မဟာမိတ်။
Vol. 102 Ch. 1418
မရဏ မြွေနဂါးမှာ၊ ကောင်းကင် ပင်မ နတ်ဘုရား နယ်ပယ်၊ ဘုရင် အဆင့် သားရဲ ဖြစ် သဖြင့်၊ လူတိုင်းကို ဖိအားပေး နိုင်ခဲ့သည်။
ဤနေရာတွင် မည်သူမျှ ၎င်းကို ရင်ဆိုင် ဝံ့ခြင်း မရှိချေ။ ပတ်ဝန်းကျင်တွင် ပြိုင်ဘက်များ ရှိနေ သဖြင့်၊ သာ၍ ဆိုး၏။
မြွေနဂါးက လူသား ပုံစံ၊ ပြောင်းလဲ လိုက်သည်။ လက် နှစ်ဖက်တွင် သံချေးတတ် နေသော သံကြိုးများ ကိုင်ဆောင် ထား၏။
ခန္ဒာကိုယ် ပေါ်ရှိ ခရမ်းရောင် အကြေးခွံ များက၊ သံချပ်ကာ သဖွယ် သူ့အား ဖုံးအုပ် နေ ပေသည်။
အရပ် အမြင့်မှာ (၁၀) မီတာခန့် ရှိပြီး၊ မျက်ဝန်း များ၌၊ အရိယာ ကောင်းကင်ဓား ပါရှိ နေသည်။
၎င်းမှာ သူ့ ခန္ဓာကိုယ် ထဲရှိ၊ ဓားဝိညာဉ် ပုလဲထံမှ လာခြင်း ဖြစ်၏။ သို့သော် မည်သည့် တာအို ကိုမျှ၊ နားမလည် နိုင်သောကြောင့်၊ စစ်မှန်သော အရိယာ ကောင်းကင်ဓား ဖြစ်မလာချေ။
ထို့ကြောင့် ဓား ရည်ရွယ်ချက်အား ရိုင်းစိုင်းသော ရည်ရွယ်ချက်နှင့် ပေါင်းစပ်ကာ၊ သန်မာအောင် လုပ်ယူ ထားရသည်။
“ ဟမ့် ... ၊ လူကောင်တွေ ... သေချင် နေတာပဲ။ ”
ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု ပွင့်ထွက် လာစဉ်၊ မြွေ လူသားက သံကြိုး များကို၊ တင်းတင်း ဆုပ်ကိုင် လိုက်၏။
“ နဝမတန်း ဓားဝိညာဉ် ပုလဲကို၊ ယူလိုတဲ့ လူတိုင်း၊ ငါ့ ရန်သူပဲ ... ၊ နဝမတန်း အောက်က ဘယ်အရာ မဆို၊ မင်းတို့ ယူနိုင်တယ်၊ ဒီနဂါးက စိတ်မဝင် စားဘူး။ ”
“ ဟား ... ဟား ... ဟား ... ၊ မြွေ တစ်ကောင်က သူ့ကိုယ်သူ နဂါးလို့၊ ခံယူဝံ သလား၊ သနား စရာပဲ။ ”
ရှားဟိုယန်မှ အေးစက်စွာ လှောင်ပြောင် လိုက်သည်။ ပြီး လူအုပ်ထံ လှည့်ပြီး၊
“ ဒသမတန်း ... ဓားဝိညာဉ် ပုလဲက ... ၊ ဒီသားရဲ ခန္ဓာကိုယ် အတွင်းမှာ ရှိတယ်၊ သူ့ကို မသတ် နိုင်ရင်၊ နဝမတန်း ...
... ဓားဝိညာဉ် ပုလဲ ကိုပါ၊ ရယူ နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ... လူတိုင်း ဒီသားရဲကို သတ်ဖို့ ပါဝင် ကြပါ။ ”
သူ့ စကားကို လူတိုင်း သဘော တူသည်။ သူတို့ အားလုံး ပူးပေါင်းခဲ့ လျှင်ပင်၊ အနိုင် ယူရန် မသေချာ သေးချေ။
“ သဘော တူတယ်၊ မြွေ တစ်ကောင်က သူ့ကိုယ်သူ နဂါး အဖြစ် သုံးနှုန်း နေရအောင်၊ ဘယ်အရာက သတ္တိ ပေးလဲ ငါ ကြည့်မယ်။ ”
အဖော်မဲ့ ဝံပုလွေ ကျင်းချန်မှ ပြောသည်။
“ ငါလည်း သဘော တူတယ်။ ”
ချန်ပင်း ကလည်း ပြုံးလိုက်၏။
“ မိန်းကလေး ယဲ့ ... ။ ”
ရှားဟိုယန်မှ ယဲ့ဇီယွင်ထံ လှည့်ကြည့်ကာ၊ ပြုံးပြသည်။
“ ငါက ... သခင်လေး လင်းရဲ့၊ သဘော ပါပဲ။ ”
ယင်းအဖြေက လင်းယွန် ကိုပင်၊ အံ့ဩ သွားစေ၏။ သည် အမျိုးသမီးသည် ချစ်စရာ ကောင်းအောင် အရေထူ ချေပြီ။
“ သခင်လေး လင်း ... ၊ မင်း ဘယ်လို ထင်လဲ၊ အခု ငါတို့နဲ့ မပူး ပေါင်းလည်း အဆင် ပြေပါတယ်၊ ဒါပေမယ့် ...
... ဒသမတန်း ဓားဝိညာဉ် ပုလဲ အတွက်တော့၊ မင်း ... တိုက်ပွဲ ဝင်ခွင့် ရှိမယ် မထင်ဘူး။ ”
ယဲ့ဇီယွင်က လင်းယွန်အား ပြုံးကာ ပြောလိုက်သည်။
“ ဒါဆို ... ၊ ဒသမတန်း ဓားဝိညာဉ် ပုလဲကို ဘယ်လိုခွဲ မလဲ။ ”
လင်းယွန်မှ ပြန်မေး မိ၏။
“ ဒါက ယူနိုင်စွမ်း ရှိတဲ့ ... ၊ သူဆီ ရောက်သွား မှာပေါ့။ ”
ရှားဟိုယန်က ဝင်ဖြေသည်။
“ ဒါဆို သဘော တူတယ်။ ”
“ မင်းတို့ကောင် တွေက၊ တော်တော် စကားများ ကြတာပဲ၊ မိန်းမ တွေထက် ဆိုးတယ် ... ။ ”
အချင်းချင်း ဆွေးနွေး နေကြစဉ်၊ ဝံပုလွေ ကျင်းချန်မှာ စိတ်မရှည် တော့ဘဲ၊ ဦးစွာ ပြေးဝင် တိုက်ခိုက် တော့သည်။
အနက်ရောင် ဓား တစ်လက်ကို၊ ကိုင်ဆွဲလျက် သူတော်စင် ရူရ် တစ်ရာအား အသက်သွင်း လိုက်၏။
“ ထန် ... ။ ”
ဓားက မြွေလူသား အပေါ် ထိမှန်ကာ၊ မီးပွားများ ပွင့်ထွက် သွားသည်။ မြွေ လူသားက ကြုံးဝါးသံ ပြုလျက်၊ သံကြိုး များဖြင့် ပြန်၍ ရိုက်ချ လာသည်။
“ ချွင် ... ။ ”
တစ်ချိန်တည်း မှာပင်၊ အဆိပ်များ ပါသော ကြက်သွေးရောင် အရည်များကို ထွေးထုတ်ပြီး၊ ကျင်းချန်အား ကန့်သတ် တော့၏။
ထိုအဆိပ် များကြောင့်၊ စူးစူး ဝါးဝါး အော်သံများ ထွက်လာပြီး၊ ကျင်းချန်၏ ဓား ရောင်ဝါမှာ၊ ယိမ်းနွဲ့ လာလေ သည်။
လျင်မြန်စွာ ကျုံ့ဝင် လာသဖြင့်၊ ကြယ် နှစ်ပွင့် ရောင်ဝါအား ထုတ်လွှတ်ပြီး၊ အဆိပ် ဖိအားကို ပြန်လည် တွန်းထုတ် ရသည်။
“ သွား ... ။ ”
လူတိုင်း ကောင်းကင်ပေါ် ခုန်တက်ကာ၊ မြွေလူသားကို တပြိုင် နက်တည်း တိုက်ခိုက်ခဲ့ ကြသည်။ နက္ခတ် များပင် ဆင့်ခေါ် ထား၏။
“ မင်းတို့က ... ဓားဝိညာဉ် ပုလဲ တစ်ရာ ပြည့်ဖို့ ကိုပဲ အာရုံစိုက်၊ နဝမတန်း ဓားဝိညာဉ် ပုလဲ အတွက်၊ ငါ ကြိုးစား ကြည့်မယ်။ ”
လင်းယွန်မှ ပြောသည်။ နဝမတန်း ဓားဝိညာဉ် ပုလဲ၏ တန်ဖိုးသည် ဒသမတန်း အောက်၊ သိပ် မရောက်ချေ။
ထို့ကြောင့် သည်ရှေးဟောင်း သူတော်စင် မိသားစု များသည်၊ ၎င်းတို့အား အလွယ် တကူ မစွန့်လွှတ် နိုင်ကြောင်း သူ သိသည်။
မည်သူ မဆို နဝမတန်း ဓားဝိညာဉ် ပုလဲများကို၊ လိုချင် သည်မှာ သဘာဝ ပေပင်။ ယဲ့ဇီလင်နှင့် ကျောက်ယန်မှ ခေါင်းညိတ်၏။
ကန့်ကွက် စရာ မရှိချေ။ ဤအဆင့်တွင် သူတော်စင်၏ တပည့် ဖြစ်ရန်သာ ပန်းတိုင်ဖြစ် လေသည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် လင်းယွန်က မြွေနဂါး ထံသို့ ပျံသန်း သွားတော့သည်။ လူတိုင်း တိုက်ပွဲဝင် ပြီ ဖြစ်သဖြင့်၊ ရပ်ကြည့် နေပါက၊ ဘုံရန်သူ ဖြစ်လာ ပေမည်။
အရေး အကြီး ဆုံးမှာ မရဏ မြွေဂါးသည်၊ ကြောက်မက်ဖွယ် ကောင်းသဖြင့်၊ တစ်ဦးတည်း ရင်ဆိုင် ပါက၊ ပြဿနာ ဖြစ်ပေ လိမ့်မည်။
“ လင်းယွန် လာပြီ။ ”
ယဲ့ချင်းမှ တိုးတိုးလေး ပြောသည်။ ယဲ့ဇီယွင်က လင်းယွန်ထံ လှမ်းကြည့် လိုက်ရာ၊ အံ့ဩ သွား၏။
လင်းယွန်၏ ခန္ဓာကိုယ် အတွင်းမှ ကြယ် စွမ်းအင်များ ပေါက်ထွက် လာသည်ကို မြင်နေ ရသည်။ ၎င်းကို ကြည့်ခြင်းဖြင့်၊ အောင်မြင်မှု တစ်ခု ရယူရန် နီးစပ် နေပြီကို၊ သတိထား မိလိုက်၏။
“ ဟိတ် ... ။ ”
လင်းယွန်က လျင်မြန်စွာ ရွေ့လျားပြီး မြွေလူသားကို လက်သီးဖြင့် ထိုးချ လိုက်သည်။ လက်သီးချက် ထိသည်နှင့်၊ တွန်းကန်အား တစ်ခုကို၊ ရင်ဆိုင် လိုက်ရ၏။
မြွေ လူသား၏ အကြေးခွံ များသည် သူတော်စင် ပစ္စည်းထက်၊ ပို၍ မာကျော နေချေ ပြီ။ အနည်းငယ် မျှပင်၊ နာကျင်ပုံ မပြချေ။
“ မာလိုက်တဲ့ ... အကြေးခွံ ... ။ ”
လင်းယွန် ခမျာ မျက်မှောင်ကြုတ် မိ၏။ ဤမြွေ လူသားသည် ချင်းကန်၏ ရုပ်ခန္ဓာထက် ပို၍ ကြံ့ခိုင် နေသည်။
ယင်းက သဘာဝ ပေပင်။ နတ်ဆိုး သားရဲ များ၏ အားသာ ချက်မှာ၊ ရုပ်ခန္ဓာ စွမ်းအား ဖြစ် ပေသည်။
လူသား ကျင့်ကြံ သူများ အတွက်မူ၊ နားလည်မှုနှင့် ထိုးထွင်း သိမြင်ခြင်း ဖြစ်သည်။ ဥပမာ အားဖြင့် မြွေလူသားတွင် ဓားတစ်လက် ရှိသော်လည်း၊ မည်သို့ အသုံးပြု ရမည်ကို၊ မသိချေ။
ဓား ရည်ရွယ်ချက် အဖြစ် မသန့်စင် နိုင်ဘဲ၊ ရိုင်းစိုင်းသော ရည်ရွယ်ချက် ဖြင့်သာ ပေါင်းစပ် ထားနိုင်သည်။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
တိုက်ပွဲမှာ ပို၍ ရှုပ်ထွေး လာ၏။ တိုက်ပွဲ အတွင်း မဝင်နိုင် သူများက၊ ပြန့်ကျဲ နေသော ဓားဝိညာဉ် ပုလဲ များကို၊ လိုက်လံ စုဆောင်း နေကြသည်။
ထို့ကြောင့် တိုက်ပွဲများ ဖြစ်ပွားလာ တော့သည်။ များမကြာခင် တိုက်ပွဲမှာ (၂) နေရာ ကွဲထွက် သွားသည်။
အကြိမ်ပေါင်း များစွာ တိုက်ခိုက် ကြည့် ပြီးနောက်၊ လင်းယွန်မှ အသက် ပြင်းပြင်း ရှူ လျက်၊ ဆုတ်ခွာ မိသည်။
လူ (၁၀) ယောက် ဝိုင်းရံ တိုက်ခိုက် နေသော်မှ မြွေ လူသားမှာ၊ မောပန်းခြင်း မရှိ သေးချေ။
ယခု အချိန် အထိ၊ အကြေးခွံ တစ်ခွံမျှ ကွာထွက် သွားအောင်၊ မစွမ်းဆောင် နိုင်သဖြင့်၊ ပြန်လည် စဉ်းစား လာကြသည်။
“ ညီအစ်ကို ရှားဟို ... ၊ ဒီမြွေစုတ်က နဂါးသွေး အချို့ ပိုင်ဆိုင်ထား ပုံရတယ်၊ သူ့ရဲ့ အကြေး ခွံက၊ အရမ်း မာတယ်။ ”
ချန်ပင်းက သက်ပြင်းချ လိုက်ပြီး ရှားဟိုယန်အား လှမ်းပြောသည်။
“ မှန်တယ် သူ့ အကြေးခွံ တွေကို ... ၊ ဓား ရည်ရွယ်ချက်နဲ့၊ နှစ်ရာချီ တိုင်အောင်၊ သန့်စင် ထားတာ၊ ဒဏ်ရာ ရအောင် လုပ်ဖို့ ခက်တယ်။ ”
ရှားဟိုယန်မှ ပြန်ပြော လိုက်၏။
“ ဒါပေမယ့် ... ၊ အကြေးခွံ တွေက အပြည့်အဝ မသန့်စင် ရသေးလို့၊ အနိုင်ယူ လို့ရ ပါသေးတယ်၊ ညီအစ်ကို ရှားဟိုသာ ဆန္ဒ ရှိတယ် ဆိုရင်ပေါ့။ ”
ချန်ပင်းက ပြုံးကာ ဖြည့်စွက် သည်။ ရှားဟိုယန်မှာ တိတ်ဆိတ် သွားပြီး၊ ချန်ပင်းထံ တစ်ချက် ပြန်ကြည့် မိ၏။
ချန်ပင်းမှ အရိယာ ကောင်းကင် ဓားကို အသုံးပြုရန်၊ တောင်းဆို နေခြင်း ဖြစ်လေသည်။ ဤနေရာရှိ လူတိုင်းမှာ ကောက်ကျစ်သော မြေခွေး များသာ ဖြစ်၏။
မည်သူ မဆို ဆန္ဒရှိ ပါက၊ ထိုအကြေးခွံ များကို ချိုးဖျက် နိုင်သည်။ ယင်းသို့ ပြုလုပ်သော် မြွေ လူသား၏ အငြိုးဖြင့့်၊ တိုက်ခိုက်ခြင်း ခံရ ပေမည်။
“ ငါ့မှာ နည်းလမ်း ရှိတယ် ... ။ ”
ဟွမ်ယန်ချန်မှ ပြုံးပြီး၊ သူ့ အသံကို ရှားဟိုယန်နှင့် ချန်ပင်း ကြားရုံ ပေးပို့ လာသည်။ သူ့ စကားကြောင့် နှစ်ယောက် စလုံး မျက်နှာ ပြောင်းလဲ သွား၏။
ဟွမ်ယန်ချန်း ထံမှ လှိုင်းများ၊ ရှားဟိုယန် တို့ထံ စီးဆင်း နေသည်ကို၊ လင်းယွန်က မတော် တဆ သတိ ထားမိ လိုက်သည်။
၎င်းတို့ (၃) ဦးမှာ၊ မြွေ လူသားကို သတ်ရမည့် အစား၊ တစ်စုံ တစ်ရာ ကြံစည် နေကြောင်း၊ နားလည် လိုက်၏။
ထို့ကြောင့် မြွေနဂါးအား လျစ်လျူရှုကာ၊ နဝမတန်း ဓားဝိညာဉ် ပုလဲ များကို သိမ်းယူရန် ကြိုးစား လိုက်တော့သည်။
“ သွား ရ အောင် ... ၊ ငါနဲ့ လာရှုပ် ချင်တဲ့ အကျိုးဆက်ကို သူ့ ပြရမယ်။ ”
ရှားဟိုယန်က စူးရှသော မျက်ဝန်းဖြင့်၊ လင်းယွန်ကို တစ်ချက် ကြည့်ကာ၊ မြွေ လူသား ထံ ပြေးဝင် လိုက်လေသည်။
***