒသမတန်း ဓားဝိညာဉ် ပုလဲ မွေးဖွား လာပေမည်။ လူအပေါင်း တို့သည် ၎င်းအား စောင့်ဆိုင်း နေခြင်း ဖြစ်၏။

မုန်တိုင်း မတိုက်ခင် ငြိမ်သက် နေခြင်းနှင့် တူသည်။ မည်သူ မဆို ဒသမတန်း ဓားဝိညာဉ် ပုလဲကို ရယူရန် ကြိုးစား ကြမည် ဖြစ်သည်။

ရှားဟိုယန်နှင့် ဟွမ်ယန်ချန်း တို့က၊ လင်းယွန်ကို သတ်ဖြတ် လိုသော အကြည့်ဖြင့်၊ စိုက်ကြည့် နေမိသည်။

အခြားသော ရှေးဟောင်း သူတော်စင် မိသားစုများ မှလည်း၊ တိတ်တဆိတ် ကြိုတင် ပြင်ဆင် မှုများ၊ ပြုလုပ် လာသည်။

ကျင်းချန်နှင့် ချန်ပင်း တို့သည်၊ လေးနာရီ ကြာအောင် မစောင့်ချင်ဘဲ၊ ပြိုင်ဘက် များအား၊ တိုက်ခိုက်ရန် ဆန္ဒ ရှိနေ ကြသည်။

အဆုံးတွင် ဒသမတန်း ဓားဝိညာဉ် ပုလဲ ဟူသည်၊ သူတော်စင် တပည့် ဖြစ်ရန် စမ်းသပ်မှု တစ်ရပ် ဖြစ်၏။

သည့်စဉ် အကန့် အသတ်မဲ့ ဓား ရည်ရွယ်ချက် ပေါက်ကွဲ လာပြီး၊ တောင်တန်း တစ်ခုလုံး တုန်ယင် သွားသည်။

ဓားကုန်းကို ဖုံးအုပ် ထားသော အစီရင်၌၊ လေဟာနယ် အက်ကွဲ ကြောင်းများ ထင်လာပြီး၊ ရောင်ဝါများ ထွက်ကျ လာ၏။

၎င်းအတွင်းမှ ဓားဝိညာဉ် ပုလဲများ လွင့်ထွက် လာတော့သည်။

“ လာ ပြီ။ ”

ကျောက်ယန်မှ ပြောသည်။ လင်းယွန် သည်လည်း စိတ်လှုပ်ရှား သွား၏။ ဒသမ တန်း ဓားဝိညာဉ် ပုလဲကို ရယူရန်၊ သူ ဆုံးဖြတ် ထားသည်။

တုန်လှုပ်မှုမှာ ပို၍ ပြင်းထန် လာပြီး၊ တောက်ပသော ဓားအလင်းများ ပို၍ ဖြာကျ လာလေသည်။

ထိုအလင်း၌ ရောင်စဉ် (၆)သွယ် ပါရှိပြီး၊ ရွှေရောင် အကွင်း (၉)ကွင်း၊ ပါရှိသော လက်သီး အရွယ်၊ ပုလဲလုံး တစ်လုံး ပြေးထွက် လာသည်။

“ နဝမတန်း ဓားဝိညာဉ် ပုလဲ ... ။ ”

ယဲ့ဇီလင်မှ ထအော်သည်။ သူမနှင့် ကျောက်ယန်မှာ ဒသမတန်းကို စိတ်ကူး မယဉ် နိုင်ချေ။

ရှားဟိုယန် ကဲ့သို့သော လူများသည်၊ ဒသမတန်း ဓားဝိညာဉ် ပုလဲကို စိတ်ဝင်စား မည်မှာ သေချာသည်။

ထို့ကြောင့် နဝမတန်း ပုလဲကို မြင်ချိန်၌ စိတ်လှုပ်ရှား လာခြင်း ဖြစ်သည်။ သူတို့ ခွန်အား နှင့်၊ အသင့် လျော်ဆုံး ဖြစ်၏။

“ ဝှစ် ... ။ ”

အဆိုပါ အတွေးမျိုး ရှိသော လူများစွာက၊ ထိုနဝမတန်း ဓားဝိညာဉ် ပုလဲ ဆီသို့ မဆိုင်းမတွ ပြေးလွှား လာကြသည်။

“ ခဏ လေး ... ။ ”

ပြိုင်ပွဲ ဝင်ရန် ပြင်နေသော ယဲ့ဇီလင်တို့ နှစ်ဦးအား လင်းယွန်မှ တားလိုက်သည်။ အမေး အမြန်း မရှိ၊ ချက်ချင်း ရပ်တန့် သွား၏။

“ ချွင် ... ။ ”

လင်းယွန်ကို သူတို့ အကြွင်းမဲ့ ယုံသည်။ လူတိုင်းက အစီရင် အနား ခြေချလိုက် သည်နှင့်၊ သံကြိုး ပြတ်သံများ ညံလာသည်။

အနက်ရောင် မြွေနဂါးကြီး တစ်ကောင် သစ်ရွက် ခြောက်များ အတွင်းမှ၊ တိုးထွက်လာ ခဲ့ပြီး၊ ရောက်ရှိလာ သူတိုင်းကို၊ တိုက်ခိုက် တော့၏။

“ ငါ ထင်ထား သလိုပဲ ... ။ ”

လင်းယွန်က သက်ပြင်းချ လိုက်သည်။ ထိုနဝမတန်း ဓားဝိညာဉ် ပုလဲ ပေါ်လာသော အခါ၊ ရှေးဟောင်း သူတော်စင် မိသားစု ဝင် များမှ၊ စိတ်ဝင်စား သည်ကို၊ သတိပြု မိ၏။

သို့သော် ၎င်းတို့က မလှုပ်ရှားချေ။ ဤသို့ ငြိမ်သက် နေခြင်းမှာ၊ တစ်စုံ တစ်ရာ ပြဿနာ ရှိနေ မည်ဟု ထင်မိ ခဲ့သည်။

“ ဒါက မရဏ မြွေနဂါး။ ”

ကျောက်ယန်၏ အသက်ရှူ သံများ မြန်လာပြီး၊ မျက်နှာ ပျက်ယွင်း သွားလေသည်။ မရဏ မြွေနဂါးမှာ ကောင်းကင် အဆင့်၊ ဘုရင် သားရဲ ဖြစ်၏။

၎င်းမှ လာသော အငွေ့ အသက်ကို ခံစား နိုင်ပြီး၊ သည်နေရာရှိ သူတိုင်းထက် ပို၍ သန်မာ လေသည်။

ရှားဟိုယန်နှင့် လင်းယွန်ပင်၊ ဤမျှ ကြောက်စရာ ကောင်းသော ခံစားချက်မျိုး သူ့အား မပေး နိုင်ချေ။

“ ငါ့ရဲ့ ဓားဝိညာဉ် ပုလဲ တွေကို ဘယ်သူ လိုချင် နေတာလဲ။ ”

မရဏ မြွေနဂါးက စူးရှသော မျက်ဝန်း များနှင့်၊ လူအုပ် အတွင်း လိုက်လံ ကြည့်ရှုကာ၊ မေးခွန်း ထုတ်သည်။

“ ဒုက္ခတော့ ရောက်ပြီ ... ။ ”

လင်းယွန်မှ ညည်းညူ မိသည်။

“ ဘာလုပ် သင့်လဲ ... ။ ”

“ ဓားဂိုဏ်းက ဒီအဆင့်ကို၊ ပြင်ဆင် ထားတာ သေချာတယ်၊ ဒီမရဏ မြွေ နဂါးက နှစ်တစ်ရာ တိုင်အောင် ဓားဝိညာဉ် ပုလဲကို၊ စားသုံး နေခဲ့တာ၊ မလွယ် လောက်ဘူး။ ”

လင်းယွန်မှ ပြန်ဖြေသည်။

အက်ကွဲ ကြောင်းများ အတွင်း၌၊ နောက်ထပ် နဝမတန်း အပြင်၊ အခြားသော ဓားဝိညာဉ် ပုလဲ များ စွာကို မြင်နေ ရသည်။

အရေ အတွက်မှာ၊ လူ(၁၀၀) အတွက်၊ ကောင်းစွာ လုံလောက်၏။ သို့သော် မရဏ မြွေ နဂါးမှ၊ ယူခွင့် ခွင့်ပြုမည် မဟုတ်ချေ။

ဒသမတန်း ဓားဝိညာဉ် ပုလဲသည်၊ ဤသားရဲ၏ သားရဲ အမြုတေ ဖြစ်နိုင် ပေမည်။ လိုချင်သော်၊ သတ်ဟူသော အဓိပ္ပါယ် ဖြစ်၏။

***

All Chapters