လင်းယွန်၏ ခံယူချက်။
Vol. 102 Ch. 1419
လင်းယွန်က နဝမတန်း ဓားဝိညာဉ် ပုလဲ များကို လိုက်လံ သိမ်းဆည်း နေစဉ်၊ ရှားဟိုယန် နှင့် အဖွဲ့မှာ၊ လှုပ်ရှား လာတော့သည်။
ရှားဟိုယန်က ကျင်းချန်နှင့် ယဲ့ဇီယွင်ထက် အဆပေါင်း များစွာ သာလွန်သော ဓားရောင်ဝါ ကို ထုတ်ဖော်လျက်၊ သူ့ဓားအား မီးတောက် များ ဖုံးလွှမ်း ပစ်လိုက်သည်။
မျက်လုံးများ ရွှေရောင် ပြောင်းသွားပြီး ကြောက်မက်ဖွယ် ကောင်းသော အလင်းများ လွင့်စင် ထွက်လာ၏။
“ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက်။ ”
နောက်ဆုံးတွင် သူ့ဝှက်ဖဲကို ထုတ်ယူ လာသဖြင့်၊ ကျန်လူများမှာ အတွေးများ သွား၏။ အစော ပိုင်းက ဝိုင်းဖွဲ့ တိုက်ခိုက် ကြစဉ်၊ ဝှက်ဖဲ များကို မည်သူမျှ အသုံး မပြု ခဲ့ကြချေ။
ထို့ကြောင့် ရှားဟိုယန်၏ ယခု လုပ်ရပ် အပေါ်၊ သို့လော သို့လော ဖြစ်လာ စေသည်။ ကြည့်နေစဉ် ရှားဟိုယန်မှ အရိယာ ကောင်းကင် ဓားဖြင့် အားဖြည့်ကာ၊ မြွေလူသားထံ ထိုးသွင်းပစ် လိုက်သည်။
ယင်းက မြွေလူသား၏ အကြေးခွံ များကို ဖွာကျလာ စေသည်။ ဒဏ်ရာမှ သွေးများ စီးကျ လာပြီး ယိမ်ထိုး လာ၏။
“ လူ မသား ... ၊ မင်း ဒီနဂါးကို နာကျင်အောင် လုပ်ရဲ တယ်လား၊ ဟမ့် ... ။ ”
“ မြွေ တစ်ကောင်က နဂါး ဖြစ်ချင် နေတာလား ဟား ဟား ဟား ... ။ ”
ရှားဟိုယန်က ရယ်မောလျက် ချက်ချင်း နောက်ပြန်ဆုတ် သွားသည်။
“ မင်း ... ၊ သေချင် နေတာပဲ။ ”
မြွေ လူသားက ဒေါသ ထွက်လာပြီး၊ ခရမ်းရောင် အရိပ် တစ်ရိပ် အဖြစ် ပြောင်းလဲ ကာ၊ တိုက်ခိုက် တော့သည်။
“ ချွင် ချွင် ချွင် ... ။ ”
အဆိပ် မီးလျှံများ တောက်လောင် နေသည့်၊ သံကြိုး နှစ်ချောင်းဖြင့် ရှားဟိုယွင်ကို ရိုက်ချ လိုက်ခြင်း ဖြစ်၏။
“ ဟား ဟား ဟား ... ၊ မြွေပေါက်လေး အားနည်း လွန်းတယ်။ ”
ရှားဟိုယန်က ဓားဖြင့်၊ ပြန်ပက် ထုတ်ကာ၊ လွယ်လွယ် ကူကူ ရှောင်တိမ်း လိုက်၏။ သံကြိုး နှင့်ဓား ရိုက်ခတ်မှု ကြောင့်၊ သက်ရောက်မှု လှိုင်း ဂယက်များ၊ ပြန့်ကျဲ သွားသည်။
“ သွား ရ အောင် ... ။ ”
ဟွမ် ညီအစ်ကို (၄) ယောက်နှင့် ချန်ပင်းက တိုက်ပွဲ အတွင်း၊ တပြိုင် နက်တည်း ခုန်ဝင်လာ တော့သည်။
“ မင်းတို့ရဲ့ နက္ခတ် တွေကို ခေါ်ပါ။ ”
ဟွမ်ယန်ချန်းက အော်ဟစ် အကြံပြု လိုက်သည်။ များမကြာမီ ကောင်းကင် ပင်မ နတ်ဘုရား ရောင်ဝါများ၊ တစ်ကွင်းလုံး ပြည့် သွား၏။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ယဲ့ဇီယွင်မှ သံသယ ဝင်လာသည်။
“ တစ်ခုခုတော့ မှား နေပြီ ... ။ ”
ယဲ့ချင်းမှ ထောက်ခံ ၏။
“ အနည်း ဆုံးတော့ ... ၊ အရင် ကထက် ပိုကောင်း လာပြီ။ ”
ကျင်းချန်က ပြုံးလျက်၊ တိုက်ပွဲ အတွင်း ဝင်ရန် ပြင်လိုက်သည်။ သို့သော် ဟွမ် (၃)က သူ့အား တားမြစ် လာ၏။
“ မင်း ... ၊ ဘာလုပ် တာလဲ။ ”
ကျင်းချန်က အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။ ဟွမ်ခွိုက်ကို မျက်လုံးထဲ မရှိချေ။ ၎င်းတို့ ညီအစ်ကို (၄)ယောက် ဖြစ်နေ လျှင်ပင်၊ ထိတ်လန့်မည် မဟုတ်ကြောင်း သိသင့်သည်။
“ အဟဲ ... ။ ”
ဟွမ်ခွိုက်က ပြုံးပြ လာ၏။ ထိုအချိန်တွင် လင်းယွန်က နဝမတန်း ဓားဝိညာဉ် ပုလဲ နှစ်လုံး ကို၊ ရရှိ လာပြီ ဖြစ်သည်။
ယင်းကြောင့် မြွေ လူသားကို ရန်စကာ နောက်ဆုတ် သွားသော ရှားဟိုယန်ထံ ပြန် ကြည့်မိသည်။ မြွေလူသားမှာ ရှားဟိုယန် နောက် ပြေးလိုက် နေခဲ့၏။
မြွေ လူသား ခမျာ ယခင် ကဲ့သို့၊ မောက်မာခြင်း မရှိ တော့ဘဲ၊ အလေး အနက် ထားလာ ပေ၏။
လူတိုင်း ပါဝင်လာ ပါက သူ သေမည်ကို သိသွားပုံ ရသည်။ ထိုကြောင့် ဟာကွက် မြင် သည်နှင့်၊ အမိ အရ ဆုပ်ကိုင်ရန်၊ ကြိုးစား တော့သည်။
ရှားဟိုယန် တစ်ယောက် ပြေးလွှား သွားသော အရပ်ထံ မျှော်ကြည့်ကာ၊ မည်သည့် အရာကို ကြံစည် နေမှန်း၊ ယဲ့ဇီလင် နားလည် လာသည်။
ထိုအရပ်၌ ကျောက်ယန်နှင့် ယဲ့ဇီလင်က၊ ဓားဝိညာဉ် ပုလဲ များကို၊ လိုက်လံ သိမ်းယူ နေ ၏။ ထို့ကြောင့် မြွေလူသား ရောက်လာ ချိန်တွင် အံ့အားသင့် သွားကြသည်။
အရိယာ ကောင်းကင် ဓားကြောင့် အကြေးခွံများ ကွာကျကုန် သဖြင့်၊ မြွေလူသားမှ ဒေါသကို မထိန်းနိုင် တော့ချေ။
ကြမ်းကြုတ်သော တိုက်ခိုက်မှု များဖြင့်၊ လမ်းကြောင်း ပေါ်ရှိ၊ လူတိုင်းကို သတ်ဖြတ် သွားသည်။
ယင်းက ကပ်ဘေးနှင့်၊ တူလာ၏။ တစ်ဦး တစ်ယောက် တည်း ခွန်အားဖြင့်၊ ဟန့်တားရန် ခက်ခဲ လာသည်။
ယဲ့ဇီလင်နှင့် ကျောက်ယန်မှာ၊ ကနဦး နယ်ပယ်၊ ပင်မ နတ်ဘုရား များသာ ဖြစ်သဖြင့်၊ ကောင်းကင် အဆင့် သားရဲကို မယှဉ် နိုင်ချေ။ ဤမြင်ကွင်းကို ကြည့်ပြီး၊ ကျင်းချန် အကြည့် များက စူးရှ လာသည်။
“ ရှားဟိုယန် ... ၊ မင်း အရှက် မရှိ ဖူးလား။ ”
-ဟု မေးမြန်း မိ၏။
လူတိုင်း ပူးပေါင်းရန် သဘောတူ ထားချိန်တွင်၊ ၎င်း၏ လုပ်ရပ်မှာ လူကြီး လူကောင်း မပီသ ခေျ။
“ ဒီအစီ အစဉ်က၊ ဟွမ်ယန်ချန်း ဆီက လာတာ၊ ငါနဲ့ မဆိုင်ဖူး၊ ဒါနဲ့ ... မင်းနဲ့ ဘာဆိုင် လို့လဲ၊ နာမည်ကျော် ပန်းသင်္ချိုင်း ရဲ့ အစွမ်း အစကို၊ မကြည့်ချင် ဖူးလား။ ”
ရှားဟိုယန်မှ ပြန်ဖြေသည်။ နှစ်ဦးသား စကား စမြည် ပြောနေ ကြစဉ်၊ မီတာ (၇၀)ခန့် ရှည်သော ရွှေတောင်ပံ တစ်စုံက၊ လင်းယွန် နောက်၌၊ ပွင့်ထွက် လာသည်။
ရွှေတောင်ပံ ထံမှ အလင်းများ ဖြာကျ လာသဖြင့် လူတိုင်း မော့ကြည့် မိ၏။ စူးရှလွန်း သောကြောင့်၊ မျက်စိ မှိတ်ကျ သွားသည်။
“ ဒါက ... ။ ”
“ အရှက်မဲ့ လိုက်တာ၊ သူက မျိုးဆက်သစ် ဓားသမား လူငယ်တွေ ကြားမှာ၊ အသန် မာဆုံး ဓားသမား မဟုတ် ဖူးလား။ ”
ရှားဟိုယန် လုပ်ရပ် အပေါ်၊ လူတိုင်း ရွံရှာသွားသည်။ တစ်ဖက်တွင် လင်းယွန်ထံ အာရုံစိုက် လာကုန်၏။
လင်းယွန်သည် သူ့မိတ်ဆွေ များကို ကယ်တင် လိုက၊ ဓားဝိညာဉ် ပုလဲ များအား စွန့်လွှတ် ရပေမည်။
ယင်းက သူတော်စင် တပည့် ဖြစ်ရန် အခွင့်အရေး အပေါ်၊ လက်လွှတ် လိုက်ခြင်းမည် ပေ၏။
အခြား သူများ အတွက်၊ စဉ်းစား စရာ ဖြစ်သော်လည်း၊ လင်းယွန်သည် ယဲ့ဇီလင်နှင့် ကျောက်ယန် ကိုသာ ကယ်တင် မည်မှန်း၊ ကုန်းစွန်းယန်မှ သံသယ မရှိ ခဲ့ခေျ။
“ ဖရူး ... ။ ”
တောင်ပံ တစ်ချက် ခတ်လိုက် ရုံဖြင့်၊ အဆိပ်များ ပြည့်နှက် နေသော လေထုကို ထိုးခွဲ ကာ၊ လင်းယွန်မှ ရွေ့လျား သွားသည်။
“ ထွက်သွားစမ်း ... ၊ ဒီနဂါးရဲ့ လမ်းမှာ ရပ် မနေနဲ့။ ”
မြေွနဂါးက ယဲ့ဇီလင်အား တိုက်ခိုက် လာချိန်၌၊ သူမ ရေှ့သို့ ရွှေတောင်ပံ ခတ်လျက် လင်းယွန် ဆင်းသက်ပြီး ဖြစ်သည်။
“ နေ နဂါးနှင့် လ ဒေါသ။ ”
ခရီးရောက် မစိုက်ပင်၊ မြေပြင်ကို အသာ ပုတ်လျက်၊ မြွေလူသားထံ ဦးတည် ပြေးလွှား ကာ၊ လက်သီးများ တရစပ် ပစ်လွှတ် တော့၏။
“ ဝှစ် ... ။ ”
လေထုထဲ နဂါးနှင့် ဖီးနစ် ပုံသဏ္ဍာန် ရေးထွင်း ထားသော၊ သုံးချောင်း ထောက် ဆေးအိုးကြီး တစ်လုံး ဖြစ်တည် လာကာ၊ ရှေ့ပြေး ပျံသန်း သွား၏။
ထိုဆေးအိုးတွင် နဂါး ရူရ် (၃၈၀၀) ပါဝင် သဖြင့်၊ မြွေလူသားအား (၁၀) မီတာ အကွာသို့၊ ပြန်လည် တွန်းထုတ် လိုက်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ညာလက်ကို ဟန်ပါပါ ရုတ်သိမ်း လိုက်ပြီး၊ နေက်သို့ ခြေလှမ်း သုံးလှမ်း ပြန်လည် ဆုတ်ခွာ မိ၏။
အကြေးခွံ များမှာ မာကြောလှ သဖြင့်၊ အရိယာ ကောင်းကင်ဓား မပါဘဲ၊ ဒဏ်ရာပေး နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ရှားဟိုယန် ဓားချက်မှ လွဲပြီး အခြား ဒဏ်ရာများ မရှိခြင်း ဖြစ်သည်။
“ ဆက်လုပ်ပါ ... ၊ ငါ့ကို စိတ် မပူနဲ့၊ ငါ သူနဲ့ ကစား လိုက်ဦးမယ်။ ”
လင်းယွန်က ယဲ့ဇီလင်နှင့် ကေျာက်ယန်အား လှည့်ကြည့်ကာ၊ ပြောလိုက်သည်။
“ စိတ်မပူနဲ့ ... ၊ သူ့ကို ငါတို့လည်း မနိုင်ဘူး၊ လာ သွား ရ အောင်။ ”
သူတို့ နှစ်ယောက် လုံးမှာ၊ ကျင့်ကြံမှု နည်းပါးလွန်း သောကြောင့်၊ လင်းယွန် အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေ သည်ကို၊ ကျောက်ယန်မှ သိသည်။
အခြားသူ တစ်ဦး၏ အကြိမ်ကြိမ် အခါခါ ကယ်တင်ခြင်း ခံရ သည်ကို၊ လက်မခံ လိုချေ။ ထို့ကြောင့် ရှားဟိုယန်အား မုန်းတီး လာပြီး၊ လွတ်ရာသို့ ထွက်ပြေးရန် ဆုံးဖြတ် မိ၏။
“ မင်းတို့ နှစ်ယောက် ... ၊ ဘယ်အချိန် ကတည်းက ... ၊ ဒီလို အရှက်မဲ့ သွားတာလဲ။ ”
လင်းယွန်မှ ပြုံးလျက်၊ နောက်ပြောင် မိလေသည်။ ပြီး လေးနက်သော အမူ အရာဖြင့်၊ ကျန်စကား များကို၊ ဆက်ပြော လိုက်၏။
“ ငါဘဝမှာ ... ၊ ဓားကို ရွေးပြီး ထဲက၊ အမြဲတမ်း လိုက်နာ ခဲ့တဲ့၊ ခံယူချက် တစ်ရပ် ရှိတယ်။ ”
“ ဘာလဲ ... ။ ”
“ ဒီနေ့ ငါ ဘယ်သူ့ ကိုမှ မစော် ကားရင်၊ အနာဂါတ်မှာ ငါ့ကို ဘယ်သူမှ စော်ကား ကြမှာ မဟုတ်ဘူး၊ ဒီကိစ္စ မှာတော့ သူတို့ကို ငါ ဆုံးမ ရလိမ့်မယ်။ ”
စကားဆုံး သည်နှင့် လင်းယွန်က သူတို့ နှစ်ယောက်အား အဝေးသို့ တွန်းထုတ် ပစ်တော့ သည်။ မြွေလူသားက သူ့ထံ ပြန်၍ အားယူ နေပြီ ဖြစ်၏။
( ဟေး ... ဧကရီ မနိုးသေး ဖူးလား၊ မင်း ဆက်အိပ် နေရင်တော့၊ နောက်ဘယ် တော့မှ မင်းကို ငါ မခေါ် တော့ဘူး။ )
( ဟမ့် ... ၊ နင် ဘာဖြစ် နေတာလဲ၊ လူ့ကျင့်ဝတ်က မရှိဘူး၊ ဒီဧကရီ အိပ်နေတာ မမြင် ဖူးလား။ )
ခရမ်းငယ်က မျက်လုံးများ ပွတ်လျက် အထင်အမြင် သေးသော အသွင်နှင့် အော်ငေါက် လာလေသည်။
( ပျော်စရာလေး တစ်ခု အတွက်ပါ။ )
( ပျော်စရာ ဟုတ်လား ... ၊ ဘယ်မှာလဲ ဘာလဲ။ )
( ခဏ နေရင် ... ၊ နဂါးလေးကို ခေါ်ထုတ်လို့ ရနိုင် မလား၊ သူတို့က ငါတို့နဲ့ ကစားချင် နေကြ တယ်။ )
ဝါးမျိုခြင်း သူတော်စင် ရူရ်ကို သန့်စင် ပြီးနောက်၊ နဂါးလေး ခမျာ စွမ်းအား အပြည့် အဝ၊ အသုံး မပြုရ သေးချေ။
ထို့ကြောင့် သူနှင့် ကစားချင် နေသော ရှားဟိုယန် လူတစ်စု၏ ဆန္ဒအား ဖြည့်ဆည်း ပေးချင် လာမိသည်။
***